ပထမအကြိမ်ပြည့်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် NLD မှ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၄)ဦးတို့ ကတိသစ္စာပြုပါပြီ။
ပြည်သူလူထုစောင့်စားမျှော်လင့်နေသောအများကြိုက်ခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၃)ဦးတို့သည် ကတိသစ္စာပြုလွှာပါစာသားများနှင့် ပတ်သတ်ပြီး လွှတ်တော်သို့ဝင်ရောက်ရန် အခက်အခဲဖြစ်နေရာမှ ပြည်သူများ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းနိုင်စေရန်အတွက် ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်သို့ တက်ရောက်ပြီး ကတိသစ္စာပြုခဲ့
တာဖြစ်ပါတယ်။
ပြည့်သူ့ လွှတ်တော်အစည်းအဝေး ကျင်းပသည့် ယနေ့ (၂.၅.၂၀၁၂)ရက် နေ့ နံနက် (၉း၃၀)အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၄)ဦးတို့ ပြည်သူ့လွှတ်တော်အစည်းအဝေးခမ်းမ သို့ရောက်ရှိလာရာ အခြားပါတီများမှ ကိုယ်စားလှယ်တော်ကြီးများက လှိုက်လှုက်လှဲလှဲ ၀မ်းပမ်းတသာ ကြိုဆိုနှုတ်ဆက်သည်ကို တွေ့ရပါတယ်။
အခြားပါတီများမှ ကိုယ်စားလှယ်တော်ကြီးများက လှိုက်လှုက်လှဲလှဲ ၀မ်းပမ်းတသာ ကြိုဆိုကြပေမယ့်လည်း တစ်ချို့သော ပါတီကိုယ်စားလှယ်များကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မီဒီယာသမားများ ၀ိုင်းနေတော့သိသိသာသာ မျက်နှာလေးတွေငယ် နေတာကိုလည်း တွေ့ရသလို လွှတ်တော်မှာ မျက်နှာမမြင်ခင်တုံးက ပြောချင်ရာ ပြောတဲ့ လူတစ်ချို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘေးမှာ မျက်နှာကြီး ပြုံးဖြီးဖြီးနဲ့လည်း တွေ့ရပါတယ်။
NLD မှ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာ(၃၇)နေရာ ရရှိခဲ့ပြီး ဦးဇေယျာသော်၊ ဦးဖြိုးမင်းသိန်းနှင့် ဒေါ်စန္ဒာမင်းတို့မှာ နိုင်ငံခြားသို့ ခရီးလွန်နေသဖြင့် ကတိသစ္စာပြုရာတွင် တက်ရောက်နိုင်ခြင်းမရှိသေးကြောင်းလည်း သိရပါတယ်။
နေပြည်တော်သတင်းထောက် (Myanmar News Now)
ဓါတ်ပုံ - နေပြည်တော်သတင်းထောက် (Myanmar News Now)
ပြည်သူလူထုစောင့်စားမျှော်လင့်နေသောအများကြိုက်ခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၃)ဦးတို့သည် ကတိသစ္စာပြုလွှာပါစာသားများနှင့် ပတ်သတ်ပြီး လွှတ်တော်သို့ဝင်ရောက်ရန် အခက်အခဲဖြစ်နေရာမှ ပြည်သူများ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းနိုင်စေရန်အတွက် ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်သို့ တက်ရောက်ပြီး ကတိသစ္စာပြုခဲ့
တာဖြစ်ပါတယ်။
