NLD ပါတီဝင်လျှောက်ထားသူတွေနဲ့ ပါတ်သတ်၍ ရှင်းလင်းချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါတီဝင်အဖြစ် လျှောက်ထားတဲ့သူတွေဟာ တခြားပါတီဝင်တွေ ဖြစ်နေရင်လည်း ကန့်သတ်ချက်မရှိ လက်ခံမှာဖြစ်ပေမယ့် နိုင်ငံရေးပြစ်ချက် ကြီးကြီးမားမား ရှိနေသူတွေကိုတော့ လက်ခံမှာ မဟုတ်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။
 နိုင်ငံရေးပြစ်ချက်ဆိုတာဟာ အရင်က အင်န်အယ်လ်ဒီပါတီဝင်ဖြစ်ခဲ့ပြီး အများသဘောဆန္ဒကို ဖေါက်ဖျက်ခဲ့တာကို ဆိုလိုတယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။ 
 လောလောဆယ် NLD ပါတီဝင်ဖို့လျောက်ထားသူတွေထဲမှာ ၂၀၁၀ ကာလ တုန်းက ပါတီရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာပဲ ပါတီသစ်ထောင်ပြီးရွေးကောက်ပွဲဝင်ခဲ့တဲ့ ဒေါက်တာသန်းဝင်း၊ ဦးကြည်မြင့်တို့နဲ့ ပါတ်သက်ပြီး မှတ်ချက်တစုံတရာ မပေးနိုင်သေးကြောင်း၊ အဲဒီကိစ္စ အစည်းအဝေးထိုင်ပြီးမှ ပြောနိုင်မှာဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ရှင်းပြခဲ့ပါတယ်။
ဒီဗွီဘီ
NLD ပါတီဝင်လျှောက်ထားသူတွေနဲ့ ပါတ်သတ်၍ ရှင်းလင်းချက် NLD ပါတီဝင်လျှောက်ထားသူတွေနဲ့ ပါတ်သတ်၍ ရှင်းလင်းချက် Reviewed by သစ်ထူးလွင် on 17:25 Rating: 5

12 comments:

minsoeaung said...

အကြောင်းကြောင်းကြော့်င မိဘအိမ်ကထွက်ပေးတဲ့
ခလေးကိုမိဘတိုင်းကပ်ြနလက်ခံပါသည်။
မိဘစိတ်ထားတယ်။သဘောထားကြီးတယ်ဆိုရင်တော့
လက်ခံကြမယ်လို့ယုံကြည်ပါတယ်။

သစ္စာ said...

ဒီမိုကရေစီဆိုတာ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ် တချိန်က
ဆန့်ကျင်ဖက်ဖြစ်ခဲ့တဲ့ စစ်အစိုးရတွေနဲ့တောင်ဆွေးနွေးပြီး ညီညွတ်ရေးလုပ်နှိုင်သေးတာ ရည်မှန်ချက်တူပြီး လုပ်နည်းလုပ်ဟန် ကွဲလွဲခဲ့သူတွေက ပြန်လည်ပေါင်းစည်းဖို့
တောင်းဆိုမှုတွေကိုလဲ သေသေချာချာ ဆွေးနွေးပြီးညီညွတ်ရေး
တည်ဆောက်မည်ဆိုလျှင် ကိုယ့်အင်အားပိုကောင်းလာမည်ဆိုတာ
စဉ်းစားဆင်ခြင်စေလိုပါတယ် ။ အကျဉ်းထောင်အတွင်းမှာကျန်ရှိနေသေးတဲ့ ပါတီဝင်တွေ မတရားသဖြင့် ဖေါက်ခွဲရေးပုဒ်မတွေတပ်ပြီး နှစ်ရှည်ထောင်ဒါဏ်တွေကျခံနေကြရတဲ့သူတွေ ပြန်လည်လွတ်မြောက်ရေး နှင့် ပါတီတွင်ပြန်လည်ပူးပေါင်းဆောင်ရွက်နှိုင်ရေးတို့ကိုလဲ ဆောင်ရွက်ရန်တိုက်တွန်လိုက်ပါရစေ။
NLD ရဲ့ညီညွတ်ရေးမူ(၃)ရပ်ကို
ပါတီရဲ့ဗဟိုဦးဆောင်အဖွဲ့ကလူတွေ ကိုယ်တိုင်လက်ခံလိုက်နာ
ကြရန် သတိပေးလိုက်ပါတယ်(၁)ပါတီတွင်း ညီညွတ်ရေးသည်
ပထမ၊(၂)အင်အားစုများညီညွတ်ရေးသည် ပဓါန၊ (၃)တမျိုးသားလုံးညီညွတ်ရေးသည် အဓိက။ ပါခင်ဗျား။

