ရန်ကုန်တိုင်း မှော်ဘီ၊ မြောင်းတကာ စက်မှုဇုံ၊ Crown Steel Industry စက်ရုံ အလုပ်သမားများ ဆန္ဒပြမှုကို ရွှေည၀ါ ဆရာတော်က ကြားဝင် စေ့စပ်ညှိနှိုင်းရန် အလုပ်ရှင်နှင့် တွေ့ဆုံဆွေးနွေးခွင့်တောင်းခဲ့ရာ အလုပ်ရှင်ဘက်မှ ငြင်းဆိုလိုက်ကြောင်းသိရပါတယ်။
Photo-Nay Min Aye lwin
YANGON CROWN စက်ရှုံဆန္ဒပြအလုပ်သမားများအ |
တစ်ရက်လျှင်နေ.စား 160 သာရရှိသောမြောင်းတကာစက်မှုဇုန် Yangoon crownp စက်ရုံမှ ဆန္ဒပြနေသော အလုပ်သမားတွေကို ရွှေည၀ါဆရာတော် မှ ထမင်းဘူးများလှူဒါန်းပါတယ်။ |
Photo-Nay Min Aye lwin
ဆန္ဒပြနေတဲ့ သံမဏိစက်ရုံ အလုပ်သမားတွေကို ရွှေည၀ါဆရာတော် သွားရောက်အားပေး
Reviewed by သစ်ထူးလွင်
on
17:36
Rating:
15 comments:
ကျွန်တော်တို့မြန်မာနိုင်ငံမှာ နိုင်ငံဝန်ထမ်းဘဲဖြစ်ဖြစ် ကုမ္မဏီဝန်ထမ်းဘဲဖြစ်ဖြစ် အနိမ့်ဆုံးသတ်မှတ်လစာတခုတော့ရေးဆွဲထုတ်ပြန်သင့်နေပြီဗျာ ဘယ်နိုင်ငံမှာဘဲဖြစ်ဖြစ်အခြေခံအလုပ်သမားလစာဆိုတာသတ်မှတ်ပေးထားပေမယ့်မြန်မာနိုင်ငံမှာမရှိတာတော့မြန်မာနိုင်ငံရဲ့အလုပ်သမားတွေအများကြီးနစ်နာနေတယ်ဆိုတာကိုတိုင်းပြည်ကိုအုပ်ချုပ်နေတဲ့လူကြီးတွေနားလည်သင့်ပါတယ် နိုင်ငံခြားကုမ္မဏီတခုမြန်မာပြည်မှာလာရောက်ရင်းနှီးမြုပ်နှံတော့မယ်ဆိုရင်နိုင်ငံတော်အစိုးရကိုယ်တိုင့်ကိုယ့်နိုင်ငံသားတွေအတွက် လစာအနိမ့်ဆုံးသတ်မှတ်ပေးတာမျိုးတွေ ၀န်ထမ်းအခွင့်အရေးတွေ အားလုံးကိုသတ်မှတ်ပေးသင့်ပေမယ့် တာဝန်ရှိသူတွေရဲ့ဝိသမလောဘတွေ(လာဘ်ယူပြီးကျွန်ခံချင်တဲ့စိတ်)ရဲ့အောက်မှာမြန်မာနိုင်ငံသားအလုပ်သမားတွေအများကြီးနစ်နာဆုံးရှုံးနေကြရတယ်ဆိုတာနိုင်ငံတော်သမ္မတကြီးလေလာပြီးအလုပ်သမားဥပဒေကိုရေးဆွဲပြဋ္ဌာန်းပေးစေချင်ပါတယ်ခင်ဗျား.......
