KIO ရဲ့ ဌာနချုပ်ရှိရာ လိုင်ဇာမြို့ |
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ ရှေ့မဆက်နိုင်တဲ့ တချိန်တည်းမှာပဲ နှစ်ဘက် တိုက်ပွဲတွေဟာ ဒီရက်ပိုင်းတွေအတွင်းမှ ပိုပြီးတော့ ပြင်းထန်လာနေတာပါ။ အခုလို ကချင်ဘက်မှာ ဖြစ်နေတဲ့ အခြေအနေတွေကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်ကို ထိုးစစ်ဆင်မှာ မဟုတ်ကြောင်း ပြောဆိုခဲ့တဲ့ ဒီရက်ပိုင်းတွေ အတွင်းမှာ KIO ဌာနချုပ် လိုင်ဇာဒေသမှာ သာမက ကချင်ပြည်နယ်က အခြား ဒေသတွေမှာပါ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက အစိုးရတပ်တွေဘက်က လိုင်ဇာမြို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ သလို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကလည်း ပန်ဝါမြို့အနီးက လုပိခေါ် အစိုးရရဲ့ နယ်ခြားစောင့် တပ်စခန်းတခုကို တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ အစိုးရဘက်က ရဟတ်ယာဉ်အသုံးပြုပြီး တိုက်ခိုက်ခဲ့ရတယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
အခုလို ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြင်းထန်လာတာတဲ့ အဓိကအချက်က ဘာကြောင့်လဲ လို့ မေးမြန်းရာမှာတော့ KIO ရဲ့ပြောရေး ဆိုခွင့်ရှိသူ ဦးလာနန်က အခုလို ပြောပါတယ်။
“အစိုးရစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုပြင်းထန်လာတယ်။ သူတို့ရဲ့တပ်တွေ ပိုပြီး အင်အားဖြည့်တင်းလာ တယ်။ အဓိက အချက်က အဲဒါပဲခင်ဗျ။ ခါတိုင်းသူတို့ တပ်စခန်းတွေမှာ အင်အား ၂၀-၂၅ပဲ ရှိတဲ့ နေရာမှာ အခုတော့ အယောက် တစ်ရာနီးပါး အင်အားဖြည့်ထားတယ်။ အရင်တုံးက ၆၀ မမပဲ ထားတဲ့နေရာမှာ အခု ၁၂၀ မမ တို့၊ ၈၁ မမတို့ လက်နက်ကြီးတွေ ဖြည့်ထားဖို့လုပ်တယ်။ နားဖော့စခန်းမှာ အယောက် ၃၀ လောက်ပဲရှိတယ်။ အဲဒီမှာ ရဟတ်ယာဉ်ခေါက်တုန့်ခေါက်ပြန်လုပ်တာ ၂၅ ကြိမ်လောက်ရှိတယ်။ လူအင်အားဖြည့်တယ်၊ လက်နက်ကြီး တပ်ဆင်ထားတယ်။ ဒီလိုမျိုးလုပ်တာဟာ KIO ဌာနချုပ်ကို မသိမ်းပါဘူးဆိုတာနဲ့ လုံးဝကွဲပြားမှုရှိတယ်ခင်ဗျ။”
လောလောဆယ်မှာ အစိုးရတပ်တွေက မြစ်ကြီးနား၊ ၀ိုင်းမော်၊ ရွှေညောင်ပင်၊ ဂန်ဒေါင်ယန် လမ်းကြောင်း၊ ဗန်းမော်- ဒေါ့ဖုန်းယန်လမ်းကြောင်း၊ ဗန်းမော်-ရှဒန်ပါ လမ်းကြောင်း စတဲ့ လမ်းကြောင်းသုံးကြာင်းကနေ လိုင်ဇာမြို့အနီးကို ချဉ်းကပ်လာနေတယ်လို့ ပြောပါတယ်။
ဒီလို ချဉ်းကပ်လာတာ လိုင်ဇာမြို့ကို လက်နက်ကြီးနဲ့ပစ်ခတ်နိုင်တဲ့ အကွာအဝေး ရောက်ပြီဆိုရင်တော့ အစိုးရဘက်က ထိုးစစ်ဆင်နိုင်တယ်လို့ ဦးလနန်က သုံးသပ်ပါတယ်။
