အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ် ပါက မြန်မာနိုင်ငံ၏ ဟိုတယ်အခန်း ခဈေးနှုန်းမြင့် မားမှုကြောင့် လာရောက် တည်းခိုသူများက မကျေနပ်ကြ၍ ထိုင်းနိုင်ငံ ရှိမြန်မာသံရုံးတွင် တိုင် ကြားစာများပေး ပို့ထားကြောင်းပြည် တွင်းခရီးသွားကုမ္ပဏီများထံမှသိရ သည်။
မကြာသေးခင်ကာလက ထိုင်း ဧည့်သည်များလာရောက်တည်းခိုရာ တွင် ဟိုတယ်အခန်းခနှုန်းများမှာ မြင့်မားနေပြီး ပေးဆောင်ခဲ့သည့်တန် ဘိုးနှင့် မမျှတ၍ ဧည့်သည်များက မကျေနပ်ကာထိုင်းနိုင်ငံရှိ မြန်မာသံ ရုံးတွင် ပေးပို့ထားမှုများပြားနေ ကြောင်း ရုရှားမားကတ်လုပ်ကိုင် သည့်ခရီးသွားကုမ္ပဏီတစ်ခုမှ တာ ၀န်ရှိသူတစ်ဦးကပြောကြားသည်။
ယခုကဲ့သို့ ဈေးနှုန်းမြင့်မားမှု ကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ် ငန်းအား ထိခိုက်စေနိုင်ကြောင်း၊ ယ ခုဝင်ရောက်လာသည့်ဧည့်သည်များ သည် စီးပွားရေးလုပ်ငန်းရှင်များသာ အများဆုံးဖြစ်နေကြောင်း၊ထို့ကြောင့် ၎င်းလုပ်ငန်းရှင်များသည် ဈေးကြီး သော ဟိုတယ်များတွင်တည်းခိုမှု ကြောင့် ယခုကဲ့သို့ အခန်းခဈေးများ မြင့်တက်လာရခြင်းဖြစ်ကြောင်း ခရီး သွားလုပ်ငန်းရှင်များကပြောကြားသည်။
ဝန်ကြီးဌာနအနေဖြင့် ဟိုတယ် အခန်းခနှုန်းထားများအား ဒေါ်လာ ၁၅၀ ထက်မတက်ရန်ညွှန်ကြားထား သော်လည်း လက်ရှိတွင် FDI ဟို တယ်ကြီးများမှ ဒေါ်လာ၂၀၀ကျော် ထိကောက်ခံမှုများရှိနေကြောင်းဧည့် လမ်းညွှန်တစ်ဦးကပြောကြားသည်။
“အခန်းခဈေးတွေတက်၊ Contract တွေမပေးလို့ဝန်ထမ်းအင် အားလျော့ချရတယ်၊ တစ်ချို့ကုမ္ပ ဏီတွေဆိုရင် ရပ်နားရတဲ့အနေအ ထားတွေရှိနေပြီ”” ဟု ကျောက်တံ တားအခြေစိုက် ခရီးသွားကုမ္ပဏီ တစ်ခုမှတာဝန်ရှိသူတစ်ဦးကဆိုသည်။
ယဉ်ယဉ်လှ - မြန်မာပို့ စ်

ဟိုတယ်အခန်းခဈေးနှုန်းကြီးမြင့်မှု ထိုင်းနိုင်ငံမှ မြန်မာသံရုံးသို့တိုင်ကြားစာပေးပို့
Reviewed by သစ်ထူးလွင်
on
02:29
Rating:
No comments:
Post a Comment