ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်ပြီ -Hardline Myanmar vice president resigns, says report

ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး ကျန်းမာရေးကြောင့် ရာထူးမှ နှုတ်ထွက်သွားပြီပာု Reuters သတင်းဌာန၏ သတင်းအရ သိရှိရသည်။

 စင်္ကာပူ နိုင်ငံမှ ဆေးကုသခံယူပြီးအပြန် ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးမှ အနားယူလို ကြောင်း မေလ ( ၃ ) ရက်နေ့ကထဲက..သက်ဆိုင်ရာသို့တင်ထားကြောင်းလည်း သိရပါသည်။
Myanmar's Vice President Tin Aung Myint Oo sprinkles fragrant water at a plaque during the opening ceremony of a children's hospital in Yangon March 13, 2011.

Credit: Reuters/Soe Zeya Tun
 YANGON (Reuters) - A former top general close to Myanmar's retired dictator Than Shwe has resigned as vice-president, Burmese media reported, ending the hardliner's role in the reformist government.
Tin Aung Myint Oo, 61, submitted his resignation on May 3 for health reasons after returning from Singapore for medical treatment, the Myanmar language service of Voice of America reported on Sunday.
The report could not be immediately confirmed.
Tin Aung Myint Oo, a former four-star general, was one of two vice-presidents and considered a leader among hardliners in the year-old military-backed government that replaced the often-brutal junta who ruled for half a century.
Tin Aung Myint Oo graduated from the Defense Services Academy in 1970, becoming northeastern military commander near the Chinese border late 1990s.
He was promoted to Secretary-1 of the former junta in 1997, a year when the army rounded up hundreds of pro-democracy activists in Aung San Suu Kyi's National League for Democracy to prevent them from attending a party congress.
Suu Kyi and 42 other members of her party took their seats in parliament last week following a historic by-election in a year of dramatic reforms in the former British colony also known as Burma.
In 2009, Tin Aung Myint Oo was appointed military advisor to then-Senior General Than Shwe. He was elected to the lower house a year later as a candidate for the army-backed Union Solidarity and Development Party, and was quickly nominated as vice president by military delegates.
(Reporting by Aung Hla Tun; Writing by Jason Szep; Editing by Jeremy Laurence)
ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်ပြီ -Hardline Myanmar vice president resigns, says report ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်ပြီ -Hardline Myanmar vice president resigns, says report Reviewed by သစ်ထူးလွင် on 11:45 Rating: 5

73 comments:

Unknown said...

အမေစုကို..ဒုသမ္မတဖြစ်အောင်.၀န်းရံထောက်ခံကြပါစို့..အမေစုအတွက်နတ်ဒေ၀ါများကဖန်တီးလာတာ..အားလုံးဝိုင်းဝန်းပေးကြပါ..ဒါမှအလျင်အမြန်မြန်မာပြည်တကယ်တိုးတက်လာမှာမလွဲပါ...

R Pe 2 said...

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရင်ဖတ်ကြည့်လိုက်ပါဦး Unknow ရေ....

minsoeaung said...

အဘဦးတင်အောင်မြင့်ဦးကိုအတုယူကြပါ။မိမိဆန္ဒအရ
မလုပ်နိုင်လို့ထွက်စာတင်တယ်။ကျန်တဲ့ ၇၀ ကျော်
တွေလည်းထွက်ပေးသင့်ပါဘီ
မထုတ်ချင်ပါ
မိမိအသိစိတ်နဲ့ထွက်ပေးကြပါ
သတင်းစာမှာပါလာတယ် ၂ နှစ်ခလေး iq အမြင့်တွေ
ရှိတယ်။ ဒီလိုဘဲ အသက်ငယ်ပေမဲ့ တော် တတ်တဲ့သူ
တွေ နေရာပေးကြစေလိုပါသည်။
ပြည်သူကတော့မိမိတို့ဘဝ ဗိုလ်ကျနှိပ်စက်ခံရတာမ
ကြိုက်ပါဘူး။ နဝတ ခေတ်မှာ အမိန့်ပေးစနစ်အပြင်းထန်
ဆုံးလို့မြင်ပါတယ် ခုထိကျန်နေပါသည်
အစကောင်းဘို့လိုပါသည်။
ယခုခေါင်းဆောင်များက အနာဂတ်အတွက်လုပ်ပေးပါ။

nandar said...

အိုး good new,ကျေးဇူးပါဘဲ။ နောက်ထက်လဲ ထွက်ပေးကြပါဦး။

Lion King said...

ဒုတိယ သမ္မတ ဒေါ်အောင်ဆန်းစုကြည် အဖြစ်
အမြန်ဆုံးမြင်ချင် ကြားချင်ပါတယ်။

saw said...

ထွက်သွားတာကောင်းတယ်.ဒုသမ္မတနှစ်ယောက်ထဲက ဒေါက်တာစိုင်းမောက်ခမ်းကတော့ မဆိုးပါဘူး .ဦးတင်အောင်မြင့်ဦးကိုတော့ မကြိုက်ဘူး.စစ်တပ်ကလာတော့ စိတ်ဓာတ်က စစ်တပ်လိုမျိုး ပဲအုပ်ချုပ်ချင်နေတာ.ပြည်သူတွေကိုနားလည်ပေးနိင်တဲ့ သူမျိုးသာ ရာထူးကြီးကြီးပေးသင့်တာ.ဥပမာအမေစုလိုမျိုးပေါ့

myintkoko said...

ဒီအတိုင်းတော့မထွက်ပါနဲ့ အုံး
အကြွေးလေးတော့ဆပ်သွားကြပါအုံး

ကိုကိုကြီး said...

ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့် တော့ပျော်ဘီပေါ့ဗျာ..။ သူ ကြောက်ရတဲ့ (၈)လုံးကြီး..အနားယူတော့မယ်ဆိုတော့..။ ကောင်းတယ်ဗျို့.. အမေစုကို ဒုသမ္မတဖြစ်အောင် ၀ိုင်းဝန်းကြိုးပမ်းကြပါစို့

linn said...

လောလောဆည်အမေစု ဒုသမ္မတ မဖြစ်နိုင်သေးပါ။ တစ်ကယ်လို့သာ ဦးတင်အောင်မြင့်ဦး အနားယူသွားရင် လစ်လပ်သွားတဲ့ ဒုသမ္မတကို တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နုံးက ရွေးမှာဆိုတော့ တပ်နောက်ခံ ဗိုလ်ချုပ်တစ်ယောက်ပဲလာမှာပါ။ ပြီးတော့ ဒုသမ္မတ နေရာက လုပ်ပိုင်ခွင့် သိပ်မရှိပါ။ အမှန်ပြောရရင် ၀န်ကြီးလောက်လုပ်ပိုင်ခွင့်မရှိပါ။မယုံရင် ဒုသမ္မတ ဦးစိုင်းမောက်ခမ်းကိုကြည့်ပါ။ အမေစုနေနဲ့ဆို လောလောဆည် လွှတ်တော်ထဲမှာရှိတာ အစိုးရ အဖွဲ့ထဲကို ၀န်ကြီးတစ်ပါးအနေနဲ့ ၀င်တာထက်တောင်တိုင်းပြည်အတွက် ပိုကောင်းပါတယ်။ အမေစုရဲ့ နိုင်ငံရေးသြဇာအရ လွှတ်တော်ထဲမှာဆို တိုင်းပြည်အကျိုးရှိမဲ့ ဘယ်ကိစ္စမဆိုဆွေးနွေးနိုင်ပြီး၊ ၀န်ကြီးဖြစ်ရင် ကိုယ်ကိုင်တဲ့ ၀န်ကြီးဌာနတစ်ခုကိုသာ အပိုင်ကိုင်နိုင်မှာပါ။ (ဘယ်ဌာန မှမကိုင် ဘယ်လွှတ်တော်မှမတက်ဘဲ နိုင်ငံအနာဂတ်အတွက် အလွန်သြဇာလွှမ်းမိုးနိုင်သောသူများလည်းရှိတတ်ပါသည်)။ အမေစုကလည်းသူ ခက်ခက်ခဲခဲ ပြိုင်ပြီးရထားတဲ့ လွှတ်တော်အမတ်နေရာကို လွယ်လွယ်နဲ့ စွန့်လွှတ်ပြီး ၀န်ကြီးနေရာမယူဘူးလို့ အရင်ထဲက ပြောခဲ့ပြီးပါပြီ။ အဲတော့ အမေစုက လွှတ်တော်ထဲမှာပဲ ရှိမှာပါ။

PS ဦးတင်အောင်မြင့်ဦး အတွင်းရေးမှုး (၁)Secretary 1 လုပ်တာ တစ်ခါမှမကြားမိပါဘူး။ ကျွန်တော်အမှတ်မှားတာလဲဖြစ်နိုင်ပါတယ်။ အချက်အလက်အလွယ်တကူ ရှာလို့ မရတဲ့နေရာရောက်နေလို့ သိသူများရှိရင် ပြောပေးကြပါဦး။ တစ်ကယ်လို့ ဦးတင်အောင်မြင့်ဦး အတွင်းရေးမှုး (၁)မလုပ်ခဲ့ဘူးဘူးဆိုရင် အထက်ကရေးထားတဲ့သတင်းထဲမှာအမှားတွေပါနေတယ်လို့ ထောက်ပြချင်လို့ပါ။ အခုတော့ မသေချာတာကြောင့် အကူအညီတောင်းပါတယ်ခင်ဗျ။

hoh said...

အင်း....ဘယ်တော့လဲ့မသိဘူး?

la min said...

ကောင်းတော့ကောင်းတယ်......ဒါပေမယ့်.....အကွက်ဆင်ထားသလားအောင့်မေ့ရတယ်နော်.....သမ္မတ ..ဒုသမ္မတ ရွေးသွားတုန်းကလဲ အစီစဉ်တကျပဲ ...ဒီလူတွေ..အကွက်ရွှေ့တာ တော်တော်လေးတော်တယ်...ကျားကစားနေသလိုပဲ....ဒါပေမယ့် ပြည်သူတွေမှန်းလို့ရပါတယ်...ဖြစ်အောင်လုပ်တာကတော့ မိုက်တယ်ဗျာ....ဘာပဲဖြစ်ဖြစ် အမေစု ဖြစ်လာရင်တော့ အတိုင်းထက်အလွန်ပေါ့...စဉ်စားဖို့တော့လိုဦးမှာပေါ့ဗျာ ...!!!!

Anonymous said...

ဒီလူရဲ့ ပင်ကိုယ်စိတ်က သေတဲ့အထိ ရာထူးအာဏာကို ဖက်တွယ်သွားမယ့် စရိုက်ရှိသူပါ။
ဒီသတင်းကြားတာ ထူးတော့ ထူးတယ်။
သတင်းကောင်းပါ..။

ကေါင်းကေါင်း said...

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည်. နိုင်ငံ၏ခေါင်းဆောင်. လူထု၏ခေါင်းဆောင်ဖြစ်ပြီးသမ္မတသာလျှင်ဖြစ်သင့်ပါသည်. ဒုသမ္မတတော့မဖြစ်စေလိုပါ. ၂၀၁၅မှာပြည်သူကရွှေးချယ်တင်မြှောက်ပါလိမ့်မည်

Aung San said...

