ရမည်းသင်း ရွှေတောရှိ အလုပ်သမားများ တနိုင်တပိုင် လုပ်ခွင့်ပြန်ရရန် ဆန္ဒထုတ်ဖော် အရေးဆို။ Photo (Messenger News Journal-Facebook) |
ရမည်းသင်း ရွှေတော အလုပ်သမားများ တပိုင်တနိုင် လုပ်ခွင့်ပြန်ရရန် ဆန္ဒထုတ်ဖော်။
ရမည်းသင်း၊ ဇွန် ၁
ရမည်းသင်းမြို့နယ်၊ မိုးထိ-မိုးမိဒေသ ရွှေသတ္တုတူးဖော်ထုတ်လုပ်ရေးလုပ်င
မိုထိ-မိုးမိဒေသ ရွှေသတ္တုတူးဖော်ထုတ်လုပ်ရေး လုပ်ကွက်များကို အမျိုးသားကြီးပွားတိုးတက်ရေးအုပ
"တစ်လခွဲကျော်ပြီ။ တချို့တွေ စားစရာတောင် မရှိတော့ဘူး။ ဆန်ပြုတ်ပြုတ်သောက်ရတဲ့ အဆင့်ဖြစ်နေပြီ။ လုပ်ခွင့်မပေးတော့ပဲ သူတို့ဆီမှာ အခြေခံလစာ တစ်သိန်းနဲ့ ခန့်မယ်ပြောတယ်။ ဒီတောထဲ တောင်ထဲမှာ အဲဒီလောက် လခနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ လုပ်ကွက်တွေ လိုချင်တယ်" ဟု ဆန္ဒထုတ်ဖော်သူ စက်လုပ်ငန်းရှင် တစ်ဦးကပြောသည်။
အမျိုးသားကြီးပွားတိုးတက်ရေး ကုမဏီက လေးပေပတ်လည်တနိုင်တပိုင် တွင်းများ လုပ်ခွင့်မပေးတော့ပဲ အက်ဒစ်ဟုခေါ်သည့် အလျား ၇ ပေ၊ အနံ ၇ ပေ ရှိ အဆင့်မှီ လုပ်ကွက်များလုပ်လိုပါက အကျိုးတူပူးပေါင်း ဆက်လက်ဆောင်ရွက်နိုင်ကြောင်း လုပ်သားနှင့် စက်လုပ်ငန်းရှင်များထံ အကြောင်းကြားခဲ့ကြောင်း သိရသည်။
"အက်ဒစ်လုပ်ရင် အရင်းအနှီးက သိန်းရာချီရှိတယ်။ ကျွန်တော်တို့ တနိုင်တပိုင်သမားတွေက ဘယ်လိုလုပ် တတ်နိုင်မလဲ။ လေးပေပတ်လည်အင်းတွေ ပြန်လုပ်ခွင့်ပေးမှ အဆင်ပြေမယ်"ဟု မိုင်း လုပ်သား တစ်ဦးက ပြောသည်။
အမျိုးသားကြီးပွားတိုးတက်ရေး ကုမဏီ၏ စီမံကိန်း မန်နေဂျာ ဦးထွန်းအောင်စိုးက မိုးထိ-မိုးမိဒေသသည် နှစ်ရှည်စီမံကိန်းဖြင့် ရွှေသတ္တုတူးဖော်နိုင်လောက်သည့် နိုင်ငံတကာ အဆင့်မှီ ရွှေမိုင်းကြီးဖြစ်သည့်အတွက် လေးပေတွင်းများ အလွယ်တကူ ခွင့်ပြုပေးပါက သဘာဝပတ်ဝန်းကျင် ထိခိုက်စေမည့်အပြင် လေးပေတွင်းများသည် လုံခြုံရေးအရ ခွင့်မပြုနိုင်လောက်အောင် အန္တရာယ်များသည့်အတွက် ဖြစ်ကြောင်း မီဒီယာများသို့ ရှင်းလင်းပြောဆိုသည်။
