၂၀၁၃ မှစပြီး ထိုင်းရောက် မြန်မာလုပ်သားတွေ ထိုင်းနိုင်ငံသားနည်းတူ လစာရရှိမည်


တရားဝင်မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမားများ၏ တစ်နေ့ လုပ်အားခ ကို ထိုင်းနိုင်ငံသားများ နည်းတူနှင့် ဘတ် ၃၀ ဖြင့် ဆေးကုသခွင့် အခွင့်အရေး များပေးအပ်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ် ချလုံယူဘမ် ပရုန်း က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့်မေလ ၃၁ ရက်ကတွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံတွင်း အလုပ် လုပ်ကိုင်လျှက်ရှိသည့် မြန်မာရွေ့ပြောင်းအလုပ်သမားများ အတွက် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ မှစတင်၍ ထိုင်နိုင်ငံသားများနည်းတူ လုပ်ခလစာ တစ်နေ့လျှင် ဘတ်၃၀၀ ရရှိရန်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ၄င်းကပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင် ထားသည့် မြန်မာရွေ့ပြောင်းလုပ်သား ၈သိန်းကျော်ရှိပြီး မှတ်ပုံ မတင်ရသေး သည့် လုပ်သား ၁ သန်းကျော်ရှိကြောင်း အများစု၏ အခြေခံလုပ်ခလစာမှာ တစ်နေ့ ဘတ် ၆၀ မှ ၁၅၀ ကြားဖြစ်ကြောင်း သိရသည်။
Popular Myanmar News Journal
၂၀၁၃ မှစပြီး ထိုင်းရောက် မြန်မာလုပ်သားတွေ ထိုင်းနိုင်ငံသားနည်းတူ လစာရရှိမည် ၂၀၁၃ မှစပြီး ထိုင်းရောက် မြန်မာလုပ်သားတွေ ထိုင်းနိုင်ငံသားနည်းတူ လစာရရှိမည် Reviewed by သစ်ထူးလွင် on 07:30 Rating: 5

10 comments:

tender76 said...

တွေ့တယ်မဟုတ်လား၊ အမေစုရဲ့ အရည်အချင်းကို ၀မ်းသာလိုက်တာ အမေရယ်၊ အမေလို လူမျိုးရှိနေလို့ မြန်မြာနိုင်ငံမှာ အလင်းရောင် တစ်ခုရှိသေးလို့ တိုသေးပါတယ်။

နိုင်ငံသားကေါင်း said...

ကဲ တွေ့ လား ။ အဲဒါ မြန်မာပြည်သား မြန်မာပြည်သူ မြန်မာခေါင်းဆောင်
လို့ ခေါ်ပါတယ်။ အဲဒီလိုတွေ လုပ်ရမယ်လို့  မသိတာလား မလုပ်ပေးချင်တာ
လား...ဆိုတာ အခုတော့ လုပ်ပိုင်ခွင့်ရနေသူများ/နိုင်ငံတော်အစိုးရအား စဉ်စား ရမလိုဖြစ်နေပီ။ အမေစုကိုကျေးဇူးတင်ပါတယ်။ အသက်ရာကျော်လည်း
ရှည်စေ....။တခြား နိုင်ငံတော် ၀န်ကြီးများ ။ အကြီးအကဲများ တခြားနိုင်
ငံများရောက်ရင်လဲ ယခုလိုမျိုး မိမိနိုင်ငံသားများအရေး စွမ်းဆောင်ပေးပါလို့ 
မေတ်တာရပ်ခံလိုပါတယ်။

minsoeaung said...

ဝမ်းသာပါသည်။မြန်မာတွေလုပ်အားတန်ဘိုးမရတာကို
တောင်းဆိုပေးတဲ့အမေကိုကျေးဇူးတင်ပါသည်။
ကျွန်တော်အမမျေိုးမရှိပါ။နိုင်ငံသားများအတွက်ဖြစ်ပါသည်။

ကိုစော said...