ဒါမှ ဒင်းကို အမှုစစ်လို့ရမှာ ထွက်ထွက်မြန်မြန်သာထွက်....ကော်မရှင်နဲ့လွတ်တော်ကလဲခွင့်ပြုလိုက်..
မင်းပြိးရင်ငါတို့အလှည့်ပေါ့ကွာ..နော်...သေနာကြီး.

akabikhu said...

သူတော်ကောင်းကြီး ဦးသိန်းစိန် ကျန်းမာပါစေ။

a said...

နိုင်ငံအတွက်သတင်းကောင်းပါ၊(သန်းရွှေလိုမဟုတ်ရင်ပေါ့)

aung said...

ဝလကလ(ဝေးလေကောာင်းလေ)

Acmv Org said...

သက်ဆိုင်ရာ ရယ်...
အဆင်အပြေဆုံးဖြစ်အောင်နုတ်ထွက်ခွင့်ပြုလိုက်ပါ။
ဒုသမ္မတ အဖြစ်နှင့် အောင်မြင်စွာ ပြီးဆုံးခြင်းအတွက် ဂုဏ်သိက္ခာရှိပါတယ်။

goldentiger.mhs said...

အဲဒီတော့
ကျုပ်တို့တိုင်းပြည်ဘာဖြစ်လာနိုင်မလဲ
ပိုကောင်းလာမလား
ပိုဆိုးသွားမလား
ဒီအချက်နဲ့ပဲတိုင်းတာပြီးအကောင်းအဆိုးသတ်မှတ်ရင်ကောင်းမယ်
ဘယ်သူပဲဖြစ်ဖြစ်ပေါ့

komyo said...

ဖြေးဖြေးလုပ်ကြပါ စိတ်မလောကြပါနဲ့ ဒုသမတ ထက်ပြည်သူကိုလုပ်ပေးနိုင်တဲ့
နေရာတွေရှိပါတယ် ရာထူးကအရေးမကြီးပါဘူး အမေစုက ရာထူးမက်မောတဲ့
သူမဟုတ်ပါဘူး သူထွက်တယ်ဆိုတာက အကြောင်းတခုထပ်ရှိနိုင်တယ် နိုင်ငံရေး လည့်ကွက်အများကြီးရှိတယ် တကယ်ထွက်စေချင်တဲ့သူတွေက မထွက်သေးဘူးနော် အဲဒါအရေးကြီးတယ် ပြည်သူနဲ့ တိုက်ရိုက်ဆက်ဆံရတဲ့
ဝန်ကြီး တွေကိုသေချာစီစစ်ပြီးလုပ်စေခြင်တာပါ။

a said...

မင်းရဲ့နောက်ကျသွားတဲ့နောက်ဆုံးအချိန်တွေမှာမင်းလုပ်ခဲ့တာတွေ(ဖြစ်နိုင်ရင်အသေးစိတ်)ပြန်မြင်ယောင်ပါစေကွာ။ဘယ်လိုလည်းဆိုတာသိစေချင်လို့ပါ။

aung aung said...

အမေစုက ဒုသမ္မတ နေရာနှင့် မသင့်တော်သေးပါ
သမ္မတကြီး ဖြစ်အောင် ပြည်သူများက ထောက်ခံအားပေးရမှာပါ
အဲဒါမှ တိုးတက်တဲ့ မြန်မာနိုင်ငံတော်ကြီး ဖြစ်လာမှာပါ

soegyi said...

ကောင်းတယ်

Anonymous said...

တစ်ယောက်တော့ သွားပြီ . . အောင်သောင်း၊ ဇော်မင်း၊ ကျော်ဆန်း၊ တင့်ဆန်း တို့ အုပ်စုပဲ ကျန်တော့တယ် . . မကြာမီ လာမည် မျှော် . . .

Aung Soe Oo said...

ဟုတ်ပါတယ် ဒါဟာလူမင်းဘုန်းကြီးနတ်မင်းမနေနိုင်ဆိုသလိုပါဘဲ တတိုင်းပြည်လုံးအတိုင်းအတာမဟုတ်ပေမယ့် ၀င်ေ၇ာက်ရွေးချယ်ယာဉ်ပြိုင်ခဲ့တဲ့ ၄၄နေရာမှာ၄၃နေရာအနိုင်ရတဲ့ အမေစုခေါင်းဆောင်တဲ့ပါတီကြီးအတွက်ပေါ်ပေါက်လာတယ်လို့ထင်ပါတယ် ၀ိုင်းဝန်းထောက်ခံအားပေးခြင်းဖြင့်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်ပူးပေါင်းဆောက်ရွက်ကြပါစို့.........

lwannaymie said...

မလုပ်ပါနဲ့ (Unknown)ရယ်။ အမေစု အဲဒီနေရာရမှ ပြည်သူတွေအိမ်မက် ပျောက်ပြီ။ နိုင်ငံတကာမှာ (နေရာဌာနကို ဥပဒေနဲ့ထိန်းထားတာပါ။ ဥပဒေကို လွှတ်တော်အမတ်တွေကရေးဆွဲတင်ပြရတာပါ။)
နိုင်ငံတစ်နိုင်ငံမှာ သမ္မတ၊တပ်ချုပ်၊ဝန်ကြီးချုပ်၊ဝန်ကြီး၊
ဘယ်လောက်ကောင်းနေ၊ရိုးသားနေပါစေ၊ ဥပဒေမရိုးသားရင် စုတ်ပြတ်သတ်သွားတာပါဘဲ။
(လွှတ်တော်အမတ်အများစုကောင်းရင် ပြည်သူကောင်းစားမည်။)

ohn maung said...

အမေစု လွတ်တော်ထဲရောက်ရင် ဒုသမ္မတတစ်ယောက်တော့ နေမကောင်းဖြစ် တော့မယ်ဆိုတာ ကြိုတွေးထား ပြီးသားပါ။ အမေစုဟာ ပြန်ပြီးမှတ်ပုံတင်တဲ့အချိန်မှာ ဒီအချက်တွေကို သမ္မတကြီးနဲ့ အပေးအယူလုပ်ထားပြီးလောက်ပြီ ထင်ပါတယ်။ ဒါပေမဲ့ အခုလောက် မြန်မြန်ကြီးနေမကောင်း ဖြစ်လိမ့်မယ်လို့တော့မထင်။ လစ်လပ်သွားတဲ့ ဒုသမ္မတ နေရာမှာ အမေစုထက်ပိုပြီးသင့်တော် တဲ့လူတခြား တစ်ယောက်မရှိနိုင်ပါ။ အမေစုလို ကမ္ဘာကျော် ခေါင်းဆောင် တစ်ယောက်ဟာ သာမာန်လွတ်တော်အမတ်ဆိုတာလောက်ထက် အများကြီးပိုထိုက်တန်ပါတယ်။ လွတ်တော်ထဲမှာရှိတဲ့ ပါတီပေါင်းစုံက အမတ်တွေကလည်း ၀ိုင်းဝန်းထောက်ခံပေးကြပါလိမ့်မယ်။ အမေစုမှာ မုန်းစရာ ဘာများရှိလို့လဲဗျာ။

လင်းယုန် said...

အမေစုက ဒုသမ္မတလောက်တော့ဘယ်တော့မှလုပ်မှာ မဟုတ်ပါ
ကုလသမဂ္ဂ ဥက္ကဌ လုပ်မှာ..........
မယုံရင် မင်းတို့ ပြည်သူတွေစောင့်ကြည့်နေပါ

Tinlatt said...

ကောင်းသော သတင်း မြန်မာပြည်အတွက် ဒို့ဧရာဝတီ အတွက် ကြိုဆိုကျေးဇူးတင်တယ်...

bowtaw said...

တင်အောင်မြင့်ဦးတော့ အခြေအနေ မကောင်းမှန်းသိလို့
လစ်သွားပြီ
ကျန်တဲ့သူတွေကော လစ်ဖို့ပြင်ထားပါ
မလစ်သေးရင်လဲ ပြုတ်တော့မှာ
ဂုဏ်ရှိအောင်လို့ စေတနာနဲ့ ပြောတာပါ

Ko Moe said...

လုံးဝထောက်ခံအပ်ပါသည်။

ဆုလာဘ် said...

မလုပ်နိုင် တာဝန်မထမ်းဆောင်နိုင်တော့ဘူးဆို၇င်ထွက်တာကောင်းပါတယ် တနေ၇ာလစ်လပ်သွားတာပေါ့ ကျေးဇူးတင်ပါတယ်

ကိုကို said...

မြန်မြန်သေအေးတာပဲ။

The Nature Myanmar said...

တစ်သက်လုံး နိုင်ငံသားတိုင်းရဲ့ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်လာတဲ့သူကို ဒုတိယနေရာ ယူစေချင်တာတော့ ကျနော်ဘ၀င်မကျပါဘူး...
နိုင်ငံတကာက ခေါင်းဆောင်တွေတောင် တကုတက လာတွေ့ ရတဲ့သူ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်လေ...မြန်မာ့ဒီမိုကရေစီရဲ့ မိခင်လေ...
ဂုဏ်ယူလိုက်စမ်းပါဗျာ...နိုင်ငံတကာမှာ BURMA/ MYANMAR လို့ ပြောလိုက်ရင် မသိချင်ကြဘူး...
ကျနော် တော်တော်စိတ်ဆိုးတယ်...
ငါတို့နိုင်ငံက သူများနိုင်ငံတွေ မသိလောက်အောင်ကို ဖြစ်သွားတာ...
ဘယ်နားမှာလဲတဲ့...
အဲဒီကောင်တွေကို ကျနော်ဆွဲထိုးပစ်လိုက်ချင်တာ...

DO YOU KNOW AUNG SAN SU KYI, THE LADY?
YES, OF COURSE.
SHE IS OUR LEADER. I CAME FROM THAT COUNTRY.
I'M MYANMAR.

Maung Maung Thein said...

တိုင်းပြည်ကို တိုးတက်စေဖို့ရာ
ဖြစ်လာတဲ့ အခြေအနေလား။
သို့မဟုတ်
တမင်ထွက်ပစ်လိုက်ပြီး တစ်မျိုး ကစားတာလား။
စောင့်ကြည့်ကြရမယ်

Unknown said...

ကြံ့ဖွတ်က ကိုကိုသူတော်ကောင်းကြီးတွေ ကိုယ်စီမံတဲ့ကျမ်း ကိုယ့်ပြန်ဆူးလေရော့သလား အရပ်ကတို့ ရေ။

zmt said...

မျှော်မှန်းသလိုဖြစ်လာမှာလား

kopar said...

ဆန္ဒကိုလေးစားပါတယ်၊အခြေခံဥပဒေအရ၊စစ်ဖက်က.ဦးတင်အောင်မြင့်ဦးတက်လာတာပါ.နောက်တစ်ယောက်ရွှေးချယ်ရင်စစ်ဖက်ကလာပါမည်။

wayratkhun said...

