ပုဇွန်တောင်မြို့နယ် NLD ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားမှ ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း ကောက်နုတ်ချက်

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကောက်နှုတ်ချက်--

မေလ ၁၁ ရက်နေ့ ညနေပိုင်းက ပုဇွန်တောင်မြို့နယ် NLD ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို တက်ရောက်ပြီး ရုံးခန်း ဖွင့်လှစ် ပေးချိန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်း ပြောကြားခဲ့ရာမှာ-

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသူပြည်သူတွေအနေနဲ့ အဖွဲ့ချုပ်ရဲ့ လုပ်ဆောင်ချက်တွေကို သိသင့်ကြောင်း အခုလို ပြောပါတယ်။

"ပြည်သူတွေ သိဖို့ လိုပါတယ်။ ပြည်သူတွေ မသိလို့ရှိရင် ကျွန်မတို့ကို
ထောက်ခံသင့် မထောက်ခံသင့် ဆိုတာ ဆုံးဖြတ်လို့ ရမှာ မဟုတ်ပါဘူး။ ကျွန်မတို့အနေနဲ့ ပြည်သူတွေက ကျွန်မတို့ကို မျက်စေ့မှိတ် နားပိတ်ပြီးတော့ ထောက်ခံတာမျိုးကို ကျွန်မတို့ မလိုလားပါဘူး။ တကယ်ပဲ စဉ်းစဉ်းစားစားနဲ့ ထောက်ခံသင့် မထောက်ခံသင့်ကို ဆုံးဖြတ်ပြီးမှ
ထောက်ခံတာမျိုးကိုပဲ ကျွန်မတို့ လိုလားပါတယ်။

ဒီတော့ ပြည်သူတွေအနေနဲ့ နိုင်ငံရေးပါတီတခုကို ထောက်ခံသင့် မထောက်ခံသင့် ဆုံးဖြတ်တဲ့ အခါမှာ အဓိက ဒီအချိန်မှာ လေ့လာရမယ့် အချက်အလက်ကတော့ ဒီနိုင်ငံရေးပါတီဟာ ဒီမိုကရေစီ အပြောင်းအလဲ
အတွက် ဘယ်လောက် စွမ်းဆောင်နိုင်သလဲဆိုတဲ့ ကိစ္စပါပဲ။"

"ပြည်သူအများသိတဲ့အတိုင်းပဲ။ အခုအချိန်မှာဆိုလိုရှိရင် ကျွန်မတို့ဟာ ဒီမိုကရေစီ အပြောင်းအလဲတွေ စလုပ်ဖို့ အခွင့်အရေးတွေ ရှိနေပါပြီ။ စပြီးတော့ လုပ်နိုင်တဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။ ဒီမိုကရေစီ အပြောင်းအလဲတွေ ဖြစ်ပြီလို့ ကျွန်မတို့ ပြောလို့ မရသေးပါဘူး။

ဘာဖြစ်လို့လည်း ဆိုတော့ တကယ်ဒီမိုကရေစီ အပြောင်းအလဲ
ဖြစ်ပြီဆိုလို့ရှိရင် ဒီနိုင်ငံမှာ ပြည်သူရဲ့ သြဇာသာ လွှမ်းမိုးရမှာ ဖြစ်ပါတယ်။

အခုထက်ထိတော့ ပြည်သူရဲ့ သြဇာလွှမ်းမိုးတဲ့ နိုင်ငံလို့ ကျွန်မတို့ ပြောလို့ မရပါဘူး။"

အကူအညီပေးမယ်ဆိုရင် ပွင့်လင်း မြင်သာမှု ရှိပြီး ပြည်သူကို ပိုပြီးတော့ အင်အား ဖြည့်ပေးမယ့် အထောက်အကူမျိုးသာ လိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"အခုဆိုရင် ကျွန်မတို့ နိုင်ငံကို အပြောင်းအလဲတွေ ဖြစ်နေပြီ။ အတော်ပဲ တခါထဲ တိုးတက်နေပြီ ဆိုပြီးတော့ ဒီနိုင်ငံမှာ လာပြီးတော့ ရင်းနှီးမြုပ်နှံ
ချင်တဲ့သူတွေ၊ ဒီနိုင်ငံကို ကူညီချင်တဲ့ နိုင်ငံတွေအဖွဲ့အစည်းတွေ အတော်များတယ်ဆိုတာကို သတင်းတွေ နားထောင်တဲ့ ကျွန်မတို့ ပြည်သူတွေ သိမှာပါ။

