တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရေးအတွက် မဲမသမာမှု ဖော်ထုတ်ခဲ့ခြင်း ဖြစ်တယ်လို့ NLD ပြောဆို

ကြားဖြတ်ရွေးကောက်ပွဲ မဲမသမာမှုတွေကို ဖော်ထုတ်ခဲ့တာဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခု ဖြစ်လာရေးအတွက်သာ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဦးဥာဏ်ဝင်းက သတင်းထောက်များအား ရှင်းလင်းနေစဉ်။
ဧပြီလ ၁ ရက်နေ့ ရွေးကောက်ပွဲအတွင်း ဆန္ဒမဲလက်မှတ်တွေမှာ ဖယောင်းသုတ်ထားတာတွေ တွေ့ရှိခဲ့တဲ့အတွက် NLD ပါတီက တိုင်ကြားခဲ့တဲ့အမှုနဲ့ ပတ်သက်လို့ ဖော်ထုတ်စစ်ဆေးအပြီး မှန်ကန်မှုမရှိဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီး NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက အခုလို တုံ့ပြန်လိုက်တာပါ။
" စုံစမ်းတွေ့ရှိချက်အရ ဖယောင်း မသုတ်ထားသော်လည်းပဲ ဖယောင်းသုတ်ထားသကဲ့သို့ ပြောင်ချောနေလို့၊ ရေးခြစ်မရလို့၊ အတင်းခြစ်တဲ့ ပယ်မဲတွေ အများကြီး တွေ့ရတယ်။ အဲတာကြောင့် အဲဒီလို တွေ့တဲ့အတွက် အန်ကယ်လ်တို့ရဲ့ ကန့်ကွက်တင်ပြချက်က အဓိပ္ပာယ်ရှိတဲ့ တင်ပြချက်လို့ အန်ကယ်လ်တို့ ပြောချင်တယ်။ နောက်တခုက အန်ကယ်လ်တို့ တစုံတခု ဖော်ထုတ်တယ်၊ သတင်းထုတ်ပြန်တယ်၊ ရွေးကောက်ပွဲ ထိခိုက်စရာ ရှိတယ်ဆိုရင် ရွေးကောက်ပွဲ တရားမျှတမှု လိုလားတဲ့ လူတွေအားလုံး လုပ်ရမယ်တာဝန်ပဲ။ ဒါတွေဖော်ထုတ်ဖို့ အန်ကယ်လ်အဲတာ ပြောချင်တယ်"
ကြားဖြတ် ရွေးကောက်ပွဲကာလ မြို့နယ် ၁၀ မြို့နယ်မှာ ရေးခြစ်မရအောင် ဖယောင်းသုတ်ထားတဲ့ ဆန္ဒမဲလက်မှတ်တွေကို မဲရုံမှူးက ဝေပေးခဲ့တယ်ဆိုပြီး NLD ပါတီက တိုင်ကြားချက်ဟာ မဟုတ်မမှန်ကြောင်း၊ ဒီဖြစ်စဉ်အတွက် တရားဝင် တိုင်တန်းသူလည်း မရှိကြောင်း၊ ဒီတိုင်တန်းချက်ဟာ သတင်းအခြေအမြစ်မရှိတဲ့ တဆင့်ကြားစကား၊ ထင်မြင်ယူဆချက်တွေသာ ဖြစ်ကြောင်း ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ တိုးတက်ဖြစ်ပေါ် ပြောင်းလဲမှုတွေကို နိုင်ငံတကာက စောင့်ကြည့်နေတဲ့ ကာလအတွင်း အခုလို မမှန်မကန် စွပ်စွဲပြောဆိုမှုတွေဟာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ ဂုဏ်သိက္ခာ ကျဆင်းစေတဲ့အတွက် အရေးယူသင့်ကြောင်း သုံးသပ်တင်ပြမှုတွေ ထွက်ပေါ်လာကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မဲမသမာမှုတွေနဲ့  ပတ်သက်ပြီး စွပ်စွဲ တိုင်တန်းချက်အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် လေးဦးအပေါ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်မှုတွေကိုလည်း NLD အနေနဲ့ တန်ပြန် တရားရင်ဆိုင်သွားမှာ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။
RFA-Burmese
တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရေးအတွက် မဲမသမာမှု ဖော်ထုတ်ခဲ့ခြင်း ဖြစ်တယ်လို့ NLD ပြောဆို တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရေးအတွက် မဲမသမာမှု ဖော်ထုတ်ခဲ့ခြင်း ဖြစ်တယ်လို့ NLD ပြောဆို Reviewed by သစ်ထူးလွင် on 04:14 Rating: 5

4 comments:

Anonymous said...

