NDAK-BGF (PHOTO - KNG) |
ဧပြီလ ၂၇ ရက်နေ့မှ စတင်၍ ပန်ဝါအခြေစိုက်ထားသည့် နယ်ခြားစောင့်တပ် တပ်ရင်း ၁ဝဝ၂ တပ်ဖွဲ့များနှင့် အစိုးရ တပ်ရင်းတရင်းတို့ ပူးပေါင်းကာ KIA တပ်ဖွဲ့တို့နှင့် လုပိကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA ဘက်မှ အကျအဆုံး များပြားခဲ့သည့်အပေါ် ထိုအရာရှိက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“အမှန်က ကျနော်တို့က အမျိုးသားတွေ အချင်းချင်းပါ။ ညီအစ်ကိုတွေပါ။ ကျနော်တို့ ပန်ဝါဒေသက နယ်ခြားစောင့်တပ်
ဖြစ်တယ်။ နိုင်ငံတော်က ထောက်ပံ့နေတယ်။ နိုင်ငံတော်နဲ့အတူ လက်တွဲပြီး လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက်ကြောင့် ဒီဒေသ လုံခြုံအေးချမ်းဖို့ ကျနော်တို့က ဒီနေ့ဒေသကို အေးချမ်းအောင် ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်”ဟု မဇ္စျိမကို ပြောသည်။
“ကျနော်တို့လည်း ကိုယ့်အိမ် ကိုယ်နေရာဒေသနဲ့ နေတာ။ ကိုယ့်နေရာမှာ တပါးသူလာပြီး အိမ်ထောင်ဦးစီး လာလုပ် မယ်ဆိုတော့ ဒီက လက်မခံကြဘူး။ ကျနော်တို့က ကိုယ့်နေရာကိုယ် ကာကွယ်တဲ့ပုံစံမျိုးနဲ့ ကာကွယ်တာပါ။ ကျနော် တို့ ရှေ့ကထွက်ပြီးမှ ထိုးစစ်ဆင်တာ မဟုတ်ပါဘူး”ဟု သူက ဆက်ပြောသည်။
ကချင် ဒီမိုကရေစီသစ်တပ်မတော် NDAK မှ နယ်ခြားစောင့်တပ် တဖြစ်လဲ တပ်ရင်း ၁ဝဝ၂ မှ တပ်ဖွဲ့များနှင့် အစိုးရ၏ တပ်ရင်းတရင်းမှ ၁ဝဝ ကျော်တို့က အားဖြည့်ခဲ့သဖြင့် KIO ဘက်မှ အကျအဆုံးများပြီး ၎င်းတို့တပ်မှ နှစ်ဦးဒဏ်ရာ ရရှိသည်ဟု ဆိုသည်။
မေလ ၄ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် အမှတ် ၁ဝဝ၂ နယ်ခြားစောင့်တပ် ဌာနချုပ်ကို KIA က တိုက်ခိုက်ခဲ့ သည့် ဧပြီ ၂၇ ရက်နေ့မှ မေလ ၃ ရက်နေ့ထိ KIA ဘက်မှ လက်နက် ၁၄ လက်နှင့် တပ်ဖွဲ့အလောင်း ၂၉ လောင်းနှင့် တပ်ဖွဲ့တဦး ဖမ်းဆီးထားသည်ဟု ဖော်ပြထားသည်။
အစိုးရဘက်မှ တပ်သား နှစ်ဦး ကျဆုံး၍ အရာရှိ သုံးဦး အပါအဝင် ၁၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟုလည်း ဖော်ပြထား သည်။
ပန်ဝါဒေသကို KIO ဘက်မှ သိမ်းပိုက်ရန် ကြိုးစားနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သဖြင့် တရုတ်နယ်စပ်ဘက်
ဒေသခံ တချို့ ထွက်ပြေးတိန်းရှောင်ခဲ့ရာ တရုတ်အစိုးရဘက်က လက်မခံသဖြင့် မိမိနေအိမ်သို့ ပြန်လည် ရောက်ရှိ
နေကြပြီ ဖြစ်ကြောင်း နယ်ခြားစောင့်တပ်ဗိုလ်ကြီးက ပြောသည်။
တရုတ်-မြန်မာနယ်စပ် မှတ်တိုင် ၈ ရှိ စစ်ပြေးဒုက္ခသည်စခန်းအတွင်း ယခုရက်ပိုင်းအတွင်း စစ်ပြေးဒုက္ခသည်များ ထပ်မံဝင်ရောက်လာကြကြောင်း စစ်ပြေးဒုက္ခသည်များ ကူညီရေးကော်မတီ တာဝန်ခံ KIO အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။
