![]() |
လားရှိုးမြို့ ရပ်ကွက်(၁)တွင် တောင်ကျ ရေစီးဆင်း လာမှုကြောင့် ဈေးဆိုင်အတွင်း ပိတ်မိနေ သူများအား ရွှေ့ပြောင်း ပေးနေစဉ် ဓါတ်ပုံ - Eleven Media Group |
![]() |
ဓါတ်ပုံ - Eleven Media Group |
''မနက် ၈ နာရီလောက်ထိ မိုးကသိပ်မသည်းဘူး။ ရေလည်းသိပ် မပါဘူး။ မနက် ၉ နာရီလောက်မှ တောင်ကျရေတွေကျလာတာ။ ၁၀ မိနစ်လောက်အတွင်း အိမ်ထဲကိုရေ တွေဝင်လာပြီး ပေါင်လောက်ထိ တက်လာတယ်။ ဒါနဲ့အားလုံး ကယ်ဆယ် ရေးစခန်းကို ရောက်လာတာ။ ဘေးအိမ်တချို့ဆို ပြိုကုန်တယ်''ဟု ရပ်ကွက်(၇) မှ ဒေသခံတစ်ဦးက ပြောပါသည်။

ရေကြီးမှုကြောင့် လားရှိုး-မန္တလေး ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် ရေကျော်နေစဉ်
ဓါတ်ပုံ - Eleven Media Group
အလားတူ လားရှိုးမြို့အ၀င် လားရှိုး-မန္တလေး ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင်လည်း လေးပေအထိ မြင့်တက်ရေကျော်လာမှုကြောင့် လားရှိုးမှရန်ကုန်သို့ ထွက်ခွာမည့် ခရီးသည်တင်ယာဉ်များနှင့် ၀င်ရောက်မည့်ယာဉ်များ မထွက်ခွာနိုင်၊ မ၀င်ရောက်နိုင် ဖြစ်ခဲ့ရသည်။ ''ဒီလောက်ရေကြီးတာတော့ လားရှိုးမှာ ဒါပထမဆုံး ကြုံဖူးတာပါ။ အခုအိမ်တွေထဲက ပစ္စည်းတွေ မျောပါကုန်တယ်။ အုတ်တံတိုင်းတွေ လွင့်ထွက်ကုန်တယ်။ မြောင်းကူးတံတားတွေ ကျိုးတယ်''ဟု ရပ်ကွက် (၁)မှ ဒေသခံတစ်ဦးကပြောသည်။
လားရှိုးမြို့ ရပ်ကွက်(၁၂)တွင် လည်းအိမ်ခြေ ၂၀၀ ခန့်ထိရေ၀င် ရောက်ခဲ့ပြီး မန်ဆူမှ ဟူးမွန်သွား လမ်းတံတားပေါ်လေးပေခန့်အထိ ရေကျော်ခဲ့ကြောင်း၊ ရပ်ကွက်(၅)တွင် မန်အိုင်တောင်ကုန်းပေါ်မှ တောင်ကျရေများ စီးဆင်းလာမှုကြောင့် ခိုင်ရွှေဝါလမ်းပေါ် ရေကျော်ခဲ့ရာ ရေထွက်ပေါက်ရစေရန် အုတ်တံတိုင်းများ ဖြိုပေးခဲ့ရကြောင်း သိရသည်ဟု Eleven Media Group အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။
Eleven Media Group
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လားရှိုးမြို့ ရေကြီး
Reviewed by သစ်ထူးလွင်
on
01:12
Rating:

No comments:
Post a Comment