မြိတ်မြို့နယ်NLDရွေးကောက်ပွဲအောင်နိုင်ရေးဂုဏ်ပြုပွဲ အခန်းအနား

ယနေ့ ၂၀.၅ ၂၀၁၂ (တနင်္ဂနွေ) နေ့နံနက်(၇း၀၀)နာရီတွင်တနင်္သာရီတို်င်း
မြိတ်မြို့ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်နှင့်ကျွန်းစုမြို့နယ်ရွေးကောက်ပွဲအောင်နိုင်
ရေးတွင်မေတ္တာဖြင့်ပါဝင်ကိုညီပေးခဲ့ကြသောအလူရှင်များ၊ကျွန်းစုမြို့နယ်ရှိ
ကျေးရွာအသီးသီးမှပါတီဝင်များနှင့်မိဘပြည်သူများကိုဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲ
အခမ်းအနားကိုမြိတ်မြို့နယ်ဆိတ်ငယ်ရပ်ကွက်ရှိ ဘုံတိုက်စိမ်းခန်းမတွင်ပြုလုပ်သွားခဲ့
ပါတယ်။

အခန်းအနားတွင် ကျွန်းစုမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
ဒေါ်တင်တင်ရီနှင့်တိုင်းအောင်နိုင်ရေးအဖွဲ့ဝင်ဦးလှမင်းတို့မှဂုဏ်ပြုကျေးးဇူးတင်
စကားပြောကြားပြီးမဲဆန္ဒနယ်မြေအလိုက်ဂုဏ်ပြုလက်မှတ်များပေးအပ်ခဲ့ကြပါတယ်။

ယင်းနောက်တိုင်းအောင်နိုင်ရေးအဖွဲ့ဝင်ဦးလှမင်းမှအပိတ်ကျေးဇူးတင်စကားပြောကြား
ပြီးအခန်းအနားကိုရုပ်သိမ်းခဲ့ပါတယ်။ ဧည့်သည်တော်များကို လဖက်ရည်
မုန့်များနှင့်ဧည့်ခံကျွေးမွေးပြီး၎င်းအခန်အနားတွင်ပြည်ခိုင်ဖြိုးပါတီဝင်များလည်း
တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါတယ်။
Myanmar News Now



မြိတ်မြို့နယ်NLDရွေးကောက်ပွဲအောင်နိုင်ရေးဂုဏ်ပြုပွဲ အခန်းအနား မြိတ်မြို့နယ်NLDရွေးကောက်ပွဲအောင်နိုင်ရေးဂုဏ်ပြုပွဲ အခန်းအနား Reviewed by သစ်ထူးလွင် on 12:45 Rating: 5

10 comments:

Unknown said...

ဦးစောဂျက် တို့ ဒယ်ဒီကွ။ တကယ့်ကို အများအတွက် ကူညီချင်စိတ်အပြည့်ရှိတဲ့ တို့ဒယ်ဒီ။ ကျန်းမာချမ်းသာစီးပွားလဘ်လာဘ များတိုးတက်ပြီး အနီထောင်များများနိုင်ပါစေကြောင်း.................

66koaungaungtun@gmail.com said...

ကြေနပ်အားရမိပါတယ်ခင်ဗျာ

ကေါင်းကေါင်း said...

လေးစာဂုဏ်ယူပါတယ်ဗျာ

nga thaw said...

ဒီလိုတွေ့ရတော့လဲဝမ်းသာစရာပါလား။ အမေစုနဲ့ပါတီအတွက်အရမ်းကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်တင်တင်ရီကကျွန်းစုသားတွေကို ပစ်မထားပါနဲ့လို့ဦးစွာတောင်းဆိုချင်ပါတယ်။ အခုဆိုမိုးတွင်းရောက်လာပါပြီ၊ကျွန်တော်တို့ ခလေးတွေ မိုးတွင်းကာလမှာ အမိုးအကာမဲ့ ဆင်းရဲဒုက္ခများစွာနဲ့ စာသင်ကြားကြရတော့ပါမယ်။ ဒါ့အပြင် ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ သစ်များတရားဝင်ခုတ်နိုင်ခွင့်၊ မီးသွေးများတရားဝင်ဖုတ်နိုင်ခွင့်၊ မီးသွေးလှေ၊ငါးလှေများ ရှမ်းပြည်(ထိုင်း)သို့တရားဝင်ရောင်းခွင့်၊တရားဝင်အခွန်အခများမကောက်ရေး စတဲ့ ရွေးကောက်ပွဲတုန်းကပေးတားတဲ့ကတိက၀တ်များကို အလျင်အမြန်အကောင်အထည်ဖော်ပေးစေချင်ပါတယ်။ အဓိကကတော့ စာသင်ကျောင်းများ အမြန်ဆောက်ပေးချင်း၊ပြန်လည်ပြုပြင်ပေးခြင်းစတာတွေကို ယခုစာသင်နှစ်အမှီ ပေးထားသောကတိများအတိုင်းဆောင်ရွက်ပေးစေလိုပါတယ်။ ဒါမှကျွန်တော်တို့ သားသမီးများ မိုးလုံလေလုံပညာသင်ကြားနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကျွန်းစုမြို့နယ်တွင်းကျေးရွာများမှာ သွားရေးလာရေးခက်ခဲပြီး အလွန်အင်မတန် ဆင်းရဲနွမ်းပါးတာကြောင့် ကျွန်တော်တို့အားထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်တင်တင်ရီက ပေးထားတဲ့ကတိများကို မမေ့မပျောက်ပဲ အမြန်ဆုံးအကောင်အထည်ဖော်ပေးပါလို့ ကျွန်းစုသူ၊ကျွန်းစုသားအားလုံးကိုယ်စား သစ်ထူးလွင်မှတဆင့် လေးစားစွာတောင်းဆိုအပ်ပါတယ်ခင်ဗျား။
ကျွန်းစုသား