ဟုတ်တယ် အမေစုကို အားလုံးဝိုင်းဝန်ပေးကြပါ မည်သူမဆို ကောင်းအောင်ဖြစ်ချင်ကြတာတွေကြီးပဲ အမေစုပဲ လုပ်ပေးနိုင်မယ်လို့ယုံကြည်ပါတယ်

redlight said...

အင်း သောက်ရူးတွေပဲ။ ဟိုက ဘုရားတရားလုပ်ချင်လို့ စိတ်ကုန်လို့ ထွက်တာကို တကယ်သောက်ရူးတွေဘဲ။ အကုသိုလ် ဒီလောက်များတဲ့ မြန်မာဒုသမ္မတ နေရာမှ ကြိုက်တဲ့လူ တက်ခဲ့။ အစိုးရအဖွဲ့က စောင့်နေတယ်။

အောင်သက်ဦး said...

သိပ်ပျော်လိုက်တာ။

stone said...

သတိထားကြဟေ့  ကျနော်ကတော. ခေတ်စကားနဲ့ ပြောရရင်အာဏာရူးကြီးတွေ ဇယားရွှေ့ တာနော် တော်တော်နဲ့ အလျော့ပေးမယ်ထင်လို့ လားတဗိုလ်တက် တဗိုလ်ဆင်းနဲ့ ပြည်သူပိုင်ဆိုင်တဲ့ဟာတွေ ကိုနောက်တယောက်ထပ်ခိုးခိုင်းဘို.နေရာပေးတာဖြစ်နိုင်တယ်တိုင်းပြည်မှာလည်းဘာမှမကျန်တော့ ပါဘူးဗျာမလုပ်ကြပါနဲ့ ပြည်သူတွေအစားတောင်းပန်ပါတယ် ကတော့ပါသေးရဲ့ ။

stone said...

သတိထားကြဟေ့  ကျနော်ကတော. ခေတ်စကားနဲ့ ပြောရရင်အာဏာရူးကြီးတွေ ဇယားရွှေ့ တာနော် တော်တော်နဲ့ အလျော့ပေးမယ်ထင်လို့ လားတဗိုလ်တက် တဗိုလ်ဆင်းနဲ့ ပြည်သူပိုင်ဆိုင်တဲ့ဟာတွေ ကိုနောက်တယောက်ထပ်ခိုးခိုင်းဘို.နေရာပေးတာဖြစ်နိုင်တယ်တိုင်းပြည်မှာလည်းဘာမှမကျန်တော့ ပါဘူးဗျာမလုပ်ကြပါနဲ့ ပြည်သူတွေအစားတောင်းပန်ပါတယ် ကတော့ပါသေးရဲ့ ။

forall said...

အောင်တောင်းတို့၊ အရှည်ကြီးကျော်ဆန်းတို့အဖွဲ့ပဲကျန်တော့တယ်။ မင်းတို့ ကိုယ့်အသိစိတ်နဲ့ကိုယ် မြန်မြန်နုတ်ထွက်ကြ။
ဒါမှ တိုင်းပြည်အမြန် တိုးတက်မှာ...

ကိုဦး(ထားဝယ်) said...

ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကိုလည်း သေသေချာချာဖတ်ကြပါဦး..
ထင်ရာမြင်ရာလျှောက်ပြောမနေကြနဲ့လေ..

thatonthar said...

ရှစ်လုံလုပ်ထာတဲ့တရာမ၀င်တဲအလုပ်တွေဘယ်လိုဆက်လုပ်မှာလဲ.......
စိပွာရေလုပ်တာကသူကအမျာဆုံးလုပ်တာဆိုတော့စိတ်ပူလို့ပြောတာပါ

thatonthar said...

ရှစ်လုံကြီးအနာယူလိုက်ပြီးဆိုတော့.....သူရဲတရာမ၀င်စိပွာရေတွေဘယ်လို
လုပ်မှာလဲ.......ကျွန်တော်ကစိတ်ပူလိုပါ.......

hlatun said...

အမေစု က ပြည်သူ့ကိုယ်စားပြု အမတ်အနေဖြင့် တိုင်းပြည်ကောင်းစားရေး လွတ်တော်နိုင်ငံရေးလုပ်မှာ ဒုဆို မယားငယ်ကလွဲရင် ဘာရာထူးမှမကောင်းပါ။
လေ့လာကြပါ စာဖတ်ကြပါ။ စာမဖတ်ပဲပြောရင် အထင်သေးလိမ့်မယ် ကိုယ်ပြေတာ အသုံးမ၀င် အမှိုက်ရှုပ်တာသာဖြစ်လိမ့်မယ်။

mad dog said...

အမေစု က သမ္မတ သာ ဖြစ်သင့် ပါကြောင်း။။။။။။

Anonymous said...

ဦးခင်မောင်မြင့်က တော့ ပျော်မှာပေါ့ ကိုကိုကြီးရယ် ....... မဟုတ်တာ လုပ်တဲ့သူက ကြောက်မှာပဲ ..... သူ့ ရဲ့ မကောင်းတဲ့အကျင့်တွေကို အခြားသူတွေ သိရင် အရမ်းကောင်း မှာပဲ .........

ko ko Toke said...

ဘာပဲပြောပြော ဒီကိစ္စနဲ့ပတ်သက်လို့ တကယ် အတည်သေချာပြီဆိုရင်တော့ မြီု့တော်ဝန်ဦးသိန်းညွန့် လည်းဖော်မပြတတ်အောင်ဝမ်းသာနေလိမ့်မယ်...နောက်တခု ကဒီလိုဖြစ်အောင် ဆေးဖယောင်းတိုင် ထွန်းလိုက်တာမျာလား

ep said...

