လန်ဒန် ၂၀၁၂ အိုလံပစ်အားကစားပြိုင်ပွဲ ပထမနေ့ ပွဲစဉ်တွေမှာ မြန်မာနိုင်ငံက အားကစားတချို့ လည်း ပါဝင်ယှဉ်ပြိုင်
လန်ဒန် ၂၀၁၂ အိုလံပစ်အားကစားပြိုင်ပွဲ ပထမနေ့ ပွဲစဉ်တွေမှာ
မြန်မာနိုင်ငံက အားကစားတချို့ လည်း ပါဝင်ယှဉ်ပြိုင်ကြပါတယ်။ မြန်မာနိုင်ငံက အမျိုးသား တဦးချင်း သေနပ်ပစ်ပြိုင်ပွဲမှာ ကိုမောင်ကြူ ၊ တဦးချင်း လှေလှော်ပြိုင်ပွဲမှာ မရွှေစင်လတ်နဲ့ မြှားပစ်ပြိုင်ပွဲမှာ ကိုနေမျိုးအောင်တို့ဟာ ယှဉ်ပြိုင်ပါတယ်။
မအေးအေးအောင်က ဂျူဒိုအားကစားနဲ့ သြဂုတ်လ ၂ရက်မှာ ယှဉ်ပြိုင်မှာ ဖြစ်သလို ကိုသက်ဇော်ဝင်းက သြဂုတ်လ ၄ ရက်နေ့မှာ မီတာ ၄၀၀ ပြေးခုန်ပစ် ပြိုင်ပွဲနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
လန်ဒန်ရောက် မြန်မာတွေကလည်း မနေ့ညက ပြုလုပ်ခဲ့တဲ့ ဖွင့်ပွဲ အခမ်းအနားကို ရုပ်မြင်သံကြားကနေ တိုက်ရိုက်ကြည့်နေကြသလို face book လို tweeter လို အင်တာနက် ဆက်သွယ်ရေးတွေကနေ မြန်မာနိုင်ငံ
အသင်း အိုလံပစ်အားကစားကွင်းထဲ ဝင်လာတာကို စောင့်ပီး ကြည့်ရှု အားပေး တာတွေလည်း တွေ့ရပါတယ်။
ဒီလို လန်ဒန်မှာ ရောက်ရှိနေတုန်း အိုလံပစ်အားကစားပြိုင်ပွဲ နဲ့ ကြုံရတော့
မြန်မာနိုင်ငံသားတချို့က သွားရောက်ကြည့်ရူမယ်ဆိုပီး အားခဲနေကြ
ပါတယ်။ အဲဒီလူတွေထဲက သြဂုတ်လ ၅ ရက်နေ့က ဘတ်စကက်ဘောပြိုင်ပွဲ သွားကြည့်မယ့် မတူးမာက-
" အမသမီးက သူကျောင်းကနေ အိုလံပစ်အတွက် လက်မှတ်ရတယ်လေ။
ကျောင်းမှာ sport ထူးချွန်တဲ့သူတွေကို လက်မှတ်ပေးတယ်။ သူက ဘတ်စကက်ဘော ကစားတာများတယ်ဆိုတော့ ဘတ်စကတ်ဘော လက်မှတ်ရထားပါတယ်။ ၅ ရက်နေ့ သြဂုတ်ပါ။ အမတို့ ဗမာအဖွဲ့ တက်ရောက်တာကိုလည်း တွေ့ရတယ်။ အဲဒီအတွက် အရမ်းဝမ်းသာတယ် ဂုဏ်ယူပါတယ်။ နောက်ပီး ဗမာလူမျိုးတွေအနေနဲ့ အိုလံပစ်မှာ ရွှေတံဆိပ် ဆွတ်ခူးနိုင်မယ် ဆိုရင်တော့ တိုင်းပြည်အတွက် ပိုပီးဝမ်းသာမိမယ်လို့ ထင်ပါတယ်။"
အိုလံပစ် အားကစားကွင်းနားမှာ နေတဲ့ ကိုရာဇာကလည်း အိုလံပစ် အားကစားပြိုင်ပွဲမှာ အနည်းဆုံး ပွဲစဉ်တခုကို ကြည့်ဖူးတယ်ရှိအောင် သွားကြည့်မယ်။ နောက် ရပ်ကွက်သူရပ်ကွက်သားတွေ အလုပ်အကိုင်
အသစ်တွေ ရရှိစေတယ် ဆိုတဲ့အကြောင်း ပြောပြပါတယ်။
"ကျနော်တို့ရပ်ကွက်ထဲက ဗမာတွေ ဒီနားမှာ အလုပ်ရတယ်ခင်ဗျ။ အလုပ်ကတော့ temporary ပေါ့။ ခဏတဖြုတ် အိုလံပစ်ရဲ့ အရှိန်ကြောင့်
ဈေးရောင်းတဲ့ဆိုင်တွေမှာရတယ်။ တချို့ဆိုလည်း ဈေးရောင်းတဲ့ ဆိုင်တွေမှာရတယ်ပေါ့နော်။ အဲဒီအတွက် ကျနော်တို့ ဗမာအသိုင်းဝိုင်းကတော့ တော်တော်လေးကို ပျော်ကြတယ်ခင်ဗျ။
ကျနော် ကတော့ ဘောလုံးပွဲကြည့်မယ်လို့ စိတ်ကူးထားတယ်။ ဘရာဇီးနဲ့ ပွဲကို သွားကြည့်ဖို့ရာများတယ်ပေါ့နော်။ ဘရာဇီးနဲ့ ဘယ်အသင်းနဲ့ ဖြစ်ဖြစ်ပါ။ အိုလံပစ်မှာ ကြည့်ဖူးတယ်ရှိအောင် သွားကြည့်မှာက အဓိကပါ။"
မြန်မာနိုင်ငံကိုယ်စားပြုအားကစားသမားတွေ လာရောက် ယှဉ်ပြိုင်တဲ့
အတွက် ကျေနပ်အားရကြောင်း ကိုရာဇာက -
"ကျနော်ကတော့ ဗမာအားကစား အသင်း ဒီကို လာပီး ယှဉ်ပြိုင်တာကို အတော် သဘောကျတယ်ဗျ။ ကျနော်ကတော့ အနိုင်ရရှိသွားတာက အဓိကမဟုတ်ဘူး။ ဝင်ရောက်ယှဉ်ပြိုင်လိုက်တာက အဓိကဘဲ ။ ကျနော်ကတော့ မြန်မာနိုင်ငံက အားကစားသမားတွေ နိုင်ငံတကာပွဲတွေမှာ များများဝင်ရောက်ယှဉ်ပြိုင်လေ အားကျလေဘဲ။ ဒါပေမယ့် ကျနော် သဘောပေါက်ပါတယ် ငွေရေးကြေးအခက်အခဲတွေလည်း ရင်ဆိုင်ရမယ် ဆိုတာ။ သို့သော်လည်း တိုင်းပြည်အတွက် တော်တော်လေးကို အတွေ့အကြုံတွေ ရနိုင်တယ်ပေါ့ အဲဒီအတွက် ဝမ်းသာတယ်ခင်ဗျ။"
RFA Burmese
လန်ဒန် ၂၀၁၂ အိုလံပစ်အားကစားပြိုင်ပွဲ ပထမနေ့ ပွဲစဉ်တွေမှာ မြန်မာနိုင်ငံက အားကစားတချို့ လည်း ပါဝင်ယှဉ်ပြိုင်
Reviewed by သစ်ထူးလွင်
on
20:48
Rating:
No comments:
Post a Comment