nga thaw said...

ဒီလိုတွေ့ရတော့လဲဝမ်းသာစရာပါလား။ အမေစုနဲ့ပါတီအတွက်အရမ်းကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်တင်တင်ရီကကျွန်းစုသားတွေကို ပစ်မထားပါနဲ့လို့ဦးစွာတောင်းဆိုချင်ပါတယ်။ အခုဆိုမိုးတွင်းရောက်လာပါပြီ၊ကျွန်တော်တို့ ခလေးတွေ မိုးတွင်းကာလမှာ အမိုးအကာမဲ့ ဆင်းရဲဒုက္ခများစွာနဲ့ စာသင်ကြားကြရတော့ပါမယ်။ ဒါ့အပြင် ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ သစ်များတရားဝင်ခုတ်နိုင်ခွင့်၊ မီးသွေးများတရားဝင်ဖုတ်နိုင်ခွင့်၊ မီးသွေးလှေ၊ငါးလှေများ ရှမ်းပြည်(ထိုင်း)သို့တရားဝင်ရောင်းခွင့်၊တရားဝင်အခွန်အခများမကောက်ရေး စတဲ့ ရွေးကောက်ပွဲတုန်းကပေးတားတဲ့ကတိက၀တ်များကို အလျင်အမြန်အကောင်အထည်ဖော်ပေးစေချင်ပါတယ်။ အဓိကကတော့ စာသင်ကျောင်းများ အမြန်ဆောက်ပေးချင်း၊ပြန်လည်ပြုပြင်ပေးခြင်းစတာတွေကို ယခုစာသင်နှစ်အမှီ ပေးထားသောကတိများအတိုင်းဆောင်ရွက်ပေးစေလိုပါတယ်။ ဒါမှကျွန်တော်တို့ သားသမီးများ မိုးလုံလေလုံပညာသင်ကြားနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကျွန်းစုမြို့နယ်တွင်းကျေးရွာများမှာ သွားရေးလာရေးခက်ခဲပြီး အလွန်အင်မတန် ဆင်းရဲနွမ်းပါးတာကြောင့် ကျွန်တော်တို့ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်တင်တင်ရီက ပေးထားတဲ့ကတိများကို မမေ့မပျောက်ပဲ အမြန်ဆုံးအကောင်အထည်ဖော်ပေးပါလို့ ကျွန်းစုသူ၊ကျွန်းစုသားအားလုံးကိုယ်စား သစ်ထူးလွင်မှတဆင့် လေးစားစွာတောင်းဆိုအပ်ပါတယ်ခင်ဗျား။
ကျွန်းစုသား

nga thaw said...