Ukyawkyaw said...

ပြည်သူလူထုကိုအလုပ်အကျွေးပြုမည်ဟုဆုံးဖြတ်ပြီး၊ပါတီထောင် ရင်ခွင့်လွှတ်စိတ်၊နားလည်သီးခံစိတ်တွေရှိရပါမည်၊ငါတကောကောနဲ့၊ငါတို့ပြောသလိုမလုပ်လိုဆိုပြီးဘ၀မြင့်မာနကြီးလို့မရပါဘူး၊ဒီလိုလူ/ပါတီတွေဟာတချိန်မှာကျရှုံးသွားရပါလိမ့်မည်။ဒါကြောင့်ပါတီ ၀င်ဘို့မူတွေကိုချစ်ခင်စည်းလုံးမှုတွေအခြေခံသင့်ပါတယ်။

Guest said...

အရမ်းကောင်းတဲ့ အစီအစဉ် လေးပါ။ပူးသတ် တွေကို သတိထားပါနော်။

Thurein said...

ိမြန်မာတွေပာာ စည်းလုံးမှုမရှိတာတော်တော်ဆိုးပါတယ်။ လူ၂ယောက်ရှိရင် ၃ပါတီထောင်ပါတယ်။ ဒီ NDF ပာာ အခုချိန်မှာအားလုံး NLD နဲ့ဝင်ရောက်ပူးပေါင်းပြီး ခိုင်မာသော အတိုက်အခံအနေနဲ့ဖြစ်လာသင့်ပါတယ်။ ကျနော်လဲ ၂၀၁၀ တုန်းက NDF ကိုမဲပေးခဲ့ပါတယ်။ ဘာလို့လဲဆိုတော့အဲဒီတုန်းက NLD မပါတဲ့အတွက်ကြောင့်ရှိတဲ့ ဒီမိုကရေစီပါတီကိုပဲပေးခဲ့ရတာပါ။ NDF လွှတ်တော်မှာနေရာရတယ်ဆိုတာပာာ NLD ကိုဆင်တူရိုးမှားလုပ်တဲ့ ခမောက်တံဆိပ်ကြောင့်ပါ။ အဲဒါကို အခု NLD ပြန်လည်ထူထောင်တဲ့အချိန်ထိ ၀င်ရောက်ပူးပေါင်းခြင်းမရှိဘဲ ပာိုယောင်ယောင်ဒီယောင်ယောင်လုပ်နေတာတော်တော် စိတ်ပျက်စရာကောင်းလှပါတယ်။


အလုပ်သင်ဆရာဝန်ဆင်းမည့်သူများနှင့် ဆေးပညာလေ့လာလိုသူများအတွက် www.academicmedicines.blogspot.com

naughty boy said...

နိုင်ငံရေးပြစ်ချက် ဆိုတဲ့ စကားလုံးက တမျိုးဘဲ။

lwannaymie said...

NLD ပါတီခင်ဗျား...(ပါတီတစ်ခုဝင်ရင်၊တစ်ခုကထွက်ခိုင်းရမဲ့ ပေါ်လစီတော့ ထားပါ) ဒီလိုမဟုတ်ရင်နှစ်ဖက်ခွတွေတာများပြီး။ နိုင်ငံရေးခုတုံးလုပ်ခံ ရမယ်။ ပြည်သူဘဲနစ်နာမှာပါ။ ပြည်သူကယုံကြည်လို့မဲပေးထားတာပါ။

Topsidon21 said...

