လှိုင်သာယာရှိ Myint April အထည်ချုပ်စက်ရုံမှ အလုပ်သမများသည်မရမ်းကုန်းရှိ အလုပ်သမားညွှန်ကြားမှုဦး စီးဌာနရှေ့တွင် ယနေ့မွန်းလွဲ၃နာရီ ခန့်က ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြေ ကာင်း သတင်းရရှိသည်။ အလုပ်သမား ၆၀၀ ကျော်ရှိအဆိုပါစက်ရုံမှအလုပ်သမ
၃ပုံ၂ပုံခန့်သည်။
ဧပြီလလစာမှကျပ်၁၀၀၀၀ ဖြတ်တောက်ခြင်း၊ လစာဖြတ်တောက်မှုကို ပြောသည့်အခါ All Supervisor ဖြစ်သူဒေါ်နွယ်နွယ်ဦးက ရုန့်ရင်း ကြမ်းတမ်းသော စကားများဖြင့်ပြန်လည်ပြောဆိုခြင်းတို့ကြောင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း အဆိုပါစက်ရုံမှ အသက် ၂၇ နှစ်ရှိ မခင်ခင်လှိုင်ကပြောသည်။
အလုပ်သမားတစ်ဦးဖြစ်သည့်အသက်
၂၃ နှစ်ရှိမကြည်ကြည်ထွေးကလည်း “ကျွန်မတို့ လစာတိုးတောင်းတာ
မဟုတ်ဘူး၊ကိုယ်ရသင့်တဲ့ ဟာကိုပြန်ပေးဖို့တောင်းတာ ၊လကုန်ရင်အဲ့လိုပဲ
ဟိုကြေးဖြတ် ဒီကြေးဖြတ်နဲ့ လစာအပြည့်မရခဲ့ဘူး”ဟုပြောသည်။ ၂၀၁၁ ခုနှစ်သြဂုတ်လတွင် ကိုးရီးယားမှ လာရောက်ဖွင့်လှစ်သော အဆိုပါစက်ရုံတွင်ယခုအကြိမ်မ တိုင်မီ ဆန္ဒပြမှု လေးကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါအလုပ်ရုံ၏အလုပ်ချိန်သ ည် နံနက်( ၇ )နာရီမှ ည ( ၈ ) နာရီ အထိဖြစ်ပြီးအလုပ်သမားတစ်ဦး လျှင် အမြင့်ဆုံးလစာကျပ် ၅၈၀၀၀ ရရှိကြောင်းသိရသည်။
Popular Myanmar News Journal
ဧပြီလလစာမှကျပ်၁၀၀၀၀ ဖြတ်တောက်ခြင်း၊ လစာဖြတ်တောက်မှုကို ပြောသည့်အခါ All Supervisor ဖြစ်သူဒေါ်နွယ်နွယ်ဦးက ရုန့်ရင်း ကြမ်းတမ်းသော စကားများဖြင့်ပြန်လည်ပြောဆိ
အလုပ်သမားတစ်ဦးဖြစ်သည့်အသက
အဆိုပါအလုပ်ရုံ၏အလုပ်ချိန်သ
Popular Myanmar News Journal
Myint April အထည်ချုပ်စက်ရုံမှ အလုပ်သမများဆန္ဒပြ
Reviewed by သစ်ထူးလွင်
on
16:04
Rating:
8 comments:
အော် မြန်မာမြန်မာ ဒါ့ကြောင့်လည်းကျနော်တို့ပါ သူများနိင်ငံမှာကျွန်ခံနေရတာပေါ့ဗျာ..
အော် မြန်မာမြန်မာ ဒါ့ကြောင့်လည်းကျနော်တို့ပါ သူများနိင်ငံမှာကျွန်ခံနေရတာပေါ့ဗျာ..
ကျနော်တို့ နိုင်ငံမှာ အခြေခံလစာသတ်မှတ်ချက်မရှိလို့ အလုပ်ရှင်တွေရဲ့ဖိနှိပ် မတရားစေခိုင်းဒါ ခံနေရပီး ၊(human resource ) လူ့ အရင်းမြစ် မဖွံဖြိုးလို့ ဒီလို လုပ်အားခေါင်းပုံဖြတ်မှုတွေ ဖြစ်နေရတာဖြစ်မယ် ထင်ပါတယ်...
