SIM ကဒ် ဈေးမတည်ငြိမ်၍ ကုမ္ပဏီနှစ်ခုအား မြန်မာ့ဆက်သွယ်ရေးက သတိပေး

 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချသည့် မိုဘိုင်းဖုန်း ဆင်းမ်ကဒ်များကို သတ်မှတ်
ဈေးနှုန်းထက် မြှင့်တင်ရောင်းချမှုများ ရှိနေ၍ Yadanarpon Teleport နှင့် E-lite Tech ကုမ္ပဏီတို့ကို မြန်မာ့ ဆက်သွယ်ရေးမှ ခေါ်ယူ သတိပေးထားကြောင်း မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးသိန်းဝင်း က ပြောသည်။

အဆိုပါ ကုမ္ပဏီများမှတဆင့် လက်ဝေခံရောင်းချသည့် ပြင်ပ ဖုန်းဆိုင်များတွင် ဖုန်းကဒ်ဈေးနှုန်းများ အဆမတန်
မြင့်တက်နေသည့်အတွက် လက်ဝေခံရောင်းချခြင်းကို ရပ်ဆိုင်းပြီး တိုက်ရိုက်သာ ရောင်းချရန်လည်း သတိပေးထား
ကြောင်း ဦးသိန်းဝင်း က ပြောသည်။

“ကုမ္ပဏီနှစ်ခုကို ခေါ်သတိပေးတယ်။ သူ့ကိုယ်ပိုင်ဆိုင်က လွဲလို့ ပြင်ပဆိုင်တွေကို လုံးဝ ရောင်းချခွင့် မပေးဖို့ ပြော တယ်။ ရောင်းပြီးသားတွေကတော့ ဘာမှ မတတ်နိုင်ဘူး” ဟု ရန်ကုန် ပုစွန်တောင် ဆက်သွယ်ရေး သင်တန်းကျောင်း ၌ မေ ၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

simcard
ဖုန်းကဒ်ဝယ်ယူရန် စောင့်ဆိုင်းနေသူများကို ရန်ကုန်မြို့ Elite ဖုန်းကဒ်အရောင်းဆိုင်ရှေ့တွင် ဧပြီလ ၁ဝ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ)

ကျပ် နှစ်သိန်းတန် GSM ဖုန်းကဒ်များနှင့် ကျပ် နှစ်သိန်းခွဲတန် WCDMA ဖုန်းကဒ်များကို ဧပြီလ အတွင်း စတင်
ရောင်းချခဲ့သည်။ သို့သော် ဝယ်လိုအားကြောင့် ဈေးကွက်အတွင်း သတ်မှတ်ပေါက်ဈေးထက် ၁ဝ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့သည်။ GSM တကဒ်လျှင် ကျပ် နှစ်သိန်း လေးသောင်းအထိ ဈေးမြင့်တက်သွားခြင်း
ဖြစ်သည်။

ထိုအခြေအနေများကြောင့် သတ်မှတ်ဈေးနှုန်းထက် ပိုရောင်းချနေမှုများကို ဆက်လက်တွေ့ရှိပါက တရားစွဲဆိုသွားမည်
ဖြစ်ပြီး တားမြစ်မှုများ မလိုက်နာပါက ချုပ်ဆိုထားသည့် အကျိုးအမြတ် ခွဲဝေရေးစာချုပ်များအပေါ် အကျိုးသက်ရောက်မှု ရှိလာလိမ့်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတိပေးလိုက်သည်။

နန်းနန်း-ရန်ကုန် (မဇ္ဈိမ) ။       ။
SIM ကဒ် ဈေးမတည်ငြိမ်၍ ကုမ္ပဏီနှစ်ခုအား မြန်မာ့ဆက်သွယ်ရေးက သတိပေး SIM ကဒ် ဈေးမတည်ငြိမ်၍ ကုမ္ပဏီနှစ်ခုအား မြန်မာ့ဆက်သွယ်ရေးက သတိပေး Reviewed by သစ်ထူးလွင် on 04:05 Rating: 5

18 comments:

Anonymous said...