"နောက်တစ်ခုက လေးပေတွင်းတွေ မွစိတက်နေရင် အမှန်တကယ်တည်ရှိနေတဲ့ သတ္တုကြောကို မရောက်ခင် မြေပြိုတာတွေ ဖြစ်နိုင်တယ်။ အဲဒီအခါ နစ်နာမှာက နိုင်ငံတော်ပါပဲ" ဟု ၎င်းက ဆက်ပြောသည်။
ဆန္ဒထုတ်ဖော်သည့် မိုင်းလုပ်သား၊ စက်လုပ်ငန်းရှင်များနှင့် ကုမဏီမှ တာဝန်ရှိသူများ ညှိနှိုင်းလျှက်ရှိပြီး အလုပ်သမားများဘက်မှ တနိုင်တပိုင် လုပ်ပိုင်ခွင့်ကိုသာ ဆက်တိုက် တောင်းဆိုနေသလို ကုမဏီဘက်မှလည်း ၇ ပေ ပတ်လည် အက်ဒစ်တွင်းများကိုသာ လုပ်ခွင့်ပေးတော့မည်ဖြစ်ကြောင်း
မိုးထိ-မိုးမိ ဒေသသည် အကျယ်အ၀န်းဧက ၆၁၀၅ ဧကရှိကာ ပင်လယ်ရေပြင်အထက် အမြင့်ပေ ၄၆၀၀ ကျော်တွင် တည်ရှိသည်။ ၂၀၀၆ ခုနှစ်ခန့်မှ စတင်ပြီး နိုင်ငံအရပ်ရပ်မှ ရွှေ့ပြောင်း ရွှေရှာသူများ ရောက်ရှိလုပ်ကိုင် စားသောက်နေခဲ့ကာ ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမဏီက နိုင်ငံတော်နှင့် အကျိုးတူ လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်
Messenger News Journal
ရွှေတူးလုပ်သားတွေ ဆန္ဒပြ
Reviewed by သစ်ထူးလွင်
on
07:49
Rating:
9 comments:
ခင်ဗျားတို့တွေစားတုန်းလေးစားထားအုန်းပေါ့ တစ်နေ့ကျရင်ခင်ဗျားတို့ပြန်ပေးဆပ်ရမယ်
အဲ့ဒိကုမဏီကဘယ်သူပိုင်ပြီး ဘယ်သူနဲ့ပတ်သတ်တာလဲသိရင်ပြောကြပါဦး
သိပါဘူး။ ဒို့တော့စောစော ပြန်ပြေးလာခဲ့တာပဲ။ အဲလို လူလည်ကျမယ် လိမ်မယ်ဆိုတာတော့ကြို သိပါရဲ့။
သိပါဘူး။ ဒို့တော့စောစော ပြန်ပြေးလာခဲ့တာပဲ။ အဲလို လူလည်ကျမယ် လိမ်မယ်ဆိုတာတော့ကြို သိပါရဲ့။
အမျိုးသားကြီးပွားတိုးတက်ရေး ကုမဏီ၏ စီမံကိန်း မန်နေဂျာ ဦးထွန်းအောင်စိုးက မိုးထိ-မိုးမိဒေသသည် နှစ်ရှည်စီမံကိန်းဖြင့် ရွှေသတ္တုတူးဖော်နိုင်လောက်သည့် နိုင်ငံတကာ အဆင့်မှီ ရွှေမိုင်းကြီးဖြစ်သည့်အတွက် လေးပေတွင်းများ အလွယ်တကူ ခွင့်ပြုပေးပါက သဘာဝပတ်ဝန်းကျင် ထိခိုက်စေမည့်အပြင် လေးပေတွင်းများသည် လုံခြုံရေးအရ ခွင့်မပြုနိုင်လောက်အောင် အန္တရာယ်များသည့်အတွက် ဖြစ်ကြောင်း မီဒီယာများသို့ ရှင်းလင်းပြောဆိုသည်။
-----------------