“ဆဒုံးဘက် မှတ်တိုင် ၈ စခန်းဘက်မှာ နည်းနည်းထပ်ဝင်လာတယ်။ ဘယ်လောက်ဆိုတာ တိတိကျကျ မသိသေးဘူး။ တချို့က ဝိုင်းမော်ဘက် ဆင်းသွားတယ်လို့ ပြောတယ်။ တချို့က ဝိုင်းမော်ဘက်ကို မသွားဘဲ ဒီဆဒုံးဘက်ကို လာတယ် လို့ပဲ သိထားတယ်”ဟု မဇ္စျိမကို ပြောသည်။
အစိုးရနှင့် KIO တို့အကြား ၂ဝ၁၁ ခုနှစ် ဇွန်လမှ စတင်၍ တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ ယခုဆိုလျှင် ၁၁ လကျော် ကြာမြင့်လာပြီ ဖြစ်သည်။ နှစ်ဖက် ငြိမ်းချမ်းရေး သုံးကြိမ်တိုင် ဆွေးနွေးခဲ့ပြီးသော်လည်း တိုက်ပွဲများ မရပ်စဲဘဲ ပိုမိုပြင်းလာခဲ့သည်။
ဦးဆခုန်တိန့်ယိင်း ဦးဆောင်သည့် NDAK သည် ယခင်က KIO တပ်ဖွဲ့၏ တပ်မဟာ ၃ လက်အောက်ခံ ဌာနချုပ်
ဖြစ်ခဲ့ရာမှ နောက်ပိုင်း ဗမာပြည်ကွန်မြူနစ်ပါတီ-ဗကပ အဖြစ် လှုပ်ရှားခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလက အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ်သို့ ပြောင်းလဲခဲ့သည်။
ဖနိဒါ - ချင်းမိုင်(မဇ္စျိမ) ။ ။
မိမိဒေသကို ကာကွယ်ဖို့ KIA ကို ပြန်တိုက်ခိုက်ရဟု BGF ပြော
Reviewed by သစ်ထူးလွင်
on
04:03
Rating:
20 comments:
ဦးဆခုန်တိန့်ယိမ်းလည်းကချင်ပါဘဲ၊သူလည်းဘဲခေါင်းဆောင်တစ်ဦးပါဘဲသူတောင်ငြိမ်းချမ်းရေးယူနိုင်တာဘဲ၊ကျန်တဲ့ကေအိုင်အိုကဘာနေကြာင့်ငြိမ်းချမ်းရေးအျတွှက်ခေါင်းမာနေကြတာလည်းရှင်းပါတယ်၊လက်နက်မစွန့်နိုင်လို့ပါဘဲ။လူမျိုရေးကိုအကြောင်းပြပြီးလက်နက်ဆွဲကိုင်နေချင်တုံးပါဘဲ။
ကချင်ခေါင်းဆောင်ဆိုပြီးINTERNATIONAL မကြည့်ဘဲမျက်စေ့ပိတ်၊နားပိတ်
အသံကုန်ဟစ်တာပညာမဲ့လွန်းတယ်၊global village မှာအားလုံးသိတယ်
ခေါင်းဆောင်ဆိုတဲ့ကချင်၇ဲ့သားသမီးတွေပြည်ပမှာအမျိုးတွေပြည်ပမှာကချင်
ပြည်နယ်မှာတိုင်၇င်းသားအစုံနေတာမင်းတို့လူလယ်လုပ်နေတာ၇ပ်ပါတော့။
KIA/KIO ကိုဘဲငြိမ်းချမ်းရေးပြောနေတာ KIA စစ်အစိုးရနဲ့ငြိမ်းချမ်းရေးယူထားတာ ၁၇ နှစ်ကြာခဲ့ပါပြီ ဒီငြိမ်းချမ်းရေးကိုဘယ်သူကစတင်ဖျက်ဆီးခဲ့သလဲ ဥပမာ- ကိုယ့်အိမ်ကိုခဲနဲ့ပေါက်ပြီးမှအိမ်ရှေ့မှာရပ်၊ဓားထုတ် ၊ခုတ်ဖို့တခဲခဲလုပ်ပြီးမှငြိမ်းချမ်းရေးယူရအောင်ဆိုဘယ်အရှုးကလက်ခံမှာလဲ စဉ်းစားကြည့်ကြရအောင်
ဒေါက်တာဘမော်လည်း ဗမာပါပဲ။ လေးစားထောက်ခံသူလည်း အများအပြား ရှိခဲ့တယ်။ ဒါပေမယ့် ဂျပန်အောက်မှာ အဓိပဓိလုပ်လိုက်တော့ ဘာဖြစ်သွားသလဲ။
ခေါင်းမာတယ်၊ လက်စွဲကိုင်ချင်တုန်း ဟုတ်လား။
ခင်ဗျားအိမ် ကျုပ်လာခဲ့မယ်၊ လက်ထဲ သံပိုက်ချောင်းကိုင်ထားမယ်၊ ခင်းဗျားက ခေါက်ဆွဲစားတဲ့ တူကိုင်ထား။
ခင်ဗျားကို ကျုပ်ပါးရိုက်ပြီး ဒူးထောက်ခိုင်းမယ်၊ ပြီးရင် ခင်ဗျားလက်ထဲက အန္တရယ်ကြီးလွန်းတဲ့ ခေါက်ဆွဲစားတူတွေကို လွှတ်ချခိုင်းမယ်။
ပြီးရင် ခင်ဗျားကိုကျုပ် ဖနောင့်နဲ့ ထပ်ပေါက်မယ်။ ခင်ဗျားပိုင်တဲ့ ပစ္စည်းတွေ အားလုံးကို ကျုပ်ယူသွားမယ်။
ဘယ်လိုလဲ အဆင်ပြေလား။
