မြန်မာနိုင်ငံတွင်း အလုပ်အကိုင်သစ်တွေကို ဖန်တီးပေးမယ့်
ရင်းနှီးမြုပ်နှံမှုတွေကိုပဲ လိုလားတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၁ ရက် ကမ္ဘာ့စီးပွားရေးဖိုရမ်မှ
ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံထဲ မညီမျှမှုတွေ အဂတိလိုက်စားမှုတွေကို
တိုက်ဖျက်သွားဖို့ လိုအပ်နေတာမို့၊ မညီမျှမှုတွေနဲ့ အဂတိလိုက်စားမှုတွေ
ပိုဖြစ်စေမယ့် ရင်းနှီးမြုပ်နှံမှုမျိုးကိုတော့ မလိုလားဘူးလို့
ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မြန်မာနိုင်ငံတွင်း အထူးသဖြင့် လူငယ်တွေအကြား အလုပ်လက်မဲ့နှုန်းမြင့်မားနေပြီး၊ ဒါဟာ အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ အခြေအနေတရပ်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံတွင်းမှာ အဆင့်မြင့်ပညာရေးထက်ကို အခြေခံပညာရေးနဲ့ သက်မွေးဝမ်းကျောင်းပညာရပ်တွေ အခြေခံ ကျွမ်းကျင်မှုတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။ ဒီအတွက် ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ မိမိတို့ အကျိုးအမြတ်တခုတည်းကို မကြည့်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းတာပါ။ မြန်မာလူငယ်တွေ အလုပ်အကိုင်တွေရရှိစေဖို့နဲ့ အခြေခံကျွမ်းကျင်မှုတွေ ရရှိစေမယ့် ရင်းနှီးမြုပ်နှံမှုကို လိုလားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။
အခု စီးပွားရေးဖော်ရမ်မှ ပြောတဲ့ မိန့်ခွန်းဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၄ နှစ်အတွင်း နိုင်ငံပြည်ပမှာ ပထမဆုံးအကြိမ် နိုင်ငံတကာပရိသတ်ကို ပြောဆိုခြင်းဖြစ်ပါတယ်။ နှစ်ရက်ကြာပြုလုပ်တဲ့ အရှေ့အာရှဆိုင်ရာ ကမ္ဘာစီးပွားရေးဖော်ရမ်ကို တတ်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄နှစ်အတွင်း ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံကို ရောက်ရှိစဉ်အတွင်း ဘန်ကောက်အနီး မြန်မာအလုပ်သမားတွေ အများစုရှိတဲ့ မဟာချိုင်အရပ်ကို နှစ်ကြိမ်သွားရောက်ခဲ့ပါတယ်။ ထိုင်း ဒုဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ အရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ပါတယ်။
မနက်ဖြန်မှတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းမြန်မာနယ်စပ်က မြန်မာတိုင်းရင်းသား ဒုက္ခသည်တွေ ရှိတဲ့ မယ်လ ဒုက္ခသည်စခန်းကို သွားရောက်ဖို့လည်း စီစဉ်ထားပါတယ်။
By ဗွီအိုအေ မြန်မာပိုင်း

အလုပ်အကိုင်ပေါ်မယ့် ရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ ဒေါ်စု တိုက်တွန်း
Reviewed by သစ်ထူးလွင်
