ကိုမင်းကိုနိုင် ပုသိမ် မြောင်းမြမြို့တို့မှာ “နောက်ကြည့်မှန်”စာအုပ် မိတ်ဆက်ပွဲ (ရုပ်/သံ)

ပုသိမ်၊ ၂၂ ဇူလိုင် ၂၀၁၂
ဇူလိုင်လ ၂၂ ရက်နေ့က ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်
ဟာ ပုသိမ်မြို့ကို ရောက်ရှိခဲ့ပြီး သူ့ရဲ့ “နောက်ကြည့်မှန်” (၀တ္ထု)စာအုပ်ကို မိတ်ဆက် (အရောင်း)လက်မှတ်ထိုးပွဲလေး ပြုလုပ်ခဲ့ပါတယ်။

 ဇူလိုင်လ ၂၁ ရက်နေ့က မြောင်းမြမှာ အလားတူ စာအုပ်အဗေရာင်း 
လက်မှတ်ထိုးပွဲတွေ ပြုလုပ်ခဲ့ပြီးနောက် ပုသိမ်ကို ဆက်လက်လာရောက်ခဲ့
တာဖြစ်ပါတယ်။ 

ကိုမင်းကိုနိုင်နဲ့အတူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊
မနီလာသိန်း၊ ကိုအောင်နိုင်၊ မမီးမီးတို့ အဖွဲ့ဝင် ၁၀ ဦးခန့် ပါဝင်လာခဲ့ပါတယ်။
 ပုသိမ်မှာ မြို့လယ်က “မစ္စတာပိုလာကင်း” အအေးဆိုင်နဲ့ “မင်္ဂလာချစ်အေး” လက်ဖက်ရည်ဆိုင်တို့မှာ နှစ်နေရာခွဲပြီး စာအုပ်ရောင်းပွဲကို ပြုလုပ်ခဲ့ကြပါတယ်။

ကိုမင်းကိုနိုင်၊ ကိုဂျင်မီတို့ဟာ မြို့ခံ လူတန်းစားအလွှာအသီးသီးက
 လူကြီးလူငယ်တွေ၊ ကျောင်းသားကျောင်းသူတွေနဲ့အတူ စကားပြောဆို
ရယ်မောကြ။ ဓာတ်ပုံတွဲရိုက်ကြနဲ့ အချိန်တိုတိုအတွင်းမှာပဲ အားလုံးပျော်ရွှင်ကျေနပ်ခဲ့ကြတဲ့ပွဲလေး ဖြစ်ပါတယ်။

 ဒီကိစ္စနဲ့ပတ်သက်လို့ ကိုဂျင်မီက “ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း
ခရီးတွေနဲ့ မတူဘဲ သူတို့ကို ချစ်ခင်မြတ်နိုးသူတွေ၊ စာပေချစ်သူတွေနဲ့
တရင်းတနှီးတွေ့ဆုံပြီး လွတ်လပ်ပေါ့ပါးစွာ စကားပြောဆိုရတာ ကောင်းပါတယ်”
လို့ ပြောဆိုသွားခဲ့ပါတယ်။ ကိုမင်းကိုနိုင်တို့အဖွဲ့ဟာ မွန်းလွဲ
၁း၃၀ နာရီလောက်မှာ ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာသွားကြပါတယ်။ 

(ဧရာဒယ်လ်တာသတင်းအုပ်စု)




ကိုမင်းကိုနိုင် ပုသိမ် မြောင်းမြမြို့တို့မှာ “နောက်ကြည့်မှန်”စာအုပ် မိတ်ဆက်ပွဲ (ရုပ်/သံ) ကိုမင်းကိုနိုင် ပုသိမ် မြောင်းမြမြို့တို့မှာ “နောက်ကြည့်မှန်”စာအုပ် မိတ်ဆက်ပွဲ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 03:10 Rating: 5

No comments:

Powered by Blogger.