စာရင်းအင်း၊ ဘဏ္ဍာရေးနှင့် စီမံခန့် ခွဲမူ့ ဆိုင်ရာ ဘာသာရပ်များ အကြောင်းရှင်းလင်း ပြောကြားခြင်း

စာရင်းအင်း၊ ဘဏ္ဍာရေးနှင့် စီမံခန့် ခွဲမူ့ ဆိုင်ရာဘာသာရပ်များအကြောင်းရှင်းလင်းပြောကြားခြင်း နှင့် တစ်စိတ်တစ်ပိုင်းပညာသင် ထောက်ပံ့ ကြေးပေး အပ်မည့် Singapore Accountancy Academy

မြန်မာနိုင်ငံမှကျောင်းသူကျောင်းသားအများစုစိတ်ဝင်စားသော၊ စီမံခန့် ခွဲမှူ့ ဘာသာရပ်များတွင်၊ ဆင့်ပွားဘာသာရပ်ခွဲပေါင်းများစွာရှိပြီး ကျောင်းသူကျောင်းသားအများစုမှာ ၄င်းဘာသာရပ်များ၏ သဘောသဘာဝကို ခွဲခြားသိရှိရန်ခက်ခဲလေ့ရှိပါသည်၊၊ သို့ ဖြစ်ပါ၍ Accounting, Finance, Management ဘာသာရပ်များ၏ သဘောသဘာဝများ၊ သင်ယူနိုင်သည့် တက္ကသိုလ်များကို ရှင်းလင်းပြောကြားမည်ဖြစ်ပြီး၊ ၂၀၁၂ အောက်တိုဘာလတွင် အဆိုပါဘာသာရပ်များကို တက်ရောက်မည့်ကျောင်း သားတိုင်းကို တစ်စိတ်တစ်ပိုင်းပညာသင်ထောက်ပံ့ကြေး စင်ကာပူဒေါ်လာ ၂,၀၀၀ ပေးအပ်သွားမည့်အစီအစဉ်ကို ဇူလိုင်(၁၀)ရက်နေ့၊ အင်္ဂါနေ့ ၊ နံနက် ၁၀နာရီမှ နေ့လည် ၁၂နာရီအထိ  Summit Parkview Hotel တွင်ရှင်းလင်းပြောကြားသွားမည်ဖြစ်ကြောင်းသိရသည်၊၊

အဆိုပါ အစီအစဉ်ကို CROWN Education နှင့် စင်ကာပူနိုင်ငံမှ Institute of Certified Public Accountants of Singapore (ICPAS)၏ ပညာရေးလေ့ကျင့်မှုဌာနခွဲတစ်ခုဖြစ်သော SAA-GE မှပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး၊ SAA-GE တွင် သင်ယူလေ့လာနိုင်သော Plymouth University မှ အသိအမှတ်ပြုပေးအပ်မည့်BA (Hons) Business Administration, BA (Hons) Accounting & Finance နှင့်  Final Year Top-up Degree တို့ ကို SAA-GE တွင်တက်ရောက်သင်ယူနိုင်မည်ဖြစ်သည်ဟုသိရသည်၊၊ မြန်မာနိုင်ငံမှ တက္ကသိုလ်ပထမနှစ်အောင်မြင်ထားသူများ (သို့မဟုတ်) GCE ‘A’ အောင်မြင်ထားသူများအနေဖြင့် Plymouth University ၏ BA (Hons) နောက်ဆုံးနှစ်ကိုတက်ရောက်လိုပါက SAA-GE Advanced Diploma Level 1 & 2 ကို ဦးစွာတက်ရောက်ရမည်ဖြစ်သည်။ (၁၈)လ ကြာမြင့်မည်ဖြစ်သော အဆိုပါ Advanced Diploma တွင် ကျောင်းသားကျောင်းသူများ၏ business skills ၊ business environment ၊ business management practices ကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန် သင်ကြားပို့ချသွား မည်ဖြစ်ကြောင်းသိရသည်။