ကုမဏီကပဲစားပြီး ဆက်သွယ်ရေးက မစားရတော့ ဘယ်တရားမလဲ... မင်းတို့ပဲ စားပြီး ငါ့ကိုတော့ ပေးမစားတဲ့အတွက် မကျေနပ်ကြောင်း ခေါ်ပြောတာနဲ့ တူပါတယ်။ ဒီလို လူကြားကောင်းအောင် အတိုင်အဖောက်လုပ်တာမျိုးတွေ ရိုး...ဟိုး..ဟိုး..နေပါပြီ..
ဖုန်းအလုံး ၁၀၀၀၀၀ ကျော်ရောင်းပြီး ၀င်ငွေ ကျပ်သိန်းပေါင်း နှစ်သိန်းငါးသောင်းလောက် ရပြီးမှ လာအာမနေပါနဲ့.. အစောကြီးကတည်းက ဈေးပိုမရောင်းအောင် လုပ်ထားလို့ ရပါတယ်။ အခုမှ...။ သိပ်ပြီးပြည်သူတွေ အကျိုးရှိစေချင်ရင် အင်တာနက်လိုင်းဖွင့်ခ တစ်သောင်း ဆိုတာကြီးက လုံးဝ အဓိပါယ်မရှိပါဘူး။ ဒါလည်း အလုံး တစ်သိန်းဆို သိန်းပေါင်း တစ်သောင်း ထပ်ပြီးဂွင်ဖန်တဲ့ကိစ္စ။ အသုံးပြုခကိုလည်း မလှိမ့်တပတ်နည်းပေါင်းစုံ သုံးပြီး ပြည်သူ့ငွေတွေ ညှစ်ဦးမယ်။ တကယ် စေတနာရှိရင် ဒါတွေ အစဉ်ပြေအောင် လုပ်ပါလား ဆက်သွယ်ရေးရယ်။

u kyawkyaw said...

Elite ကတေဇနဲ.ဘယ်သူတွေပါတယ်ဆိုတာသိတယ်မဟုတ်လား။
သိန်းထွန်းကလဲကြောက်နေတော့သူတို.လုပ်သမျှပြည်သူတွေခံနေရတာ၊ကိုယ်ချင်းစာစိတ်ရှိတဲ့သူနဲ.သိန်းထွန်းကိုလဲပေးပါ၊
လူကြီးဆိုတာကိုယ်ချင်းစာစိတ်ပိုထားရတယ်။။

zaw zaw win said...

elite ကလည်းလူပါးတော်တော်ဝတာပဲဟိုနေရာလည်းသူတို့ ဒီနေရာလည်း
သူတို့ ပဲelite ဆိုရင်ကြားတောင်မကြားချင်တော့ဘူး

Alfie said...

အခုမှ ခေါ် သတိပေးတာလားဗျာ ၊ အစတည်းက ခေါ် သတိပေးရမှာ၊ တေဇ က မြန်မာပြည်စီးပွားရေးကို လက်ဝါးကြီးအုပ်တာ နှစ်ပေါင်း ကြာလာပြီးအခုလည်း မြန်မာပြည်စီးပွားရေးအများစုကို ဒီကောင် ပဲ နေရာယူထားတာလေ၊ အောက်ခြေ လူတန်းတွေ ဘာတွေ ဖြစ်နေလဲ ဒီခွေးတွေ မသိဘူးလေ၊ ဒီကောင်တွေကို အစိုးရ ဘယ်လို ထိန်းချုပ်မလဲ စောင့်ကြည့်ရ ပြည်သူလူထုကြီးရေ၊ ကျွန်တော် ကတော့ မထင်ဘူး ၊ ဒီကောင်တွေကို ကြောက်နေတဲ့ သူတွေ မြန်မာပြည်မှာ ရှိနေသမျှ ၊ မြန်မာနိုင်ငံ မှာဘာမှ တိုးတက်ပြောင်းလဲ လာမှာ မဟုတ်ဘူး
အစိုးရ အပေါ် ပိုင်းကလည်း ဒီကောင်ကို ကြောက်နေတဲ့ သူတွေ အခုချိန်ထိ ရှိနေသေးတယ်လေ၊ ဒီခွေးတွေ ဘယ်တော့မှ အစာဝမှာလဲ မသိဘူးနော်။

ko sai said...

ဒီခရိုနီ အုပ်စုတွေ တိုင်းပြည်စီးပွားရေးကို လက်ဝါးကြီးအုပ်နေသမျှ ကာလပတ်လုံး ပြည်သူတွေ ဆင်းရဲမွဲတေပြီး ခေတ်နောက်ကျနေအုံးမှာပဲ။

Anonymous said...