နှစ်ဖက်လုံးမှာအပြစ်ရှိတာပါ။ မြန်မာစစ်တပ်ကလဲ ခေါင်းဆောင်ကြီး ပြောင်းသွားရင် သတ်မှတ်ချက်တွေလဲ ပြောင်းသွားရော။ ဂတိမှမတည်တာ။ တိုင်းရင်းသားလက်နှက်ကိုင်တပ်တွေကလဲ စစ်တိုက်တာဘဲသိတယ် နိုင်တာလဲမဟုတ်ဘူး ဘယ်နှယ်နှစ်ရှိပြီလဲ။ အဖွဲ့တွေကလဲတစ်ပုံကြီးဘဲ။ တစ်ဦးတစ်မျိုးစီ၊ သူတို့အချင်းချင်းတောင်မတည်ကြဘူး။ (အဖွဲ့အားလုံးရဲ့ ခေါင်းဆောင်ထားပြီး မြန်မာစစ်အစိုးရနဲ့ တစ်ခါထဲညှိပြီးနေပြီ။)
ကြားကမြန်မာနိုင်ငံကြီး စုတ်ပြတ်နေတာဘဲ အဖတ်တင်တယ်။ ပြည်သူတွေလဲ မွဲပြာကျနေပြီ။
ိ
နယ်ခြားစောင့်တပ်အားလုံးကို ချီးကျူးပါတယ်။ အမှန်တကယ် ကိုယ့်လူမျိုးကို ချစ်တယ်ဆိုရင် အခုလိုအလင်းဝင်ပြီး လက်တွဲလုပ်မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။ အခုလို KIA တွေ KIO တွေက လူမျိုးကိုအကြောင်းပြပြီးတော့ ကိုယ်ကြိုးကိုရှာနေတာပါ။ ပြောတော့ ကချင်လူမျိုးတွေအတွက်နဲ့။ လူမျိုးဗန်းပြပြီးတော့ ကိုယ်ကြိုးရှာတဲ့အဖွဲ့တွေကို ရှုတ်ချတယ်။
KIO ဆိုတဲ့ကောင်တွေဟာဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဘာမှမဆောင်ရွက်ခဲ့သလို ယခုအချိန်ထိလဲကောင်းမွန်တဲ့ရည်ရွယ်ချက်ဆိုတာမတွေ့ရသေးပါဘူး မိုင်းခွဲ၊ လူသတ်၊ဆတ်ကြေးကောက်၊ပေါ်တာဆွဲ၊တံတားချိုး ဒီလိုအောက်တန်းကျပြီး ကချင်လူမျိုးနဲ့ကချင်ဒေသပျက်ဆီးရာပျက်ဆီးကြောင်းတွေသာ အစဉ်အဆက်ဖန်တီးပေးနေတဲ့သူပုန်အဖွဲ့တွေသာဖြစ်လို့အမြစ်ပြတ်ချေမှုန်းသင်သင်ရှင်းလင်းပေးပါလို့လက်ရှိမြန်မာ့တပ်မတော်ကိုတောင်ဆိုပါတယ်..
အောင်စိုးဦးရယ် လွန်လှချည့်လားမောင်ရာ။
ဦးဇခုန်တိန်ယိန်းဟာ ကချင်ပြည်နယ်ရဲ့ သဘာဝအရင်းအမြစ်တွေကို အထူးလုပ်ပိုင်ခွင့်ရယူပြီး ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်လောက်တဲ့ လူတစ်ယောက်ပါ။ လွှတ်တော်အမတ် တစ်ယောက်အနေနဲ့ ကချင်လူမျိုးတွေအတွက် ဘာလုပ်ပေးနေလဲ စောင့်ကြည့်တာ ခံနေရသူုပါ။
ဘယ်သူ့ကိုမှ အပစ်မပြောလိုပါ........ ကျွန်တော့် အမြင်ကတော့ ဒီလိုမြင်တယ်....
စစ်တပ်နဲ့ ကေအိုင်အေ တို့ ငြိမ်းချမ်းရေးယူထားတုန်းက ကချင်ပြည်နယ်မှာ ဘာတွေများ ထူးထူးခြားခြား တိုးတက်ပြောင်းလဲလာသလဲ
ကချင်ပြည်နယ်မှာ နေကြတဲ့ တိုင်းရင်းသားဘဝတွေ ဘာများပြောင်းလဲခဲ့သလဲ ဘယ်အဖွဲ့ကများ အဲဒီဒေသမှာရှိတဲ့ တိုင်းရင်းသားတွေကို လူမျိုးမရွေး ဘာသာမရွေး ထိရောက်တဲ့အကူညီတွေပေးခဲ့ကြလို့လဲ
နှစ်ဘက်ခေါင်းဆောင်တွေကသာ ညှိပြီး မူးယစ်ဆေးဝါး ကား ၊ ဆိုင်ကယ် တွင်းထွက်ပစ္စည်း သစ် စတဲ့ ကုန်ကူးမှူ့ တွေကို လုပ်ခဲ့ကြတာမဟုတ်လား
ကျန်တဲ့ အောက်ခြေတပ်သား တွေက လမ်းမှာ ဓါးမြတိုက်လို ကုန်ကူးတဲ့သူတွေဆီကနေ ဆက်ကြေးတောင်းနေကြတာမဟုတ်လား
ခေါင်းဆောင်တွေ အဝေမတည့်တော့မှ ကေအိုင်အေက ဘာဖြစ်တယ် ညာဖြစ်တယ်.......... စစ်တပ်က ကတိမတည်ဘူး ဘာဘူးနဲ့ ထပြီးရန်ဖြစ်ကြတာမို့လား................
