H-Pole ကွန်ကရစ်ဓာတ်တိုင်အမှတ်(၂၄၉)ဖျက်စီးခံရ

H-Pole ကွန်ကရစ်ဓာတ်တိုင်အမှတ်(၂၄၉)ဖျက်စီးခံရပုံကို တွေ့ ရစဉ်

H-Pole ကွန်ကရစ်ဓာတ်တိုင်အမှတ်(၂၄၉)ဖျက်စီးခံရပုံကို တွေ့ ရစဉ်
နမ့်ခမ်း-မူဆယ်   ၆၆ ကေဗွီ ဓာတ်အားလိုင်းရှိ H-Pole ကွန်ကရစ်ဓာတ်တိုင်အမှတ်
 (၂၄၉)သည် (၂၅-၅-၂၀၁၂)ရက်နေ့ နံနက်ပိုင်းတွင် တိမ်းစောင်းနေကြောင်း
 ဒေသခံများမှ မူဆယ်ခရိုင်လျှပ်စစ်ရုံးသို့ သတင်းပေးပို့ခဲ့ပါသည်။

H-Pole တိုင် အမှတ်(၂၄၉) အား စစ်ဆေးရာ သောင်းကျန်းသူများ ဖျက်ဆီးမှုကြောင့်
 အောက်ခြေမှ တစ်ပေခွဲခန့် နေရာတွင် ပြတ်ကျပြီး  အင်္ဂတေများ ပဲ့ကျကာ သံချောင်း
များ ကွေးလိမ်သွားခဲ့ပါသည်။

အခြားတစ်ဖက် ကွန်ကရစ်တိုင်တွင်လည်း မိုင်းဟုယူဆရသော မသင်္ကာဖွယ်ရာများ
 တွေ့ရှိရသဖြင့် ရှင်းလင်းလျှက်ရှိပါသည်။

H-Pole ကွန်ကရစ် ဓာတ်တိုင်အား အမြန်ဆုံးပြုပြင်ရန်စီစဉ်လျှက်ရှိပါသည်။
သောင်းကျန်းသူများမှ တာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးခြင်းသည် လျှပ်စစ်ဓာတ်အား
ဖြန့်ဖြူးမှုကို ထိခိုက်လျော့နည်းမှုဖြစ်ပေါ်စေပြီး ပြည်သူလူထုအတွက် အခက်အခဲများ
 ပိုမိုဖြစ်ပေါ်စေလျှက်ရှိကြောင်း  အမှတ်(၂)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ
 သတင်းရရှိပါသည်။

Myanmar News Now
H-Pole ကွန်ကရစ်ဓာတ်တိုင်အမှတ်(၂၄၉)ဖျက်စီးခံရ H-Pole ကွန်ကရစ်ဓာတ်တိုင်အမှတ်(၂၄၉)ဖျက်စီးခံရ Reviewed by သစ်ထူးလွင် on 11:11 Rating: 5

48 comments:

Workaholic said...

ဆန္ဒပြကြလေ....အစိုးရအကျပ်အတည်းတွေ့လေ ဆိုပြီး ၀ိုင်းလုပ်ကြတော့မှာပဲ....သောင်းကျန်းသူတွေရေ...သတ္တိရှိရင် ချိန်းပြီး နိုင်ငံတကာအသိပေးပြီး စစ်တပ်နဲ့ ပေါ်တင် စစ်တိုက်ကြပါဗျို့...(တားနဲ့တော့မချိန်းနဲ့နော်...တားက ဂိမ်းထဲမှာပဲ တိုက်တတ်တာ...)...ပြည်သူများကလဲ မီးမပျက်စေချင်...သူတို့ကလဲ အစိုးရအကျပ်အတည်းတွေ့စေချင်နဲ့တော့ ....ဟီး...တားကို အစိုးရလုပ်ခိုင်းမယ်ဆိုရင်တောင် မလုပ်တော့ဘူး......
(ပြည်သူများ...နားလည်ကြပါ...)

Unknown said...