ကျွန်မတို့ နိုင်ငံမှာ ဘယ်လောက် ပြောင်းလဲသလဲ။ ဘယ်လောက် တိုးတက်လဲ ဆိုတာကတော့ ပြည်သူတွေ အသိဆုံးပါဘဲ။ ကျွန်မ ရှင်းပြနေစရာ မလိုပါဘူး။ ကျွန်မတို့ အတွက် အရေးကြီးတာကတော့
နိုင်ငံခြားက ဧည့်သည်တော်တွေ လာလို့ရှိရင် နိုင်ငံခြားအဖွဲ့အစည်းတွေ၊
နိုင်ငံခြား အစိုးရတွေက ကျွန်မနဲ့ ဒီကိစ္စကို အမြဲ ဆွေးနွေးပါတယ်။

ကျွန်မအမြဲ ပြောတာက ဘယ်လို အထောက်အကူမျိုးပဲ ပေးပေး၊ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ အထောက်အကူပဲ ဖြစ်ဖြစ်၊ လူသားချင်းစာနာတဲ့ အထောက်အကူပဲ ဖြစ်ဖြစ်၊ ကျွန်မတို့ လိုချင်တဲ့ အထောက်အကူမျိုးဟာ
ပြည်သူကို ပိုပြီးတော့ အင်အား ဖြည့်ပေးမယ့် အထောက်အကူမျိုး
ဖြစ်စေချင်တယ်။ ပြည်သူကို ပိုပြီးတော့ အင်အား ဖြည့်ပေးမယ့် အထောက်အကူမျိုး မဟုတ်ဘဲနဲ့ ပြည်သူကို အုပ်ချုပ်သူများကိုသာ အင်အား ဖြည့်ပေးမယ့် အထောက်အကူမျိုးကိုတော့ ကျွန်မတို့ မလိုလားပါဘူးလို့ ပြောလိုက်ပါတယ်။

အဲဒီတော့ ဒီလို အထောက်အကူမျိုး ဖြစ်ရဲ့လားဆိုတာကို သိဖို့က ပွင့်လင်း မြင်သာဖို့ လိုတယ်။ ပွင့်လင်း မြင်သာမှုမရှိဘူးဆိုရင် ဘယ်သူတွေကို ဘယ်လိုကူနေတယ်ဆိုတာ ကျွန်မတို့ ဘယ်လိုလုပ် သိမှာလဲ။

ကျွန်မက အဲဒါကိုလည်း တောင်းဆိုတယ်။ ကျွန်မတို့ နိုင်ငံကို ကူညီတဲ့ အခါမှာ ပွင့်ပွင့်လင်းလင်း လုပ်ပါ။ ပွင့်လင်းမြင်သာမှုနဲ့ လုပ်ပါ။ ကျွန်တော်တို့ အစိုးရက ကျွန်မတို့ အဖွဲ့အစည်းက ဘာအတွက် ဘယ်လောက် လှူပါတယ်။ ဘယ်အဖွဲ့အစည်း ဘယ်ဌာနမှ တဆင့် လှူပါတယ်ဆိုတာ အများပြည်သူသိအောင်လုပ်ပါ။"

မေလ ၁၁ ရက်နေ့ ညနေပိုင်းက ပုဇွန်တောင်မြို့နယ် NLD ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို တက်ရောက်ပြီး ရုံးခန်း ဖွင့်လှစ် ပေးချိန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းထဲကပါ။
RFA-Burmese
ပုဇွန်တောင်မြို့နယ် NLD ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားမှ ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း ကောက်နုတ်ချက် ပုဇွန်တောင်မြို့နယ် NLD ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားမှ ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း ကောက်နုတ်ချက် Reviewed by သစ်ထူးလွင် on 04:30 Rating: 5

7 comments:

တြိရတနာ said...

အမေစုစကား မိုးကြိုးသွားသို့ အပ်ဖြားမကျန် ထိမှန်လေ၏။ အများအကျိုး လိုရိုကျိုးလို့ အများမျက်စိ သူ့မှာရှိ၏။ ရင်တွင်းပူနာ သူ့မှာရှိလဲ အများရင်ပူ သူမျှယူ၏။ ရင်မှာပူမီး ဖွတ်မီးစီးစိမ် တလိမ်လိမ်နဲ့ ဒင်းတို့တင်းတိမ် နေနှိုင်ပါလိမ့်။ဂုဏ်ရှိန်ထွန်းတောက် ထက်အောက်ကမ္ဘာ လွန်စွာကျော်ဇော သူ့သဘောကား လွန်ကြွားမပို ဦးချိုးကကျိုး ၊ အိုးခွက်အကျန် လက်ခံစားသူ သို့ အမေ စိတ်ရင်း ဒေါ်စုစိတ်ရင်း ပြည်ရင်တွင်းသို့ ထိုးစိမ့်ဆင်းသည် ဒင်းပြည့်လျှက်အပူသည်တို့ ငြိမ်းကြစေသော်။

junethitsar said...