အောက်ခြေက နှစ်ဘက်သောတပ်သားတွေက ဘာမသိ ညာမသိ သိပြန်ရင်လဲ
ပြန်ပြောလို့မရလို့ မတိုက်ချင်ဘဲတိုက်နေကြရတာလေ........
နောက်ဆုံးတော့ ကျွန်တော်တို့ပြည်သူတွေ ပဲနစ်နာတာပါဗျာ.... နှစ်ဘက်သောတပ်ဖွဲ့တွေ ရွာတွေလာရင် ရွာသားတွေပေါ်တာဆွဲတာခံလိုက်ရ ........ ရိက္ခာဆိုပြီး ရွာသားတွေပိုင်တဲ့ ကျွဲ နွား ဆန်ယူသွားလိုက်... နဲ့ပါဗျာ
အဲဒီတော့ နှစ်ဘက်လုံး လက်နက်ချကြပြီး ငြိမ်းချမ်းတဲ့ ဒေသ နိုင်ငံကိုထူထောင်ကြပါတော့ဗျာ....... နှစ်ဘက်လုံးကို မေတ္တာရပ်ခံ ပါတယ်....
နှစ်ဘက်တပ်ရင်းတွေမှာရှိတဲ့ တပ်သားတွေသာ အထက်ကအမိန့်ကို မနာခံပဲ ( စစ်မတိုက်ပဲနေရင် ) အဲဒီခေါင်းဆောင်တွေ ငြိမ်းချမ်းရေးယူကြမှာသေချာတယ်...... အခုတိုက်နေတဲ့စစ်ပွဲမှာ ဘယ်သူတွေသေလဲ တကယ်တိုက်ရတဲ့လူတွေပဲ သေတာ
ဒုက္ခရောက်တော့ရော ပြည်သူတွေ နဲ့ တပ်သားတွေ.....
အပေါ်ကနေ လက်ညှိုးထိုး ပါးစပ်ကနေ ပြောနေတဲ့ခေါင်းဆောင်တွေက နိုင်ပြီ ၊ ငြိမ်းချမ်းရေးယူပြီဆိုရင် သူတို့ကအရင်ဆုံး ကောင်းစားတာပါ......... သူတို့စားလို့ ကျန်တဲ့ အရိုးအရင်းလေးတွေကို တစ်ဆင့်ချင်းစားရတာပါ နောက်ဆုံး တကယ်အနစ်နာခံ တကယ်အလုပ် လုပ်ရတဲ့ အောက်ခြေကလူတွေအတွက်ကျတော့......... ဘာမှမရှိပါဘူး...... အဲဒီတော့နှစ်ဘက်လုံးကို စစ်ဆက်မတိုက်ပါနဲ့လို့ အွန်လိုင်းကနေ ပြည်သူ့ဆန္ဒဖေါ်ထုတ်ပါတယ်.........
နိုင်ငံတစ်နိုင်ငံမှာစစ်တပ်တစ်တပ်ဘဲရှီတယ်၊ကျန်လက်နက်ကိုင်တွေကိုအမြစ်ပြတ်ခြေမှုန်းပြစ်ရမယ်။အချုပ်အခြာအာဏာကိုထိပါးတဲ့သူမှန်သမျှတိုက်ထုတ်ပြစ်ရမယ်ရှေးပဝေသနီထဲကကချင်ပြည်နယ်ဟာဒို့ဗမာဘုရင်တွေရဲ့လက်အောက်ခံဘဲဒို့ဗမာဘုရင်တွေရဲ့အာဏာဟာမဏိပူရအာသံ၊ဇင်းမယ်၊ထိပြိုင်စံရှားခဲ့တယ်။လက်နက်လူသူအင်အားမမျှလို့သူ့ကျွန်ဖြစ်ခဲ့ရတယ်။အင်္ဂလိပ်ကသွေးခွဲအုပ်ချုပ်ခဲ့လို့ဒို့နိုင်ငံအစိတ်စိတ်အမွှာမွှာပြိုကွဲခဲ့ရတယ်လွတ်လပ်ရေးရပြီးသည့်တိုင်စည်းစည်းလုံးလုံးညီညီညွတ်ညွတ်မနေခဲ့ရဘူး၊ဒို့ဗမာဘုရင်တွေကပထမ မြန်မာနိုင်ငံတော်၊ဒုတိယမြန်မာနိုင်ငံတော်၊တတိယမြန်မာနိုင်ငံတော်တွေအဖြစ်စည်းရုံးသိမ်းသွင်းနိုင်ခဲ့တယ်၊ဒို့ဗိုလ်ချုပ်အောင်ဆန်းကစတုတ္ထမြန်မာနိုင်ငံတော်အဖြစ်စည်းရုံးသိမ်းသွင်းနိုင်ခဲ့သလိုခုဒီမိုကရေစီမြန်မာနိုင်ငံတော်အနေနဲ့ ပဉ္စမမြန်မာနိုင်ငံတော်ကြီးဖြစ်အောင်သိမ်းသွင်းနေတယ်။အဲဒါကိုတိုင်းရင်းသားပေါင်းစုံကအသိစိတ်ဓါတ်ရှိရှိညီညီညွတ်ညွတ်နဲ့ပူးပေါင်းပါဝင်သင့်ကြောင်းရေးသားလိုက်ပါတယ်။
ကိုညိုခန့် (မန်းတက္ကသိုလ်) က
တို့ ဗမာဘုရင်တွေဆိုပြီးသမိုင်းကြေ င်း ပြန်လှန်နေလို့ ပြောချင်စ
ရာဖြစ်လာလို့ ပြောလိုက်ပါ့မယ်။တို့ ဗမာဆိုပြီး လူမျိုးရေးစကားလုံး
တွေ မပြောပါနဲ့ ။တို့ ဗမာဘုရင်တွေကကောဘယ်လောက်ကောင်း