ထားပါတော့ သောင်းကျန်းသူတွေ ....
အဲဒီသောင်းကျန်းသူတွေက ဖေါက်ခွဲလာတာ ခုမှမဟုတ်ပါဘူးးး
မင်းတို့ သောင်းကျန်းသူတွေကို လွှဲချတာက ခုမှ ပေါ်ပင်လုပ်ရပ်ဖြစ်နေပါရောလား....
အရင်ငြိမ်းချမ်းရေးတွေ မလုပ်ခင်ကတောင် ဒီလောက်မဆိုးဘူး ..
ရှက်တတ်ရင် လဲသေကြပါ မြန်မြန်လေး..။။။။။။။။။

ကြယ်ပြာ said...

အဲ့သောင်းကျန်းသူတွေကိုလဲ တော်တော်အမြင်ကပ်လာပြီ....

kz said...

စစ်တပ်ကိုမနိုင်တိုင်းပြည်သူကိုပြစ်မှတ်ထားတိုက်ခိုက်နေတဲ့
ကေအိုင်အေဘိန်းဒပြတွေရဲ့ရဲရင့်မှူကိုတော့
လေးစားပါတယ်ခင်ဗျာ

သင်ခန်းစာ Blog ဖြစ်ပါသည် said...

ဒီဖြစ်ရပ်ကအရမ်းဘဲဆိုးလွန်းပါတယ်..သူတို့အတွက်ဘာအကျိုးအမြတ်၇မယ်မှန်းမသိပေမယ့်..ပြည်သူလူထုတွေအတွက်ကတော့...လျှပ်စစ်မီးပြတ်တောက်လို့..ဒုက္ခတွေအများကြီးကြုံနေရပါပြီ...နောက်တခါထပ်မဖြစ်ရအောင်..သက်ဆိုင်ရာတွေကလဲ..အထူးအရေးယူသင့်တယ်လို့ထင်ပါတယ်....

ပထမဆုံး တင်ပြသည့် Blog ဖြစ်ပါသည် said...

သောင်းကျန်းသူများရဲ့နောက်ကွယ်မှာ မည်သူက စေခိုင်းနေလည်း မသိဘူးနော် ဒီလို မိုင်းခွဲဖျတ်ဆီးပီး လျှပ်စစ်ဓာတ်အားကို ပြတ်တောက်စေပြီး ပြည့်သူတွေကြားမှာ မလိုလားအပ်တဲ့ ဆန္ဒပြမှုတွေဖြစ်ပွားအောင် ပြုလုပ်နေတယ်ဟု ထင်ပါတယ် ဒါကြောင့် အခုလို မိုင်းခွဲဖျတ်ဆီးမှုများ မပြုလုပ်သင့်ပါဘူး သူတို့ကလည်း ပြည်သူတွေထဲက ပြည်သူတွေ ပဲဖြစ်သည့်အတွက်ကြောင့်မို့လို့ အခုလို လုပ်ရပ်မျိုးအား လုံးဝမလုပ်သင့်ပါဘူးဟု ယူဆပါတယ်

Anonymous said...

တရုတ်တွေ ၀င်ပြီးသွေးထိုးနေပြီလော...?? မြစ်ဆုံကိစ္စ အတွက်မကြေမနပ်ဖြစ်လို. အကွက်ဆင်နေပြီလော....??

humanhankoko said...

ဘာအတွက် ရည်ရွယ်ပြီး ဖောက်ခွဲဖျက်ဆီးနေလဲတော့ ကျနော်နားမလည်ပါ။ နိုင်ငံရေးကို အကြောင်းပြ၊ တိုင်းရင်းသားခွဲထွက်ရေးနာမည်ခံပြီး ကိုယ်ကျိုးစီးပွားတစ်ခုတည်းကြည့်နေတဲ့ အဖွဲ့အစည်းတွေက အခုလို လုပ်ဆောင်နေတာကို လုံးဝ(လုံးဝ) ကန့်ကွက် ရှုံချပါတယ်။ တကယ်တော့ အစိုးရရဲ့ အုပ်ချုပ်ရေ့းကို ထိခိုက်တာက နည်းနည်းပါ၊ တကယ်လက်တွေ့ အကျိုးထိခိုက်ကြရတာ ပြည်သူတွေ ဖြစ်တယ်ဆိုတာကို အခုလို ခနခန ဖောက်ခွဲဖျက်ဆီးပျက်နေသူတွေ နားလည်စေချင်ပါတယ်။

Anonymous said...

