ခုံရုံးကို စွပ်စွဲပြစ်တင်သည့် အဆိုဆွေးနွေးမှုအခြေအနေ

ယခု ကျင်းပ လျက်ရှိသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း ဆုံးဖြတ်ခဲ့သည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအား စွပ်စွဲပြစ်တင်သည့် အဆိုဆွေးနွေး လျက်ရှိသည်။

 တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဇော်မိုးက ခုံရုံး၏ ဆုံးဖြတ်ချက်သည် မှားယွင်းမှုမရှိကြောင်းပြောသည်။ ၄င်းက“ဥပဒေပြုလွှတ်တော်က လူအများဖြစ်၍ လက်မခံနိုင်ယုံမျှဖြင့် စွပ်စွဲပြစ်တင်ခြင်းသည် ဒီမိုကရေစီစနစ်နှင့် မညီညွတ်တဲ့ လုပ်ဆောင်မှုဖြစ်သွားပါမယ်”ဟုပြောပြီး ပြည်သူ့အကျိုးရှေးရှု၍ ပြန်လည်ညှိနှိုင်းအဖြေရှာသင့်ကြောင်း ပြောသည်။

တိုင်းရင်းသားကိုယ်စားလှယ် ဦးစိုင်းသန့်ဇင်က ခုံရုံး၏ဆုံးဖြတ်ချက်သည် လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ကိုင်ခြင်းဖြစ်ကြောင်း၊ ယခုဆွေးနွေးနေသည့် စွပ်စွဲပြစ်တင်ခြင်းသည် အခြေခံဥပဒေပါ အခွင့်အရေးများအတိုင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အဆိုကို ထောက်ခံကြောင်း ပြောသည်။

ယင်းအဆိုကို ယနေ့ညနေတွင် အဆုံးဖြတ်ရယူမည်ဖြစ်ပြီး ကိုယ်စားလှယ်ဦးရေစုစုပေါင်း၏ သုံးပုံနှစ်ပုံ ထောက်ခံပါက အတည်ဖြစ်မည်ဖြစ်သည်။

By ပြည်သူ့ခေတ်



ခုံရုံးကို စွပ်စွဲပြစ်တင်သည့် အဆိုဆွေးနွေးမှုအခြေအနေ ခုံရုံးကို စွပ်စွဲပြစ်တင်သည့် အဆိုဆွေးနွေးမှုအခြေအနေ Reviewed by သစ်ထူးလွင် on 15:27 Rating: 5

No comments:

Powered by Blogger.