ဒီလိုတွေ့ရတော့လဲဝမ်းသာစရာပါလား။ အမေစုနဲ့ပါတီအတွက်အရမ်းကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်တင်တင်ရီကကျွန်းစုသားတွေကို ပစ်မထားပါနဲ့လို့ဦးစွာတောင်းဆိုချင်ပါတယ်။ အခုဆိုမိုးတွင်းရောက်လာပါပြီ၊ကျွန်တော်တို့ ခလေးတွေ မိုးတွင်းကာလမှာ အမိုးအကာမဲ့ ဆင်းရဲဒုက္ခများစွာနဲ့ စာသင်ကြားကြရတော့ပါမယ်။ ဒါ့အပြင် ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ သစ်များတရားဝင်ခုတ်နိုင်ခွင့်၊ မီးသွေးများတရားဝင်ဖုတ်နိုင်ခွင့်၊ မီးသွေးလှေ၊ငါးလှေများ ရှမ်းပြည်(ထိုင်း)သို့တရားဝင်ရောင်းခွင့်၊တရားဝင်အခွန်အခများမကောက်ရေး စတဲ့ ရွေးကောက်ပွဲတုန်းကပေးတားတဲ့ကတိက၀တ်များကို အလျင်အမြန်အကောင်အထည်ဖော်ပေးစေချင်ပါတယ်။ အဓိကကတော့ စာသင်ကျောင်းများ အမြန်ဆောက်ပေးချင်း၊ပြန်လည်ပြုပြင်ပေးခြင်းစတာတွေကို ယခုစာသင်နှစ်အမှီ ပေးထားသောကတိများအတိုင်းဆောင်ရွက်ပေးစေလိုပါတယ်။ ဒါမှကျွန်တော်တို့ သားသမီးများ မိုးလုံလေလုံပညာသင်ကြားနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကျွန်းစုမြို့နယ်တွင်းကျေးရွာများမှာ သွားရေးလာရေးခက်ခဲပြီး အလွန်အင်မတန် ဆင်းရဲနွမ်းပါးတာကြောင့် ကျွန်တော်တို့အားထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်တင်တင်ရီက ပေးထားတဲ့ကတိများကို မမေ့မပျောက်ပဲ အမြန်ဆုံးအကောင်အထည်ဖော်ပေးပါလို့ ကျွန်းစုသူ၊ကျွန်းစုသားအားလုံးကိုယ်စား သစ်ထူးလွင်မှတဆင့် လေးစားစွာတောင်းဆိုအပ်ပါတယ်ခင်ဗျား။
ကျွန်းစုသား

ansoe said...

မပြောမပြီးလို့ပြောရပါအုံးမယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်ဒေါ်တင်တင်ရီနဲ့အမေစုရဲ့ပါတီNLDကိုအသိပေးပါရစေ။ ကိုယ်စားလှယ်ဒေါ်တင်တင်ရီရွေးကောက်ပွဲတုန်းကပေးထားတဲ့ ကတိက၀တ်များကို အမြန်ဆုံးအကောင်အထည်ဖော်ပေးပါလို့ ပထမဦးစွာတောင်းဆိုချင်ပါတယ်။ အထက်က NgaThaw ပြောထားတာကိုလည်းအပြည့်အ၀ထောက်ခံပါတယ်။ မယုံရင်လည်းလာရောက်စုံစမ်းကြည့်ကြပါ။ နောက်တခုကကိုယ်စားလှယ်ဒေါ်တင်တင်ရီနဲ့NLDပါတီ လူပေါင်းမမှားဖို့လိုပါတယ်။ အထက်ကပြောထားတဲ့ ဦးစောဂျက်ဆိုတာ အရင်ကစစ်အစိုးရနဲ့အလွန်ဖက်လှဲတကင်းရှိလှပြီး မြိတ်စစ်တိုင်းသို့ရောက်လာသမျှ စစ်တိုင်းမှူးများနဲ့ အလွန်ပနံသင့်သူပါ။စီးပွားရေးလုပ်ငန်းများ ပေါင်းဖက်လုပ်ကိုင်ပြီးစစ်တိုင်းမှူးများအား လုပ်ကိုင်ကျွေးကာပေါင်းစား၍ကြွယ်ဝချမ်းသာလာသူဆိုလည်း မမှားပါဘူး။ ဒါအပြင် အရက်အလွန်သာက်၍မူးယစ်ရမ်းကားသူ၊ လောင်းကစား(အထူးသဖြင့်အနီထောင်)အလွန်ကစားသူလို့လည်းကျော်ကြားပါတယ်။ တချိန်ကလည်း မူးယစ်ရမ်းကားပြီးသေနတ်ဖြင့်ပစ်သတ်ကာလူသတ်မှုဖြင့်ထောင်ကျခဲ့ဖူးသူပါ။ယခင်မိန်းမကြီးရဲ့ စစ်တိုင်းမှူးများဆီအလိုက်ကောင်းသဖြင့်ပြန်လည်လွတ်မြောက်လာသူလည်းဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးထိခိုက်စေလိုခြင်းအလျင်းမရှိပဲပကတိအတိုင်း ထင်သာမြင်သာရှိစေရန်တင်ပြခြင်းဖြစ်ပါတယ်။မယုံရင်လည်းဘိတ်သူ၊ဘိတ်သားတို့ထံစုံစမ်းနိုင်ပါတယ်။ ယခုလည်း NLD ကောင်းစားချိန်ရောက်လို့ NLD ကိုခြင်းကပ်နေပြန်ပါပြီ။ ဒါကြောင့် ဒီလိုသစ္စာ၊သမာဓိ၊သိက္ခာမရှိသောပုဂ္ဂိုလ်မျိုးဆီမှ ပါတီ၏ဂုဏ်သိက္ခာကိုထောက်ရှု၍မည်သည့်အကူအညီမျိုးကိုမှမယူသင့်ဘူးလို့ထင်ပါတယ်။ပါတီဌာနချုပ်မှာလည်း ယခုဆိုလျှင် ရံပုံငွေများပေါပေါများများရှိပါတယ်။ လိုအပ်တယ်ဆိုဌာနချုပ်ကိုတောင်းဆိုလို့ရပါတယ်။