NLD ပါတီကို အတွင်းစည်းကနေ တိုက်ခိုက်ဖြိုခွဲမဲ့ အသားထဲကလောက်တွေ
ပါတီအမာခံမဖြစ်လာစေဘို့ရာ အရမ်းအရေးကြီးတဲ့အချက် တစ်ခုလို့
လက်ခံပါတယ်။
အားလုံးနဲ့အတူအေးချမ်းစွာလက်တွဲလုပ်ကိုင်နိုင်ပါလျက်နဲ့ မနာလိုဝန်တို
ယုတ်မာမဲ့ စည်းပြင်ပက အနှောက်အယှက်အဖျက်သမားကိုတော့အထူး
သတိထားဆင်ခြင်ပြီးမှလက်ခံလို့ရမယ် - ဆိုတာ ပါတီထိပ်သီးပိုင်းက ပုဂ္ဂိုလ်
တွေ အားလုံးသိပြီးသားပါ။
ဘယ်သူမဆို လာပါလာပါလို့လက်ယတ်ခေါ် သင့်မသင့်ဆိုတာ
အားလုံးစဉ်းစားစေလိုပါတယ်။

ဇာမဏီ said...

ကိုယ်ကိုတိုင်က ဘာမှဖြစ်မြောက်အောင်မလုပ်နိုင်ဘဲနဲ့ လေကန်
ဝေဖန်မနေကြနဲ့ဗျို့ ။ ပါတီတစ်ခုကို ညီညွတ်စည်းလုံးပြီး ခြောက်
ပစ်ကင်းသဲလဲစင်ဖြစ်အောင်လုပ်ဖို့ အသာထား ကိုယ့်အိမ်စီးပွား
ရေးနှင့် မိသားစု စည်းလုံးညီညွတ် အောင် အရင် ကြိုးစားကြည့်
လိုက်ကြအုံး ။ ကိုတတ်ပ တို့ရေ .............

HAN MYO said...

ကျေးဖူးတင်ပါတယ်naughty boy. ကျွန်တော်လည်းခင်ဗျားလိုမြင်မိတယ်။

sean said...

သူတို့ က နှတ်ထွက်သွားတာမှမဟုတ်ဘဲ.. ဒီအချိန်မှာ ခလေးအတွေးတွေနဲ့ မခေါ်တော့ဘူး .. မလာနဲ့လို့ပြောနေရမဲ့အချိန်မဟုတ်ပါဘူး..
ခေတ်တလျှောက်လုံးတိုက်ပွဲ ဝင်လာတဲ့သူတွေပါ..
၉၀ NLD ကတော့ တကယ့် ဒိတ်ဒိတ်ကျဲပါ.. ဆရာကြီးမင်းသုဝဏ်၊ မောင်သော်က၊ ဒေါက်တာအောင်ခင်ဆင့်၊ဦးအောင်ရွှေ၊ ဦးကြည်မောင်ဦးလွင်(ယနေ့ မရှိကြတော့ဘူး) သတ္တိရှင် ကြီးတွေ ဥာဏ်အမျှော်အမြင် ကြီးသူတွေ တထွေး ကြီးပါ..
ဦးကြည်မောင် ဆိုရင် ၉၀ ရဲ့ တကယ့် စစ်သူကြီးပေါ့...
အဲဒီလို ပြန်စုစည်းနိုင်ပါ့မလား...
ဇာဂနာ၊ ၈၈အဖွဲ့ တွေ သီးခြားနေပြီးတော့ အဝေးကဘဲ နှတ်နဲ့ အားပေးတယ်..
ဘာကြောင့်ပါလဲ..
ပြန်ဝင်လာတဲ့ ရဲဘော်ရဲဘက်တွေ ကို ရင်ဘတ်ကိုစောင့်တွန်းလိုက်သလိုပါဘဲ..

ဥုးရသ said...

မသိလို့ မေးပါရစေ ... NLDဟောင်း ( လသာမြို့ နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးကြီးမြင့်) ကို ကြ တော့ NLD ကပြန်ပြီး ဘာလို့ လက်မခံနိုင်ရတာလဲ သိတဲ့သူရှိရင် ဖြေပေးပါ...

Powered by Blogger.