မောင်ခင်ညွန့်ကို မောင်ခင်ရွှေက လစာပေးခန့်သလိုမျိုး
်ရှစ်လုံး ကိုလည်း ထွန်းမြင့်နိုင်က ခေါ်ခန့်မှာပါ ---

ep said...

မောင်ခင်ညွန့်ကို မောင်ခင်ရွှေက လစာပေးခန့်သလိုမျိုး
်ရှစ်လုံး ကိုလည်း ထွန်းမြင့်နိုင်က ခေါ်ခန့်မှာပါ ---

thanhtike said...

..♫.♪..၀မ်းသာလွန်းလို့ မျက်ရည်များတောင်လည်ပါတယ်..♫.♪..

ဖိုးသား said...

အော် တို့မြန်မာတွေလဲ စဉ်းစာဥာဏ် အတော်နည်းကုန်ကြပြီပဲကို ဆန္ဒတခုကိုပဲရှေ့တန်းတင်နေကြရင်တော့ဖြင့် အနာဂါတ်အရေး ရင်လေးစရာပါ ဘယ်နေရာက ဘယ်လိုအရာရောက်ပြီး ဘယ်နေရာက ဘာတွေလုပ်နိုင်တယ်ဆိုတာလောက်တော့ သိကြသင့်တယ်ထင်ပါတယ်

ဇာမဏီ said...

တကယ်အနားယူသင့်တဲ့လူတွေက ကျော်ဆန်း ၊ တင့်ဆန်း ၊
ဇော်မင်း ၊ ဌေးဦး ၊ အောင်သောင်း ။ အဲဒီလူတွေပါ ။

Myanmarchitthu said...

အမေစုက သမ္မတဖြစ်လာတော့မှာ၊ မြန်မြန်ဖြစ်ပါစေလို့အမြဲဆုတောင်းနေမှာ အမေစုသမ္မတဖြစ်မှ တိုင်းပြည်လည်းချမ်းသာလာမှာ ရှေးရိုးစွဲဦးနှောက်တွေနဲ.နိုင်ငံတော်ကိုအုပ်ချုပ်လို့ကတော့ ဘယ်တော့မှတိုင်းပြည်တိုးတက်မှာမဟုတ်ဘူး၊ ပျော်လိုက်တာဗျာ တစ်ယောက်နုတ်ထွက်သွားလို့ ဒီလိုကိုယ့်အသိတရားနဲ.ကိုယ်နုတ်ထွက်သွားတာ နိုင်ငံအနေနဲ. ပြည်သူတစ်ရပ်လုံးက ကျေးဇူးတင်နေမှာပါ သီဟကြီးရာ

taw thar gyi said...

ဒုက္ခ...စာလဲမဖတ်..ဘာမှလဲ..မလေ့လာပဲ..ထင်ရာတွေစွတ်ပြောနေကြ
တော့တာပဲ..ဒါကြောင့်လဲ စစ်ခွေးတွေ သက်တမ်းကဒီလောက်ထိအောင် ရှည်
နေတာပေါ့..ဒီလိုဖြစ်အောာင်လဲ စစ်ခွေးတွေကဖန်းတီးထားတာပဲ..

M naw li said...

အုပ်ချုပ်ခံဆိုတာအုပ်ချုပ်သူထက်ဥာဏ်ရည်နိမ့်လို့ ပေါ့

ponenya said...

ဒီအဖိုးကြီးထွက်သွားတာကောင်းပါတယ်
ရုပ်ကို ကျက်သရေမရှိဘူး စားဘဲကြီးရုပ်နဲ့
ဘာကောင်းခဲ့လို့လဲ
ဖြစ်နိုင်ရင် ဒီဘဲကြီးကို စစ်ခုံရုံးမှာ တင်ထားချင်သေးတယ်
ထားလိုက်ပါ သူသေခံနီးနေပါပြီ

Theodo said...

ဟုတ်ပဗျာ။တကယ်ကိုထင်ရာမြင်ရာတွေ။ဒါကြောင့်လည်း
တန်ရာတန်ရာအစိုးရနဲ.ပဲနှစ် ၂၅ ၃၀ လောက်အုပ်ချုပ်ခံနေခဲ့ရတာ။
ကိစ္စတစ်ခုကိုတကယ်ကိုယ်လည်းနားမလည်ပဲနဲ.စိတ်ထင်ရာ
တရားလက်လွတ်တွေလျှောက်ပြောနေကြလိုက်တာများ
ဖတ်ရင်းနဲ.တောင်ရီချင်လာတယ်။ဒီအတွေးအခေါ်တွေနဲ.တော့ ဝေး
ပါသေးတယ်

kyaw said...

ဟုတ်တယ်ဗျို့ ထွက်သင့်တာကြာပြီ

ရာရာ said...

red light ဆိုတဲ့ကောင်ဟာ ရှစ်လုံးရဲ့ ဘယ်နံပါတ်အမြှောင်မယားသားလည်းမသိဘူးနော်..သူ့အဖေကိုထိတော့ တော်တော်ခံပြင်းပုံရတယ်။ ဘုရားတရားလုပ်ချင်လို့ထွက်တာတဲ့ဗျာ..။ သုနက္ခော ပါးစပ်က ဒေ၀တာ စကားထွက်တယ်လို့ပြောရမယ်..။ ချီးစားပြီးပြောတောင် ချီးကြိုက်လို့စားတာပဲဖြစ်မယ်..။

လူဆိုး said...

မင်းတို့အားလုံးအရူးတွေချည်းပဲ။အားလုံးကိုစိတ်ကုန်တယ်။

Thurein said...