တပ်မတော်ရှိဒုးံပျံတပ်မ တင့်ကားတပ်မ အမြှေက်တပ်မ လေတပ် တို့ ဖြင့်ပြည်ပစစ်ပုံစံအင်အားပြည့်တိုက်ပါ

villager said...

ဘယ်သောင်းကျန်းသူလဲ၊ အမြစ်ပြတ်ချေးမှုန်လိုက်ပါလား။

မန်းလေးသား said...

လုပ်ပြန်ပြီ... သောင်းကျန်းသူလုပ်တယ်လို့ ဘယ်လိုသက်သေနဲ့ပြောတာလဲဟင်.... နောက်ပြီးသတင်းက တစ်ခုခုမှားနေသလိုပဲ.... သောင်းကျန်းသူတွေက ဖျက်စီးတယ်ဆိုရင် ကျွန်တော်ပြည်သူတစ်ယောက်အနေနဲ့ ကန့်ကွက်ပါတယ်.... တကယ်လို့ သောင်းကျန်းသူမဟုတ်ပဲနဲ့ စစ်တပ်ကဖြစ်မယ်ဆိုရင် ကျွန်တော်တို့ပြည်သူတွေ အရမ်းသတိထားရမဲ့အချိန်ဖြစ်နေပြီနဲ့တူတယ်... မကြာခင် ခေါင်းဆောင်အမေစုက ပြည်ပထွက်တော့မှာ... အဲဒီအချိန်မှာ ဒီလိုသတင်းတွေထုတ်ပြီး နိုင်ငံမှာမတည်ငြိမ်တော့မှ ဒုတိယအကြိမ် ကယ်တင်ရှင်လုပ်ဦးမလားမသိဘူး....... သတိသာထားကြတော့ဗျိုးးးးးး

ဇာမဏီ said...

မလုပ်သင့်တဲ့ လုပ်ရပ်တွေကို လုပ်နေကြတယ်။ သောင်းကျန်သူကလုပ်တာပဲဖြစ်ဖြစ်၊ စစ်တပ်ကလုပ်တာပဲဖြစ်ဖြစ်၊ မလုပ်သင့်ပါဘူး။ တကယ်တမ်းခံရသူတွေက ပြည်သူတွေပါ။ မကျေနပ်ရင် စိန်ခေါ်ပြီးတော့ အပြတ်ဆော် တိုက်ပွဲဝင်ကျပါ့လား။ ဟိုဟာဖျက်ဆီး ဒီဟာဖျက်ဆီးနဲ့

jaithein said...

မန်းလေးသားပြောတာမှန်တယ်...

သံစဉ်မဲ့ချစ်သူ said...