“လွန်ခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်မှာ သူတို့ ဆက်တိုက်လို ပစ်တာမျိုးရှိတယ်။ ဒါပေမဲ့ ဒီနောက်ပိုင်းမှာ သူတို့ ဗဟိုဌာနကို လက်နက်ကြီး ချိန်ရွယ်ပစ်ခတ်တာ နားထားတယ်။ ဂန်ဒေါင်ယန်ကနေ ပြီးတော့ သူတို့ လက်နက်ကြီးပစ်တဲ့အခါမှာ ၁၀၅ မမ ဟောင်ဝစ်ဇာ ပစ်တဲ့အခါမှာ ဗဟိုဌာနကို မရောက်နိုင်ဘူးခင်ဗျ။ ဒါကြောင့် သူတို့က အဲဒီ ၁၀၅ မမ-ကို ဂန်ဒေါင်ယန်ကနေ အင်ဗွေယန်ကျေးရွာကို ဆွဲလာဖို့ လုပ်နေကြ တယ်။ အခု ၁၀၅-မမ ကတော့ ဂန်ဒေါင်ယန်ကနေ အင်ဗွေယန်ကို ဆွဲလာတာ တခု ရှိမယ်။ ဒေါ့ဖုန်းယန်-ခမ်းကိုင်ဆိုတဲ့ အဲဒီတောင်စခန်းမှာ သူတို့ အဲဒီမှာလည်း ၁၀၅ မမ ရှိမယ်။ နောက်ပြီးတော့ ဒီ ရှဒန်ပါ ဘက်မှာလည်း လက်နက်ကြီး ပြင်ဆင်ထားတာရှိတယ်။ အဲဒီ သုံးဘက်သုံးတန်ကနေပြီးတော့ အဆင်သင့်ဖြစ်တဲ့အခါမှာတော့ လက်နက်ကြီးနဲ့ ပစ်ခတ်ဖို့ အဆင်သင့်လုပ်နေကြတယ်။”
အစိုးရဘက်က လက်နက်ကြီးတွေ နေရာချထားဖို့ တောင်ကုန်းတွေကို တက်ရောက် ရှင်းလင်းသိမ်း ယူနေတာကြောင့် လိုင်ဇာအနီး ဒေသတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ဦးလနန်က ဆက်ပြောပါတယ်။
ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာတော့ လုပိစခန်းတိုက်ပွဲက ဆုတ်ခွာသွား KIA တပ်တွေကို အစိုးရ စစ်ကြောင်းတွေက လိုက်လံရှင်းလင်းရာမှာ လက်နက် ၁၄ လက်၊ အလောင်း၂၉ လောင်းနဲ့ KIA တပ်ဖွဲ့ဝင် တယောက် ဖမ်းဆီးရမိကြောင်းနဲ့ KIA က ဒေသခံရွာသူ ရွာသား ၃၄၅ ယောက်ကို ပေါ်တာအဖြစ် ဖမ်းဆီးသွားကြောင်း ဖော်ပြပါတယ်။
ဦးလနန်ကတော့ ကျဆုံးသူ အဲလောက်မများကြောင်းနဲ့ လူ ၃၀၀ ကျော် ဖမ်းဆီးတယ်ဆိုတာလည်း မဖြစ်နိုင်ကြောင်း ငြင်းဆိုပါတယ်။
KIA တပ်ဖွဲ့နဲ့ မြန်မာအစိုးရတပ်အကြားမှာ အခုလို တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ KIO ဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် လွယ်ဂျယ်မြို့နယ်အတွင်းမှာ တွေ့ဆုံဖို့ ဧပြီလ ၂၉ ရက်နေ့က ထပ်မံ ကမ်းလှမ်းခဲ့ပါတယ်။ ဒီကမ်းလှမ်းချက်ကိုတော့ အစိုးရဘက်က အခုထိ အကြောင်းမပြန်သေးပါဘူး။
ဧပြီလ ၁၇ ရက်နေ့က မြန်မာအစိုးရဘက်က မြစ်ကြီးနား သို့မဟုတ် ဗန်းမော်မှာ ဆွေးနွေးဖို့ ကမ်းလှမ်း တာကိုတော့ KIO က စစ်ရေးတင်းမာနေချိန် ဖြစ်တာကြောင့် မြစ်ကြီးနားနဲ့ ဗန်းမော်မှာ ဆွေးနွေးဖို့ ငြင်းပယ်ထားတာလည်း ဖြစ်ပါတယ်။
