တနသာင်္ရီတိုင်း ဒေသကြီး ၊မြိတ်ခရိုင်၊မြိတ်မြို့နယ်တွင် တနသာင်္ရီတိုင်း အမျိုးသားဒီမို
ကရေစီအဖွဲ့ ချုပ် ညီလာခံကျင်းပရေး ကော်မရှင်၏ စီမံချက်ဖြင့်ခရိုင်ကော်မရှင်
၊မြို့နယ်ကော်မရှင်များ ဖွဲ့စည်းတာဝန် ပေးအပ်ခြင်း အခမ်းအနားကို (5.8.2012)
သြဂုတ်လ (၈)ရက်နေ့၊ နေ့လည်၁နာရီတွင်မြိတ်မြို့၊ကန်ဖျားနယ်မြေရှိဦးစောဂျက်
မင်္ဂလာခန်းမ တွင်ပြုလုပ်ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းညီလာခံ ကျင်းပရေးကော်မရှင် အဖွဲ့ဝင်ဦးသန်းထွန်းမှ သဘာပတိအဖြစ်ဆောင်ရွက်ပြီးတိုင်းညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ဝင် ဦးဇော်မင်းလေးမှအခမ်းအနားမှူးအဖြစ်ဆောင်ရွက်ခဲ့ပါသည်။
၎င်းအခမ်းအနားသို့မြိတ်ခရိုင်ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ဝင်၁၅ဦး
၊မြိတ်မြို့နယ် ညီလာခံကျင်းပရေးကော်မရှင်မအဖွဲ့ဝင်၁၅ဦး၊တနသာင်္ရီမြို့နယ် ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ဝင်၁၅ဦး၊ကျွန်းစုမြို့နယ်ညီလာခံကျင်းပရေး ကော်မရှင်အဖွဲ့ဝင်၁၅ဦးနှင့်မြိတ်မြို့နယ်ရပ်ကျေးညီလာခံကျင်းပရေးကော်မရှင် အဖွဲ့ဝင်၃ဦးစီတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင်သဘာပတိဦးသန်းထွန်းမှအဖွင့်အမှာစကားပြောကြားပြီး နောက်ခရိုင်ညီလာခံကျင်းပရေးကော်မရှင်နှင့်မြို့နယ်ညီလာခံကျင်းပရေး ကော်မရှင်အသီးသီးတို့အားတာဝန်ပေးအပ်ခြင်းများပြုလုပ်ခဲ့ကြပါသည်။
ပြီးနောက်မြိတ်ခရိုင်ညီလာခံကျင်းပရေးကော်မရှင်ဥက္ကဌဦးသန်းနွယ်မှ တာဝန်းပေးအပ်ခြင်းခံရမှုနှင့်ပတ်သက်ပြီးမည်သို့မည်ပုံဆောင်ရွက်ရ
မည်ကိုရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက်သဘာပတိမှနိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားပြီးနောက် အခမ်းအနားကိုညနေ၄နာရီတွင်အောင်မြင်စွာပြုလုပ်ကျင်းပပြီးစီးခဲ့ပါသည်။
Myanmar News Now

တနသာင်္ရီတိုင်း NLD တိုင်းညီလာခံကျင်းပရေး ကော်မရှင်ဖွဲ့စည်း
Reviewed by သစ်ထူးလွင်
on
20:40
Rating:
No comments:
Post a Comment