ရောင်းတာလဲ ရောင်းပေါ့အစ်ကိုရာ လိုင်းလေးတွေလဲ ဖွင့်ပေးပါဦး
အခုက ဘယ်သူ့ကိုအဖေခေါ်ရမလဲကိုမသိဘူး ၀ယ်ထားတဲ့ဖုန်းတွေက အခု ထိကို ဖွင့်မပေးသေးဘူး။ဖုန်းလေးပြောဖို့အတွက်ကိုမြို့ပြင်ထိ ထွက်ထွက်နေရတာအဆင်မပြေလှပါဘူးဗျာ။

zaw zaw win said...

thai မှာဆိုရင် sim တကဒ်ကိုမြန်မာငွေ ၁၅၀၀ဖြင့်နေအချိန်မှာမြန်မာလူကြီး
တွေ မြန်မာငွေ၂၅၀၀၀၀ လောက်ပေးပြီးဝယ်နေရတယ်တော်တော်တရား
ကြဖို့ ကောင်းပါတယ်အစိုးရဟာလူပါးဝတဲ့စာရင်းထဲမှာနံပတ်ပြေးနေတယ်
မသေခင်အ၀ီစိမှာဒယ်အိုးတွေအဆင်သင့်ဖြစ်နေလောက်ပြီ

D mo said...

ဆက်သွယ်ရေးကကိုယ်တိုင်အဖြစ်ရှိအောင်မလုပ်ပဲကုမ္ပဏီတွေကိုခွဲပီးဝေစားဖို့ ပေးတယ်ဆိုတာကိုကသူတို့အတွက်ဂွင်ပဲ။လုပ်နေကြဖြစ်နေပီလေ။ကုမ္ပဏီတွေ လောက်အင်အားမရှိဘူးလား၊လုပ်နိုင်စွမ်းမဘူးလား၊မလုပ်တတ်ဘူးလား၊ ဒါဆို အစွမ်းရှိတဲ့သူတွေကို နေရာပေးလိုက်ဖို့သင့်တယ်

lwannaymie said...

တစ်လပြည့်မှလာမရှင်းနဲ့။ တစ်ပတ်တစ်ခါ ကော်မရှင် အပြီးရှင်းဖို့ သတိပေး တာလား။ (အရေးယူရမှာကွ။...#@!@%&?)။ (စောက်ရူးအင်ဂျင်နီယာချုပ်ဘဲ။ မလုပ်တတ်လဲ အမြန်ဆုံးထွက်။)

a said...

သိန်းဝင်း..မင်းတို့ကတော့လိမ်လို့ကိုမပြီးဘူး၊အဲ့ဒီသူတွေပေးကြွေးတာနဲ့နေရတဲ့သူတွေကသတိပေးရဲပါ့မလား၊မင်းတကယ်လုပ်ချင်ရင်ပိုယူတဲ့အတွက်အရေးယူလိုက်ပေါ့၊ဒါသေးသေးလေးမတရားလုပ်နေတာမှမဟုတ်တာ၊ပြည်သူနစ်နာတာတွေကိုအေ၇းယူဖို့လက်နှေးတဲ့ရုတ်သေးအစိုးရ။မင်းတို့တွေလိမ်ချင်၊ခိုးချင်၊မတရားလုပ်ချင်နေသမျှတိုင်းပြည်ကတော့နလံထူအုံးမှာမဟုတ်ဖူး။

KPU -RAKHINE said...

အထူး အဆန်း မဟုတ်ပါ ဘူး။
ဇော် ဇော် တို့ တေဇ တို့ က ဘာ စီးပွားရေးလုပ်ငန်းလုပ် ကြလို့ လဲ
ဒီ လိုပဲ ဌာန အရာ ရှိတွေ နဲ့ လက် ၀ါးရီုက် လူ ထု ကို ခေါင်းပုံ ဖြတ်တဲ့ အလုပ် တွေ ပဲ တောက် လျောက် လုပ် လာပြီးလုပ်ငန်းရှင် နာမည် ခံ တာ လေ။။
အခုလဲ သူ တို့ ချင်းလက် ၀ါးရီုက် ပြီး မှ လူထု ကို မလိမ့် တပတ် သတင်းထုတ် ပြန်တာ ပဲ .. စဉ်း စားကြည့် ပေါ့  . . စည်းကမ်း ဆိုတာ အစကထဲ က ရှိ ရ မှာ လေ . .

ရွှေ said...