KIO နဲ့ ဦးအောင်သောင်းခေါင်းဆောင်တဲ့ အစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ သုံးကြိမ်ဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်။ လောလောဆယ် မှာတော့ နှစ်ဘက် ငြိမ်းချမ်းရေးဆွေးနွေးတာတွေ မပြေလည်သေးတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ပြေးဒုက္ခသည် ၆၀,၀၀၀ ကျော်ဟာ တရုတ်-မြန်မာနယ်စပ်နဲ့ ကချင်ပြည်နယ် အတွင်းက မြို့ကြီးတွေမှာ ခိုလှုံနေရဆဲဖြစ်ပါတယ်။
By ကိုမိုးဇော်-(ဗွီအိုအေ-မြန်မာပိုင်း)
KIO အပေါ် အစိုးရထိုးစစ် အရှိန်မြှင့်
Reviewed by သစ်ထူးလွင်
on
04:19
Rating:
14 comments:
တစ်ဖက်နှင့်တစ်ဖက်စဉ်မပြေတာတွေကိုညှီနှိုင်းအခြေရှာရပါမယ်။ကေအိုင်အေ/ကေအိုင်အိုအနေနဲ့သူတို့ဖြစ်ခြင်တာကိုဘဲပြောနေလုပ်နေလို့မဖြစ်ပါဘူး။တွေ့ဆုံရေးမှာသူတို့ဖြစ်ချင်တာကိုလိုက်လျောပြီးတဖက်နိုင်ငံမှာလုပ်ဆောင်ခဲ့ပြီးပြီ၊မြန်မာနိုင်ငံအတွင်းတွေ့ဆုံရင်ဒီဖက်ကငြိမ်းချမ်းရေးဖော်ဆောင်တဲ့အဖွဲ့အနေနဲ့ကိုယ့်ရဟတ်ယာဉ်နဲ့ကိုလာလို့ရတယ်၊တစ်ဖက်နိုင်ငံမှာလုပ်ဆောင်နေရရင်အလုပ်များတဲ့လူကြီးများအနေဖြင့်သွာဖို့လာဖို့အချိန်၊ငွေအခက်အခဲများရှီနိုင်ပါတယ်။ကိုယ့်မြန်မာပြည်ထဲမှာကတိက၀တ်လုံခြုံရေးစသည်တို့ကိုနှစ်ဖက်ညှီနှိုင်းပြီးငြီမ်းချမ်းရေးကိုဆက်လက်အကောင်အထည်ဖော်သင့်ပါတယ်။နှစ်ဖက်ညှီနှိုင်းလို့မရသမျှဒီဖက်ကစစ်ဆင်ရေးတွေဆက်လုပ်နေမှာပါဘဲ။အတ္တတွေကိုခ၀ါချပြီးဒေါ်အောင်ဆန်းစုကြည်ကိုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တည်းမှာထည့်ြ့ပီးဆက်လက်ညှီနှိုင်းဆောင်ရွက်ရန်တိုက်တွန်းလိုက်ရပါတယ်။
စစ်ဖြစ်နေရင်ကတော့ ကိုယ့်တိုးတက်မှုကို ဆုတ်ယုတ်အောင်လုပ်တာနဲ့တူတယ် နိုင်ငံသားအချင်းညှိနှိုင်ရမယ် တိုးတက်အောင်လုပ်ရမယ် အဲဒါမှ အမျိုးချစ်စိတ်ရှိသူအစစ်ဖြစ်နိုင်မယ်
KIA ဒုက္ခသယ်တွေရဲ့ အခွင့်အရေးတွေ အရမ်းကိုဆုံးရုံးနေတယ် ဆိုတာသတိထားပါ တိုင်းရင်းသားတွေရဲ့အပေါ်တကယ်ချစ်တယ်ဆိုရင်ပြုပြင်သင့်ပါပြီ
တနေ့ တနေ့ ဖတ်ရတဲ့ သတင်းတွေကြောင့် ၇င်ထုမနာခံစားရပါတယ်
အဖြစ်အပျက်အကြောင်းအရာတခုဟာ ဘယ်လိုပဲကျိုးကြောင်းခိုင်လုံလို့ လုပ်ရပါတယ်ပြောပြော တကယ်တမ်းတိုင်းတာရာမှာက လူသားတွေရဲ့ ရင်ထဲက ချမ်းမြေ့ မှု မချမ်းမြေ့ ကသာ လောကမှာ အရေးကြီးဆုံးပဲဆိုတာ ခံယူကျင့် သုံးမှသာ လူသားတယောက် အမှန်ဖြစ်ပါတယ်. လူတိုင်းလူတိုင်းနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ
ကချင်ပြည်နယ်မှာလာနေပြီးအကြောင်းစုံသိမှ KIA/KIO ရဲ့အကြောင်းကိုဝေဖန်တာကအကောင်းဆုံးဖြစ်ပါလိမ့်မယ် သူငယ်ချင်းတို့...