ကိုယ်လုပ်တာကောင်း သူများလုပ်တာမကောင်း။ ငတ်ရင် အရာရာဖြစ်သွားနိုင်တယ်။
မြို့ကြီးရေလှောင်တမံစီမံကိန်းရွာငံလမ်းဘေးမှာဒီနံမည်တွေ့ဘူးတယ်။ဆည်ဆောက်တာလားသတ္တုတူးတာလား
တော့မသိဘူး။
ပ
တို့ နဂါးနီ ( ၄ )
အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စုကုမ္ပဏီအနေဖြင့် မိုးထိမိုးမိဒေသတွင် ရွှေသတ္တုတူးဖော်ထုတ်လုပ်
ရာမှာ နိုင်ငံတကာ အဆင့်မီ မိုင်းအဖြစ်သွားရန်၊ ပတ်ဝန်းကျင်ထိခိုက်မှုများမှ ကာကွယ်ရန် ၊ အခြေခံလူတန်းစားများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ကြိုးစား အကောင်အထည်ဖေါ် ဆောင်ရွှက်လျှက် ရှိပါတယ် ။ ရရှိလာတဲ့ အကျိုးအမြတ် အပေါ်အားလုံးမျှဝေခံစားမည့်စနစ် ကျင့်သုံး သွားမှာဖြစ်ပါတယ်။ အကျိုးအမြတ်ရဲ့ (၁၀%)နှုန်းအား ဘာသာ ၊သာသနာလုပ်ငန်းများနဲ့ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး ၊ ကျန်းမာရေး ၊ ပညာရေး လုပ်ငန်းများအပေါ်မှာ တက်ကြွစွာ ပူးပေါင်းပါဝင်လျှက်ရှိပါတယ်။ ကုမ္ပဏီပေါင်း (၃၀)ခုနဲ့ဖွဲ့စည်းထားတဲ့ ရာနှုန်းပြည့်တိုင်းရင်းသားလုပ်ငန်းရှင်များပိုင် အုပ်စုကုမ္ပဏီကြီး ဖြစ်ပါတယ်။ နောင်တစ်ချိန်မှာ အများပိုင်ကုမ္ပဏီ (Public Company ) အဖြစ်ပြောင်းသွားရန်လည်း ရည်မှန်း ချက်ထား ဆောင်ရွက်လျှက် ရှိပါတယ်။ အမျိုးသားကြီးပွားတိုးတက်ရေး အုပ်စုကုမ္ပဏီအနေဖြင့် မိုးထိမိုးမိဒေသသို့ စတင်ဝင်ရောက်ချိန်မှစ၍ ဒေသတွင် အလုပ်လုပ်နေသူ များကို ပစ်ပယ်ထားခြင်းမရှိဘဲ လက်တွဲပါဝင်နိုင်ရန် ဖိတ်ခေါ်ဆောင်ရွက်ခဲ့ပါတယ် ။ ဤသို့ဆောင်ရွက်ရာမှာ အချိန်ကာလတစ်ခုထိ အသေးစားရွှေသတ္တု ထုတ်လုပ်ရေးလုပ်ငန်းများကို ခွင့်ပြုခဲ့ပါတယ်။ (၇)လ ကြာမြင့်ခဲ့ပြီးနောက် အကြီးစားသို့ ပြောင်းလဲလုပ်ကိုင်ရန် ယခင်ကတည်းက အတိအလင်းကြေငြာ၍ (၁.၅.