ခဲ့လို့လဲ။သမိုင်းကိုပြန်ကြည့်ပါ ။စာအုပ်ထဲမှာရေးထားတဲ့ ဘုန်းတော်ဘွဲ့ တွေကိုဖတ်ပြီးဗမာကွလို့ 
စိတ်ကြီးဝင်မနေပါနဲ့ ။ကျွန်တော်လဲ ဗမာစစ်စစ်ပါပဲ ။ဒါပေမဲ့ တိုင်း
ရင်းသားတွေဘယ်လောက်ထိအနှိမ်ခံခဲ့ရတယ်ဆိုတာ ခင်ဗျား
ပြောတဲ့ ဘုရင်ခေတ်မပြောနဲ့ လွှတ်လပ်ရေးရပြီးကတဲကဒီနေ့ 
ချိန်ထိဘာတွေများတိုးတက်လာခဲ့ လဲ။အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေ
ဘာတွေလုပ်ဆောင်နိုင်ခဲ့လဲ ။သမိုင်းကဖြေပြီးသားပါ။ငြိမ်းချမ်း
ရေးလုပ်တယ်ဆိုတာလဲ နှစ်ဦးနှစ်ဖက်ရိုးသားပွင့်လင်းဖို့ လိုပါတ
ယ်။ငါက ဗမာပဲလူမျိုးကြီးပဲ ဒီကောင်တွေကတိုင်းရင်းသားလူနဲ
စုပဲငါ့ဘက်ကအသာစီးရမယ်လုပ်မယ်ဆိုတဲ့ ပုံမျိုးနဲ့ လုပ်နေရင်
တစ်သက်လုံးငြိမ်းချမ်းရေးမရဘူး။ခင်ဗျားမြန်မာပြည်ထဲကတိုင်း
ရင်းသားတွေနေတဲ့ ပြည်နယ်တွေကိုရောက်ဖူးလား။ သူတို့ က
ကျုပ်တို့ ဗမာတွေနဲ့ ပတ်သက်ရင်ဘယ်လိုခံစားသဘောထား
တယ်ဆိုတာ သိလား ။ရခိုင်တွေက ကျုပ်တို့ ကိုဘယ်လို ပြောလဲ
ရှမ်းတွေက ဘယ်လိုပြောလဲ၊ ချင်းတွေက ဘယ်လိုပြောလဲ၊ ကရင်တွေကကော ဘယ်လိုပြောလဲဆိုတာ အရင်ဆုံးသိအောင်
လုပ်ပြီးမှ တို့ ဗမာကွ ဆိုတဲ့ စကားကိုပြောပါလို့ ပြောလိုက်ပါရစေ။ဒီကနေ့ အချိန်ဟာ
ဒီမိုကရေစီဆိုတဲ့ စနစ်နဲ့ တိုင်းရင်းသားအားလုံးသာတူညီမျှဆို
စိတ်ထားနဲ့ ရှေ့ ဆက်သွားနေတဲ့ အချိန်မှာ အဲဒီလို စကားမျိုး
တွေ ကိုရှောင်ကျဉ်ပါလို့ အကြံပေးလိုက်ပါရစေ။
မစားရတော့တဲ့အမဲကို သဲနဲ့ ပက်လိုက်တာလားဗျာ
ငြိမ်းချမ်းရေးယူထားတဲ့ကာလတုံးကလဲ KIA ကရွာတွေမှာတိတ်တဆိတ်လူစုနေ
တဲ့သတင်းတွေရနေတာဘဲ၊ကိုယ့်လူမျိုးထက်ကိုယ့်အကျိုးကိုပိုလိုလားတာထင်ရှား
ပါတယ်။ဒါပေမဲ့လက်ရှိနဲ့လက်မဲ့၊အင်အားကြီးသူနဲ့အင်အားနဲသူလျော့သင့်တာ
လျော့ပြီးညှိနှိုင်းရင်ရနိုင်ပါတယ်။ဒီနေ့ခောတ်ကလူမျိုးကြီးဝါဒကိုစွန့်ပြီးအားနဲ့သူကို
ဖေးကုရမဲ့အချိန်ပါ။KIA ကလဲဘာအားကိုးနဲ့တိုက်နေတာလဲမသိဘူး၊အဲဒီအားကိုး
တာချေမှုန်းခံပြီးရင်ဘာဆက်လုပ်မလဲ။ခုကထဲကစဉ်းစားပြီးတိုက်ပွဲတွေရပ်သင့်ပါ
ပြီ၊ပြည်သူတွေအရမ်းနာနေပါပြီ။
နှစ်ဘက် ခေါင်းဆောင်တွေကလဲ ငြိမ်းချမ်းရေးကို နှစ်သက်ကြသူတွေ ဖြစ်မှာပါ။မတူညီတဲ့ သဘောထားနဲ့ နှစ်ဘက်ရဲ့သဘောထား ထောက်ခံမှူတွေကိုလဲ လှစ်လျူရှူ လို့ မရတာကြောင့်နေမှာပါ။အားလုံးသွေးစည်းဖို့ ပဲလိုတာပါ။လူလူချင်းပဲလေ။ဘယ်သူမှပိုမသာပါဘူး။အာဃာတတွေဖယ်ထားကြအောင်နော်။