ဒီလူကြီးထွက်သွားတာပဲကောင်းတယ်။ ရုပ်ကြီးကိုက စိတ်ပုတ်မယ့်ရုပ်ကြီး

www.academicmedicines.blogspot.com

MI 35 said...

ဘယ်သူတွေ ဘာပဲပြောပြော သူက ၈ လုံးကြီးဆိုတဲ့ဘွဲ့ ကို ဒူးနန့်ပြီး ရမလာတော့သေချာတယ်. တစ်ဘွဲ့ ပဲရရင်တောင် ကံကောင်းလို့ ဆိုပြီး ပြောလို့ ရတယ်၊ အပေါ်က မကောင်းပြောနေ တဲ့ကောင်တွေ နိုင်ငံအတွက် ကောင်းတာဘာများ လုပ်ခဲ့ဘူးလဲ ကိုယ့် ကို့ ကိုယ်ပြန်မေးကြည့်ပါ ။ မင်းဒို့ လို လဒူတွေကြောင့် စစ်အစိုးရက နှစ် ၂၀ ကျော်အုပ်ချုပ်ခဲ့တာ.. အခုလဲ စစ်အစိုးရခင်းထားတဲ့ လမ်းပြမြေပုံ (၇) ချက် မလွဲသေးတာကို ပြန်စစ်ဆေးကြည့်ရင် မင်းဒို့ဘယ်လောက် ဒူ ပြီး အူ နေလဲဆိုတာသဘောပေါက် ဟုတ်ပြီလား ;)

sinper 1986 said...

ထွက်သွားတော့လည်းကောင်းပါတယ် တစ်ယောက်နားအေးတာပေါ့

Anonymous said...

စည်းကမ်းရှိပါ၊ ညီညွတ်ကြပါ ...။

Anonymous said...

စည်းကမ်းရှိပါ ၊ ညီညွတ်ကြပါ ...။

myintmo said...

သူငယ်ချင်းတို့ရေ မင်းတို့အားလုံးလို့တော့ မပြောလိုပါဘူး ဟိုလူ့မကောင်းကြောင်းပြောလိုက် ဒီလူ့မကောင်းကြောင်းပြောလိုက် လုပ်နေတဲ့ မိုက်မိုက် ရိုင်းရိုင်းဘဲပြောလိုက်တော့ မယ် ဘာမှမသိ စဉ်းစားဌာဏ် မရှိတဲ့ သောက်ကောင်တွေ မင်းတို့အဲ့နေရာမျိုးရောက် ရင် အဲကောင်တွေထက် ပိုဆိုးမှာတော့အမှန်ဘဲ။သူများတာမကောင်းဘူး လိုက်ပြောနေတယ် ကိုယ်က ဘယ်လောက် များ ကောင်းနေလို့လည်း ပြည်သူတွေအပေါ မပြောနဲ့ မင်းတို့ မိသားစအုပေါကော ဘယ်လောက်ကောင်းဖူးလည်း ကိုယ့်ဟာကို ကိုင်ပြီးစဉ်းစား ကြည်ပါဦး ဗျာ။ သူများမျက်ခြေး ဘဲမြင်တက်တဲ့သောက်ကောင်သောက်ကောင်မလေး တွေရဲ့။သူများမျက်ခြေးပေတာအရင် အပြစ်မတင်နဲ့ ကိုယ်မှာများပေနေလား ဆိုတာ အရင်ပြန်ကြည့်လိုက် ပါဦးဗျာ။မကောင်းတာကတော့ မြန်မာလူမျိုး မှန်နေရင် မကောင်းတာများတယ်။အော်မြန်မာလူမျိုးထက် မြန်မာမှာနေတဲ့ လူမှန်သမျှဆိုရင်ပိုမှန်တယ် အဲဒါကြောင့်ကျွန်တော်တို့ ကိုကွယ်နေတဲ့ မြတ်စွာဘုရားတောင် အန္ဒိယ မှာသွားပွင့်တာဘဲကြည့် ဗျာ။ ကျေးဇူးတင် ပါတယ်။ ဘယ်သူ့မှဘက်မလိုက် ၊ ဘယ်သူ့အတင်း မှမပြောဘဲ ကိုယ့်ဘ၀အတွက် အာမခံချက်ပေး နိုင်မယ်သူကို သာရွေးချယ် ပေးကြပါလို့တော့ ပြောခြင်ပါတယ်။ အခု စစ်အစိုးရ မကောင်းကြောင်း ပြောနေကြတဲသူတွေကိုမေး ကြည့်ပါအုံး သူတိုတွေကော စစ်အစိုးရနဲ့ကင်း ဘူးရဲ့ လားလို့ ယခင် ကစစ်အစိုးရချပေး တဲ့စီမံကိန်းမှာအလုပ်လုပ် ရတဲ့ ပိုက်ဆံ နဲ့ စားပြီးကျေးဇူး ရှင် မဟုတ်တဲ ပိုက်ဆံရှိမှ ထမင်းစားလို့ ရရင် ထမင်းရှင် ကိုကျေးဇူးကန်းရင် ဒုက္ခ ရောက်လိမ့်မယ် နော်။ ကျေးဇူး မတင် ချင်နေပါ သွားပီးဝေဖန်မနေပါနဲ့  မင်းတို ဝေဖန်နေလို့ကော့ ဘာဖြစ်အောင်သွားလိုလည်း တစ်ခါမှလည်း မကြားမိဘူး။ အမေစုကိုဘဲကြည့်လေ ဘယ်မှာသူများကို အပြစ်တင်လည်း နောက်ပြီး တစ်ခါမှ သူများမကောင်းကြောင်းမပြောပါဘူး ဒါပေမဲ့ အချိန်တော့ ကြာသွားတယ် မျှတမူတော့ ရတယ် လေ။အမေစုဒေါသတွက် ရင်လည်း ထွက်လို့ ရတယ် အပြစ်ပြောခြင်လည်း ပြောလို့ရတယ်လေ ဘာလို့လည်းဆိုရင် သူကိုချုပ်နှောင်ထားတာကစစ်အစိုး ရလေ။ ဒါပေမဲ့ အမေ ဘယ်နှစ်ခါပြောလည်း ဘယ်နှစ်ခါဆဲ လည်းတစ်ခါမှ တော့ မကြားမိပါဘူး။ အမေစိတ်ထဲမှာကြိတ် ဆဲနေရင်တော့ မသိပါဘူး ဗျာ။ (မှတ်ချက်)---အမေစုလိုစိတ်ထား ပြီးနိုင်ငံတော် ကိုအကြိုးပြုကြပါလို့ မေတ္တာရပ်ခံ ပါတယ်။လူအခြင်ခြင်း အတင်းပြောလိုခြင်း ကင်းရှင်းကြပါစေ။လူအခြင်းခြင်း ရန်တိုက်ပေးခြင်း ကင်းရှင်းကြပါစေ။ကျေးဇူးတင်ပါသည်။------///------အမှန်တော့ ကျွန်တော်သည် နိုင်ငံရေး ကိုနားမလည် ပါ။ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းကို လေးစား မိတဲ့ကျွန်တော် ကတော့ ကျွန်တော်တို့ ပြည်သူတွေကို လမ်းပြပေးနိုင်သူ တရားမျှတမူပေးနိုင်သူ ဖြစ်တဲ့ အမေဒေါ်အောင်ဆန်းစုကြည်ကို သာ ပိုရ်ျလေးစားယုံကြည် အားကိုး ပါသည်။ အမေ ကဲ့သိုသော နိုင်ငံတော်ကို အကြိုးပြုနိုင်မဲ့ နိုင်ငံသားကောင်း များ ပေါထွက်လာပါစေလို့ စုတောင်း ပါတယ်။ အားလုံးကိုကျေးဇူးတင်ရှိ ပါတယ်

