မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်မှု ထိန်းချုပ်ထားတာတွေကို သီတင်းပတ် အနည်းငယ်အတွင်း ရပ်စဲပေးတော့မယ်လို့ မြန်မာနိုင်ငံ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
အခု ဇွန်လကုန်ကစပြီး ပြည်တွင်းထုတ် မဂ္ဂဇင်းနဲ့ ဂျာနယ်တွေကို
စောင့်ကြည့်တာတွေ ဆက်လက် လုပ်ဆောင်တော့မှာ မဟုတ်ကြောင်း ၊ ဆင်ဆာ
ဖြတ်တောက်တာတွေလည်း ရှိတော့မှာ မဟုတ်ကြောင်း ဦးတင့်ဆွေက
ရန်ကုန်မြို့နေအိမ်မှာ လာရောက်တွေ့ဆုံတဲ့ အေအက်ဖ်ပီ သတင်းထောက်ကို
ပြောခဲ့တာပါ။
မြန်မာနိုင်ငံမှာ အစိုးရနဲ့  လွှတ်တော်တို့က ဒီမိုကရေစီအရေး လုပ်ငန်းစဉ်တွေ ချမှတ်နေတဲ့အချိန်မှာ စာပေစိစစ်ရေးလို အဖွဲ့မျိုးရဲ့ အလုပ်ဟာ မရှိသင့်တော့တဲ့ ကိစ္စ ဖြစ်တယ်လို့လည်း ဦးတင့်ဆွေက ပြောကြားသွားပါတယ်။
RFA-Burmese
မြန်မာနိုင်ငံမှာ အစိုးရနဲ့  လွှတ်တော်တို့က ဒီမိုကရေစီအရေး လုပ်ငန်းစဉ်တွေ ချမှတ်နေတဲ့အချိန်မှာ စာပေစိစစ်ရေးလို အဖွဲ့မျိုးရဲ့ အလုပ်ဟာ မရှိသင့်တော့တဲ့ ကိစ္စ ဖြစ်တယ်လို့လည်း ဦးတင့်ဆွေက ပြောကြားသွားပါတယ်။
RFA-Burmese
သတင်းမီဒီယာ ထိန်းချုပ်မှု ရပ်စဲတော့မည်
Reviewed by သစ်ထူးလွင်
on
07:05
Rating:
7 comments:
ကောင်းတာပေါ့....ဦးလေး၇ယ်
ပြောတော့ပြောတာပဲ ဆင်ဆာတော့မဖြတ်တော့ဘူး ရေးပီးတော့မှသာ ...နောက်ကိစ္စဆက်ရှင်းမယ် ....ထင်တယ်
တရုတ်မကြီးပြောသလိုပဲ စီကယ်လားအိမ်မက်လားဟင်
ကောင်းပါတယ်ခင်ဗျား။
အစိုးရသတင်းစာတွေရဲ. ပုံစံကို (စ လုံးရေ စ) အရင်ပြောင်းပြပါလား ။
ဒုတိယ ညွန်ကြားရေးမှူးချုပ် ပြောတာဆိုတော့ သိပ်ယုံရမယ်မထင်ဘူး။ ဘာဖြစ်လိုလည်းဆိုတော့  ၀န်ကြီးဌာနမှန်သမျှ ညွန်မှူး/ဒုညွန်မှူးတွေ နေရာမှ စစ်တပ်ကဘာမှမတက်တဲ့ ကောင်းတွေအများကြီးနေရာယူထားတာ တကယ်တက်တဲ့ ကောင်းတွေရဲ့ ဦးနှောက် တွေကိုဖောက်စားနေတာအများကြီးပဲ။သိရသလောက်ပြောရရင် စည်ပင်ဌာနမှာအများဆုံးလို့ ပြောရမယ်ထင်တယ်။ဘယ်မြို့ မှာလဲလို့ မေးရင်တော့ မြန်မာနှိုင်ငံမြို့ ကြီးတော် တော်များများမှာ ။ တပ်မတော် တဲ့  တက်ရင် မတော်တဲ့ ကောင်းတွေများနေပါလားနော်။ ဗိုလ်ချုပ်မွေးဖွားခဲ့ တဲ့ တပ်မတော်ကတော်တော်ကလေးကိုပျက်စီးနေပြီ။ တပ်မ=,တော်တဲ့ တပ်မတော် ဖြစ်ပါစေ။ တက်ရင်=,မတော်တဲ့ တပ်မတော်မဖြစ်ပါစေနဲ့ လို့  ပြောပါရစေခင်ဗျာ...။ လူအချင်းချင်း လှည်ပက် ခြင်းကင်းရှင်ကြပါစေ။
မ၇ှီသင့်တာမဟုတ်။ဥပဒေတော့၇ှိ၇မယ်။ညစ်၊၇မ်း၊ကြမ်းတည်းဖြတ်၇မယ်။တ၇ားမမှုစွဲနေ၇င်သေ၇ခြည့်။
Post a Comment