အဲဒိလို ဖယောင်းသုတ်ပြီး မဲခိုးဖို့ကြံတာတောင် ပိုးစိုးပက်စက်ရှုံးရတယ်လို့ ဖွတ် ရယ်....ကိုယ့်ဘ၀ကိုယ် သိလိုက်ပါတော့ ...

shingyi said...

NLD လေးစားပါတယ်။ အမေစုကိုလေးစားပါတယ်။ဥိးဥာဏ်ဝင်းသေခြာတဲ့
အထောက်အထားမ၇ဘဲသတင်းထုတ်တာမလောသင့်ဘူး။အဓိကမှာ
ဘောပင်နဲ့စာ၇ွက်မလိုက်ဖက်တာဖြစ်မယ်။ဖေ၇ာင်းဆိုတာထင်တာ။
ပါတီခြင်းတိုက်တာလဲမကောင်းဘူး။လောလောဆယ်အနည်းစုဘဲ
တခြားဘက်မှာ၇ှိတယ်။မဟာမိတ်တွေဖြစ်နေတာမသိတာလား။
ကိုယ့ပါဆောင်၇ွက်ချက်ကောင်းတာပြော၊သူများပါတီမကောင်းတာ
ဥပဒေနဲ့လုပ်ပေါ့။

ဒီမိုကရေစီလိုလားသူ said...

ဖယောင်းခြစ်ထားလို့ဘဲ... မဲပေးချင်တဲ့သူတွေက မဲပြားတွေမှာ ဖယောင်းတွေကို လက်သည်းနဲ့ခြစ်ပြီး မဲပေးခဲ့ရပါတယ်ဆိုမှာ မဟုတ်ဘူးလို့ ဗြောင်လိမ်ချင်နေကြပါလား...ဟုတ်မဟုတ်ဆိုတာသိရအောင် NLD ကိုမဲပေးခဲ့တဲ့သူတွေကိုမေးကြည့်ပါလား... ကြံ့ဖွတ်ကိုမဲပေးခဲ့တဲံ့သူတွေကိုမေးရင်တော့အလားပဲနော်...

HAN MYO said...

ကျွန်တော်အမြင်လေးတခုလောက်တော့ေ၇းချင်တယ်၊လူအမျိုးမျိုး တို့၏စိတ်ဓာတ်ရေး၇ာအဖြာဖြာကိုမှန်မှန်ကန်ကန်ရှုမြင်နိုင်၇န်အ လွန်ပင်အရေးကြီးပါကြောင်းကိုတော့ပါတီတာဝန်ရှိလူကြီးများအ နေဖြင့်အစဉ်သတိချပ်စေလိုပါသည်။NLDသည်ပြည်သူ့ပါတီဖြစ်၍ ပြည်သူ၏အသံကိုဂရုပြုရန်အမှန်ဖြစ်သော်ငြားလည်းမှန်ကန်သောအသိကလေးဖြည့်စွတ်သင့်ပါသည်။မြန်မာပြည်မှဘောပင်မှင်လိုက် မမှန်ဖြစ်တတ်တာကိုကောလက်ခံနိုင်ပါမည်လား။ကျွန်တော်အ လယ်တန်းကျောင်းသားဘ၀မှအလုပ်သမားဘ၀(၁၅)နှစ်ကျော်ကာလအတွင်းမှင်မလိုက်ရေးမရ၍မသုံးလိုက်ရသောဘောပင် များကကျွန်တော်၏ကိုယ်ပိုင်အမြင်ဖြစ်ပါကြောင်း။

Powered by Blogger.