မုံရွာ၊ဇူလိုင်၊၂၄
မြေယာ အငြင်းပွားမှုများ မပြီးဆုံး သေးသော လက်ပန်တောင်းတောင် ကြေးနီ စီမံကိန်း အနီးအနားမှ ကျေးရွာများမှ ရွာခံများ စုပေါင်း၍ ငြိမ်းချမ်းစွာ စီတန်ုးလှည့်လည်ရန် ဇူလိုင်လ ၂၃ ရက်နေ့တွင်မုံရွာမြို့၊ အမှတ် ၁ ရဲစခန်းနှင့် ဆားလင်းကြီးမြို့နယ် ရဲစခန်းတို့တွင် စာတင်ခဲ့ကြောင်း ၀က်မှေးရွာခံ တစ်ဦးက ပြောကြားသည်။
ယင်းကဲ့သို့ ဆန္ဒ ဖော်ထုတ် ရခြင်းမှာ ဇွန်လ ၃ ရက်နေ့တွင် သဘောတူခဲ့သည့် ယာမြေများ ပေါ်တွင် မြေသားများ စုပုံ စွန့်ပစ်ခြင်းများအား ခေတ္တ ရပ်ဆိုင်း ထားရန် မပုံရန်နှင့် စက်ရုံ အလုပ်ရုံ အဆောက်အဦ ဆောက်လုပ်ခြင်းများအား ခေတ္တ ရပ်ဆိုင်းထားရန် ဟူသည့် သဘောတူညီချက်များ တာဝန်ရှိသူများနှင့် သဘောတူညီချက် ရယူခဲ့သော်လည်း အဆောက်အဦများ ဆောက်လုပ်ရန် ပြင်ဆင်နေမှုအား ရွာသားများက ၀င်ရောက်ကြည့်ရှုမည်ကို ခွင့်မပြုဘဲ ပုဒ်မ(၁၄၄) မကျူးကျော်ရ ဆိုသည့်အချက် ထုတ်ပြန်ထားခြင်း တို့ကြောင့်ဖြစ်ကြောင်း ဆန္ဒ ဖော်ထုတ်မှုတွင် ပါဝင်မည့် ရွာသားတစ်ဦးက ပြောကြားသည်။
ဇူလိုင် ၃၀ ရက်မှ သြဂုတ်လ ၁ ရက်နေ့ထိ ပြုလုပ်မည့် ဆန္ဒထုတ်ဖော်မှုတွင် ရွာ ၁၄ ရွာမှ လယ်သိမ်းခံတောင်သူများ စုပေါင်း၍ စာတင်ခဲ့ခြင်းဖြစ်ပြီး လူဦးရေး (၅၀၀) ခန့်ပါဝင်မည်ဖြစ်ကြောင်း၊ ကြွေးကြော်မှုများတွင် ပုဒ်မ၁၄၄ထုတ်ထားခြင်းအား ရုပ်သိမ်းရေး ၊မြေယာအငြင်းပွားမှု ဖြေရှင်းမပြီးမချင်း စီမံကိန်း ရပ်ဆိုင်းထားရေး၊ ချိတ်ပိတ်ခံထားရသည့်ဝက်မှေး ဘုန်းတော်ကြီးကျောင်း ပြန်ဖွင့်ရေး၊ကျေးရွာ ၄ ရွာ မပြောင်းရွှေ့ရေးနှင့်ယာမြေများ လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရရှိရေးအား ကြွေးကြော်မည် ဖြစ်ကြောင်းဆန္ဒဖော်ထုတ်ရန် လျှောက်ထားခဲ့သူ အမျိုးသမီး တစ်ဦးက ပြောကြားသည်။
စီမံကိန်းကိုတော့ မတားဆီးဘူး။ငါတို့လည်း တိုးတက်မှ ဖြစ်မည်၊ စီမံကိန်းမှာ တိုင်းပြည် တိုးတက်မှုနှုန်း ဘယ်လောက်ရှိမလဲနှင့် သူတူညီမျှနဲ့ တရားမျှတမှု ဘယ်သူ အာမခံမှာလည်း ဆိုသည့် စာသားများ ပါဝင်ကြောင်း ၀က်မှေး ရွာခံတစ်ဦးက ပြောကြားသည်။
မုံရွာမြို့တွင်းတွင် လှည့်လည်မည့် လမ်းကြောင်းမှာ လွှတ်တော်ရုံးလမ်းမှ လွှတ်တော်ရုံးအထိ၊ နာရီစင်မှရွှေစည်းခုံ ဘုရားလမ်း အတိုင်းတိုင်းအုပ်ချုပ်ရေးမှုး ရုံးအထိ ဦးစားပေး ဖြစ်ပြီး၊ဒုတိယ လမ်းကြောင်းမှာကံသာယာရှေ့မှ ဗိုလ်ချုပ်လမ်းအတိုင်း နာရီစင်ထိ၊နာရီစင်မှရွှေစည်းခုံဘုရားလမ်း အတိုင်း တိုင်းအုပ်ချုပ်ရေးမှုးရုံး အထိ လမ်းကြောင်း သတ်မှတ်ထားကြောင်း ရဲစခန်းများသို့ တင်ခဲ့သည့် လျှောက်ထားသည့် စာတွင် တင်ပြထားကြောင်း ရွာခံတစ်ဦးက ပြောကြားသည်။
“ကျွန်မတို့ စာသွားတင်တော့ မုံရွာအမှတ်(၁) ရဲစခန်းကို သွားတင်ပါတယ်တာဝန်ကျ ရဲဝန်ထမ်းက တင်တဲ့စာ ကိုလက်ခံ ထားလိုက်ပါတယ်နောက်ထပ် ၂ရက်နေရင် ပြန်အကြောင်းကြားမယ် ပြောပါတယ် မနက်ဖြန်၂၅ရက်နေ့ဆိုရင် သိရပါပြီသူတို့ ဘယ်လို အကြောင်းပြန်မလဲတော့ မသိသေးဘူး။ကျွန်မတို့က ဥပဒေဘောင်အတွင်းကနေ စာတင်တယ်။
ကျွန်မတို့ လူတွေကို ကန့်သတ်တဲ့ အနေနဲ့ရှေ့ဆုံးကနေ နောက်ဆုံးထိ ကြိုးတန်းထားမယ် ဟု စာတင်ခဲ့ရာတွင် ဦးဆောင်ခဲ့သည့်ဝက်မှေးရွာခံ အမျိုးသမီး တစ်ဦးက ပြောကြားသည်။
The Voice Weekly

ကြေးနီ စီမံကိန်း လယ်သိမ်းခံ တောင်သူများ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ရန် ခွင့်ပြုမိန့် တောင်း
Reviewed by သစ်ထူးလွင်
on
19:55
Rating:
No comments:
Post a Comment