၂၀၁၂ ခုနှစ် သြဂုဏ်လ ၁၁ ရက်နေ့ ည ၇.၀၀ နာရီခန့် မြိတ်မြို့ စားသောက်ဆိုင် တစ်ခုတွင် မြိတ်တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ အထက(၁)၊ အထက(၂)၊ အထက(၃)၊ အထက(၄) ကျောင်းများမှ ဆရာ၊ဆရာမ များစုစုပေါင်း ၃၀ ကျော် တက်ရောက်ကြပြီး၊ အလုပ် အမှုဆောင် ၁၄ ဦးဖြင့် မြိတ်ခရိုင် ကျောင်းဆရာ၊ဆရာမများ သမဂ္ဂဖြစ်မြောက်ရေး ကော်မတီ အား ဖွဲ့စည်းလိုက်ပါတယ်။
ကျောင်းဆရာ၊ ဆရာမရှိရင် ကျောင်းဆရာ၊ဆရာမ သမဂ္ဂဆိုတာ ရှိရမည်ဟု ယုံကြည်ကြောင်း၊ ကျောင်းဆရာ၊ ဆရာမများ၏ အခွင့်အရေး ၊ နှစ်နာချက်များအား ကာကွယ်နိုင်ရန်၊ ဒီမိုကရေစီ ပညာရေး ပေါ်ထွန်းနိုင်ရန်၊ ဆင်းရဲနွမ်းပါးသည့် ကျောင်းသားများအား ကျောင်းတက် နိုင်စေရေး ကူညီနိုင်ရန် အတွက် စသည့် ပရဟိတ လုပ်ငန်းများ လုပ်ကိုင်ရန် ရည်ရွယ်ပြီး ဖွဲ့စည်းကြောင်း ပြောပါတယ်။
Myanamar News Now

မြိတ်ခရိုင် ကျောင်းဆရာ/ဆရာမ များ သမဂ္ဂ ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်း
Reviewed by သစ်ထူးလွင်
on
10:12
Rating:
No comments:
Post a Comment