အစိုး၇ကဌာနချုပ်ကိုမသိမ်းဘူးလို့ပြောတာ။မတိုက်ဘူးလို့ပြောတာမဟုတ်ဘူး
သူပုန်မတိုက်၇င်ထိုင်၇ှိခိုး၇မှာလား။စစ်တပ်လဲမိသာစုတွေနဲ့စစ်သားတွေအိမ်
မှာအိပ်နေချင်တာပေါ့။ဦးလနန်တို့ တံတားမဖျက်အောင်၊မိုင်းမခွဲအောင်
ဆက်ကြေးမကောက်အောင်ပြည်သူ့တာဝန်ထမ်းနေတာကချင်အမည်ခံပြီး
အမျိုးတွေနဲ့သားသမီးပြည်ပပို့စစ်တိုက်တာတို်င်း၇င်းသားမျိုစုံ
ပြေးနေ၇တယ် ။ကချင်ဘဲမဟုတ်ပါဘူး။
KIA/KI တွေဟာအမှန်ပြောရရင်မိမိတိုင်းရင်းသားသွေးချင်းများကို လုံးဝ သနားညှာတာစာနာထောက်ထားခြင်းလုံးဝမရှိဘူးဆိုတာသူတို့လုပ်ရပ်တွေကို ကြည့်ရင်သိနိုင်ပါတယ်။ အပြစ်မရှိတဲ့ အရပ်သား၊ ၀န်ထမ်းတွေကိုတိုက်ခိုက် တာဟာ မွတ်စလင်နိုင်ငံတွေမှာရှိတဲ့ အစွန်းရောက်အကြမ်းဖက်သမားတွေနဲ့ အတူတူပါပဲ။ တနေ့က ဆဒုံးမြို့နယ်ခွဲမှာရှိတဲ့ ထွေ/အုပ်ရုံးကို ၀င်တိုက်လို့ အုပ်ချုပ်ရေးမှူးအပါဝင်လူများသေဆုံးပျောက်ဆုံးခဲ့ရတယ်။ အဲဒီလူတွေမှာ လက်နက်ဆိုလို့ အပ်တစ်ချောင်းတောင်မရှိဘူး။ ဒီလိုဘဲ လမ်းတံတားတွေ ဗုံးခွဲဖျက်ဆီးတာဟာ ဒေသဖွံ့ဖြိုးရေးကို ဖျက်ဆီးတာပဲ။ ဒီလမ်းတံတားတွေ အများဆုံးဘယ်သူသုံးသလဲ။ ကျွန်တော်တို့ ကချင်တိုင်းရင်းသားတွေအများဆုံးသုံးတာလေ။ KIA/KIO တွေ အနေနဲ့ မေးလိုက်ပါရစေ။ ခင်ဗျားတို့ တစ်သက်လုံးလမ်းတံတားတွေ လူထုအတွက် တည်ဆောက်ပေးဖူးပါသလား။ လုံးဝမလုပ်ခဲ့ဘူးဆိုတာ ကချင်လူထုအားလုံးသိပါတယ်။ ဖားကန့်ဘက်မှာလည်း သိန်းပေါင်းထောင်ချီပြီး ဆက်ကြေးတွေကောက်နေတယ်ဆိုတာလည်း ဒေသခံလူထုတွေအသိဆုံးပါ။မီဒီယာတွေကို တစ်မျိုးပြောပြီး လက်တွေ့ကျတော့ အကြမ်းဖက်ဖျက်ဆီးရေးကိုလုပ်ဆောင်နေတာ။ ရှင်းရှင်းပြောရင် KIA/KIO ဆိုတာ ကချင်ပြည်နယ်လွတ်မြောက်ရေးအတွက်လုပ်ဆောင်နေတာမဟုတ်ဘူး။ ကချင်လူထုကို နင်းပြားလို နင်းချေပြီး အာဏာတည်မြဲရေးအတွက် အကြမ်းဖက်လူသတ်ဓါးမြတိုက်လုပ်နေတဲ့ ခပ်ညံ့ညံ့အဖွဲ့အစည်းဆိုတာ ပေါ်လွင်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လိုပုဂိုလ်မျိုး၊ KNU လို အစဉ်အလာကြီးမားခဲ့တဲ့အဖွဲ့အစည်းတွေတောင်မှ လက်ရှိနိုင်ငံတော်အုပ်ချုပ်သူတွေနဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းစွာနဲ့ ကွဲလွဲချက်တွေကို ဖြေရှင်းနေတာ နိုင်ငံတကာအသိအမှတ်ပြုနေတာ၊ KIA/KIO က ဘာလဲ ဘယ်လဲ?
ကချင်ပြည်နယ်မှာအရင်တုံးကအင်မတန်အေးချမ်းပါတယ် ရာသီဥတုလည်းအလွန်မျှတပါတယ်ဒါပေမဲ့ ယခုဆိုရင်ပူလောင်ပြီးနေရထိုင်ရတာအလွန်ဆိုးဝါးပါတယ် ဒီလောက်ဖြစ်နေတာတာင် သစ်မောင်ခိုလုပ်ငန်းဟာဆက်လက်ပြီးအရှိန်အဟုန်မြင့်နေဆဲပါ။ KIA နဲ့အစိုးရတပ်စစ်ဖြစ်ပြီးကျေးရွာလူထုဟာကျေးရွာကိုစွန့်ပြစ်ပြီးလုံခြုံတဲ့နေရာရှောင်ပြေး KIA နဲ့အစိုတပ်ပူးပေါင်းပြီးအများပြည်သူနဲ့သက်ဆိုင်တဲ့သစ်တောတွေကိုတရုတ်ပြည်ပို့ စီးပွားရှာနေဒါကမကောင်းပါဘူး၊ ကိုယ့်အိပ်ဖောင်းဘို့ပဲဦးစားပေးနေတဲ့ နှစ်ဖက်စလုံးကလူကြီးလူကောင်းတွေကိုကျွန်တော်နားမလည်နိင်တော့ဘူးဗျား... ပြောလိုက်ရင်ဖြင့် ပြည်သူအတွက်
အပေါ်က Ko Nyo Khant ( Mdy university.) ဟာ ရူးများနေသလား။
အလုပ်များတဲ့လူကြီးတွေ - က ဘယ်သူတွေတုန်း။ တစ်နိုင်ငံလုံးကို ပြားပြားဝပ်နေအောင် အလုပ်များနေကြတာလား။ ပဋိပက္ခတွေ ညှိနှိုင်းဖို့တောင် အချိန် မရှိလောက်အောင်ပဲလား။ အရေးမကြီးဘူး ထင်လို့လား။
ငွေအခက်အခဲများရှိနိုင် - တယ်ဆိုတာက တကယ်လား။ လက်နက်တွေ ဝယ်ထားတဲ့ ဒေါ်လာ သန်းရာထောင်ချီတဲ့ ငွေတွေက ဘယ်ကလာတာလဲ။ စားဖို့မရှိ လျော်ဖို့ပဲရှိတဲ့ အထာမျိုး မလုပ်ပါနဲ့။
အတ္တတွေကိုခ၀ါချ - ဖို့က တစ်ဖက်သတ် ချလို့ရသလား။ မင်းတို့ပဲ လျှော့ကွာဆိုပြီး အချွန်နဲ့ထိုးဖို့ အသင့်ချိန်ပြထားရင် ဘယ်သူက ဘာလုပ်ရမှာလဲ။ တစ်ဖက်သတ် မရိုးမသား မပြောနဲ့လေကွာ။