Unknown..ရေ..သမိုင်းကြောင်းပြန်လှန်တာမဟုတ်ပါဘူးကိုယ်စာကိုအဆုံးထိဖတ်ပြီးအဆုံးထိဝေဖန်လေ...အပ်ါယံလေးဖတ်ပြီးအပေါ်ယံလေးမဝေဖန်ပါနဲ့မြန်မာနိုင်ငံကြီးဘယ်လိုဖြစ်ထွန်းပေါ်ပေါက်လာသလဲဆိုတာကိုသိအောင်နဲ့မြန်မာနိုင်ငံကြီးကိုဘယ်လိုစည်းရုံးသိမ်းသွင်းခဲ့သလဲဆိုတာသိလားနိုင်ငံတိုင်း..နိုင်ငံတိုင်း....လက်နက်နိုင်ငံဖြစ်အောင်လုပ်ရတယ်၊လက်နက်လူသူအင်အားရှိပြီဆိုမှတစ်နိုင်ငံလုံးတိုက်ခိုက်သိမ်းပိုက်ခဲ့ရတာ..အဲဒါကတပိုင်း...အုပ်ချုပ်သူတွေညံ့ဖျင်းလို့သူကျွန်ဖြစ်ခဲ့ရတယ်..ပြန်လည်တွန်းလှန်တိုက်ခိုက်တော့လက်နက်အင်အားမမျှဘူး..Divided Rule..နဲ့ခွဲခြားအုပ်ချုပ်ခံခဲ့ရတယ်သိလား..အဲဒါကတပိုင်း..လွတ်လပ်ရေးရပြီးတော့နိုင်ငံကိုမစည်းရုံးနိုင်တော့မစည်းလုံးတော့ဘူး..မစည်းလုံးတော့သူတလူငါတမင်းလုပ်ချင်တာလုပ်လာကြတယ်..ဒါကိုဘယ်လိုစည်းရုံးကြမလည်းဆိုတာစဉ်းစားကြဘို့ရေးထားတာဘဲ..ဒါကြောင့်စာကိုပြီးဆုံးအောင်ဖတ်ပြီးပြီးဆုံးအောင်ဝေဖန်ပိုင်းခြားပါ။စာများများဖတ်ပါ..
Ko Nyo Khant ( Mdy university.) said...
"နိုင်ငံတစ်နိုင်ငံမှာ စစ်တပ်တစ်တပ်ဘဲရှီတယ်၊ ကျန်လက်နက်ကိုင်တွေကို အမြစ်ပြတ်ခြေမှုန်းပြစ်ရမယ်။ အချုပ်အခြာအာဏာကို ထိပါးတဲ့သူမှန်သမျှ တိုက်ထုတ်ပြစ်ရမယ် ရှေးပဝေသနီထဲက ကချင်ပြည်နယ်ဟာ ဒို့ဗမာဘုရင်တွေရဲ့ လက်အောက်ခံဘဲ ဒို့ဗမာဘုရင်တွေရဲ့အာဏာဟာ မဏိပူရ အာသံ၊ ဇင်းမယ်ထိ ပြိုင်စံရှားခဲ့တယ်။ လက်နက်လူသူအင်အားမမျှလို့ သူ့ကျွန်ဖြစ်ခဲ့ရတယ်။ အင်္ဂလိပ်က သွေးခွဲအုပ်ချုပ်ခဲ့လို့ ဒို့နိုင်ငံ အစိတ်စိတ်အမွှာမွှာ ပြိုကွဲခဲ့ရတယ် လွတ်လပ်ရေးရပြီးသည့်တိုင် စည်းစည်းလုံးလုံးညီညီညွတ်ညွတ် မနေခဲ့ရဘူး၊ ဒို့ဗမာဘုရင်တွေက ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော်တွေအဖြစ် စည်းရုံးသိမ်းသွင်းနိုင်ခဲ့တယ်၊ ဒို့ဗိုလ်ချုပ်အောင်ဆန်းက စတုတ္ထမြန်မာနိုင်ငံတော်အဖြစ် စည်းရုံးသိမ်းသွင်းနိုင်ခဲ့သလို ခုဒီမိုကရေစီမြန်မာနိုင်ငံတော်အနေနဲ့ ပဉ္စမမြန်မာနိုင်ငံတော်ကြီးဖြစ်အောင် သိမ်းသွင်းနေတယ်။ အဲဒါကို တိုင်းရင်းသားပေါင်းစုံက အသိစိတ်ဓါတ်ရှိရှိ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းပါဝင်သင့်ကြောင်း ရေးသားလိုက်ပါတယ်။"
အကြိုက်ဆုံး စာသားလေးတွေပါ ၊ ဗမာ အမျိုးသားရေးဝါဒီ တစ်ယောက်ရဲ့ ရင်ထဲအသည်းထဲက ထွက်ယိုစီးကျလာတဲ့ စကားတွေဆိုတာ ယုံကြည်ပါတယ် ။ ကူးယူထားပြီး နောင်လာနောက်သားတွေကို စံနမူနာအဖြစ် လေ့လာစေသင့်တဲ့ တစ်ဖက်သတ် အတ္တစကား စစ်စစ်တွေပါပဲ ။
ဒီမှာတော့ ဝေဖန်ချက် သိပ်မပေးလိုတော့ပါဘူး ။ ကိုယ့်ဆီက ပေါက်ပေါက်ကျမှ ကိုယ့်သွေး ၊ သူတစ်ပါးလက်က လုယူစားသောက်ရတာမှ နတ်သုဒ္ဓာ ၊ "ငါ့"ရဲ့ အရင်းအမြစ်ကိုမှ မသိပဲ "ငါ ငါ ငါ" ဆိုသူမျိုးအတွက်လည်း ပြောလို့ထူးနိုင်မှာ မဟုတ်ပါဘူး ။ အချိန်ရမှသာ ဘလော့ပို့စ်တစ်ခု အနေနဲ့ တစ်စစီ ဆန်းစစ်ပြပါ့မယ် ။
တစ်ဖက်မှာလည်း "Unknown" ကိုလည်း ကျေးဇူးတင်ပါတယ် ။