Plymouth University သည် No.1 Green university in UK ဖြစ်သည့်အပြင် ကျောင်းသားဦးရေ အများဆုံးတက်ရောက်နေသည့် လန်ဒန်တက္ကသိုလ်နှင့် မန်ချက်စတာတက္ကသိုလ် တို့ပြီးပါက Plymouth University သည် လက်ရှိ ကျောင်းသား ၃၀,၀၀၀ ကျော် တက်ရောက်နေသည့် စတုတ္ထမြောက် အကြီးဆုံးကျောင်းဖြစ်သည်။ Sunday Times ၏ ဖော်ပြချက်အရ ခေတ်မီ ထိပ်တန်း တက္ကသိုလ် (၃)ခုတွင် ပါဝင်သော Plymouth University သည် Top 50 Research University တစ်ခုအဖြစ်လည်း အဆင့်သတ်မှတ်ခြင်းခံရသည်။
အဆိုပါဘာသာရပ်များကို တက်ရောက်သင်ယူရာတွင် အရစ်ကျ စနစ်ဖြင့် တစ်ကြိမ်လျင် (၁၈) ခန့် သာပေးသွင်းရန်လိုအပ်ပြီး IETLS / TOEFL ရမှတ်မရှိသူများပါလျှောက်ထားနိုင်ကြောင်းသိရသည်၊၊

သေးစိတ်အချက်အလက်များကို သိရှိလိုသူများနှင့် ကျောင်းလျှောက်ထားလိုသူများကို ဇူလိုင်(၁၀)ရက်နေ့၊ နံနက် ၁၀နာရီမှ နေ့လည် ၁၂နာရီအထိ SAA-GE မှ မန်နေဂျာ Kelvin Goh ကိုယ်တိုင် one-to-one ရှင်းလင်းပြောကြားပေးမည်ဖြစ်ပါသဖြင့် CROWN Education  ဖုန်းနံပါတ် - ၀၉ ၇၃၂ ၇၃၂ ၇၇ ၊ ၀၉ ၅၀၈၅ ၁၈၅ နှင့် မြေနီကုန်းရုံးခွဲ၊ အမှတ် (၂၇၂)၊ (၄)လွှာ၊ အခန်းအမှတ် (၄၀၄)၊ ပြည်လမ်း၊ဓနလှိုင်တာဝါ (မြေနီကုန်း KBZ Bank အပေါ်ထပ်) ဖုန်း၊ ၅၂၃ ၈၃၂ တို့တွင် ဆက်သွယ်စုံစမ်းစာရင်းပေးနိုင်ပါသည်၊၊ 

source:  www.crown-education.com

စာရင်းအင်း၊ ဘဏ္ဍာရေးနှင့် စီမံခန့် ခွဲမူ့ ဆိုင်ရာ ဘာသာရပ်များ အကြောင်းရှင်းလင်း ပြောကြားခြင်း စာရင်းအင်း၊ ဘဏ္ဍာရေးနှင့် စီမံခန့် ခွဲမူ့ ဆိုင်ရာ ဘာသာရပ်များ အကြောင်းရှင်းလင်း ပြောကြားခြင်း Reviewed by သစ်ထူးလွင် on 00:52 Rating: 5

2 comments:

Unknown said...

MHR- ABE-သင်တန်း၊ မန္တလေးမှာ ဘယ်နားမှာရှိလဲမသိလို့ပြောပြပေးပါဦး၊ ကျေးဇူးပြုပြီးတော့

Unknown said...

MHR-ABE-သင်တန်း၊မန္တလေးမှာဘယ်နားရှိလဲမသိလို့ပြောတင်ပြပေးပါဦး၊ကျေးဇူးပြုပြီး၊ နေရာမသိလို့ပါ ပြောပြပေးပါဦး။

Powered by Blogger.