NLDဆိုင်းဘုတ်တင်ပွဲမှာ ပြည်သူမှ ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းသုံးခုမေး

ကျောက်တံတား NLD ရုံးဆိုင်းဘုတ်တင် ပြည်သူမှဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းသုံးခုမေး ယနေ့ မေလ(၂၅)ရက်နေ့  ညနေ ၆နာရီ အချိန်တွင် ကျောက်တံတားမြို့ နယ်ရှိ
NLDမြို့ နယ်ရုံးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်အား မြို့ နယ်နေ ပြည်သူတို့ က “ပြီးခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီကြီးတစ်ခုမှ ၄င်းတို့ အနိုင် ရရှိက လျှပ်စစ်မီး အချိန်ပြည့်ရရှိရေး ကူညီပေးမည်ဟု ပြောခဲ့ကြောင်း၊ ယခုအခါ လျှပ်စစ်မီး မရရှိခြင်းမှာ ၄င်းတို့ အနိုင်မရ၍ မီးပြတ်ခြင်း ဖြစ်ရသည်မှာ ဟုတ်မဟုတ် ၊ လမ်းဘေးဈေးသည်များအား မြို့တော်စည်ပင်ရဲများက အခွင့်အာဏာသုံး ဆက်ဆံမှုများပြုကာ တာဝန်ထက်ပို၍ နှိပ်ကွက်ခြင်းများ၊ ယင်းကို ဆင်းရဲသားပပျောက်ရေး လား၊ ဆင်းရဲသား ဖိနှိပ်ရေးလားနှင့် ဒီမိုကရေစီနိုင်ငံ အသီးသီးတွင် သိက္ခာရှိ ၀န်ကြီးများသည် ၄င်းတို့ တာဝန် ယူထားသော ဌာနတွင် ပြည်သူအတွက် ထိခိုက်နစ်နာသည့် အဖြစ်မျိုးပြုလုပ်မိခဲ့လျှင် အမှားကို ၀န်ချတောင်းပန်ပြီး တာဝန်မှ နုတ်ထွက်ကြောင်း၊ မြန်မာနိုင်ငံတွင် ယင်းကဲ့သို့  ၀န်ကြီးမျိုးရှိပါသလား” စသည်ဖြင့် မေးခွန်းသုံးခုမေးမြန်းခဲ့သည်။ အဆိုပါမေးခွန်းများအား ဒေါ်အောင်ဆန်းစုကြည်မှ ပြန်ဖြေရာ … ပါတီကြီးတစ်ခုမှ ၄င်းတို့ အနိုင်မရ၍ မီးပျက်ခြင်း မဟုတ်နိုင်ကြောင်း မီးမပေးနိုင်သည့် အကြောင်းကို သတင်းစာ၌ ရှင်းလင်းထားကြောင်း ၊ လမ်းဘေးဈေးသည်များ ကိစ္စကိုလည်း စည်ပင်အနေဖြင့် ဈေးသည်များနှင့် တိုင်ပင်လုပ်ဆောင်၇န် မေတ္တာရပ်ခံခဲ့သည်။ တတိယ မေးခွန်းဖြစ်သည့် ၀န်ကြီးများနှင့်ပတ်သက်သော မေးခွန်းအား လက်ရှိ ပြည်သူများ အသိပင်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲသည်။

မိုးမြင့်မြတ်
ဓါတ်ပုံ -အောင်ကျော်လတ် (AF)၊ အောင်ဇော်မင်း ( AF )
Popular Myanmar News Journal
NLDဆိုင်းဘုတ်တင်ပွဲမှာ ပြည်သူမှ ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းသုံးခုမေး NLDဆိုင်းဘုတ်တင်ပွဲမှာ ပြည်သူမှ ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းသုံးခုမေး Reviewed by သစ်ထူးလွင် on 21:20 Rating: 5

4 comments:

Htein Aung said...

၁။ရွေကောက်ပွဲ ဆိုတာ မနေ့တနေ့ကပါ။ တသက်လုံး သူတို့အုပ်ချုပ်လာတာ ဘယ်လိုလည်း ကြည့်ပြီး ဆုံးဖြတ်ပါ။
၂။လက်ရှိအာဏာရပါတီ ပြုတ်မှ ဆင်းရဲသားပပျောက်ပါမည်။သူတို့ကတော့ တချို့တလေကို
သေနတ်နဲ့ ပစ်ပြီးပျောက်အောင်လုပ်ပါသည်။ တချို့ကို သဘာဝဘေးမှာပစ်ထားပြီး၊ ကျန်ဆင်းရဲသားများကိုတော့ အချုပ်ထောင်ထဲဆွဲထဲ့ပြီ ဖြေရှင်းပါသည်။
၃။မျက်နှာပြောင်လှတဲ့ဦးသန်းရွှေ၊ ဦးနေ၀င်းတို့ရဲ့အုပ်ချုပ်သွားခဲ့တဲ့သက်တမ်းကိုကြည့်ပြီး ဆုံးဖြတ်ပါ။

Htein Aung said...

