မြဝတီနယ်စပ်ဒေသေတွင် ရေကြီးရေလျှံမူများကြောင့် ကားလမ်းများပျက်စီးကာ ကုန်စည်စီးဆင်းမှုကျဆင်းပြီး ယိုးဒယားလူ သုံးကုန် ပစ္စည်းဈေးနူန်းများ သိသိ သာသာမြင့်တက်ခဲ့ကြောင်း သိရသည်။
ယိုးဒယားနယ်စပ်မှတဆင့် ပြည်တွင်းဈေးကွက်သို့ အသင့်စားသုံးနိုင်သော စားသောက် ကုန်များ၊ မီးဖိုချောင်သုံး ဟင်းခတ်မှုန့်နှင့် အခြားစားသောက်ကုန်များဝင်ရောက်လျှက်ရှိပြီး စက်သုံးဆီနှင့် စားသုံးဆီများမှာ အဓိကထားဝင်ရောက်လျှက်ရှိကြောင်း သိရသည်။
''မြဝတီဘက်ကဆင်းတာက ဆီကများတယ်။ စားသုံးဆီရော၊ စက်သုံးဆီရောပေါ့။ နှစ်စဉ်မိုးတွင်းဆိုရင် ကုန်စည်ဈေးကွက်က တက်တယ်။ အခုလည်း သိသိသာသာတက် လာတယ်။ ''ဟု မြဝတီမှ မော်လမြိုင်သို့ ကုန်စည်တင်ပို့နေသူ မသန်းအေးက ပြောသည်။
လက်ရှိဈေးကွက်တွင်း၌ (ယိုးဒယား) ကုန်ပစ္စည်းများသည် အမျိုးအစား၊ အရေအတွက် ပေါ်မူတည်ကာ ယခင် သြဂုတ်လဆန်းပိုင်းထက် ကျပ် ၃ဝဝ (သုံးရာ)မှ ကျပ် ၃ဝဝဝဝ (သုံးသောင်း)ထိ မြင့်တက်လျက်ရှိသည်။
''ပြီးခဲ့တဲ့တစ်ပတ်ကဆို မိုးအရမ်းရွာတာပဲ ဈေးမတက်ဘူး။ အခုက မိုးကဆက်တိုက်လဲရွာ လမ်းကလည်းပျက်၊ ရေကလည်းကြီး ပစ္စည်းကလည်းအဝင်နည်းတော့ ဈေးနူန်းတွေက တက်ကုန်တယ်။ အရောင်းအဝယ်ကတော့ ကောင်းပါတယ်။ ''ဟု မော်လမြိုင် (ကျိုက်မရော-ရွှေဝါချောင်)မှ မသီတာက ပြောသည်။
ယိုးဒယားကုန်ပစ္စည်းသည် ပြည်တွင်းဈေးကွက်သို့ မြဝတီနယ်စပ် မဲဆောက်ဒေသမှ အဓိကထား ဝင်ရောက်လျှက် ရှိပြီး နှစ်စဉ်မိုးကာလ၌ တောင်ကျရေစီးဆင်းမူကြောင့် လမ်းများပျက်စီးကာ ကုန်စည်းစီးဆင်းမှုကျဆင်းတတ်ကြောင်း သိရသည်။
''ကားတွေကလည်း လမ်းမကောင်းတော့ အတက်အဆင်းကျဲတယ်။ အရင်က အဆင်း တစ်ရက်၊ အတက်တစ်ရက်နဲ့ ဆွဲနေကျတာ။ အခုတာ့ အဆင်းက ၃-၄ရက်နေမှတစ်ခါ။ အတက်လည်းအတူတူပဲ။ အခုဆိုကားတွေ ဆင်းလို့ကိုမရတာတွေလဲ ရှိတယ်''ဟု (မြဝတီ-ဘားအံ- ကော့ကရိတ်-မော်လမြိုင်)ခရီးသည်တင်ယာဉ်မောင်း ဦးမြင့်စန်းက ပြောသည်။
ဈေးကွက်တွင်း အရောင်းအဝယ်ပြုလုပ်လျက်ရှိသော ကုန်ပစ္စည်းဈေးနူန်းများ
အမျိုးအစား အရေအတွက် သြဂုတ်လဆန်းပိုင်း သြဂုတ်လလယ်ပိုင်း
စက်သုံးဆီ (ဓါတ်ဆီ) ဂါလံ ၅ဝ (တစ်ပေပါ) ၁၇ဝဝဝဝကျပ် ၁၉ဝဝဝဝကျပ်
အချိုမှုန့် (ဆွမ်းအုပ်) တစ်ထုတ် (၂ပေါင်) ၂၃၅ဝ ကျပ် ၂၇ဝဝ-၂၉ဝဝကျပ်
ကော်ဖီမစ် (Birdy) တစ်ထုတ် (ပါကင်) ၂၂၂ဝ ကျပ် ၂၄၅ဝ ကျပ်
စားဆီ တစ်ပါကင် ၁၅ဝဝဝ ကျပ် ၁၈ဝဝဝ ကျပ်
(၆၅ကျပ် သားဝင် ၁၂ထုတ်)
ယမင်း (မြစ်မခ)
by Shwe Myitmakha Media Group
ရေကြီးရေလျှံမှုများကြောင့် ယိုးဒယားလူသုံးကုန်ဈေးနှုန်း သိသိသာသာမြင့်တက်
Reviewed by သစ်ထူးလွင်
on
15:34
Rating:
No comments:
Post a Comment