ကေအိုင်အိုက ၁၀၀% မှန်တယ်ရယ်လို့တော့ ပြောလို့မရပါဘူး။ ဒါပေမယ့် ပြည်မဖက်က ယုံကြည်ရလောက်တဲ့ စကားတွေ ဘယ်တုန်းကမှ မပြောခဲ့တာ၊ သူတို့က ဘယ်လိုယုံကြည်ရမှာလဲ။
ကိုဇာဂနာပြောသလို သတောင်းစားက သဘောထားကြီးလို့ မရပါဘူး၊ သူဌေးကသာ သဘောထားကြီးလို့ ရပါတယ်ဆိုတာ စိတ်ထဲ ထည့်ထားပါ။ မဟုတ်ရင် စိတ်ဓါတ်စစ်ဆင်ရေး ဌာနကလိုလိုနဲ့ ကန့်လန့်ကန့်လန့် လာမလုပ်ပါနဲ့။
အစိုးရဘက်ကလည်း ဒီလိုထိုးစစ်ဆင်တာမကောင်းပါဘူး ကေအိုင်အိုကလည်းအလျှော့
ပေးသင့်တာပေးရမယ်.ကြားကပြည်သူတွေပဲခံရတာ.
နှက်ဖက်စလုံး အတိုက်အခိုက် အမြန်ဆုံးရပ်စေချင်ပါတယ် အခုဆိုရင် ဗန်မော် အနီးတ၀ိုက်ကရွာတွေမှာ စားကောင်းချင်မစားရ ညတွေမှာဆိုရင်ကောင်းကောင်းမအိပ်ရပါဘူး ညတိုင်းပြေးအိပ်နေရတယ် ဘယ်ကစစ်သားပဲဖြစ်ဖြစ် ရွာသားတွေကြောက်နေရတယ် ၊လယ်စပါး တွေလည်းရိပ်သိမ်းလို့ မရအောင် ဖြစ်နေပါတယ် စီးပွားရေးတွေလည်း ဘာလုပ်လုပ်အဆင်မပြေ လက်နက်ကိုင် နှစ်ဖက်စလုံး ပြည်သူတွေကို ငဲ့ကြည့်ကြပါ သနားကြပါ ။
စစ်ဖြစ်တယ်ဆိုတာ ဘယ်သူအတွက်မှ မကောင်းပါဘူး
သူခိုးကလူလိုဟစ်နေတယ်ဆိုတဲ့စကားပုံကြားဖူးလား...သိအောင်သေသေ ခြာခြာပြောမယ်မှတ်ထား...ငြိမ်းချမ်းရေးဆွေးနွေးဖို့ညှိနှီုင်းကြတော့ မင်းတို့ကချင်တွေဘဲတစ်ဖက်နိုင်ငံမှာဆွေးနွေးဖို့ချိန်းတာဘယ်နှစ်ခါလည်း။သုံးကြိမ်အထိတဖက်နီုင်ငံမှာဆွေးနွေးဖို့လိုက်လျောခဲ့တာမင်းသိလား...သတ္တိရှိရှိလုပ်ရတယ်ကွ..တံတားတွေဖျက်၊မိုင်းတွေခွဲနဲ့ဘယ်ကောင်တွေလုပ်နေတာလည်း၊ဒါလားကွကိုယ့်လူမျိုးကောင်းစားရေးအတွက်လက်နက်ကိုင်ပြီးတိုက်ပွဲဝင်တာ...မင်းတို့ကချင်သူပုန်ရှိတဲ့နယ်စပ်မှာသစ်တောတွေမရှိတော့ဘူးသစ်တွေခုတ်ရောင်းစားလို့ကုန်ပြီ...ဘယ်သူအကျိုးရှိသလည်းပြည်နယ်အကျိုးခံစားရရဲ့လား...အပေါ်က Aung Thu ရေးထား တာလေးကိုပြန်ဖြော်ပပေးလိုက်တယ်..သေသေခြာခြာဖတ်ကြည့်...နားမလည်ရင်ပြန်ရေးလိုက်..