ပြည့်သူ့ လွှတ်တော်အစည်းအဝေး ကျင်းပသည့် ယနေ့ (၂.၅.၂၀၁၂)ရက် နေ့ နံနက် (၉း၃၀)အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၄)ဦးတို့ ပြည်သူ့လွှတ်တော်အစည်းအဝေးခမ်းမ သို့ရောက်ရှိလာရာ အခြားပါတီများမှ ကိုယ်စားလှယ်တော်ကြီးများက လှိုက်လှုက်လှဲလှဲ ၀မ်းပမ်းတသာ ကြိုဆိုနှုတ်ဆက်သည်ကို တွေ့ရပါတယ်။
အခြားပါတီများမှ ကိုယ်စားလှယ်တော်ကြီးများက လှိုက်လှုက်လှဲလှဲ ၀မ်းပမ်းတသာ ကြိုဆိုကြပေမယ့်လည်း တစ်ချို့သော ပါတီကိုယ်စားလှယ်များကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မီဒီယာသမားများ ၀ိုင်းနေတော့သိသိသာသာ မျက်နှာလေးတွေငယ် နေတာကိုလည်း တွေ့ရသလို လွှတ်တော်မှာ မျက်နှာမမြင်ခင်တုံးက ပြောချင်ရာ ပြောတဲ့ လူတစ်ချို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘေးမှာ မျက်နှာကြီး ပြုံးဖြီးဖြီးနဲ့လည်း တွေ့ရပါတယ်။
NLD မှ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာ(၃၇)နေရာ ရရှိခဲ့ပြီး ဦးဇေယျာသော်၊ ဦးဖြိုးမင်းသိန်းနှင့် ဒေါ်စန္ဒာမင်းတို့မှာ နိုင်ငံခြားသို့ ခရီးလွန်နေသဖြင့် ကတိသစ္စာပြုရာတွင် တက်ရောက်နိုင်ခြင်းမရှိသေးကြောင်းလည်း သိရပါတယ်။
နေပြည်တော်သတင်းထောက် (Myanmar News Now)
ဓါတ်ပုံ - နေပြည်တော်သတင်းထောက် (Myanmar News Now)
ကျမ်းကျိန်တဲ့ NLD နဲ့ လွှတ်တော်တွင်းမှာ တွေ့ မြင်ရတဲ့ အခြေအနေ
Reviewed by သစ်ထူးလွင်
on
13:33
Rating:
62 comments:
ဒီမိုကရေစီမိခင်ကြီးဒေါ်အောင်ဆန်းစုကြည်၏တိုင်းပြည်အတွက်ပေးဆပ်အနစ်နာခံမှု့တွေအတွက်လေးစားချစ်ခင်ထောက်ခံဝန်းရံကျေးဇူးတင်လျှက်ပါအမေစု
မျက်နှာမမြင်ခင်တုံးက ပြောချင်ရာ ပြောတဲ့ လူတစ်ချို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘေးမှာ မျက်နှာကြီး ပြုံးဖြီးဖြီးနဲ့လည်း တွေ့ရပါတယ်။
လွှတ်တော်အတွင်းမှ ခွပ်ဒေါင်းတွေ တောင်ပံ့စခတ်ပါပြီ
အရမ်းကို ကျေနပ်စရာကောင်းလိုက်တဲ့ မြင်ကွင်းပါ...
ဒီလို မြင်ကွင်းမျိုးကို မြင်ချင်လွန်းလို့ စောင့်ဆိုင်းခဲ့ရတဲ့ အချိန်တွေက မနည်းတော့...
တကယ်တမ်း နှဖူးတွေ့၊ ဒူးတွေ့ မြင်ရပြန်တော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး.. မှင်သက်နေမိတယ်..
ကျွန်တော်တို့ လယ်/ဆည် ၀န်ကြီး ဦးမြင့်လှိုင်နဲ့
တွေ့သွားမယ်နော်။ ဒီတစ်ခါ လွှတ်တော် အမတ်တွေထဲမှာ
နိုဘယ်ဆုရှင် ရောက်နေပါပြီ ဦးမြင့်လှိုင်။ ဘာများ
ပြောချင်ပါသလဲ။ ဒု-ဗိုလ်ချုပ်ကြီးအဆင့်မရှိတဲ့
နိုဘယ်ဆုရှင်လို့များ မီဒီယာတွေကို စကားပြော
နုတ်မလွန်စေနဲ့နော်။ ရှူး---------တိုးတိုး။
ဒီတစ်ခါ။ ကျွန်တော် အရမ်းအလုပ်များနေလို့