ကေအိုင်အို ၊ ကေအန်ယူ ၊ အက်စ်အက်အေ ဆိုတဲ့ မြင်နေရတဲ့ အဖွဲ့တွေ ပျက်ပြုန်းသွားတာဟာ ရင်ထဲက အကြိတ်အခဲတွေ ပျောက်သွားတာ မဟုတ်ဘူးလို့ သဘာဝကျကျ မြင်နိုင်သူတွေ များလာပါမှ ငြိမ်းချမ်းရေးဆိုတာ ရလာမှာပါ ။ အလွယ်ဆုံးနဲ့ အတိုဆုံးတွးကြည့်ရင် - ရလာမှာနဲ့ ပေးဆပ်ရမှာတွေ တန်ရဲ့လားဆိုတာ ချင့်ချိန်သင့်ကြပါတယ် ။
မကြာခင် အချိန်တွေမှာ လက်ရှိ ဗဟိုကထိန်းချုပ်လို့ ခေါင်းပါးနေရတဲ့ အသိပညာပေါင်းစုံနဲ့ ဘက်ပေါင်းစုံက လက်တွေ့သတင်းမှန်တွေလည်း ပြန့်ပွားခွင့် ရှိလာမှာပါ ။ အဲဒီအခါကျ တဖက်သတ် သတင်းတွေကြောင့် အမြင်လွဲခဲ့တာတွေနဲ့ ကိုယ့်တစ်ဘို့ထဲ တွေးခဲ့တာတွေဟာ ပြန်ပြင်လို့ မရတော့တဲ့ ဝမ်းနည်းစ ရာတွေအဖြစ်နဲ့ပဲ ကျန်ရစ်ရပါလိမ့်မယ် ။
တိုင်းရင်းသားအားလုံး စည်းလုံးပြီး တိုးတက်ဖြစ်ထွန်းတာကိုပဲ လိုလားတယ်ဗျာ အရှင်းဆုံးပြောရရင် ကျွန်တော့်အမြင်မှာ တိုင်းရင်းသားလို့ ဆိုလိုချင်တာထက် လူလို့ပဲပြောချင်တော့တယ်ဗျ ဒါတွေက ပညာတ်ချက်တွေ ဒီပညာတ်ချက်တွေက ကျုပ်တို့ လူ့လောကကို ပျက်စီးအောင် ဖန်တီးပေးမှုအတွက် လောင်စာဆီတွေပဲ မိတ်ဆွေတို့ရ.... ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတဲ့ စိတ်ရင်းအစစ်အမှန်ရှိသူတွေက ဘယ်သူလဲလို့မေးရင် လက်နက်ကိုင်ပြီး တိုက်နေကြတဲ့ အောက်ခြေအဆင့်အတန်းတွေကလွဲရင် ဘယ်သူမှ မရှိပါဘူး... သူတို့မှာ ဘာပရိယာယ် ဘာမာယာ ဘာမဟာဗျူဟာမှကို မရှိဘဲနဲ့ ရိုးသားဖြူစင်စွာနဲ့ တကယ်လိုချင်ကြတဲ့သူတွေဘဲ... တောင်တန်း ပေါ်မှာ တိုင်းရင်းသား တစ်ဦးကို မေးကြည့်ဖူးတယ်.... မင်းတို့တိုင်းရင်းသားအဖွဲ့က ဘာဖြစ်လို့ စစ်မတိုက်ပဲနဲ့များ ဖွဲ့စည်းထားတာလဲလို့မေးတော့..... သူကပြောပါတယ်.... ဒီလိုငါတို့ကိုယ်ပိုင် လက်နက်ကိုင် အဖွဲ့အစည်းကမှမရှိရင် တခြားတိုင်းရင်းသားလက်နက်ကိုင်က ဗိုလ်လာကျမှာကို စိုးရိမ်ရလို့ပဲတဲ့..... သူပြောတာ သိပ်မှန်သွားတယ်... ဒီစကားကို သူမပြောခဲ့ခင် ယခင် ၂ နှစ်လောက်ကပဲ ဒီလိုရှိလျှက်နဲ့တင် တခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့သူ့နယ်မြေ သူ့လူမျိုးဧရိယာထဲကိုဝင်ပြီး အစိုးရ စစ်စခန်းတွေကို ၀င်တိုက်ခဲ့လို့ ရွာပေါင်း ၁၂ ရွာလောက်လဲ ပြာပုံမဲမဲ ဖြစ်ခဲ့ရပါတယ်.... အဲဒီရဲ့နောက်ဆက်တွဲကို ပြန်ကြည့်လိုက်တော့ တိုင်းရင်းသား တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြန်အလှန် ပြန်ပေးဆွဲ ဖမ်းဆီးကြပြန်ပါရောလား.... ဟော ၂ဖက်အဖွဲ့ ပစ်ခတ်တဲ့အထိတောင် ဖြစ်ပြန်ပါပေါ့လား... ဒါဟာ ဘာကိုစဉ်းစားကြည့် မလဲဆိုရင် ဘယ်လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းမှ အပြန်အလှန် ယုံကြည့်မှုဆိုတာ ထားမရတဲ့အပြင် ဘယ်တိုင်းရင်းသား အပေါ်မှလဲ နောက်ဆုံးတော့ အကြိုးသက်ရောက်မှု ထင်တိုင်းမပြုဘူးဆိုတာ တွက်စစ်လို့ရပြန်ပါပေါ့....