သာဓု ပါ။

ကျေးဇူးကြီးမား ပါသည် အမေစု ခင်ဗျား။
အမေစု သက်တော် ရာကျော် ရှည်ပါစေ။ အနာရောဂါ ကင်းရှင်း၍ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ္မာခြင်း များ ပြည့်စုံပါစေ ဟု ဆုတောင်းပါသည် အမေ

Anonymous said...

ဝမ်းသာစရာကောင်းပါတယ်....ထိုင်းအစိုးရကိုလည်းစောင့်ကြည့်ရပါမယ်.....အပြောနဲ့အလုပ်လက်တွေ့ကျမကျပါ.....

Unknown said...

ခေါင်းဆောင်ကောင်းမှ နိုင်ငံနှင့် လူမျိုး ကောင်းစားပါမည်..........

tapaungthi said...

တန်ဖိုးထားမှုပေါ်မူတည်ပါတယ် အမေစုကိုတန်ဖိုးထားတဲ့ ထိုင်းနိုင်ငံခေါင်းဆောင်တွေရဲ့ လိုက်လျောမှုတွေပါ

minsayarpar said...

အခြေခံ လုပ်အားခက နယ်စပ်ဆိုရင်တော့ အဲဒီဈေး ဖြစ်နိုင်ပါတယ်။ ဘန်ကောက် တို့မှာတော့ တန်းတူရာ ရရှိလာပါပြီ။ အခုဖြစ်နေတဲ့ ပြဿနာက ငါးကျင်းဆီနှင့် ငါးကျင်းကြော် သလိုမျိုး ဖြစ်နေတာပါ။ ပတ်စ်ပို့ ရှိတော့လည်း ကောင်းပါတယ်။ ဒါပေမယ့် ထိုင်းရဲတွေက ဖမ်းပြီးဆိုရင် ပတ်စ်ပို့ ရှိရှိ မရှိရှိ အကုန်သိမ်းကြုံး ကားပေါ်တင်ပါတယ်။ ဟို ရောက်မှာ ဖြေရှင်းခိုင်းပါ တယ်။ အဲဒီအခါမျိုးမှာ စိတ်ကသိကအောက် ဖြစ်ရပါတယ်။ ဘယ်ကိုမှ အကူအညီတောင်းစရာ မရှိသလို တောင်းရမည့် အဖွဲ့အစည်းဆိုတာလည်း ထင်ထင်ပေါ်ပေါ် မတွေ့ရသေးပါဘူး။ မြန်မာသံရုံးဆိုတာကလည်း အားကိုးလို့မရပါဘူး။ ဒါကြောင့် တောင်ကျော်အလုပ်သမား စောင့်ရှောက်ရေးအဖွဲ့ လိုအပ်နေပါတယ်။ မြန်မာအလုပ်သမားတွေဟာ ထိုင်းရဲတွေရဲ့ ငွေညစ်မှုကို ခံနေရဆဲပါ ဒါတွေကို ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။

KMW said...

မြန်မာလူမျိုးတွေ ကမ္ဘာမှာမျက်နှာမငယ်ရအောင် စွမ်းဆောင်ပေးတဲ့ အမေကိုလေးစားစွာကျေးဇူးတင်ပါသည် အမေကျမ္မာရေးလည်းဂရုစိုတ်ပါ သွားလေရာဘေးအန္တရာယ်ခပ်သိမ်းမှကင်းဝေးပါစေဟုဆုတောင်းမေတ္တာပို့သလျက်ပါ

mamamay said...

မိမိနိုင်ငံသားတွေရဲ.ဘ၀တွေကိုကိုယ်စားပြု
စောင့်ရှောက်နိုင်တဲ့ခေါင်းဆောင်တယောက်
ပိုင်ဆိုင်ကြပြီမို.မြန်မာပြည်သားတွေအတွက်
နေတစင်းထွန်းလင်းပါပြီ၊

Powered by Blogger.