စောရန်ပိုင်နှင့် ၀င်းထွန်း(နီ)တို့ ထိုးသတ်နေသည်ကို ဩဂုတ်လ ၅ ရက်နေ့ညက တွေ့ရစဉ်။
ဓာတ်ပုံ - ဖြိုးဝေကျော်
ယခုလ ၅ ရက်နေ့ညက အောင်မြေ မန္တလာ အားကစားကွင်း၌ ကျင်းပ ခဲ့သော အဆိုပါပွဲစဉ်များတွင် နောက်ဆုံးပွဲစဉ် နှစ်ပွဲအဖြစ် ၀င်းထွန်းနှင့် စောရန်ပိုင်၊ သားသားနှင့် သပြေညိုတို့မှာ အထူး ငါးချီပွဲအဖြစ် မညှာ တမ်း ထိုးသတ်ခဲ့ကြသော် လည်း အရှုံးအနိုင်မပေါ်ဘဲ ပူးတွဲသရေ ဖြင့် ကျေနပ်ခဲ့ကြရသည်။
"ဒီနေ့ အထူးပွဲတွေကတော့ တကယ့်ကို မလျှော့တမ်းထိုးကြလို့ ပိုက်ဆံ ပေး ကြည့်ရကျိုးနပ်ပါတယ်။ မန္တလေးမှာ ဒီလိုလက်ဝှေ့ပွဲကောင်းကောင်း မကြည့်ရတာကြာပြီ။ ၀င်းထွန်းနဲ့ စောရန်ပိုင် ပွဲက လည်း ကောင်းတယ်။ သားသားနဲ့ သပြေညိုကလည်း သူသေကိုယ်သေ ထိုးကြ တာ ကြောက်ခမန်းလိလိပါပဲ"ဟု မြို့ခံ လက်ဝှေ့ဝါသနာရှင်တစ်ဦးက ပြော သည်။
၎င်းပွဲစဉ် နှစ်ပွဲစလုံးတွင် လက်ဝှေ့ သမားများမှာ မရှောင်စတမ်း၊ ပြိုင်ထိုး ဆိုင်ထိုးကြရာ ပွဲချီငါးချီပြည့် စိတ်လှုပ်ရှား စရာဖြစ်ခဲ့ပြီး ပရိ သတ်အားပေးသံများ သောသောညံခဲ့ရသည်။ နှစ်ပွဲစလုံးတွင် အလဲအကွဲ သွေးသံရဲရဲဖြင့် အရှုံးအနိုင် မပေါ်ခဲ့သော်လည်း ပရိသတ် များ စိတ်ကျေနပ်မှု ရခဲ့သည်။
"၀င်းထွန်းတို့ပွဲကတော့ အခုမှ သူတို့ နှစ်ယောက် စတွေ့ကြတာပေါ့။ ၀င်းထွန်းက အသက်ပိုကြီးပြီး သမ္ဘာပိုရင့်ပါတယ်။ သူတို့ပွဲလည်း ကောင်းတယ်။ သားသား နဲ့ သပြေညိုတို့ကလည်း မြန်မာ့လက်ဝှေ့ ပွဲဆိုတာ ဘယ်လိုဆိုတာကို ပြသွားသူတွေပါ။ ဒီလိုလူငယ်တွေ များများပေါ် ထွက်လာစေချင်တယ်။ သူတို့နှစ် ယောက် တွေ့တာ ဒီတစ်ကြိမ်နဲ့ဆို ငါးခါ ရှိပြီ။ သားသားက တစ်ပွဲ ရှုံးဖူးတယ်"ဟု ကြိုးဝိုင်းဒိုင်လူကြီးအဖြစ် ဆောင်ရွက် ခဲ့သူ ဦးချစ်ကိုကိုက ပြောသည်။
အထူးလေးချီစိန်ခေါ်ပွဲ သုံးပွဲနှင့် ငါး ချီပွဲ ခုနစ်ပွဲပါဝင်ခဲ့ပြီး ရုံဝင်ကြေးကျပ် ၅,၀၀၀၊ ကျပ် ၁၀,၀၀၀ သတ်မှတ်ရောင်း ချခဲ့သည်။
ဖြိုးဝေကျော်
မြန်မာတိုင်းမ် အတွဲ ၃၀ ၊ အမှတ် ၅၈၁ ( ၁၀ - ၁၆ ၊ ၈ ၊ ၂၀၁၂)
လက်ဝှေ့အထူးစိန်ခေါ်ပွဲတွင် ပူးတွဲ သရေများ သော်လည်း ပရိသတ်များ စိတ်ကျေနပ်ခဲ့ကြ
Reviewed by သစ်ထူးလွင်
on
10:31
Rating:
No comments:
Post a Comment