ပြောလို့ ရမှာမဟုတ်ဘူး။
ကျွန်တော် ရူးနေလို့ပါလို့ အရူးစာပြမှ
ခွင့်လွှတ်မှာနော်။
ဟေး ဒို့ အမေစု လွှတ်တော်ထဲကို ရောက်ပြီကွ
ဒီကောင်တွေ ဒါမှ ထင်တိုင်းမလုပ်နိုင်တော့မှာ မဟုတ်ရင် တရားလက်လွတ်တွေလျှောက်လျှောက်လုပ်တတ်လွန်းတယ်လေ သူတို့က အမေစုတတ်တဲ့ပညာတွေရဲ့ သုံးပုံပုံရင်တောင် တစ်ပုံမရှိပါဘူးလေ သိပ်မစဉ်းစားတတ်ကြပါဘူး
လွှတ်တော် တွင်း မှာ ပထမဆုံး ကျက်သေ၇မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့မြင်ကွင်းပါ။
မှတ်ချက်။ ။ ကြံ့ဖွတ် မပါ။
ဒေါ်အောင်ဆန်းစုကြည်မှ တိုင်းပြည် ကောင်းအောင် လုပ်ဖို့ရာမှာ ညာဖက် အခြမ်းမှာ ထိုင်နေကြတဲ့ အစိမ်းတွေကို ကျော်လွန် နိုင်ပါ့မလားလို့ စိုးရိမ်မိပါတယ် ။
လျှောက်လှမ်းခဲ့သောခရီးကြမ်းခဲ့သည်။ တားမြစ်မှု၊ ကန့်သတ်မှု၊ နှောက်ယှက်မှု များက လှန်းခဲ့သောခြေလှန်းများကို တုံ့နှေးစေခဲ့သည်။ သို့သော် ဘယ်တော့မှ နောက်မဆုတ်တဲ့ အမေ့စိတ်ဓာတ်ကို ဘယ်သူ ဖျက်နိုင်ခဲ့သလဲ။ အစိုးရကောင်းပေါ်ပေါက်မှ တိုင်းသူပြည်သားများကောင်းစားမည်ဟူသော ဒီမိုကရေစီကြိုးပမ်းမှု၏ ရလဒ်ကို ယနေ့မြင်တွေ့နေရပြီမဟုတ်ပါလား။ နောက်ကျမှ လွှတ်တော်ထဲရောက်ပေမဲ့ ဦးဆောင်ခဲ့သူက ဒေါ်အောင်းဆန်းစုကြည်ဆိုတာ တစ်ကမ္ဘာလုံးက သိနေပါတယ်။ ခါးသီးတဲ့စနစ်ဆိုးခေတ်ဆိုးအောက်မှာ အဖက်ဖက်နောက်ကျကျန်နေတဲ့ မြန်မာပြည်သူပြည်သားတွေကို ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်တဲ့အဆင့်ရောက်အောင် စိတ်တူကိုယ်တူရှိသူများ အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ good government, clean government အမှန်တကယ်ဖြစ်ပါစေ။
ကိုသစ်ရေ လွှတ်တော်ထဲမှာ ထိုင်ခုံနေရာချပုံလေး သိရင်တချက်လောက်ပြောပြပါလား။ ကိုယ်ထိုင်ချင်တဲ့နေရာမှာ ထိုင်နိုင်သလား ? ပါတီပေါင်းစုံက ကိုယ်စားလှယ်တွေ ရောထိုင်ကြရတာလား? ဒါဆိုရင် စစ်တပ်က ကိုယ်စားလှယ်တွေက ဘာကြောင့် သီးခြား တစ်ဖွဲ့လိုဖြစ်နေတာလဲ??
1990ကထဲကရအောင်ဝင်ခဲ့မှာ၊အဲဒီကထဲကအရှက်မရှိမျက်နှာ ပြောင်တဲ့ကောင်တွေကျန်နေသေးတယ်၊သတိထားကြပါ၊အဲဒီ ကောင်တွေကိုမောင်းထုတ်ပစ်ရမယ်၊၂၀၁၅မှာဒီကောင်တွေမရှိစေရဘူးအားလုံးဝိုင်းဝန်းဆောင်ရွက်ကြပါ၊
မြင်ရတဲ့မြင်ကွင်းတွေကဝမ်းသာကြည်နူးစရာပဲဗျို့။
ကျမ်းစူးပါစေ ဆိုတဲ့နေရာမှာ ကျမ်းရှူးပါစေ လို ဆိုလိုက်လေ။ ရတာဘဲ။
ပြောခြင်ရာပြောပြုံးဖြီးဖြီးလုပ်နေတယ်လို့မပြောသင့်တော့ဘူး၊
အခုအချိန်ဟာ၊စိတ်ဝမ်းကွဲအောင်လုပ်နေရမယ့်အချိန်မဟုတ်ဘူး၊
ရန်တိုက်ပေးနေတာတွေရပ်ဖို့ကောင်းပြီ၊
အားလုံးညီညီညွတ်ညွတ်၊တိုင်းပြည်အတွက်၊ပြည်သူအတွက်