ဒီမှာရေးတဲ့သူ ဘယ်နှစ်ယောက်လောက်က ကေအိုင်အေ၊ ကေအိုင်အို အကြောင်းသိလဲ။ ဟုတ်တယ် သက်သေမရှိဘူး။ ဒါပေမယ့် လယ်ပြင်ဆင်သွားနေတာပဲ မဟုတ်လား။ ဒီကနေ အပြောင်းအလဲဆိုတာ ဒီလက်ရှိအစိုးရ၊ စစ်တပ်မပါပဲနဲ့ ဖြစ်ခဲ့တာလား။ ကိုယ်ချည်းသက်သက် လုပ်ခဲ့တာလား။ အမေရိကန်ကို ကြောက်လို့ ဒီအပြောင်းအလဲကို ဖော်ဆောင်တယ်လို့ ထင်လား။ ကေအိုင်အေကပြောလိမ့်မယ်။ သူတို့မှာ ဒီလိုမူဝါဒမရှိဘူးလို့။ ဒီစကားမျိုး လက်နက်ကိုင်အဖွဲ့အစည်းတိုင်း ပြောတယ်။ ဒါပေမယ့် တခုပြောချင်တာက ပြည်မမှာရှိတဲ့ လူတွေအားလုံးကို ဗမာတွေလို့ မြင်တယ်။ သူတို့ဆီကဟာကို ဗမာတွေက ယူတယ်။ ဗမာတွေဟာ ကျူးကျော်ရေးသမားလို့ မြင်တယ်။ အဲတော့ ဒီဗမာတွေ မခံစားရအောင် ဖျက်ဆီးပစ်ရမယ်ဆိုတာ နည်းနည်းလေး လေ့လာလိုက်ရင် ပေါ်တယ်။ ငါကတော့ ဗမာမဟုတ်ဘူး။ ထားဝယ်ပဲ။ ဒီကနေ့ တိုင်းပြည်မှာ ခွဲထွက်မှုတွေဖြစ်ရင် ငါတို့လည်း ခွဲထွက်ရမယ်။ မင်းတို့ထင်လား။ ဒီတိုင်းပြည်ကို သူတို့ မင်းတို့ဗမာတွေနဲ့ အတူနေမယ်ဆိုတာ။ သူတို့က မင်းတို့ကို ကျူးကျော်ရေးသမားလို့ မြင်တယ်ကွ။ မင်းတို့ညံ့ရင် မင်းတို့ခံရမယ်။

မျိုးမြန်မာ said...

လွှတ်လပ်စွာ အမြင်ကွဲလွဲခွင့်ရှိပါတယ် ဥာဏ်ကြီးရှင် ကိုမန်းသားလေး ဘာဘဲဖြစ်ဖြစ် အခြေအနေကို မျှမျှတတ မြင်စေချင်တယ် တစ်ဖက်စွန်း ရောက်တာတော့ မဖြစ်စေချင်ဘူး၊ ခင်ဗျား ထင်သလို့တော့ မဟုတ်နိုင်ပါဘူး အစိုးရ နိုင်ငံတည်ငြိမ်ဖို့လုပ်နေ တာပါ ကျနော်ကတော့ သောင်းကျန်းသူလို့ဘဲ ထင်တယ်ဗျာ ဒီကောင်တွေကို နိုင်ငံရေး အမြတ်ထုတ်တာနေမှာပါ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်ဗျာ.. သောင်းကျန်းသူများကို အမြစ်ဖြတ်ပြီး အကျွင်းအကျန်တောင် မထားတာ ကောင်းတယ်ဗျာ.. နိုင်ငံခြားမှာ တုန်းက သမတကြီးပြောသလို့ ရက်ပိုင်းအတွင်းတိုက်လို့ရရင် တိုက်ထုတ် မြန်မြန်တိုက်ပေးပါဗျာ။

ကိုသူရ said...

လျှပ်စစ်မီး မလုံလောက်သည့်ကြားက သောင်းကျန်းသူများ လက်ချက်ဖြင့် တာဝါတိုင်များ မိုင်းခွဲဖျက်ဆီးခံရသောကြောင့် အများပြည်သူများက အဆိုးဆုံး ဒုက္ခခံစားရသည်။ သောင်းကျန်းသူ လူတစ်စုကြောင့် လူသန်းပေါင်းများစွာ ဒုက္ခခံစားရသည်။ ကန့်ကွက်သည် လုံးဝ(လုံးဝ)ကန့်ကွက်ပါသည်။ ၄င်းသောင်းကျန်းသူများ အများပြည်သူတို့ ခံစားခဲ့ရသော သောက ဒုက္ခများ ထက်ပိုမိုပြင်းထန်သော သောက ဒုက္ခများ ပြန်လည် ခံစားရပါစေ။

Unknown said...

KIA အဖွဲ့တွေ နောက်ထပ်ဗုံးမခွဲ ကြပါနဲံလို့ ပြည်သူ့ကိုယ်စား မေတ္တာရပ်ခံအပ်ပါတယ်။

Unknown said...