ငါပြန်ဖြေမယ်။KIA/KIO တွေ အနေနဲ့ မေးလိုက်ပါရစေ။ ခင်ဗျားတို့ တစ်သက်လုံးလမ်းတံတားတွေ လူထုအတွက် တည်ဆောက်ပေးဖူးပါသလား။ လုံးဝမလုပ်ခဲ့ဘူးဆိုတာ ကချင်လူထုအားလုံးသိပါတယ်။ ဖားကန့်ဘက်မှာလည်း သိန်းပေါင်းထောင်ချီပြီး ဆက်ကြေးတွေကောက်နေတယ်ဆိုတာလည်း ဒေသခံလူထုတွေအသိဆုံးပါ။မီဒီယာတွေကို တစ်မျိုးပြောပြီး လက်တွေ့ကျတော့ အကြမ်းဖက်ဖျက်ဆီးရေးကိုလုပ်ဆောင်နေတာ။ ရှင်းရှင်းပြောရင် KIA/KIO ဆိုတာ ကချင်ပြည်နယ်လွတ်မြောက်ရေးအတွက်လုပ်ဆောင်နေတာမဟုတ်ဘူး။ ကချင်လူထုကို နင်းပြားလို နင်းချေပြီး အာဏာတည်မြဲရေးအတွက် အကြမ်းဖက်လူသတ်ဓါးမြတိုက်လုပ်နေတဲ့ ခပ်ညံ့ညံ့အဖွဲ့အစည်းဆိုတာ ပေါ်လွင်နေပါတယ်။......ဟုတ်ပြီလား..သေခြာဖတ်..။
ထက်ယံက Ko Nyo Khant ( Mdy university.) ဆိုသာ သွက်သွက်ခါပြီထင့်ပါ့၊ ဆိုမနိုင်လေတော့ သယ်ရင်းများရဲ့ ဆိုသာတွေကိုပါ ကူးချလေတယ်။
ကေအိုင်အို ဆောင်လုပ်သာတွေကို မသိဟန်ပြုလေလား၊ ပြည်သူ့တပ်မတော်သား ဆိုသူသားတွေ မုဒိမ်းပြု လူသတ် ရွာပြာချသာတွေ မသိယောင်လေသလား မပြောတတ်ရလေ။
မြို့မန်းသာမှာနေလေသာ မရှက်သလား အမောင်ငယ်။ တို့ပြည်ရွာမြေလတ် နာလှတယ်။
green lover ဆိုတဲ့သူငယ်ချင်း..
ငါဟာ ကချင်ပြည်နယ်မှာမွေးပြီး ကချင်ပြည်နယ်မှာကြီးလာတဲ့ ကချင်ပြည်နယ်သားစစ်စစ်ပဲ။ ကေအိုင်အေ ဆိုတာ တံတားတွေဖျက်၊ ကားလမ်းတွေမိုင်းထောင်၊ လူတွေကိုဆက်ကြေးကောက်၊လူငယ်တွေကိုစုဆောင်းရေးဆွဲ စတဲ့ မကောင်းတဲ့လုပ်ငန်းတွေလုပ်တဲ့ ဆိုးယုတ်တဲ့အဖွဲ့အစည်းတစ်ခုပဲ။ ဘယ်နေရာမှကောင်းကွက်မရှိဘူး။ စဘော့ ချောင်းဖျားအရေးအခင်းဆိုတာ သူငယ်ချင်းကြားဖူးလိုက်လား..။ သူတို့ကို အစိုးရက ဘိန်းမှောင်ခိုလုပ်ပါတယ်လို့ စွတ်စွဲလိုက်လို့ သူတို့ဟာ ဘိန်းဆန့်ကျင်ရေးအဖွဲ့ပါဆိုပြီး အဲ့ဒီချောင်းဖျားမှာ ဘိန်းစွဲနေတဲ့သူ အယောက်ငါးဆယ်လောက်ကို ၀ါးစိမ်းတုတ်နဲ့ရိုက်သတ်ပြီး ချောင်းထဲကန်ချပြခဲ့တာ။ ...