ရည်မှန်းချက်ထားပြီးလုပ်ရတော့မယ်၊အောက်ကြနောက်ကျဖြစ်နေ
တဲ့အခြေအနေကနေ၊အထက်တန်းကျတဲ့ဘ၀ရောက်အောင်
တူညီရည်မှန်းချက်ထားပြီးကြိုးစားကြရပါမယ်၊
ဒါကြောင့်သွေးခွဲစကားတွေနဲ့ရန်တိုက်ပေးပြီး၊
တို်င်းပြည်လူမျိုးမွဲသထက်မွဲ၊
ဆင်းရဲတွင်းကရုန်းမထွက်နိုင်အောင်မလုပ်ကြပါနဲ့တော့၊
အမေစုအောင်မြင်ပါစေ၊ NLD အောင်မြင်ပါစေ၊ကြံ့ဖွံ့လည်း
အောင်ပါစေ၊နိုင်ငံရေးပါတီအားလုံးအောင်ကြပါစေ၊
ပြည်သူတွေအားလုံးလည်းအောင်ကြပါစေ။
ပြည်သူတွေရဲ့ဆန္ဒကိုလိုက်လျှောပေးတဲ့ခေါင်းဆောင်ပီသပြီးသဘောထားပြည့်ဝကြောင်းပြလိုက်တာဘဲ
ကျေးဇူးတင်ပါတယ်အမေ။ သမီးတို့အမေတို့နဲ့အတူ လွှတ်တော်ထဲရောက်နေသလိုခံစားရပါတယ်။ ပြည်သူ့ခံစားချက်အစစ်ကို သိတဲ့အမေစုတို့ လွှတ်တော်ထဲရောက်တာဟာ ပြည်သူတွေလွှတ်တော်ထဲ ရောက်နေတာနဲ့အတူတူပါပဲ။ တိုင်းပြည်ကောင်းကျိုးအတွက် ဆောင်ရွက်မဲ့ အမေ့ကို လွှတ်တော်ထဲကလူတွေလည်းနားလည်လာမှာပါ။ အမေ့ကို မလိုသူတွေရှိနေလည်း အမေမေတ္တာနဲ့အနိုင်ယူနိုင်မယ်ဆိုတာယုံပါတယ်အမေ။
လွှတ်တော်မှာ မျက်နှာမမြင်ခင်တုံးက ပြောချင်ရာ ပြောတဲ့ လူတစ်ချို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘေးမှာ မျက်နှာကြီး ပြုံးဖြီးဖြီးနဲ့ ဒီလိုအသုံးအနှန်းတွေနဲ့ရန်တိုက်ပေးနေ
တာတွေ၊သွေးခွဲနေတာတွေရပ်ဖို့ကောင်းပါပြီ၊
အားလုံးညီညီညာညာနဲ့တိုင်းပြည်အကျိုး၊ပြည်သူအကျိုး
ပူးပေါင်းဆောင်ရွက်မှအောက်ကျနောက်
ကျဖြစ်နေတဲ့ပြည်သူတွေဘ၀၊အထက်တန်းကျလာမှာပါ
၊ဒါကြောင့်တိုင်းပြည်အကျိုးပြည်သူ့
အကျိုးအတွက်ချစ်ချစ်ကြည်ကြည်စည်းစည်းလုံးလုံးဖြစ်အောင်
လုပ်ပေးကြပါ၊
အမေစုအောင်မြင်ပါစေ၊ NLD အောင်မြင်ပါစေ၊
ကြံ့ဖွံ့လည်းအောင်မြင်ပါစေ၊အခြားပါတီများအားလုံးလည်း
အောင်မြင်ကြပါစေ၊
မြန်မာပြည်သူများအားလုံးအောင်ကြပါစေ၊တိုင်းပြည်ကြီးလည်း
တိုးတက်ပါစေ၊
ဒါကြောင့်လူအချင်းချင်းရန်တိုက်ပေးခြင်းကင်းဝေးကြပါစေ၊
အစဉ်အမြဲလေးစားနေလျှက်ပါအမေစု~~~~
အမေစုဆိုတာကျွန်ုပ်တို့မြန်မာနိုင်ငံအတွက်ဧရာဝတီမိခင်ကြီးပါ၊အမေစုလွတ်တော်ကိုတက်ဖြစ်တဲ့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတိုင်းမသိဝမ်းသာပါတယ်၊ဘာဖြစ်လို့လဲဆိုတော့ရှေ့ဆက်သွားမယ့်မြန်မာနိုင်ငံတော်ကြီးကိုကောင်းအောင်ပြုပြင်ပေးမှာအမေစုပါဘဲ၊အမေစုရှေ့ဆက်လျှောက်လမ်းမဲ့လမ်းစဉ်မှာခလုတ်မထိဆူးမညှိဘဲဘေးကင်းစွာနဲ့လျှောက်လမ်းနိုင်ပါစေလို့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေဆုတောင်းပေးနေပါတယ်
မျှော်လင့်နေသောနေ့ကိုရောက်ရှိခဲ့ပါပြီး၊အားပေးလျက်ပါအမေ...