လူကြီးဆိုတာ ကိုယ်ချင်းစာစိတ်ထား ပိုထားရတယ်။ အခုတော့ ကိုယ်ချင်းကိုယ်ချင်းဘဲ စားနေတာဘဲ။ elite ဘဲ ဖြစ်ဖြစ် ဆက်သွယ်ရေးဘဲ ဖြစ်ဖြစ် အကုန်လုံးက လူကြီးတွေက ကိုယ်ချင်းကိုယ်ချင်းစားတဲ့လူကြီးတွေ ကြီးဘဲ။

ကောင်းကောင်း said...

ဘာ့ကြောင့်ပဲ ဖြစ်ဖြစ် အခုလိုလုပ်တာကောင်းတယ်။ ဒါမှ ပြည်သူတွေ့ နိုင်ငံတော်ကချပေးတဲ့ဈေးအမှန်နဲ့ ရမှာ၊ အခြားနေရာတွေမှာ အဲဒီလိုမျိုး ခေါ်ယူသတိပေးတာတွေ ထပ်လုပ်သင့်တယ်။

ကောင်းကောင်း said...

ဘာ့ကြောင့်ပဲ ဖြစ်ဖြစ် အခုလိုလုပ်တာကောင်းတယ်။ ဒါမှ ပြည်သူတွေ့ နိုင်ငံတော်ကချပေးတဲ့ဈေးအမှန်နဲ့ ရမှာ၊ အခြားနေရာတွေမှာ အဲဒီလိုမျိုး ခေါ်ယူသတိပေးတာတွေ ထပ်လုပ်သင့်တယ်။

Aung Soe Oo said...

ဟုတ်ပါတယ်ဗျာ စင်ကာပူ မှာလိုင်းဖုန်းဝယ်ရင်အင်တာနက် free သုံးလို့ရပါတယ်ဗျာ လုပ်စားတာတွေကလဲတော်တော်လွန်နေပါပြီဗျာပြည်သူတွေမျက်နှာကိုပြန်ကြည့်သင့်ပါတယ်

တိပံင်ကောံ said...

အရင်တုန်းကဘယ်သူမှမ၀ယ်နဲ့ဆိုပြီးထအော်နေတယ်။ ခုကြတော့လည်းကြိတ်ကြိတ်တိုးလို့။ တတ်လည်းတတ်နိုင်တဲ့လူတွေ.......

P ,P said...

ဟုတ်ပါ့ဗျာ။

Anonymous said...

ဆက်သွယ်ရေးက ဒီလူကြီးတွေ ဖုန်းဆိုင်တွေကို ကြပ်ပေးလိုက်တာ....
မဆိုးပါဘူး အဆင်ပြေသွားတယ်.... လသာလမ်းထဲက ဖုန်းဆိုင် တစ်ခုမှာ WCDMA (250000Ks) တန်လေးကို သွားဝယ်လိုက်တော့.....
ဆိုင်က အရောင်းစာရေးမတွေက ပြောပါတယ်..... Handset ပါ ယူမယ်ဆို (250000 Ks).... မယူဘူးဆို (260000ks)တဲ့.... ဒါနဲ့ ငါတို့ဆက်သွယ်ရေးက သမာသမတ်ရှိတဲ့ ဒီလူကြီးက ပညာတ်ထားတာတောင်ဒီလိုလားဆိုပြီး... နောက်တစ်ဆိုင်သွား မေးတော့.... Handset မ၀ယ်ရင် မရောင်းပါဘူးတဲ့ရှင်....ဟိုက်. သွားပါလေရောလား.... အော်... ဒီမိုကရေစီနိုင်ငံ.... လွတ်လပ်စွာ ရောင်းချပိုင်ခွင့်ရှိတာပဲနော်.... အဲဒါနဲ့ပဲ ဖြေသိမ့်ရင်းက (260000ks)နဲ့ပဲဝယ်ခဲ့လိုက်ပါတယ်.... ဖြေမိတာလေးကတော့... ဒီလူကြီး ခေါ်မကြပ်ခင်တုန်းက ဒီလိုဈေးနှုန်းထက် ပိုပေးရတာ ငါ့ထက်များ ၆ ဆလောက် ကွာနေမလား.... ဒါဆို ငါကံကောင်းပါ တယ်ပေါ့လေ.... ဆက်သွယ်ရေးက ကိုလူကြီးတို့ရေ ဟုတ်လေသလား မမေးနဲ့နော်..... ရေးပေးလိုက်တဲ့ ဆိုင်က ဘောက်ချာတောင် အခုထိ ရှိသေးတယ်.....

Powered by Blogger.