April မဟုတ်ဘူးထင်တယ်၊ Apperal = အ၀တ်အစားကိုဆိုလိုတာဖြစ်မယ်။http://dictionary.reference.com/browse/apparel
အလုပ်ရုံတခုပိတ်တိုင်းအလုပ်နေရာ ရာထောင်ချီပြီးပျောက်သွားနိုင်ပါတယ်။ မကြာခဏအငြင်းပွားနေကြမယ်ဆိုရင် အလုပ်ရုံတခုပြီးတခုပျောက်သွားနိုင်ပါတယ်။ ရလဒ်ကတော့ အလုပ်လက်မဲ့တိုးလာနိုင်ပါတယ်။ ဒါဆိုတိုင်းပြည်၇ဲ့နိုင်ငံရေးတည်ငြိမ်မူ စိုး၇ိမ် စရာဖြစ်လာနိုင်ပါတယ်။ အလုပ်သမားနဲ့အလုပ်ရှင် ကိုယ်ဆီလိုက်နာရမဲ့စည်းတွေကိုဥပဒေအနေနဲ.တိတိကျကျပြဌာန်းပေးဖို့လိုမယ်ထင်ပါတယ်။ ဒီနေ့ အလုပ်ရှင်ကိုအကာအကွယ်ပေးတဲ့ဥပဒေကိုမတွေ.မိသလိုဘဲ။ ဆိုရှယ်လစ်ခေတ်ကဥပဒေကများတယ်ထင်တာဘဲ။ ဆိုရှယ်လစ်ခေတ်မှာကုန်ထုတ်လုပ်မူမမြင့်မားတာလဲအများအသိပါ။
ခုဖြစ်နေတဲ့အလုပ်သမားပြသာနာမှာ ဒါလေးလဲစဉ်းစားစရာလို့မြင်ပါတယ်။ ဒါလေးကတော့ ကုန်ဈေးနူန်းမြင့်မားမူ တနည်းလူနေမူစရိတ်ကြီးမြင့်မူကြောင့်ဖြစ်ပါတယ်။ ရန်ကုန်မြို.ရဲ.နေထိုင်မူစရိတ်ဟာတိုးတက်တဲ့နိုင်ငံရဲ.မြို.တော်တွေရဲ.စ၇ိတ် နီးနီးလောက်ရှိနေပါတယ်။ စင်္ကာပူရဲ.စရိတ်နဲ.ယှဉ်ကြည့်လို.ရပါတယ်။ ကုန်ဈေးနူံးကျဆင်းလာမယ်ဆိုရင် ခုလက်ရှိလုပ်ခလစာနဲ.လုံလောက်အောင်နေထိုင်လို.ရလာနိုင်ပါတယ်။ အဓိက ကတော့လစာနဲ.နေထိုင်လို.မရလို.ဖြစ်ကြတဲ့ပြသာနာလေ။ လစာတိုးပေးရင်ကော်ပြသာနာကိုမရှင်းနိုင်ဘူးလား။ တစိတ်တပိုင်းတော့မှန်ပါတယ်။ ကုန်ပစ္စည်းတခုဟာဈေးကွက်ကသတ်မှတ်တဲ့ဈေးရှိပါတယ်။
ဲဒီဈေးကိုကျော်ပြီးေ၇ာင်းလို.မရပါဘူး၊ နောက်မြန်မာအလုပ်သမားတွေရဲ.ကုန်ထုတ်နိုင်စွမ်းကနိမ့်တော.ထုတ်လုပ်မူစရိတ်ကမြင့်သလိုဖြစ်သွားတယ်လေ။
နိုင်ငံခြားကကုန်မျိုးတူတခုကိုမြန်မာကထုတ်မယ်ဆိုရင်ဈေးကွက်ထဲရှိသူ.ပေါက်ဈေးကိုကျော်ရောင်းလို.မရဘူးလေ။ လစာတိုးမယ်ဆိုရင်ထုတ်လုပ်မူစရိတ်တိုးသွားပြီးဈေးကွက်ထဲကပေါက်ဈေးကိုယှဉ်နိုင်မလားဆိုတာစဉ်းစားလာရပါတယ်။ အရာရာကိုပြည်တွင်းမှာထုတ်လုပ်လာနိုင်မယ်ဆိုရင်၊ နိုင်ငံခြားကိုအမှီအခိုနည်းလာမယ်ဆိုရင်ကုန်ဈေးနူန်းကျဆင်းလာနိုင်ပါတယ်။ နယ်မြို.တွေမှာ ၃၅၀၀၀ ကျပ်လောက်နဲ.တလဝင်ငွေစားလောက်နေပါသေးတယ်။ အပိုသုံးစရာတော့မရှိဘူးပေါ့နော်။ အဓိက က တော့နေထိုင်မူစရိတ်သက်သာလို.