ကျက်သရေရှိလိုက်တာဗျာ.အခုမှပဲလွှတ်တော်ကကျက်သရေ
ရှိသွားတော့တယ်.ခွပ်ဒေါင်းတွန်မှလွှတ်တော်နိုးထတော့မှာပါ
ပြည်သူကချစ်တဲ့အမေဒေါ်အောင်ဆန်စုကြည်နဲ့ပြည်သူကတင်မြှောက်ထားတဲNLDလွှတ်တော်အမတ်များခင်ဗျား...ဒီနေရာကနေခင်ဗျားတို့ကိုချစ်ခင်ယုံကြည်လေးစားစွာအလေးပြုလိုက်ပါတယ်။ခင်ဗျားတို့ဟာလွှတ်တော်ထဲမှာအရေအတွက်နည်းပေမဲ့ပန်းမြိုင်လည်ကဥယျာဉ်မှူး,
တွေလိုမြန်မာပြည်ကြီးကိုကမ္ဘာ့အလယ်မှာတင့်တယ်ဝင့်ကြွားနိုင်
အောင်ပြုစုပျိုးထောင်နိုင်တဲ့သူတွေဖြစ်မယ်လို့အကြွင်းမဲ့ယုံကြည်ပါ
တယ်။မေတ္တာဆိုတာအရောင်ပြန်ပါတယ်။ပြည်သူတွေဟာခင်ဗျားတို့ဘက်မှာအမြဲရှိနေတယ်။အခုချိန်မှာNLD
ဟာနေပြည်တော်ကလွှတ်တော်ထဲမှာရာခိုင်နှူန်းနည်းပေမဲ့မြန်မာပြည်တစ်ပြည်လုံးပြည်သူလူထုရဲ့ရင်ထဲကလွှတ်တော်ကြီးကတော့၉၉.၉%ရာခိုင်နှူန်းရှိနေတယ်ဆိုတာမြေကြီးလက်ခတ်မလွဲပါခင်ဗျား....
ကားလက်မှတ်တွေရက်ရွေရလို့ မကြေနပ်တဲ့ ပြည်ခိုင်ဖြိုးအမက် ကိုသန်းဆွေရောဗျ သူအိမ်မပြန်ရလို့ ကျွန်တော်တို့ လူကြီးတွေက အလိုလိုက်လွန်းပါတယ်လို့ ပြောတဲ့ သူ့ မျက်နှာလေးမြင်ချင်တယ်ဗျာ။
ဘာပဲဖြစ်ဖြစ် တိုင်းပြည်အတွက်ပဲ အတူလက်တွဲလုပ်ကြရမှာပါ. ငါနဲ့ မတဲ့ ငါ့ရန်သူလုပ်လို့မရပါဘူး ဘာပဲဖြစ်ဖြစ် ချစ်ချစ်ခင်ခင် တွေ့ရတာဝမ်းသာပါတယ်
အမေစုနှင့်တကွ..နိုင်ငံရေးပါတီအသီးသီးမှလွှတ်တော်ကိုယ်စားလှယ်
ကြီးများအားလုံး တစိတ်တဝမ်းတည်းချစ်ကြည်ရင်းနှီးစွာ..တိုင်းပြည်အကျိုး
အတူတကွလက်တွဲဆောင်ရွက်နိုင်ပါစေ...ဆင်းရဲတွင်းနွံနစ်နေတဲ့အမိ
မြန်မာပြည်ကြီးအမြန်ဆုံးရှင်သန်နိုးထလွတ်ေ မြာက်နိုင်ပါစေ...။
ကိုသစ်ထူးလွင် ခင်ဗျာ... နောက်ဆုံးအပိုဒ် မှာ ဦးနေဖြိုးသိန်း ဆိုပြီး typing error ဖြစ်နေတယ် ထင်ပါတယ်။ ဦးဖြိုးမင်းသိန်း (လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဖြစ်ပါတယ် ခင်ဗျာ။
ဘဝတလျောက် လုံးမှာ ကိုယ့်ရဲ့ ခံးစားခွင့်များအား ဘေးဖယ်ထားပြီးပြည်သူ့ အတွက် ရှေ့ရှု့ပြီး နိုင်ငံ တိုးတက်ရေးအတွက် အနစ်ခံပေးနေတဲ့ ပြည်သူ့ အာဇာနည်သူရဲကောင်း ဒီမိုကရေစီ ရဲ့ လမ်းပြမိခင်ဒေါ်အောင်ဆန်း စုကြည် အား ချစ်ခင်ဝန်းရံဂါရဝပေးလျှက်ပါ အမေစု
ကြည့်ရတာ ကျက်သရေရှိလိုက်တာဗျာ။
ဝမ်းသာတယ်ဗျာ ဒါမြန်မာဟေ့
လွှတ်တော်ထဲတော့ အမေစုတို့ရောက်သွားကြပီ
ပြည်သတွေကတော့ အမေစုတို့ ဘာတွေလုပ်ပြကြမလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်နေကြပြီ