၁။ရွေကောက်ပွဲ ဆိုတာ မနေ့တနေ့ကပါ။ တသက်လုံး သူတို့အုပ်ချုပ်လာတာ ဘယ်လိုလည်း ကြည့်ပြီး ဆုံးဖြတ်ပါ။
၂။လက်ရှိအာဏာရပါတီ ပြုတ်မှ ဆင်းရဲသားပပျောက်ပါမည်။သူတို့ကတော့ တချို့တလေကို
သေနတ်နဲ့ ပစ်ပြီးပျောက်အောင်လုပ်ပါသည်။ တချို့ကို သဘာဝဘေးမှာပစ်ထားပြီး၊ ကျန်ဆင်းရဲသားများကိုတော့ အချုပ်ထောင်ထဲဆွဲထဲ့ပြီ ဖြေရှင်းပါသည်။
၃။မျက်နှာပြောင်လှတဲ့ဦးသန်းရွှေ၊ ဦးနေ၀င်းတို့ရဲ့အုပ်ချုပ်သွားခဲ့တဲ့သက်တမ်းကိုကြည့်ပြီး ဆုံးဖြတ်ပါ။

မိုးတိမ် said...

ဒါမဖြစ်နိုင်ဘူးထင်တယ် ပြည်သူတော့ပြည်သူပဲ ဒါပေမဲ့ဘယ်လိုပြည်သူလဲ ဘယ်ပါတီကပြည်သူကမေးတာလည်း အမေးခံရမဲ့လူမှားနေတယ် ဒီပြသနာတွေကို ဒေါ်အောင်ဆန်းစုကြည်ကသိပြိးသားပါ .... ဒါပေမဲ့ဒီအဖြေတွေကိုသူက အမှန်အတိုင်းဖြေနိုင်မှာလား ..... ဒီအဖြေတွေကိုသိရလို့ဘာတွေကိုဖြေရှင်းနိုင်မှာလည်း .....

junethitsar said...

လာချင်လိုက်တာ အမေရယ်...။ ကျောက်တံတားမြို့ နယ်ဆို သမီးတို့နဲ့နီးတယ်။ သမီးတို့က လသာလေ။
ဒါပေမယ့်လည်း စိတ်မကောင်းဖြစ်ရပါတယ် အမေရယ်။
အဲဒီအချိန်မှာ သမီးက အလုပ်လုပ်နေရလို့လေ။ ပြီးတော့ ဖွင့်ပွဲရှိတာ၊ အမေလာမယ်ဆိုတာ မသိလိုက်ရတာလည်းပါတယ်။
သတင်းဖတ်လိုက်မှ သိလိုက်ရတာ။ အမေကတော့ သမီးတို့အားလုံးအတွက်
" စံပြ အမျိုးသမီး သူရဲကောင်း " တစ်ယောက်ပါ အမေရယ်။
တစ်ကယ့်ကို " ဒေါင်းပျိုမာတာ " စစ်စစ်ပါ။
အမေ့လိုမျိုး ထူးချွန်ထက်မြက် စိတ်ထားဖြူစင် မေတ္တာကြီးမားပြီး မျိုးချစ်စိတ်ပြင်းပြတဲ့ မျိုးဆက်တွေ ဆက်လက်ပေါ်ထွန်းစေချင်တယ်။
(ရင်ထဲက ဆန္ဒ အမှန်ကို ပြောရမယ်ဆိုရင် အမေ့မျိုးဆက် ကျန်ခဲ့စေချင်တာပါ။)
ညအိပ်ယာဝင်တိုင်း အမေ့ကို ရှိခိုးပြီး အမေ ကိုယ်ကျန်းမာ စိတ်ချမ်းသာဖို့ ဆုတောင်းပြီးမှ အိပ်တယ်။ လသာရုံးခန်းရှေ့ က မနက်တစ်ခေါက်၊ ညတစ်ခေါက် အမြဲဖြတ်သွားတယ်။ အဲဒီနားကို ရောက်တိုင်းလည်း အမေ့ပုံကို မော့ကြည့်ပြီး အမေ့အတွက် အမြဲဆုတောင်းတယ်။
အမေ ပင်ပန်းနေမှာ စိုးရိမ်တယ်။
အမေ အိပ်ရေး၀၀အိပ်ပါ။ အချိန်ရသလောက် မှန်မှန်အနားယူပါနော်။
အမေ ကျန်းမာရေးကိုလည်း ဂရုစိုက်ပါနော်။
အင်မတန်ချစ်ရပါသော အမေစု ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် လောကီ လောကုတ္တရာ နှစ်ဖြာသော ကောင်းကျိုးများကို
ဆထက်တံပိုး ဆောင်ရွက်နိုင်ပါစေ...........

Powered by Blogger.