နောက်တခုကတော့ NLD ပါတီကို ဘာသာရေးအလို့ငှာအသုံးချရန်ကြံစည်မှုများရှိနေပါသည်။ စုံစမ်းကြည့်စေချင်ပါတယ်။ ဘိတ်သူ၊ဘိတ်သားတွေဟာဗုဒ္ဓဘာသာတရားအလွန်ကိုင်းရှိုင်းပြီး အမျိုးဘာသာ၊သာသနာစောင့်ထိန်းသူတွေပါ။ ဘာသာရေးအလို့ငှာပါတီအားအသုံးချပြီး တနသာင်္ရီတတိုင်းလုံး၊တနိုင်ငံလုံး လူမြိုခံရမည့်ဘေးကိုတွေး၍ နောင်လာနောင်သား၊ သားမြေးမြည်းမြစ်များအတွက် အလွန်စိုးရိမ်ပူပန်မိရပါသည်။ ထိုကိစ္စများကိုကိုယ်စားလှယ်ဒေါ်တင်တင်ရီနှင့်NLDပါတီဝင်များ၊ဘိတ်သူ၊ဘိတ်သားများ ထင်သာမြင်သာရှိစေရန်တင်ပြအပ်ပါသည်။

ဖော်ပြပေးသည့် ကိုသစ်ထူးလွင်ကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ရှေးလျှောက်လည်းတိုင်းပြည်အကျိုးများများဆောင်ရွက်နိုင်ပါစေ။

Myeik Cityzen said...

အင်း---ဒါနဲ့ ကျွန်တော်တို့လွတ်တော် ခင်ဗျာ
မြိတ်မြို့ လျပ်စစ်မီးသိပ်ဈေးကြီးနေတယ်ဆိုတာ လွတ်တော်ထဲမှာ ပြောဖြစ်အောင်ပြောပါ

pyiesone said...

ဟေး..ဟေးဟေး... ဒယ်ဒီဦးစောဂျက်ကြီး အနီထောင်လည်းများများနိုင်ပါစေ။ဖွင့်ထားတဲ့ကာရာအိုကေဆိုင်များလည်းရောင်းကောင်းပါစေ။ မွေးစားသမီးများနဲ့ ပျော်ပျော်ရွှင်ရွှင်များများဘူးနိုင်ပါစေ။

ရွာသား said...

ဂုဏ်ပြုပွဲတွေ၊အစည်းဝေးတွေအပြင်ကျွန်းစုမြို့နယ်ကျေးရွာသူ၊ရွာသားတွေရဲ့အခက်အခဲတွေကိုအနီးကပ်ကွင်းရှင်းလေ့လာပြီးလုပ်ပေးရင်တော့ပိုကောင်းတာပေါ့၊အပေါ်ကချမှတ်လိုက်တာတွေကိုအောက်ကလူတွေမသိလိုက်တာကများတယ်အဲဒီလိုဟာတွေကိုလည်းသိအောင်လိုက်လုပ်ပေးပါ၊ကျွန်းစုကိုယ်စားလှယ်ဖြစ်တဲ့အတွက်ကျွန်းစုကျေးရွာသူ၊ရွာသားတွေလိုအပ်ချက်ကိုပိုဂရုစိုက်ပေးပါ။မြိတ်နှင့်ကျွန်းစုဘယ်လောက်နီးစပ်တယ်ပြောပြောလိုအပ်ချက်တွေ၊ခံစားချက်တွေမတူနိုင်ပါ။မြိတ်မှဝါလတ်တစင်းရဲ့ကျွန်းစုကျေးရွာတွေရဲ့ကျွန်းတွေအတွင်းဝင်ခိုးဆွဲပြီးရနေသောတစ်လရနှုန်းဟာကျေးရွာမှလှေငယ်အစင်း(၂၀)(၃၀)နှင့်ညီတယ်ဆိုတာသတိပြုစေချင်ပါတယ်။

Powered by Blogger.