အမေစုရေ မြန်မာပြည်မြောက်ဖျားပိုင်းမှာ တိုက်ပွဲသံတွေဆူညံနေတယ်
စိတ်မကောင်းဘူးဗျာ----
လေးစားစွာထောက်ခံအပ်ပါသည်ခင်ဗျား
ပြည်သူတွေကတခဲနက်ထောက်ခံပြီး ရွေးကောက်ပွဲမှာ အမှန်အကန် အနိုင်ရရှိလာတဲ. ပြည်သူ.ကိုယ်စားလှယ်စစ်စစ်များ လွှတ်တော်ထဲဝင်လာပြီ .... ဖြစ်ကြောင်း ..။
ပြင်စ၇ာ၇ှိ၇င်ပြင်ပါ။ပြည်သူ့အတွက်ဆိုပြင်ပါ။အားလုံးပုံအပ်ပြီးပါပြီ။ကာကွယ်စောင့်ေ၇ှာက်၇မှကအခြေခံဥပဒေကိုဘေးဖယ်ပြီုးလပ်ချင်၇ာလုပ်မဲ့နောက်အဖွဲမပေါ်ပေါက်အောင်ပါ။ကျန်းမာချမ်းသာကြပါစေ။NLD အတွက်ဂုယူပါသည်။
ကျေဇူးပါအမေစု ဂုဏ်ယူလျှက်ပါ
ပြည်သူ့သွေးသား ဒေါ်အောင်ဆန်းစုကြည်
တင်းတဲ.သူကတင်း...လျှော.တဲ.သူကလျှော. နဲ.အဆင်ပြေသွားပေမဲ.
ဥပဒေကြီးက ဟိုနေရာတမျိုး ဒီနေရာတမျိုး ရှေ.နောက်မညီ နဲ.မို့
သမိုင်းကြောင်းသိပ်မကောင်းဘူးနော်
အားလုံးကောင်းအောင်အမေစုလုပ်နိုင်တယ်ဆိုတာယုံထားပြီးသားမို့ NLD အတွက်ထောက်ခံမဲတွေအများကြီးရထားတာလေ
NLD မှန်ကန်တဲ့ ဆုံးဖြတ်ချက် နဲ့တိုင်းပြည် ဆင်းရဲတွင်းက ထွက်နိုင်အောင်အမြန်ဆောင်ရွက်နိုင်ပါစေ...................
NLD မှ အသက်ကြိး ခေါင်းဆောင် များအား လူရွယ် လူငယ် ခေါင်းဆောင်များ နှင့်အမြန် ပြောင်းလဲ ပြိး သမာရိုးကျ မ ဟုတ်သည့် ,ထူးခြားတောက်ပြောင် သည့် ,လမ်းဟောင်း မှခွဲထွက် Idea အသစ် များနှင့် တိုင်းပြည် သည်ထက် ကြိးပွား အောင်အစိုးရ နှင့် ပူးပေါင်းဆောင်ရွက်ပါ...............
88 generation ကိုမင်းကိုနိုင် တို့အဖွဲ့အား အကြံ ပြုပါရစေ နိုင်ငံရေး ပါတိ အမြန်ထောင်ပါတော့ လို့ ,,တိုင်းပြည်အတွက် အရေးတကြိး လိုအပ်နေပါပြိ
ဝမ်းသာစရာကောင်းပါတယ်။ စောင့်မျှော်နေတာကြာပြီဒီမြင်ကွင်းကို.......။ ကြည်နူးစရာကောင်းလိုက်တာကွာ.........။
အစကတော့ သဂြိုင်းကုန်းကြီး တခုလိုဘဲ ..........ခုမှ အသက်ဝင်လာတော့တယ်..................
ရှေ့လာမည့်လွှတ်တော်အစည်းအဝေးတွင်မီဒီယာသမားများအားတက်ရောက်သည့်ကိုယ်စားလှယ်များကိုမျှမျှတတဓါတ်ပုံရိုက်ပေးရန်အဆိုတင်သွင်းမည်ဖြစ်ကြောင်းကြားသိရပါသည်။
လွှတ်တော် မှာ အမေစု ရောက်တော့
မြန်မာနိုင်ငံက ပြည်သူတွေ ဘာတွေ
တကယ်ဖြစ်ချင်နေကြပါတယ်ဆိုတာ
ကမ္ဘာ က လူတွေကို အမှန်တကယ်
ပြောပြနိုင်တော့မယ် ခင်ဗျ
ချီးကျူးပါတယ်အမေစု
အမေစုကျန်းမာပါစေ ဆုတောင်းပေးပါတယ်
မျှော်လင့်ချက်ရောင်ခြည်ထွက်ပေါ်လာပြီဟေ့.....