ပါ။ ရန်ကုန်မှာလို ဘတ်စကားခ၊တက်စီခ၊ မလိုစက်ဘီးနဲ.အဆင်ပြေတယ်။ အလုပ်ခွင်ကလဲအဝေးကြီးမှာမဟုတ်ဘူးလေ။ ရန်ကုန်မှာလိုအလှအပ၊ ပကာဓနမလိုဘူး။ ဒါကြောင့်အခြားကုန်ကျစရိတ်လဲမရှိဘူး။ ဒါကြောင့် လစာနဲ.လောက်တယ်။ နေထိုင်မူစရိတ်နည်းလို.လစာနည်းပေမဲ့လောက်တယ်လို.ဆိုလိုချင်တာပါ။ အလုပ်ရှင်မှာလဲလစာတိုးပေးချင်မှာပါ၊ သူလဲသူ.အခက်အခဲရှိနိုင်ပါတယ်။ ဒီနေရာမှာနိုင်ငံခြားအလုပ်ရှင်ကိုမဆိုလိုပါဘူး။ သူ.တို.ကတော့အမြတ်တခုတည်းအတွက်ဒီကိုရောက်လာကြတာလေ။ အလုပ်သမားလစာနည်းနည်းပေးရလေသူ.တို.ကကြိုက်လေဘဲ။ စာနာစိတ်ရှိချင်မှရှိမှာပေါ့။ .................အများကြီးရေးချင်ပါသေးတယ်............
ဒါကတော့ အစိုးရသတ်မှတ်ချက်မရှိလို့ပေါ့
အလုပ်သမားတွေဘက်ကဘာတွေရပ်တည်ပေးလည်း
မလေးရှားမှာအခုဆို အခြေခံလစာသတ်မှတ်လိုက်ပြီ
operator တယောက်ကို ၉၀၀
မပေးမနေရ....
မြန်မာနိုင်ငံတွင် ဓါးပြ လိုင်စင်လျောက်၇န်မလိုပါ၊ စည်ပင်
လုပ်ငန်း လိုင် စင်သည် တ၇ားဝင်းသော ဓါးပြ လိုင်စင်
ဖြစ်ပါသည်။
ကျွန်တော်လုပ်ငန်း၇ှင်တယောက်ပါ။
u-click ပြောသွားတာ သဘောကျတယ်ဗျ လစာတွေတိုးပေးတိုင်း အဆင်ပြေပါ့မလား မြန်မာနိုင်ငံသားပိုင် စက်ရုံတွေဆိုရင်ဗျာ အခွန်ဆောင်ရတယ် ယိုးဒယားကလာတဲ့ကုန် ဥပမာ တာယာတွေ ဆိုင်ကယ်ကျွတ်တွေ အခွန်မဆောင်ရဘူး အောက်လမ်းကလာတယ် ကြာရင် စက်ရုံတွေ စရိတ်မတတ်နိုင်လို့ ပိတ်လိုက်ရမယ်ဆိုရင် အလုပ်လက်မဲ့တွေများလာမယ် အဲ့ဒါဆိုရင် သီးလေးသီး သီချင်းထဲကလို”မိန်းမလှတို့လမ်းပေါ်ပျော်တာ”ဆိုသလို မိန်းကလေးတွေ လမ်းပေါ်ေ၇ာက်ကုန်မယ်ဗျ အလုပ်သမားဘက်ကမလိုက်ပဲပြောတာမဟုတ်ပါဘူး ကျွန်တော်လဲလခစားပဲ လစာများတာဘယ်သူမကြိုက်ရှိပါ့မလဲ ဒါပေမယ့် အားနေ ဆန်ဒ ပြနေရင်တော့ဘယ်ကောင်းမလဲရေရှည်မှာ ဒီလိုအတိုင်းသာဆို အလုပ်ရှင်တွေဘက်ကလုပ်မှာတွေရှီတယ် ကျွမ်းကျင်ပဲခေါ်တော့မှာပေါ့ ဘယ်သူကမကျွမ်းကျင်ဘဲလစာပေးခိုင်းမလဲ ဒါဆိုလဲ အလုပ်လက်မဲ့တွေများလာမယ် လမ်းဘေးရောက်မယ် တိုးတက်လာတဲ့နီုင်ငံမှာ မြန်မာတွေဘာအလုပ်လုပ်နေလဲ အိမ်သာဆေးတယ် ၊အမှိုက်ကောက်တယ်၊ လမ်းဘေးရောက်နေတယ် ဆိုရင်ကောင်းမလား
Post a Comment