အဲ့လောက်ထိ လူမဆန်တဲ့စိတ်ဓါတ်တွေလည်းရှိတယ်။ ကောင်းကွက်ရှိတယ်ဆိုတာ မင်းသိရင်ပြောပြပါလား။ ကေအိုင်အေဆိုတာ ဟိုးအရင်က တရုတ်တွေငါတို့ကချင်ပြည်နယ်ထဲမှာ ဘိန်းကုန်ကူးဖို့၊ ကျောက်ခိုးတူးဖို့၊ သစ်ခိုးထုတ်ဖို့ နယ်မြေဆူပူအောင် လက်နက်ထောက်ပံ့ပေးပြီး ကချင်ပြည်နယ်လွတ်မြောက်အောင်လုပ်ကြ လို့မြှောက်ပေးထားတဲ့ ကချင်အဖွဲ့အစည်းတစ်ခုပဲ။ သူငယ်ချင်းမယုံရင် စုံစမ်းကြည့်လိုက်..ကေအိုင်အေ တပ်မဟာမူးအများစုဟာ ကချင်နာမည်ခံထားတဲ့ တရုတ်တွေချည်းပဲ။ ...
ဝိ၀ါဒ ကွဲနေသော မိတ်ဆွေများသို့ ပန်ကြားချင်ပါတယ်....... KIA/KIO ဆိုတာလဲ လူတွေနဲ့ဖွဲ့စည်းထားတာပါပဲ..... အစိုးရစစ်တပ် ဆိုတာလဲ လူတွေနဲ့ဖွဲ့စည်းထားတာပါပဲ...... ဒီလိုလူတွေနဲ့ ဖွဲ့စည်း တည်ထောင်ထားတဲ့ လူ့အဖွဲ့အစည်းမှာ စိတ်ရင်းကိုယ်တူ ညီမျှတဲ့လူဆိုတာ အရင်ကလည်းမရှိသလို နောင်ဆိုတာလဲ ဖြစ်မလာနိုင်ပါဘူး.... ထို့နည်း တူစွာ ကောင်းတဲ့သူတွေကလည်း ဒုနဲ့ဒေးပါပဲ..... သို့သော်ငြားလဲ လူတွေအားလုံး လိုလားချင်ကြတာကတော့ ငြိမ်းချမ်းစွာ အသက်ရှင်သန် ရဖို့ပါပဲ... ဒီသတင်းတွေနဲ့ပါတ်သက်ပြီး ၀ိဝါဒကွဲနေသူ နှစ်ဖက်လူတို့ရဲ့ အတိုက်အခံ ပြောကြားချက်တွေထဲမှာတော့ နှစ်ဖက်လုံးက အမှန်တွေ ကြီးပါပဲ..... တစ်ခုပဲစဉ်းစားဆုံးဖြတ်လိုက်ပါ ဒီမှာတောင် လက်ချိုးရေတွက်လို့ရတဲ့ လူတွေ ၀ိဒါကွဲပြီး အတိုက်အခံ စကားစစ်ပွဲတွေ ဖြစ်နေခဲ့လျှင်..... လူအများ လက်နက်အများကို ကိုင်ဆောင်ထားသော လူသားစုများဆိုလျှင်......?
အပြုသဘောနှင့်သာ ဆွေးနွေးခြင်းဖြစ်ပါသည်။
ကချင်ပြည်နယ်ရောက်ဖူးလား....မင်းကကော ဘာလုပ်ခဲ့တာလဲ...
KIO/KIA အကြောင်း အစိုးရ စစ်တပ်အကြောင်း ဘယ်လောက်သိလို့လဲလို့တော့ မေးခွန်းပြန်မထုတ်ဖို့တော့ မိတ်ဆွေတို့အား မေတ္တာရပ်ခံအပ်သည်။
အဲလိုတောင်းပန်ရင်းနဲ့ မေးခဲ့ရင်တော့....ကျွန်တော်ပြန်ဖြေမဲ့စကားကတော့..........မညယ်ကဘာ.......ပေါ့
Post a Comment