မြန်မာနိုင်ငံမှာ
အလုပ်အကိုင်သစ်တွေကို ဖန်တီးပေးနိုင်မယ့် ပြည်ပရင်းနှီးမြုပ်နှံမှုတွေ
လိုလားတယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ
(၁) ရက် ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြောကြားလိုက်ပါ တယ်။ မြန်မာနိုင်ငံက
လူငယ်တွေအကြား အလုပ်လက်မဲ့နှုန်းမြင့်မားနေပြီး၊
အဆင့်မြင့်ပညာရေးထက် အခြေခံ ပညာနဲ့ သက်မွေးဝမ်းကျောင်းပညာရပ်တွေ
လိုအပ်နေပါတယ်-ဒီ့အတွက် ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ မိမိတို့ အကျိုးအမြတ်တခုတည်းကိုမကြည့်ပဲ
မြန်မာလူငယ်တွေ အလုပ်အကိုင်ရရှိစေမဲ့ ရင်းနှီးမြုပ်နှံမှုတွေကိုဘဲ လိုလား
တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ
မညီမျှမှုတွေ၊ အဂတိလိုက် စားမှုတွေကို တိုက်ဖျက်သွားဖို့ လိုအပ်နေတာမို့၊
မညီမျှမှုတွေနဲ့ အဂတိလိုက်စားမှုတွေကို ပိုဖြစ်စေမယ့် ရင်းနှီး
မြုပ်နှံမှုမျိုးကိုတော့ မလိုလားဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က
ပြောကြားခဲ့ပါတယ်။
ဒီဗွီဘီ
|
ဓါတ်ပုံ(ရိုက်တာ) |
ဇွန်လ(၁)ရက်ကမ္ဘာ့စီးပွားရေးဖိုရမ်မှ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၏ သတင်းစာရှင်းလင်းပွဲ (ရုပ်/သံ)
Reviewed by
သစ်ထူးလွင်
on
15:35
Rating:
5
2 comments:
အမေစုပြောတာ ထောက်ခံတယ်
တောင်သာ။ဝဲလောင်။ မလိုင် ဘက်က တောသား ၀န်ကြီးအောင်သောင်း ရေ ငါတို့ ၇င်ထဲက ခေါင်းဆောင်ဆိုတာ သူပဲ မင့် ကြည့်ထားလိုက်အုံး ဘယ်လို စာရွက် စကားပြန် မပါပဲ ပြောသွားတာ သူပြောသွားတဲ့ စကားတွေဟာ ပြည်သူ အတွက်ပဲ မင့်တို့ လို စာမတတ်တဲ့ ခေါင်းဆောင်ကို ငါတို့ အလို မရှိဘူး
Post a Comment