ပြည်သူတွေကို ဒုက္ခ ရောက်အောင်လုပ်တဲ့ အကြမ်းဖက်သမားတွေ ပြည်သူတွေ ဒုက္ခရောက်သလို ရောက်ကြပါစေ

Unknown said...

ပြည်သူတွေကို ဒုက္ခရောက်အောင် လုပ်သွားကြတဲ့ အကြမ်းဖက်သောင်းကျန်းသူတွေကို မဝေဖန်ကြတော့ဘူး။ ရေငုံနှုတ်ပိတ် နေကြတော့မှာလား။

Unknown said...

တာဝါတိုင်တွေကို မိုင်းခွဲတဲ့ သောင်းကျန်းသူတွေကို ဘာလို့ ဆန္ဒမပြကြတာလဲ ။ဒီမိုကရေစီဆိုတာဒီလို
တစ်ဖက်သတ်ကြီးဘဲလားဟင်။

Top Gun said...

KIA/KNU စသည့်အဖွဲ့အစည်းများ ခင်ဗျားတို့ကိုတခုမေးချင်ပါတယ်၊ထိခိုက်စေချင်တာက စစ်တပ်ကိုလား၊အစိုးရကိုလား၊ ခုလိုလုပ်နေရင် သူတို့က ဘာမှမဖြစ်တဲ့ပြင် ကြိတ်ပျော်နေမှာ။ ယခုထိခိုက်နေတာပြည်သူလူထုပါ။
ချချင်ရင် ဘယ်လိုချချ Target ကို သေသေချာချာရွေးစေချင်ပါတယ်။
ပြည်သူလူထုနဲ့ သိပ်မပတ်သက်သော တခုခုဗျာ။အောင်မြင်ရင် ၀မ်းမနည်းမှာတော့ သေချာတယ်။

freemedia said...

ကချင်ပြည်နယ်ကြီး ကို ထိုးစစ်၇ပ်ဖို့  ဖယောင်းတိုင် ထွန်းပြီးဆန္ဒ ပြပေးမယ့်  လူတွေ မ၇ှိကြဘူးလား ကချင်၇ဲ့  အကျိုးစီးပွားကို ဖျက်၇င် ကချင်က လည်း အစိုး၇၇ဲ့ အကျိုး စီးပွားကို ဖျက်ကြမှာပဲ ကချင်ဒုက္ခေ၇ာက်နေတာ မီးမလာ လို့ ဆန္ဒပြတဲ့ လူတွေ က ငါတို့ နဲ့ မဆိုင်ဘူးလို့  သတ်မှတ်၇င်တော့  မီးမလာလို့  ဆန္ဒပြတဲ့  လူတွေ ၇ဲ့  ဒုက္ခ ကိုလည်း ကေအိုင်အိုက ကိုယ်ချင်းစာမှာ မဟုတ်ပါဘူး ပြောတော့  သွေးချင်း ညီအကိုတွေ တဲ့  ကိုယ်ညီ ကချင်လေး ဒုက္ခေ၇ာက်နေတဲ့  အဖြစ်ကိုတော့  ကြည့် ကောင်းနေကြတယ် ဖယောင်းတိုင်ထွန်းပြီးဆန္ဒ ပြပေးကြပါလား

Fighter said...

နောက်ကွယ်မှာ တိုင်းတပါးနိုင်ငံ တစ်ခုခုရှိနေခဲ့မယ်ဆိုယင် ဒါကို အမျိုးသားတာဝန်တစ်ရပ်အနေနဲ့ ကျွန်တော်တို့ ရင်ဆိုင် တိုက်ထုတ်သွားရမှာပဲ။

Min Min said...

ကွန်ကရစ်ဓာတ်တိုင် ဧ။် နကို အရည် အတွေး မရှိ လို့ သူဟာသူ့ ကျိုးကျ တာကို ဖောက်ခွဲလို့ ပျက်ဆီး တယ် ဆိုပြီး ၀ါးထား စားထား တာကို ဖုံးကွယ်ဖို့ လာရော ချတာကောမဖြစ်နိုင်ဘူးလား

Burma Python said...