kyar ရေ မင်းကဗျာလေးကို အရမ်းကြိုက်တယ်။ အမေစုရဲ့ တိုင်းပြည်အပေါ်မှာထားတဲ့ မေတ္တာစေတနာတွေက တုယှဉ်နှိုင်းစရာတောင်မရှိပါဘူး။ ဒို့ကတော့ ကဗျာမရေးတတ်လို့ မင်းကဗျာလေးကိုပဲ ကူးလိုက်တယ်နော်။

"အမေစုစကား မိုးကြိုးသွားသို့ အပ်ဖြားမကျန် ထိမှန်လေ၏။ အများအကျိုး လိုရိုကျိုးလို့ အများမျက်စိ သူ့မှာရှိ၏။ ရင်တွင်းပူနာ သူ့မှာရှိလဲ အများရင်ပူ သူမျှယူ၏။ ရင်မှာပူမီး ဖွတ်မီးစည်းစိမ် တလိမ်လိမ်နဲ့ ဒင်းတို့တင်းတိမ် နေနိုင်ပါလိမ့်။ ဂုဏ်ရှိန်ထွန်းတောက် ထက်အောက်ကမ္ဘာ လွန်စွာကျော်ဇော သူ့သဘောကား လွန်ကြွားမပို ဦးချိုးကကျိုး အိုးခွက်မကျန် လက်ခံစားသူသို့ အမေ့စုစိတ်ရင်း ပြည်သူ့ရင်တွင်းသို့ ထိုးစိမ့်ဆင်းသည် ဒင်းပြည့်လျှက် အပူသည်တို့ ငြိမ်းကြစေသော်။" ချစ်ရတဲ့ အမေ ကျန်းမာပါစေ။

66koaungaungtun@gmail.com said...

သူငယ်ချင်းမင်းတော်ပါကွာ၊ရင်ထဲကကိုချီးမွမ်းတာပါ၊စိတ်ရင်းနဲပါကွ။

Kyaukme Shan said...

kyarေ၇ အဲဒီလိုကဗျာလေးတွေများများရေးတင်ပါကွာ။

kokomg said...

copy from

KYAR that is precious

"အမေစုစကား မိုးကြိုးသွားသို့ အပ်ဖြားမကျန် ထိမှန်လေ၏။ အများအကျိုး လိုရိုကျိုးလို့ အများမျက်စိ သူ့မှာရှိ၏။ ရင်တွင်းပူနာ သူ့မှာရှိလဲ အများရင်ပူ သူမျှယူ၏။ ရင်မှာပူမီး ဖွတ်မီးစည်းစိမ် တလိမ်လိမ်နဲ့ ဒင်းတို့တင်းတိမ် နေနိုင်ပါလိမ့်။ ဂုဏ်ရှိန်ထွန်းတောက် ထက်အောက်ကမ္ဘာ လွန်စွာကျော်ဇော သူ့သဘောကား လွန်ကြွားမပို ဦးချိုးကကျိုး အိုးခွက်မကျန် လက်ခံစားသူသို့ အမေ့စုစိတ်ရင်း ပြည်သူ့ရင်တွင်းသို့ ထိုးစိမ့်ဆင်းသည် ဒင်းပြည့်လျှက် အပူသည်တို့ ငြိမ်းကြစေသော်။" ချစ်ရတဲ့ အမေ ကျန်းမာပါစေ

nandar said...

အမေရယ်...အမေလို ဘယ်ဗိုလ်ချုပ်ကြီးမှမတောင်းဆိုပေးခဲ့ကြဘူး။ အမေလုပ်ပိုင်ခွင့်လေး ရတာလပိုင်းဘဲရှိသေးပါတယ်။ အမေကပြည်သူကို တန်ဖိုးထားတာသိရလေ သမီးတို့အမေကိုပိုလို့လေးစားရလေပါဘဲ။ အမေသက်တော်ရာကျော်ရှည်ပါစေ။

Lion King said...

အမေစုကျန်းမာပါစေ။
အမေစု လွှတ်တော်ထဲမှာ ဆွေးနွေးရင် တစ်နိုင်ငံလုံးက ၀န်ထမ်းတွေ (စစ်သားတွေအပါအ၀င်) ဟာ ပြည်သူ့ဝန်ထမ်းတွေဖြစ်တဲ့အကြောင်း၊ ပြည်သူက ကျွေး ပြည်သူ့အခွန် အတုတ်နဲ့ လစာပေးထားတာ ပြည်သူကို အလုပ်အကျွေးပြုရမှာ ဖြစ်တဲ့အကြောင်း ထည့်သွင်းဆွေးနွေးပေးပါခင်ဗျား။ ပြည်သူကို ညှင်းပမ်းနှိပ်စက်ဖို့၊ ပြည်သူ့ဆီက ရသလောက်ညှစ်ယူဖို့ ၀န်ထမ်းခန့်ထားတာမဟုတ်တဲ့အကြောင်း ထည့်သွင်းဆွေးနွေးပေးပါ အမေစု ခင်ဗျား။

Powered by Blogger.