ဇွန်(၆)ရက်နေ့တွင် ကမ္ဘာနှင့်နေကြား သောကြာဂြိုဟ်ဖြတ်မည်

သေကြာဂြိုဟ်သည် မြေကမ္ဘာနှင့် နေတို့အကြားဝယ် ဇွန်လ(၆)ရက်နံနက် ၁၁နာရီ ၂၉ မိနစ်မှ စတင်၍ဖြတ်သန်းသွားမည်ဖြစ်ကြောင်းသိရသည်။

ထိုသို့သောဖြတ်သန်းမှုသည် ထူးခြားသည် နက္ခတ်တာရာဆိုင်ရာဖြစ်စဉ်တစ်ခုဖြစ်သည့်အပြင် နက္ခတ်ဗေဒင်ပညာအလိုအရလည်း အရှေ့တောင်အာရှနိုင်ငံများအပေါ်အကျိုးသက်ရောက်မှုသိသာလိမ့်မည်ဖြစ်ကြောင်းသိရသည်။
ကိုးကွယ်ယုံကြည်မှုဆိုင်ရာယိုယွင်းကျဆင်းမှုတို့ဖြစ်ပေါ်လာနိုင်သည်ဟု နက္ခတ်ဗေဒင်ပညာရှင်တို့ကဆိုကြသည်။

ကမ္ဘာနှင့်နေအကြား သောကြာဂြိုဟ်ဖြတ်သန်းသွားခြင်းသည် ကမ္ဘာနှင့်နေအကြား လဖြတ်သွားသဖြင့်ဖြစ်ပေါ်သည့် နေကြပ်ခြင်းဖြစ်စဉ်နှင့်တူညီသော်လည်း ထိုသို့မြင်တွေ့ကြရမည်မဟုတ်ပဲသေကြာဂြိုဟ်အား နေပေါ်မှ အစက်အပြောက်ငယ်တစ်ခုသဖွယ်သာမြင်တွေ့ရမည်ဖြစ်သည်။

ယခုဖြစ်စဉ်မျိုးသည် နောင်နှစ်ပေါင်း ၁၀၅ နှစ်(သို့) ၁၂၂ နှစ်ခန့်တွင်မှ ထပ်မံဖြစ်ပေါ်ဖြစ်ပြီး၊ နောက်ဆုံးအကြိမ်အဖြစ် ၁၈၇၆ ခုနှစ်တွင်ဖြစ်ပွားခဲ့သည်။
သေကြာဂြိုဟ်၏တစ်ရက်သည် ကမ္ဘာရက်နှင့်တွက်မည်ဆိုပါက ၂၄၃ ရက်မျှကြာမြင့်သည်။

UPKP

Popular Myanmar News Journal
ဇွန်(၆)ရက်နေ့တွင် ကမ္ဘာနှင့်နေကြား သောကြာဂြိုဟ်ဖြတ်မည် ဇွန်(၆)ရက်နေ့တွင် ကမ္ဘာနှင့်နေကြား သောကြာဂြိုဟ်ဖြတ်မည် Reviewed by သစ်ထူးလွင် on 05:05 Rating: 5

No comments:

Powered by Blogger.