၂၀၁၂) မှစ၍ ပြောင်းလဲခဲ့ခြင်း ဖြစ်ပါတယ် ။ ယခင်အင်းပိုင် / အင်းသားများအား လက်တွဲဖြုတ်ခြင်းမဟုတ်ဘဲ ပိုမိုစနစ်ကျတဲ့ ၊ မိုင်းအန္တရာယ် လုံခြုံစိတ်ချရတဲ့ ၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးကို မထိခိုက်စေနိုင်တဲ့ နည်းလမ်းများဖြင့် နိုင်ငံတကာအဆင့်မီ Mine Design စံနှုန်းများနှင့်အညီ Adit များဖေါက်လုပ်ရာ မှာပါဝင်လုပ်ကိုင်စေလျှက် ရှိပါတယ် ။ အကျိုးခံစားခွင့် အပိုင်းတွင်လည်း ယခင်က တူးဖော်ရရှိသည့် ဗြုန်းပေါ်တွင်ခွဲဝေရာမှ ယခုအခါ ရွှေကြမ်းပေါ်တွင်ခွဲဝေသည့် စနစ်ကို ကျင့်သုံး သွားမှာဖြစ်ပါတယ် ။ အမျိုးသားကြီးပွားတိုးတက်ရေး အုပ်စုကုမ္ပဏီမိုးထိမိုးမိဒေသ ရွှေတူးဖော်ရေးစီမံကိန်း လုပ်ငန်းကြီးကြောင့် ပင်မ ကုမ္ပဏီကြီး ၀န်ထမ်း / အင်းလုပ်သား (၁၄၂၀) ဦး ၊ မိတ်ဖက်ကုမ္ပဏီများ ၀န်ထမ်း / အစုစား / အင်းသား (၁၇၉၇) ဦး၊ လမ်းဖောက်လုပ်ရေး ၊ ကျောက်ထုတ်လုပ်ရေး ၊ လျှပ်စစ်မီးသွယ်တန်းရေးတို့တွင်ဝန်ထမ်း /နေ့စား(၃၈၂)ဦးနဲ့ဗြုန်းသယ်ယူရေး၊ ကားတင်ချ၊၀န်ထမ်း/ နေ့စား / အထွေထွေလုပ်သား ( ၆၇၈ )ဦး စုစုပေါင်း
(၄၂၇၇)ဦးအား ကဏ္ဍပေါင်းစုံတွင် အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာ ရရှိစေခဲ့ပါတယ်။ ထို့အပြင် ဈေးဆိုင်နေရာများ သတ်မှတ်၍ ရောင်းချနိုင်ရန် စီစဉ်ပေးခဲ့ရာဈေးဆိုင်တန်း (၇)ခု တွင် ဈေးဆိုင်စုစုပေါင်း (၄၄၈) ဆိုင်မှ လူဦးရေ (၂၁၃၄) ဦးတို့အား အလုပ်အကိုင် အခွင့်အလမ်းများ ရရှိ စေခဲ့ပါတယ် ။ဒေသခံဖွံ့ဖြိုးရေးအတွက်၊ ဆေးရုံ ၊ရဲစခန်း စာသင်ကျောင်းတို့အပြင် လမ်းပန်း ဆက်သွယ်ရေးအတွက် ရမည်းသင်းမြို့ ပျဉ်းမတောရွှာမှ စခန်းကြီး၊ အခြားဇုန်များသို့ လမ်းများဖောက်လုပ်ရာမှာ မြေသားလမ်းမှ ကတ္တရာ လမ်းအထိ ဖေါက်လုပ်လျှက်ရှိပါတယ် ။ လျှပ်စစ်မီးရရှိရေးအတွက် တပ်ကုန်းရွှေမြို့ ဓါတ်အားခွဲရုံမှ တောင်ပေါ်ဒေသတစ်ခွင်သို့သွယ်တန်းဆောင်ရွက်လျှက်ရှိပါတယ်။ နိုင်ငံတကာအဆင့်မီမိုင်းအဖြစ် ဆောင်ရွက်
ရာမှာ မိုင်းမြို့ (Mine Town)ကို သာယာအေးနဲ့ ဆည်ဒိုရွာအကြားတွင် တည်ဆောက်ပြီး မိုင်းလုပ်သားများ ၊ ၀န်ထမ်းများ ၊ မိုးထိမိုးမိတောင်ပေါ်တွင် နေနိုင်သူများအားလုံးကို အိုးပိုင်အိမ်ပိုင် အဆင့်သို့ ရောက်ရှိစေရန်အတွက် ဆောင်ရွက်လျှက် ရှိပါတယ် ။ဤသို့သော စိတ်ရင်းစေတနာကောင်းများဖြင့် တို့နဂါးနီ ကဆောင်ရွက်နေခြင်းများသည် ပုဂ္ပ္ဂလိက တစ်ဦးတစ်ယောက်အတွက်လား၊ အများအကျိုးအတွက်လားဆိုတာ အထူးပြောစရာပင် မလိုတော့ပါကြောင်း တင်ပြလိုက်ရပါတယ် ။
