"ကျွန်မတို့ အတန်တန် ဥပဒေစိုးမိုးရေးဆိုတာကိုပြောနေတာဟာ ပထမဆုံးဖြစ်တဲ့ရာဇ၀တ်မှု့ကိုထိထိမိမိနဲ့မှန်မှန်ကန်ကန်ကိုင်တွယ်လိုက် နိုင်မယ်ဆိုရင်မီးစကနေမီးတောက်အထိမဖြစ်နိုင်ဘူး။
အခုဥပဒေစိုးမိုးရေး အမြင်နဲ့ ဒီပြသနာတွေကို ထိန်းသိမ်းစေချင်တယ်။ ကျွန်မတို့ ပြည်သူလူထုအားလုံးကလည်းကိုယ့်အသိုင်းအ၀ိုင်းရဲ့ အေးချမ်းမှုကို၊ကိုယ့်နိုင်ငံရဲ့သိက္ခာရှိမှုအတွက်ထိန်းထိန်းသိမ်းသိမ်းနဲ့လုပ်စေချင်တယ်။ ဒေါသကို အခြေခံပြီးတော့မလုပ်ပါနဲ့။
ကျွန်မတို့ဟာပုထုဇဉ်လူသားတွေပါပဲ။ ဘယ်နိုင်ငံကပဲဖြစ်ဖြစ်ဘယ်ဘာသာကိုပဲကိုးကွယ်ကိုးကွယ်လူတိုင်းလူတိုင်းဟာ အေးအေးချမ်းချမ်းနေချင်တယ်၊လုံလုံခြုံခြုံနေချင်တယ်။အဲဒီဟာကို ခေါင်းထဲမှာ ထည့်ပြီးတော့ ပြည်သူပြည်သားတွေ ပြေလည်မှုရှာစေချင်တယ်။"
ဒေါ်အောင်ဆန်းစုကြည်

ကျွန်မကတော့ ကျွန်မတို့နိုင်ငံမှာ ဘယ်သူမဆိုလုံလုံခြုံခြုံ ရှိတယ်ဆိုတာမျိုးဖြစ်စေချင်တယ်။ နိုင်ငံတစ်နိုင်ငံရဲ့သိက္ခာဟာ ဒီနိုင်ငံက ပြည်သူတွေရဲ့လုံခြုံမှု့နဲ့ဆက်စပ်မှု့ရှိတယ် ။ စိတ်ချမ်းသာမှု့ဆိုတာလုံခြုံမှု့ကစရမှာ။ မလုံခြုံတဲ့သူတွေက ဘယ်တော့မှ စိတ်ချမ်းသာစရာမရှိဘူး။ ဒီနိုင်ငံမှာ ကျွန်မတို့ ပြည်သူပြည်သားတွေအားလုံး လူမျိုးမရွေး ဘာသာမရွေး ၊ကျွန်မတို့ ပြည်သူပြည်သားတွေ မဟုတ်တဲ့ ဒီမှာရောက်နေတဲ့ ပုဂ္ဂိုလ်အားလုံး ၊လူမျိုးမရွေးဘာသာမရွေးလုံခြုံမှု့ရှိတဲ့နိုင်ငံမျိုးဖြစ်စေချင်တယ်။
ကျွန်မတို့ အတန်တန် ဥပဒေစိုးမိုးရေးဆိုတာကိုပြောနေတာဟာ ပထမဆုံးဖြစ်တဲ့ရာဇ၀တ်မှု့ကို ထိထိမိမိနဲ့ မှန်မှန်ကန်ကန်ကိုင်တွယ်လိုက်နိုင်မယ်ဆိုရင် မီးစကနေ မီးတောက်အထိမဖြစ်နိုင်ဘူး။ အခု ဥပဒေစိုးမိုးရေးအမြင်နဲ့ ဒီပြသနာတွေကို ထိန်းသိမ်းစေချင်တယ်။ ကျွန်မတို့ ပြည်သူလူထုအားလုံးကလည်း ကိုယ့်အသိုင်းအ၀ိုင်းရဲ့ အေးချမ်းမှုကို၊ ကိုယ့်နိုင်ငံရဲ့ သိက္ခာရှိမှုအတွက် ထိန်းထိန်းသိမ်းသိမ်းနဲ့လုပ်စေချင်တယ်။ ဒေါသကို အခြေခံပြီးတော့မလုပ်ပါနဲ့။ ကျွန်မတို့ဟာ ပုထုဇဉ်လူသားတွေပါပဲ။ ဘယ်နိုင်ငံကပဲဖြစ်ဖြစ် ဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ် လူတိုင်းလူတိုင်း ဟာ အေးအေးချမ်းချမ်းနေချင်တယ်၊ လုံလုံခြုံခြုံနေချင်တယ်။ အဲဒီဟာကို ခေါင်းထဲမှာထည့်ပြီးတော့ ပြည်သူပြည်သားတွေ ပြေလည်မှုရှာစေချင်တယ်။
နောက်တစ်ခုကတော့ ကျွန်မပြောကိုပြောရမယ်။ အမြဲလည်း ပြောတယ်။ လူအများစုဆိုတာ လူအနည်းစုကို ဂရုဏာထားတတ်ရမယ်။ အဲဒါတော့ သတိပေးပါရစေ။ ဒီလိုပြောတာကို တချို့က ကြိုက်ချင်မှ ကြိုက်မယ်။ ကြိုက်တာမကြိုက်တာထက် ပြောသင့်တာကိုတော့ ပြောရမယ်။ လူအများ စုဆိုတာ ကိုယ့်ရဲ့အင်အားကရှိပြီးသား။ အများစုအင်အားရှိပြီးသားမို့လို့ သဘောထားကြီးနိုင်ရမယ်။ ဂရုဏာတရားထားနိုင်ရမယ်။ ကျွန်မတို့နိုင်ငံမှာရှိတဲ့ ဘာသာမရွေး၊ လူမျိုးမရွေး ပြည်သူပြည်သား အားလုံး ချစ်ချစ်ခင်ခင်နဲ့ နေထိုင်တာကိုမြင်ချင်တယ်။ ဒီလိုဖြစ်ဖို့အတွက် ကျွန်မတို့အနေနဲ့ ကူညီနိုင်မယ်ဆိုရင် ကူညီမယ်။ လုပ်ပေးနိုင်တာကိုလုပ်ပေးမယ်။ ဒါပေမဲ့ ဖြစ်ပွားနေတဲ့ ကိစ္စတွေပိုကြီးထွားသွားအောင်လို့ လုပ်မိတာမျိုးကိုတော့ ကျွန်မတို့ သတိထားပြီးရှောင်မယ်။”ဟု ပြန်လည်ဖြေကြားခဲ့သည်။
7Day News Journal
အစ္စလာမ်ဘာသာဝင်များနှင့်လတ်တလောဖြစ်ပွားနေသော ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏အမြင်
Reviewed by သစ်ထူးလွင်
on
14:55
Rating:

No comments:
Post a Comment