ဟုတ်တယ်၊ အလုပ်သမားတွေ၊ လယ်သမားတွေအတွက် အလုပ်သမားဥပဒေ ထွက်ပေါ်လာအောင် မြန်မြန်ကြိုးစားပေးပါလို့ သက်ဆိုင်ရာများကို တောင်းဆိုပါတယ်။
လူကိုလူလိုဆက်ဆံပါ။
လူ့အခွင့်အရေးဆိုတာ ဒါပါပဲ။
မှန် ပါ တယ်။ထို်င်းမှာဆိုလျှင်အနဲဆုံးဘတ်၃၀၀ တနေ့ကို။သတ်မှတ်ထားတယ်။
အဲဒါနိုင်ငံခြားသားပိုင်မဟုတ်ဖူး၊ တရုတ်နိုင်ငံက တရုတ်စစ်စစ်လေးတွေ လျှောက်ဆန်း နှင့် သူ့ညီ လျှောက်ဝူတို့ ပိုင်ကြတာ။ (နိုင်ငံခြားသားပိုင်အနေနဲ့ မှတ်ပုံတင်ထားတာမဟုတ်ဖူး) ဒီတရုတ်လေးတွေက ကိုးကန့်လိုလို၊ ရှမ်းမြောက်ကလိုလို လုပ်ထားကြပြီး ဝန်ကြီးအတော်များများကို အိပ်ထဲထည့်ထားကြတာ၊ လူကြီးတွေကလည်း သူပေးတာတွေစားပြီး သူပေးတဲ့ကားတွေစီးပြီး၊ တရုတ်ကို ဗမာလုပ် မှတ်ပံတင်ထုတ်ပေးထားကြတာ၊ အခုစက်ရုံကလည်း တစ်ကွက်ကို ၂ဧကနဲ့ အကွက် ၁၁ ကွက်အတွဲလိုက်ကြီးရအောင် စက်မှုဇုံကိုင်တဲ့ အိုးအိမ်ညွှန်ချုပ် (ထိုစဉ်က) ဗိုလ်မှုးကြီးအောင်ဝင်း ကို အပြတ်ပေးထားရတာ။ လျှပ်စစ်ဝန်ကြီးအဆက်ဆက်ကို မပျက်မကွက် ပေးနေတာလည်း သူပဲ။ အလုပ်သမားတွေအပေါ်မှာတော့ စေတနာမရှိတော့ပါ။ လူကြီးတွေနဲ့ အစဉ်ပြေယင် ပြီးနေတာပဲလို့ ယူဆထားတယ်နဲ့တူတယ်။
ထိုင်းမှာ ဘတ် ၃၀၀ သတ်မှတ်ထားပါတယ်။
တစ်ရက်လျှင်နေ.စား 160 ပဲရတာလားဗျာ ရက်စက်လှချည်းလား အလုပ်ရှင်ရယ်...
အလုပ်သမားဥပဒေလိုအပ်နေပါပြိ လွတ်တော်အမတ်တွေဥပဒေပြူရေးဆွေးနွေးသင့်ပြိအလုပ်သမားတွေနစ်နာလှပြိ
တစ်ရက်ကို ၁၆၀ ဆိုတာတကယ်လားဗျာ။ ဟုတ်ခဲ့ရင်တော့ မဖြစ်သင့်ပါဘူး။
တော်တော်ဆိုးတာပဲ။
တရက်လျှင်၁၆၀ကျပ်ဆိုသောလုပ်အားခမှာတစ်ခုခုမှားရွှင်းနေသည်ဟုထင်ပါသည်...၁လ၄၈၀၀ကျပ်နှင့်ယခုခေတ်တစ်နေ့တာမိသားစု၅ယောက်အသုံးစရိတ်တောင်ကာမိမည်မထင်ပါ...၄၈၀၀၀ကျပ်ရခဲ့လျှင်သော်တောင်မှ၁လအသုံးစရိတ်ကိုငပိရည်တို့စရာနှင့်အင်မတန်ခဲယဉ်းစွာရပ်တည်ရပါလိမ့်မည်...ဘယ်မှာများကလေးပညာရေးအတွက်ထောင့်ပံ့နိုင်မည်နည်း...နိုင်ငံတော်လူကြီးမင်းများမinternational ပညာရေးစနစ်ကိုတန်းတူလိုက်ဖို့ကြိုးစားနေတယ်လို့ကုန်းအော်နေမယ့်အစား..ယခုကဲ့သို့သောမညီမျှမှုများအားထိရောက်စွာဖြေရှင်းပေးသင့်ပါကြောင်းကိုသစ်ထူးလွင်မှတဆင့်.....လေးစားစွာတင်ပြလိုက်ပါတယ်..
တရုတ်သဌေး ရှောင်စန်းကိုဆက်လက်သပိတ်မှောက်ပါ
ဝန်ကြီးပေါင်းများစွာကိုခါးပိုက်ထဲထည့်
စစ်ဗိုလ်၊တပ်ထွက်တွေကို ခိုင်းစား
မြန်မာအလုပ်သမားတွေကိုတော့နှိမ်
မြန်မာအလုပ်သမားတွေအားပေးကြပါ
နေနိုင်လွန်းတဲ့ အလုပ်သမားဝန်ကြီးဌာနရယ် ကျွန်တော်တို့ဆီက လေဘာကဒ်တစ်ခုကို ၅၀၀ ကျပ်တောင်ယူထားပြီး အခုတော့သူတို့နဲမဆိုင်သလိုပဲ။
ကျပ် ၁၆၀ ဆိုတာ ဘတ်(စ်)ကားခတောင် မရှိတဲ့ဟာဗျ၊ ငတ်ပြတ်နေဦးတော့ ဘယ်သူက ၁၆၀ နဲ့ လုပ်မလဲ၊ ရေတောင်ဝယ်သောက်လို့ မရတဲ့ ပမာဏ ၊ ဂျာနယ်လစ်တွေရေ ကြည့်ကျက်လဲ တင်ကြပါဦး ၊
ဒါနဲ့နေပါဦး စက်ရုံမှုးဆိုတာ ဗမာ ဗိုလ်မှုးကြီးလူထွက်လား၊ ပြည်ကြီးတရုတ်လား၊ သိရယင် ကောင်းမယ်။
စားရိတ်ငြိမ်း ၁၆၀ ဖြစ်ပါလိမ့်မယ်
Post a Comment