ဒေါ်စုပြည်ပထွက်တာကိုဦးသန်းရွှေအလိုချင်ဆုံးပဲ
ပြည်သူ့လွှတ်တော်ဥက္ကဌ BBCနဲ့တွေ့စဉ်ကဦးးသန်းရွှေကိုခနခနသွားတွေ့နေရ
သေးတယ်လို့ပြောတယ်။ဒေါ်စုကိုလောလောဆယ်ပြည်တွင်းမှာပဲငြိမ်ငြိမ်လေး
နေစေချင်ပါတယ်။စစ်တပ်ကတိုင်းမှူးတွေကလည်းဝါးကြောနည်းသွားလို့နယ်
ဘက်အုပ်ချုပ်ရေးကိုပြန်ကိုင်ချင်နေတာ။ပြန်လာခွင့်မပြုပဲနောက်တခါအာဏာ
ထပ်သိမ်းလိုက်မှဒုတ်ခဗျာ။

ရှမ်းလေး said...

ရက်စက်လိုက်ကြတာ .. သက်သေ သာဓက မရှိဘဲနဲ့ ရင့်သီးလွန်းတဲ့ အသုံးအနှုံးတွေနဲ့ သောင်းကျန်းသူ သူတဲ့ ...တစ်ဖက်က သောင်းကျန်းသူ ဆိုရင် တစ်ဖက်က အပြစ်မဲ့တဲ့ လူတော်လူကောင်းကြီးတွေပေါ့ ...
ဘာလို့များ ကိုယ့်နိုင်ငံသားအချင်းချင်း သောင်းကျန်သူဆိုတဲ့ ပုဒ်မတွေတပ်ပြီး တိုက်နေကြတာလဲ...

Min Min Zaw said...

ဟိုနေရာ ဗုံးကွဲ၊ ဒီနေရာမိုင်းကွဲ တပ်ပဲ တပ်နိုင်ပါတယ်။

Thurein said...

ဒီသူပုန်တွေကို မျိုးဖြုတ်ပစ်မှကောင်းတော့မယ်။ အလကားပြည်သူတွေကို နစ်နာစေမယ့် ဖျက်ဆီးရေးတွေပဲလိုက်လုပ်နေတယ်။ ဘာကောင်တွေလဲကွာ။

www.academicmedicines.blogspot.com

MI 35 said...

လက်ရှိအစိုးရလုပ်သမျှ Project များကို ကန့်ကွက်ကြ ))))))
လျှပ်စစ်တာဝါတိုင် ဗုံးခွဲသော သောင်းကျန်းသူများကို မသိချင်ယောင်ဆောင်ကြ ))))
ဖယောင်းတိုင် ထွန်းပြီး ဆန်ဒပြကြ )))))))
အရေးအခင်းအကြီးကြီး ဖြစ်အောင်လုပ်ကြ ))))))

Anonymous said...

အပေါ်ကပြောတဲ့ ကောင်တွေကောင်မတွေ မင်းတို့ ဘယ်လောက်သိလို့ လဲ တိုင်းရင်းသားတွေကို မစော်ကားပါနဲ့ ကချင်တွေလက်နက်ကိုင်တာ ကာကွယ်ဖို့ မင်းတို့ ဗမာစစ်တပ်လို လူသတ်ဖို့ မဟုတ်ဘူးကွ လာလိုက်ရင်သောင်းကျန်းသူ လက်နက်ကိုင်ပဲစွပ်စွဲနေတာ မြန်မာနိုင်ငံမှာရှိတဲ့ လျှပ်စစ်တွေမင်းတို့ ဖအေတရုတ်ကိုရောင်းထားတာမြင်လား လျှပ်စစ်မီးမမှန်တိုင်းတာဝါတိုင်မိုင်းခွဲခံရတယ်ပဲပြောနေတာ တာဝါတိုင်ကောင်းတုန်းကကောမီးမှန်လား ဘာခုမှလက်နက်ကိုင်ကိုမစွပ်စွဲပါနဲ့ သူတို့ ခွဲတာမင်းတို့ မြင်လားကြုံတုန်းပြောလိုက်မယ်တိုင်းရင်းသားတွေကမင်းတို့ှဗမာစစ်တပ်တွေလောက်မယုတ်မာဘူးကွ

kokhant said...