D Khit said...

ကိုသစ်ထူးလွင်ခင်ဗျား
redlight ဆိုတဲ့ ဘာမှအဆင့်အတန်းမရှိတဲ့ ကောင်မျိးတွေရေးတဲ့စာတွေကို ထည့်မပေးသင့်ပါ။ အခြားသောcomment ရေးသူများသိက္ခာကျပါတယ်။ ညစ်ညမ်းသော၊အောက်တန်းကျသောအသုံးအနုံးများကီုကြည့်ခြင်းအားဖြင့် အဲဒီကောင်ရဲ့အဆင့်အတန်းကိုသိနိုင်ပါတယ်။ရှစ်လုံးကြီးကတိုင်းပြည်ရဲအဆီအနှစ်တွေကိုမတရားစားနေတဲ့အချိန်မှာအရိုးအရင်းလေးကိုက်ရတဲ့စစ်အရာရှိငယ်တစ်ယောက်ဆိုတာသူ့စာကို ဖတ်ကြည့်ရုံနဲ့သိနိုင်ပါတယ်။တကယ့်ပြည်သူ့တပ်မတော်သားတွေကြားမှာ၊အဲဒီလိုအတွေးအခေါ်နိမ်ပါးတဲ့၊အလွန်တကိုယ်ကောင်းဆန်တဲ့၊လူဆိုး လူကောင်း၊ဘုန်ကြီး ရဟန်း မခွဲခြားတတ်ဘဲရှူးတိုက်တိုင်းကိုက်မဲ့ခွေးလိုကောင်မျိုး စစ်သားတွေရှိလို့ဒီစစ်အာဏာရှင်တွေ ဒီတိုင်းပြည်ကိုဒီလောက်အကြာကြီးအနိုင်ကျင့်ဂုတ်သွေးစုတ်နိုင်ခဲ့တာဘဲ။
ငါ တိုင်းပြည်အတွက် အနစ်နာခံထားရတာ ငါအာဏာရတုံး ဘယ်သူ့မှမကြွေးဘူး ငါရယ်၊ငါ့မိသားစုရယ်၊ငါတပြည့်လက်ပါးစေတွေရယ်ဘဲ ဒီတိုင်းပြည်ရဲ့ကောင်းတာမှန်သမျှ ငါတို့ယူမယ် စားမယ်၊ဘယ်သူတွေငတ်ငတ် ဘယ်သူတွေသေသေဆိုတဲ့စိတ်ဓါတ်ရှိတဲ့အာဏာရူးကြီးအတွက်မှန်မှန်ကန် ကန် ရိုးရိုးသား သားဝေဖန်တဲ့လူတွေအပေါ်ဒီလောက်ဒေါသတကြီး ဖြစ်နေတဲ့စိတ်ဓါတ်အဆင့်အတန်းအောက်ကျလွန်းတဲ့ကောင် မျိုးရေးတဲ့comment ကိုနောက်နောင်ထည့်မပေးဘို့မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား။

-------------- said...

ရန်-မန်း အမြန်လမ်း DE လည်းပျော်မှာပါ ဆက်ကြေးပေးရတာ တစ်ယောက်ရော့သွားလို့

ပြည်ချစ်သူ said...

ခုလိုပဲ မကောင်းတဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက်ထွက်သွားကြရင် နိုင်ငံကောင်းလာမှာပါ....။ နောက်တက်မယ့်လူတွေလည်း ကောင်းဖို့လိုတာပေါ့ဗျာ..။

Powered by Blogger.