KIA ကိုကြာက်လို့ရှေ့တန်းမသွားရဲတဲ့တပ်ရင်းမှုး ၄ ယောက်ကိုလည်းထောင်ချပြီးပြီ၊ဗျုဟာမှုးတွေလဲ သုံးလေးယောက်သေပြီ အင်အားသောင်းဂဏာန်းဘဲရှိတဲ့ KIA ကိုမြန်မာပြည်မှာရှိရှိသမျှတပ်ရင်းတပ်မတွေနဲ့ထိုးစစ်ဆင်နေတာတောင်လိုင်ဇာမပြောနဲ့လီးဇာတောင်မကပ်နိုင်တဲ့ဗမာတွေ စောက်ရှက်လဲမရှိ ပြောတော့ KIA ကို ၁၀ ရက်နဲ့အပြီးတိုက်မယ်ဆိုပြီးအခု တစ်နှစ်တောင်ပြည့်တော့မယ် ဘယ်လိုလဲ ရဲဘော် အပြုတ်တိုက်မယ်ဆိုလည်းမြန်မြန်သာတိုက်ဟေ့ကျီးလန့်ဆန်စားရတာလဲကြာလာပြီ ကြည့်ရတာဗမာ့တပ်မတော်ကစစ်အသုံးစရိတ်မတတ်နိုင်တော့လို့ကချင်ပြည်နယ်မှာအင်အားလာလျှော့တာထင်ပါရဲ့အခုတစ်သောင်းကြော်သေပြီဆိုတော့အသုံးစရိတ်နည်းနည်းလျှော့သွားတာပေါ့ နိုင်ငံဖွံ့ဖြိုးရေးပိုလုပ်နိုင်ပါစေနော
ဟိုနယ်ခြားစောင့်တပ်ကိုအားပေးနေတဲ့ငနဲလည်းကြည့်ရတာစီးပွားရေးသမားထင်ထယ်
KIA ကိုကြာက်လို့ရှေ့တန်းမသွားရဲတဲ့တပ်ရင်းမှုး ၄ ယောက်ကိုလည်းထောင်ချပြီးပြီ၊ဗျုဟာမှုးတွေလဲ သုံးလေးယောက်သေပြီ အင်အားသောင်းဂဏာန်းဘဲရှိတဲ့ KIA ကိုမြန်မာပြည်မှာရှိရှိသမျှတပ်ရင်းတပ်မတွေနဲ့ထိုးစစ်ဆင်နေတာတောင်လိုင်ဇာမပြောနဲ့လီးဇာတောင်မကပ်နိုင်တဲ့ဗမာတွေ စောက်ရှက်လဲမရှိ ပြောတော့ KIA ကို ၁၀ ရက်နဲ့အပြီးတိုက်မယ်ဆိုပြီးအခု တစ်နှစ်တောင်ပြည့်တော့မယ် ဘယ်လိုလဲ ရဲဘော် အပြုတ်တိုက်မယ်ဆိုလည်းမြန်မြန်သာတိုက်ဟေ့ကျီးလန့်ဆန်စားရတာလဲကြာလာပြီ ကြည့်ရတာဗမာ့တပ်မတော်ကစစ်အသုံးစရိတ်မတတ်နိုင်တော့လို့ကချင်ပြည်နယ်မှာအင်အားလာလျှော့တာထင်ပါရဲ့အခုတစ်သောင်းကြော်သေပြီဆိုတော့အသုံးစရိတ်နည်းနည်းလျှော့သွားတာပေါ့ နိုင်ငံဖွံ့ဖြိုးရေးပိုလုပ်နိုင်ပါစေနော
ဟိုနယ်ခြားစောင့်တပ်ကိုအားပေးနေတဲ့ငနဲလည်းကြည့်ရတာစီးပွားရေးသမားထင်ထယ်
Post a Comment