အထက်ကဗလမောင်ပြောတာလဲဖြစ်နိုင်ပါတယ်ဒီဘက်ကိုမပေးရင်သူတို့ပိုရတာပေါ့သူတို့ကတော့မျက်ဖြူဆိုက်လေကြိုက်လေပေါ့

Ngawde said...

သောင်းကျန်းသူတွေကွဲတယ်ဆိုရင်လဲ ဓာတ်ပုံလေရိုက်ပြီတင်ပေးပါလာ
သတ်သေကမရှိဘဲနဲ့ တစ်ခုခုဖြစ်ရင်သောင်းကျန်းသူတွေကိုဘဲအပြစ်ပုံချနေတယ်....အခုလိုမငြိမ်ချမ်းအောင်ဘယ်သူအရင်လုပ်လဲ.........ဦးသိန်းစိန် သမ္မတမဖြစ်မီ လှပိုင်းလောက်အလိုမှ လာဖွင့်ပေးသွားတဲ့ တာပိန်(၂)ရေအားလျှပ်စစ်ဘက်ဒွန်ဘွန်(KIA နယ်မြေ)ဘက်ကို စစ်တပ်ကအရင်ထိုးစစ်ဆင်လို့ တာပိန်(၂)ရေအားလျှပ်စစ်လဲရပ်ထားလိုက်ရတယ်...အဲ့ကနေစပြီးမငြိမ်ချမ်းတော့တာဘဲ......ကျွန်တော်တို့ဗန်းမော်လဲအရင်ကတာပိန်(၂)ရေအားလျှပ်စစ်မရပ်မီကဆို မီ ၂၄ နာရီနဲ့ မီးအားအပြည့်ရနေတာ ..အခုနောက်ပိုင်းတော့အလည့်ကျဖြစ်သွားပြန်နော............မငြိမ်ချမ်းအောင်ဘယ်သူအရင်လုပ်လဲဆိုတာ..........စဉ်စားကျပါ.....မြစ်ကြီးနားဆိုတဲ့ ကချင်ပြည်နယ်ရဲ့မြို့တော်ကို KIA က ၂၄နာရီမီးပေးခဲ့တယ်ဆိုမင်းတို့မှ မသိတာ........

saijet said...

စစ်ပြေငြိမ်းဖို့ဆိုတာအင်အားကြီးသူပေါ်မူတည်ပါတယ်။ တန်းတူညီမျမှုမရှိဘူးဆိုရင်တော့ ပင်လုံစာချုပ်အရ ခွဲထွက်ပိုင်ခွင့် ရှိပါတယ်။
KIA ကို သောင်းကျန်းသူလို့မစွတ်စွဲခင် ပင်လုံစာချုပ်ကို အရင် လေ့လာစေချင် ပါတယ်။

Soe said...