2015ရောက်တာနဲ့ လွှတ်တော်ထဲမှာ ဒေါင်းတွေတောင်ပဲခတ်သံပဲ ကြားစေရမယ်။
သန်းရွှေရဲ့ ပေးတာယူ ကျွေးတာစားပြီး ရဟန်းနဲ့ လူထုအပေါ်ဂုတ်သွေးစုပ်နေတဲ့လူတွေ မရှိစေရဘူး။
မျှော်လင့်ချက်ရောင်ခြည်ထွက်ပေါ်လာပြီဟေ့......
ပန်ထွာဧကရီလာပြီဟေ့..................
ကောင်းပါတယ်
ဒီမယ် ..(စိန်ဒိုင်းမွန်း)သင်္ဘောဆေးနာမည်နဲ့ မှတ်ချက်ရေးတဲ့သူ..ကိုယ့်လူသိဖို့..။ ရင်ခတ်ပန်းရေးထားတာက ပြီးခဲ့တဲ့ ၁၀စုနှစ်သမိုင်းတစ်လျှောက်နဲ့ လောလောလတ်လတ်ကာလတွေမှာ ဖြစ်ခဲ့တာကိုရည်ညွှန်းပြီး ကိုယ်လုပ်တာကိုယ်သိဖို့၊ အမှန်ကိုအမှန်အတိုင်းမြင်အောင်ရေးထား ထောက်ပြထားတာလို့ နားလည်လိုက်ပါ။ ဒါ သွေးခွဲတာလို့မခေါ်နိုင်ဘူးကွဲ့ ငါ့လူရဲ့..။ ကြံ့ဖွတ်ကမပြောမလုပ်တာကို ပြောသယောင် လုပ်သယောင်လိမ်လည်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုသတင်းပေးရင် ရန်တိုက်တယ်၊သွေးခွဲတယ်လို့ မြန်မာလိုရော ဘယ်ဘာသာလိုမဆိုရော အဓိပ္ပါယ်ထွက်တယ်။
တရားမျှတမှု၊ တရားဥအဒေစိုးမိုးမှု၊ လူ့အခွင့်အရေးလူတိုင်းပြည့်ဝစွာခံစားနိုင်ခွင့်၊ တရားမျှတတဲ့လွတ်လပ်ခံခွင့်ကို လူတိုင်းရရှိနိုင်ခွင့်၊ ဒီမိုကရေစီလူနေမှုစနစ်ဖြစ်ထွန်းလာရေးနဲ့ အဲဒါတွေပေါ်ပေါက်လာအောင် မိမိဘဝကို မိမိမိသားစုဘဝကို စတေးပြီးစွန့်လွှတ်ဆောင်ရွက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားရေးခေါင်းဆောင်တွေ၊ လှုပ်ရှားဆောင်ရွက်သူတွေကို (ဒီကနေ့အထိ တချို့ထောင်ထဲမှာကျန်နေသေးတာကို) ကိုယ်ထိလက်ရောက် အသက်အန္တရာယ်ဖြစ်အောင်တိုက်ခိုက်၊ဂုဏ်သိက္ခာကိုထိခိုက်ပုတ်ခတ်တဲ့ အုပ်စုကို အရပ်သုံးစကားလုံးနဲ့သုံးပြီး မှတ်ချက်ပေးတာဟာ သွေးခွဲတာတဲ့လား..ရန်တိုက်တာတဲ့လား။ ညံ့ပါ့ကွာ..။ ဘာသာစကားတူတဲ့သူအချင်းချင်း ဘာသာပြန်ပေးနေရတယ်။ ကြံ့ဖွံ့လည်းအောင်မြင်ပါစေဆိုတော့ ကြံ့ဖွံ့ကဘာလုပ်နေတယ်..ဘယ်ကိုဘာရည်ရွယ်ချက်တွေနဲ့သွားနေတယ်ဆိုတာ ထည့်မစဉ်းစားဘဲ တွေ့ကရာလူအောင်မြင်ပါစေလို့ပြောရင် ကိုယ့်ကိုသူတော်ကောင်းလို့အထင်ခံရအောင် ပြောသလား..ဟေ..။
၁။ ကချင်ပြည်နယ်ငြိမ်းချမ်းရေးအရင်ဆောင်ရွက်စေချင်ပါတယ်။
၂။ရခိုင်က ဓါတ်ငွေ့ပိုက်လိုင်း ရပ်သွားအောင်လုပ်စေချင်ပါတယ်။
၃။၂၀၁၅ မှာအပြည့်အ၀ အနိုင်ရအောင်လုပ်ဆောင်စေချင်ပါတယ်
အမေစု လို နိုဗယ်ဆုရှင်က တိုင်းပြည်မှာ သမ္မတလိုနေရာမျိုးမှာရှိနေသင့်တာ အဲဒါမှ အမေစုက တိုင်ပြည်ကို ဆင်းရဲတွင်ကနေ အမြန်ကယ်တင်နိုင်မှာ
လွှတ်တော်ကြီးလည်း အလုပ်လုပ်နေပါသည်။ ၀န်ကြီးဌာနများလည်း လုပ်ချင်တာလုပ်၍ စားချင်သလိုစားနေကြပါသည်။ (အရာရှိကြီးများ)ချမ်းသာကြပါလိမ့်ဦးမည်
ကျေးဇူးပါ .....
