မင်းမင်းလတ်-မန္တလေး(မြစ်မခ)
ဇွန်(၁)ရက်၊၂၀၁၂ခုနှစ်။
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၊ စက်မှုဇုန်(၂)တွင်ရှိသော MGS ကုမ္ပဏီမှဝန်ထမ်းများအား ရန်ကုန် ၀န်ထမ်းများနည်းတူ လစာတောင်းဆိုမှုအတိုင်း လိုက်လျှောခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
မန္တလေးတိုင်းဒေသကြီး အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများက စက်ရုံမန်နေဂျာနှင့် အလုပ်သမားများ ကြားတွင် ကြား ၀င်ဖြန်ဖြေပေး မှုကြောင့် MGS မန္တလေးစက်ရုံမှုးက လစာတိုးပေးပါမည်ဆိုသည့်အကြောင်းအား အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများရှေ့တွင် စာချုပ်ချုပ် လက်မှတ်ရေးထိုးကာ ကတိပေးခဲ့ခြင်းဖြစ်သည်။
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၊ စက်မှုဇုန်(၂)တွင်ရှိသော MGS ကုမ္ပဏီမှဝန်ထမ်းများ လစာတန်းတူ ရလိုမှုဖြင့် စက်ရုံပြင်ပတွင် အလုပ်မဆင်းပဲ ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။
အဆိုပါကုမ္ပဏီသည် စတားအချိုရည်ကုမ္ပဏီဖြစ်ပြီး ၀န်ထမ်းများကိုလစာတိုးပေးရာတွင် ရန်ကုန်နှင့် တန်းတူ မပေးပဲ လျှော့ပေးခဲ့သဖြင့် အလုပ်သမားများက အလုပ်မဆင်းပဲ ကန့်ကွက်ဆန္ဒထုတ်ဖေါ်ပြသခဲ့ခြင်းဖြစ်သည် ဟု ဆန္ဒ ထုတ်ဖေါ်သည့်ဝန်ထမ်းများက ဆိုသည်။
‘’ခုဖြစ်နေတဲ့ပြသနာက ၀န်ထမ်းတွေကို လစာတန်းတူ တိုးမပေးလို့ဖြစ်တာပါ၊ ရန်ကုန်မှာတော့ အဆင့်တစ်ရော နှစ်ရောကို နှစ်သောင်း တိုးပေးပြီး မန္တလေးမှာကြတော့ အဆင့်တစ်ကို တစ်သောင်းနှစ်ထောင့်ငါးရာနဲ့ အဆင့်နှစ်ကို တစ်သောင်းခွဲပဲ တိုးပေးတယ် “ဟု စက်ရုံရှေ့တွင် ဆန္ဒထုတ်ဖေါ်နေသူ အမျိုးသားဝန်ထမ်း တစ်ဦးက ပြောသည်။
ယနေ့ဖြစ်ပေါ်ခဲ့သော ဆန္ဒထုတ်ဖေါ်မှုတွင် ၀န်ထမ်းအင်အား တစ်ရာကျော်ပါဝင်ခဲ့ပြီး ထုတ်လုပ်မှုနှင့် အရောင်းဌာန နှစ်ခုစလုံးမှ ၀န်ထမ်းများပါဝင်သည်။
“ကျွန်တော်တို့ဒီစက်ရုံက သူဌေးက ရန်ကုန်ကစက်ရုံကသူဌေးနဲ့ အတူတူပဲ ၊ ရန်ကုန်က အဆင့်တစ်ဝန်ထမ်း တွေကျ နှစ်သောင်းပေးပြီး ကျွန်တော်တို့ကျတော့ သောင်းနှစ်ထောင့်ငါးရာပဲတိုးပေးလို့ တန်းတူရအောင် ဆန္ဒ ထုတ်ဖေါ်တာပါ”ဟု လုပ်သက် တစ်ဆယ့်သုံးနှစ် ရှိပြီဖြစ်သော မစုစုထွေးက မြစ်မခသို့ ရှင်းပြသည်။
တန်းတူအခွင့်အရေးအတွက် ငြိမ်းချမ်းစွာတောင်းဆိုခဲ့သော အလုပ်သမားများအား မန္တလေးMGS မှ တာဝန်ရှိ သူတစ်ဦးက ၀န်ထမ်းများအား မချေမငံပြောဆိုခဲ့ကြောင်းကိုလည်း သိရှိရသည်။
‘’ခုလိုမျိုးတန်းတူအခွင့်အရေးရဖို့တောင်းတဲ့အချိန်မှာ ကျွန်တော်တို့ကို ထမင်းငတ်ရင် အထဲဝင်ပြီး ထမင်းစားမှာပါကွာဆိုပြီးပြော တယ်ဆိုတာ ပြန်ကြားရတယ် ၊ အမှန်တော့ လူကြီးဖြစ်ပြီး အဲလိုမျိုးမပြောသင့် ပါဘူး၊ လစာတိုးရင် သူတို့လည်း ခံစားရမှာပါပဲ ´´ ဟု MGS ၀န်ထမ်းတစ်ဦးကပြောသည်။
Shwe Myitmakha Media Group

မန္တလေးMGS ကုမ္ပဏီဝန်ထမ်းများ တန်းတူအခွင့်အရေးရရှိ
Reviewed by သစ်ထူးလွင်
on
16:56
Rating:
2 comments:
ရှေ့တင်တော့ လက်မှတ်ထိုးပြီးတော့ ဆံပင်တုလိုလုပ်နေမှ အခက်နော်။
ဝန်ထမ်းမှမဟုတ်ပါ နိုင်ငံသားတိုင်း တူညီမျှတတဲ့အခွင့်ရေး ရရှိသင့်ပါတယ် ဥပဒေဟာလည်း တစ်ခုတည်း တပြေးညီတည်းဖြစ်သင့်ပါတယ် ယ္ခုလိုပြောရခြင်းမှာလည်း မန္ကလေးစည်ပင်မှပြု မူလုပ်ကိုင်နေသော အခြေအနေကြောင့်ဖြစ်ပါတယ် စည်ပင်သာယာနယ်နမိတ် ကိုမကြူးရ ဟုတ်ကဲ့ အားလုံးတပြေးညီလိုက်နာပါ့မယ် ကျူးထားတာမှန်သမျှအားလုံးရှင်းပါ ငွေရှင်ကြေးရှင် လုပ်ငန်းရှင်တွေကျူးနေသည့်ကိစ္စကြလှစ်လျူရှု့ပြီး လက်လုပ်လက်စားလမ်းဘေးဈေးသည်များကိုတော့ဥပဒေနဲ့အညီမလပ်ရ မကိုင်ရဆိုတာတော့လွဲနေပါတယ် ဥပဒေဟာသမါသမတ်ကြပြီး ကျောသားရင်သားမခွဲခြားဘဲရှိစေချင်ပါတယ် ဟုတ်ကဲ့ ဥပဒေအပေါ်မှာ ဘယ်သူမှမရှိဆိုတာကြားဘူးထားလို့ပါ
Post a Comment