သတင်တွေဖတ်ပြီးcommentေ၇းစေလိုပါတယ်။စေတနာပါ။ဒါမှဖတ်တဲ့သူအတွက်အသိမှန်ပါတယ်။ေ၇ွှတူးတဲ့ကုမ်ပဏီတွေပေး၇တဲ့ရွှတွေသတင်စာမှာပါတယ်ပေါင်းကြည့်ပါ။တောထဲမှာတောင်းတဲ့ငပွေးတွေ၇ှိသေးတယ်။ခုလဲခိုးတူးလိုပေး၇တဲ့စ၇ိတ်နဲလို့လား။။မှတ်ပုံတင်မ၇ှိဘဲကျဘမ်းသမားတွေတွင်းပိသေ၇င်ပျောက်တာဘဲ။
စနစ်မကျ၇င်sulphur,copper,lead,တွေနှာခေါင်းထဲကအဆုတ်ထဲေ၇ာက်ပြီး၂၅နှစ်။၄၀ နှစ်။ဝန်းကျင်တွေသေနေကြတာသိကြလား။သပိတ်ကျင်းမှာမုဆိုးမအများကြီး။
ချောင်းကြီး၇ွာသွားကြည့်။ေ၇ွှတူးတာလက်နဲ့မဟုတ်ဘူး။စက်အသေးစားနဲ့တူး
ပြီးမိုင်းခွဲ၇တာ။မိုင်းအတွက်ယမ်းကမှောင်ခိုဝယ်၇တာ။တောထဲမှာ၇ွာတည်ထားတော့ပြန်မထွက်ချင်တာပါတယ်။၇မည်းသင်း။ကွင်းသုံးဆယ်။ဝက်သေ။ဆယ့်သုံးချောင်းဇ၇ပ်ကွင်း။လိပ်ကျ။စည်ကားတာမှအ၇မ်း။တ၇ာဝင်မြေပုံမှာပါတဲ့၇ွာတွေမဟုတ်ဘူး။နှစ်၅၀ လောက်အလုပ်၇ှားနေခဲ့တော့ဒီလိုဖြစ်လာတာ။ေ၇ွှသန့်တော့ဆိုက်၇ာနိုက်။ဆာလ်ဖါ။ပိုတက်ဆီယမ်။နိုက်ထ၇စ်အက်ဆစ်။ဆိုက်ယာနိုက်အငွေ့ကအေ၇ာင်မ၇ှိအနံမ၇ှိ၇ူမိ၇င်သေ။ဘာကြောင့်သေလဲဘယ်သူစစ်လဲ။လစာနဲ၇င်မလုပ်နဲ့။GUN ထိုးသမား၅နှစ်ဆိုသေပြီ။မိုင်းလုပ်ပိုင်ခွင့်ယူထားသူ
တစ်နှစ်၆၆၀x၅.၆ပိသာပေး၇မယ်။သေခြာတယ်မပေးနိုင်ဘူး။သတင်းတွေစောင့်ဖတ်။ဘာတွေဖြစ်မှာလဲသိနေပါသည်။
အမျိုးသားကြီးပွားတိုးတက်ရေး၏ ဆောင်ပုဒ်က
" ဖိတ်ခေါ်မူ့သည် ပေးဆပ်ရန်အတွက်ဖြစ်သည် "
စေတနာပြည့်ဝတဲ့ ရည်ရွယ်ချက်အပေါ် ရထိုက်မှ ရနိုင်မှာပါ
တနိုင်တပိုင်အင်းအသေးစား လုပ်ချင်သူတွေဆိုတာ
သူခိုးနားတောင်း ကောင်းမှန်းမသိ
နိုင်ငံတော်ရဲ့ သယံဇာတတွေကို ကြွက်တွင်းလိုတူး
ကိုယ့်အတ္တနဲ့ဖျက်ဆီး ၊ ပျက်စီးနေတာမသိ
ဒါကြောင့်လည်း
မရှိတာထက် မသိတာပိုခက် ဆိုတာနိယာမဖြစ်နေတာပေါ့ ။
( မိုးထိမိုးမိမြင်ကွင်းကျယ် )
Post a Comment