မင်္ဂလာဒုံမြို့နယ် အတွင်းမှာရှိတဲ့ Jolly Good အထည်ချုပ်စက်ရုံက ထွက်ရှိတဲ့ စွန့်ပစ် မိလ္လာတွေကို မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင် ကျေးရွာအုပ်စု၊ မြသီတာ ရပ်ကွက်၊ မြသီရိ (၂) လမ်း ရပ်ကွက်မြောင်းထဲကို သွန်ချနေတဲ့အတွက် အနံ့အသက်ဆိုးတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။စွန့်ပစ် မိလ္လာတွေကို ရပ်ကွက်မြောင်းတွေထဲ သွန်ချနေတဲ့အတွက် အနီးဝန်းကျင်မှာ ရှိတဲ့ အိမ်ခြေ ၄၀ ကျော်လောက်ဟာ အနံ့အသက်ဆိုးတွေနဲ့ ကြုံတွေ့နေကြရပါတယ်။မိလ္လာ အနံ့ဆိုးတွေကြောင့် ရပ်ကွက်အတွင်းမှာရှိတဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးကိုလဲ ထိခိုက်စေနိုင်တဲ့အတွက် ဒေသခံတွေ အနေနဲ့ စိုးရိမ်မှု ရှိနေကြတာပါ။ဒီလို အနံ့အသက်ဆိုးတွေကို ဖေဖော်ဝါရီလ လောက်ကတည်းက စတင် ခံစားနေရတာဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားပေမယ့် တစုံတရာ ဆောင်ရွက်ပေးခြင်း မရှိတဲ့အတွက် အနံ့အသက် မထွက်ရှိအောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ ပြုလုပ်ပေးပါလို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ် ခင်ဗျာ။
Burma VJ Media Network
Jolly Good အထည်ချုပ်စက်ရုံက စွန့်ပစ်မိလ္လာကြောင့် ဒုက္ခရောက်နေကြ (ရုပ်/သံ)
Reviewed by သစ်ထူးလွင်
on
05:44
Rating:
No comments:
Post a Comment