on
18:23
Rating:
8 comments:
နိုင်ငံဖွံဖြိုးဖို့အမေကိုယ်ကျိုးစွန့်ကြိုမ်းပမ်းမှူ့တွေမြန်မြန်အောင်မြင်ပါစေ
ဝမ်းသာပီတိ ဂွမ်းဆီထိ ပါပဲ မေမေ
မြန်မာ့ဂုဏ်ကို ဖော်ဆောင်ပေးနေသောမေမေ
မေမေသည် သမ္မတ မဖြစ်သေးသော်လည်း သမ္မတပင် မစွမ်းဆောင်နိုင်သော မိန့်ခွန်းမျိုးကို ကမ္ဘာ့အဆင့်အတန်းမီပြောသွားတာ ကြားရတော့ ကျွန်တော်တို့က တော့ ကမ္ဘာ့ခေါင်းဆောင်တွေအလယ်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူး အဆင့် လောက်ရှိတဲ့ပုဂ္ဂိုလ်တစ်ဦး မိန့်ခွန်းပြောနေသလို ခံစားရပါတယ်။
ကျန်းမာစွာဖြင့် သက်တော်ရာကျော်ရှည်ပြီး တိုင်းပြည်အကျိုးဆောင်ရွက်နိုင်ပါစေ
ကျေးဇူးအထူးတင်ရှိပါတယ် ... အမေ စု ရယ် ။
အမေစု ကျန်းမာပါစေ။
အမေစု ဘေးရန်ကင်းပါစေ။
နိုင်ငံ နှင့် တိုင်းရင်သားလူမျိုးများအတွက် စွမ်းစွမ်းတမံ အကျိုးပြုနိုင်ပါစေ။
ကျေးဇူးတင်ပါတယ် အမေ မညီမျှမူတွေကြောင့် အချစ်ရေးနဲ့ လူမှုရေးမှာ သားတို့ အရမ်းမျက်နှာငယ်ရတယ်
ကျေးဇူးတင်ပါတယ်အန်တီစုခင်ဗျာ။ ကျွန်တော်ကဘယ်ပါတီဝင်မှမဟုတ်ပါဘူး။
ဒါပေမည်.အန်တီစုသာမရှိဘူး၊ ကျောင်းသားဟောင်းတွေ၊အခြားနိုင်ရေး
ကြိုးပမ်းသူတွေသာမရှိဘူးဆိုလျှင်ရင်၊ ဒီချိန်ဆိုမြောက်ကိုးရီးယားထက်
ဆိုးနေမယ်ထင်တယ်။
မြောက်ကိုးရီးယားကမှမျိုးချစ်စိတ်နိုင်ငံချစ်စိတ်သာဦးမယ်။
ခုလည်းအားသိပ်မတက်နိုင်သေးပါ။ တိုင်းပြည်မညီညွတ်ဘူး။ လဘ်စား
တာကလည်းတိုင်းပြည်၊တိုင်းရင်းသားနစ်နာမည်.နေရာတွေ။
မြန်မာပီပီတိုင်းပြည်ကောင်စားဘို.ထက်၊ ညစ်နေကြတာများတကဲ.
လူကြီးတွေ၊အမတ်တွေဆိုတဲ.မင်းယောက်ျားတွေ။
တယုတ်နဲ.ကုလားကလည်းကောင်းကောင်းနေမည်မကြံ။
တိုင်းရင်းသားတွေစုစုစည်းစည်းနဲ.ပါးနပ်ရဲရင်.စွာကြိုးစားရမည်.အချိန်ပါ။
ခေါင်းဆောင်ပိုင်းကလည်းမှန်ကန်ကောင်းမွန်ရမည်.အချိန်ပါ။
ဥာဏ်ပညာ ကြီးမားပြီး တိုင်းပြည်နဲ့ လူမျိုး တိုးတက်ကြီးပွါးစေချင်တဲ့ အမေပြောတဲ့စကား နဲ့  တခြားသူတွေပြောတဲ့စကားဟာ နံ့ သာဆီ နဲ့  အီးလို ဘယ်လိုမှ နှိုင်းယှဉ်လို့ မရပါဘူး
အမေဆောင်ရွက်ပေးသလို ဘယ်လူကြီးမှ မလုပ်ခဲ့ဘူးလို့ ထင်ပါတယ်။ လုပ်ခဲ့ရင်လည်း အမေကို တခြားနိုင်ငံက လေးစားပြီး အရေးတယူဆောင်ရွက် သလိုမျိုး ဆောင်ရွက်ပေးခဲ့ခြင်းမျိုးမရှိခဲ့ဘူးလို့ ထင်ပါတယ်။ အရင်က မြန်မာလူမျိုးတွေဟာ “အလုပ်လက်မဲ့ မူးရူးနေတဲ့ ပျက်စီးနေတဲ့ သူတောင်းစား လင်မယားရဲ့  သားသမီးတွေနဲ့ တူပါတယ်” အခုဆိုရင်တော့ ပညာတတ် ဥစ္စာပေါ ရုပ်ချော သဘောထားကြီးတဲ့ မိဘအရင်း နဲ့ ပြန်တွေသွားတဲ့ သူတွေလိုဖြစ်သွားပါပြီ။ ယုတ်မာတဲ့ မွေးစား မိဘ လက်ကစတင်ပြီးလွတ်မြောက်လာပါပြီ။
Post a Comment