လွှတ်တော်ထဲကို ပညာတတ်၊ကမ္ဘာကျော် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့်
ပြည်သူ့အကျိုးပြု လွှတ်တော်ကိုယ်စားလှယ်များ ရာက်ရှိလာခြင်း
အားလုံးကို တစ်ခုတော့ တောင်းပန်ပါရစေ အလုပ်တစ်ခုကို လုပ်တဲ့အခါမှာ အောင်မြင်ဖို့ဆိုတာ တော်တော်ကို ခက်ခဲပါတယ်။ အထူးသဖြင့် ဒီလိုမျိုး အတိုက်အခံတွေကြားထဲမှာ ရဲရဲဝံ့ဝံ့နေနေရတဲ့ အမေစု ကို ပိုပြီးသနားတယ်။ သူ့ကို ဖိအားတွေ အရမ်းမပေးကြပါနဲ့။ လွှတ်တေဲာ ထဲ မှာ အားငယ်မသွားအောင်ဘဲ ငါတို့တွေ အင်အားတွေပဲ ပေးသင့်တယ်။
အမေ အောင်မြင်ပါစေ။
ပြည်သူတွေ မျှော်လင့် နေတဲ့ ဗိုလ်ချုပ်အောင်ဆန်း(ကုယ်စား/ကိုယ်ခွဲ)ရောက်ရှိလာတာပါ။
ကိုယ့်လူတွေအားလုံး အမေစုကြည့်အားကိုးမနေပါနဲ့ အမေစုကကိုယ့်လူတွေကိုချမ်းသာအောင်တယောက်ကိုသိန်းတစ်ထောင်ပေးမှာမဟုတ်ဘူး အမေစုကလမ်းပြပေးယုံသက်သက်ပါ အဆုံးထိလျှောက်ဖို့ ကကိုယ့်လူတို့ ပေါ်မှာမူတည်တယ်တိုင်းပြည်တိုးတကဖို့ ကတစ်ဦးချင်းလုပ်ဆောင်ရမှာလို့ အမေစုကပြောဖူးတယ်ဆယ်စုနှစ်တစ်ခုစာပျက်ဆီးနေတဲ့ကိုယ့်လူတွေရဲ့ စောက်ကျင့်တွေကိုပြင်ဖို့ ကြိုးစားပါလို့ ပြောချင်ပါတယ်.....ထလော့မြန်မာ...မြန်မာ.ထလော့
အမေစုကိုလေးစားရင်ပြည်သူတွေလည်း တာဝန်ကျေပါ။ စည်းကမ်းလိုက်နာပါ။ အားလုံးတစ်ကိုယ်ကောင်းစိတ်တွေလျှော့ကြပါ။
agree to disagree လွပ်လပ်စွာ သဘောထားကွဲလွဲခွင့်ဆိုတာရှိပါတယ်။ ဒါပေမယ့် နားလည်ထားတာက ကြံ့ ဖွတ်တို့ဟာ လွပ်လပ်စွာသဘောထားကွဲလွဲခွင့်ကိုလိုချင်တာမဟုတ်ပါဘူး။ လွပ်လပ်စွာ ကောက်ကျစ်ယုတ်မာခွင့်ကိုလိုချင်တာပါ။ ထင်ပါတယ်..ဒေါ်အောင်ဆန်းစုကြည်ပြောသမျှ လုပ်သမျှကို လွတ်တော်ထဲမှာကန့်လန့်တိုက်နေမယ့်ဖွတ်တွေဖြစ်နေကြဦးမယ်ဆိုတာကိုလေ။
ကျေနပ်မိပါတယ်အမေ
Post a Comment