လျှပ်စစ်မီးတာဝါတိုင်များခဏခဏ ဖောက်ခွဲဖျက်ဆီးခံ၇တဲ့ကိစ္စမှာ
ပြည်သူတွေ ဆူပူအောင် ဆန္ဒပြအောင် တမင် လုပ်ကြံဖန်တီးနေတာနဲ့ တူနေတယ်
ပေါက်ကွဲမှူ့တွေ ဖျက်ဆီးမှူ့တွေ ၇ှိတိုင်း သောင်းကျန်းသူ လို့ နာမည်တပ် တယ်
အားလုံးကတော့ သတိထား၇မယ့် အချိန် လို့တော့ထင်တယ်
NLD ပါတီ မဲဆွယ်ပွဲတွေ စတင်ကတည်းက ဆူပူမှူ့တွေ မဖြစ်ဖြစ်အောင် လုပ်ခဲ့တာ မဲမသမာမှူ့တွေ ဖြစ်ခဲ့တာ ပြည်သူတွေ အသိပါ
အခု NLD ပါတီ အနိုင်၇ပြီး တော့ မကြာခင်မှာပဲ လျှပ်စစ်မီးပြသနာတွေတက် တိုင်းပြည်ဆူပူအောင် တမင်ဖန်တီး ပြီး စစ်တပ် က အာဏာပြန်သိမ်း အောင် ဖန်တီးပေး နေသလိုဖြစ်နေတယ် စစ်တပ်က အထက်ပိုင်းက တော်တော်များများဟာ အာဏာ၇ှင်စနစ် ကို လုံးဝ မစွန့်လွှတ် ချင်လို့ ဂွင်ဆင် ပြီး ပြည်သူတွေကို ဆူပူအောင် တမင်လုပ်ပြီးတစ်ဘက်လှည့်နဲ့အာဏာကို ပြန်ထိန်းထားချင်လို့
လုပ်တာလဲဖြစ်နိုင်တယ်အာဏာ၇ှင် မြန်မာစစ်တပ်ဟာအင်မတန်မှ
ကောက်ကျစ် စဉ်းလဲတဲ့ သူတွေ နဲ့ ဖွဲ့စည်းထား တဲ့ အဖွဲ့ အစည်းပါ ပြည်သူကချစ်တဲ့ လေးစားတဲ့ မိန်းမတစ်ယောက်ကို သတ်ဖြတ်ဖို့ ကြိုးစားတဲ့ ဒီပဲယင်းအေ၇းအခင်းတွေ အကွက်ဆင်ပြီး အကျယ်ချုပ် နဲ့ နှစ်၇ှည် လများ အကွက်ဆင် ဖမ်းခဲ့တာတွေ ကို ပြည်သူများက ပြန်လည် သုံးသပ်သင့်ပါတယ် အခုလည်းလျှပ်စစ်မီးပြတ်တဲ့ ကိစ္စနဲ့နိုင်ငံ တစ်ဝှမ်းမှာ ဆန္ဒပြ နေကြတာ ပြည်သူတွေ အနေနဲ့ သတိထားသင့်ပါတယ် စစ်အာဏာ၇ှင်၇ဲ့ အကောက်ကြံတဲ့ အကွက်ထဲ အားလုံး မဝင်မိ ဖို့ပါပဲ စစ်တပ်က အာဏာကို မစွန့်လွှတ် ချင်လို့ လွတ်တော်ထဲအထိ အ၇ှက် မ၇ှိ နေ၇ာဝင်ယူနေတာ
အားလုံးအသိပဲလေ အာဏာကို လက်မလွှတ်ချင်လို့ အခြေခံဥပဒေတွေပြင်လို့ မ၇အောင် လုပ်ထားတာကလည်း စစ်တပ်ပါ တိုင်းပြည်ချမ်းသာ၇ဲ့နဲ့ ပြည်သူတွေ၇ဲ့ ဘဝတွေ ဆင်း၇ဲ
အောင် လုပ်ထားတာလဲ စစ်တပ်ပါ စစ်တပ် က အ၇ာ၇ာမှာ ကြီးစိုးနေသမျှတော့ မြန်မာပြည်က ပြည်သူလူထုတွေ၇ဲ့ဘဝကတော့ ဆက်ပြီးဆင်း၇ဲတွင်းနက်နေဦးမှာပါ

tzt2003 said...

ဦးသိန်းစိန်ခင်ဗျား
ထိုးစစ်မဆင်ရဆိုတဲ့အမိန့်ကိုပြန်ရုပ်သိမ်းပေးပါ
ပြည်သူကိုထိပါးတာအကြိမ်များနေပီမို့
လိုင်ဇာကိုပြာချပေးပါရန်ရိုသေစွာတောင်းဆိုပါသည်

sean said...

kia ကခွဲတယ် လို့ တိုက်ရိုက် မဟုတ်ဘဲ သောင်းကျန်းသူ ကခွဲတယ်လို့ သုံးပြီး စွတ်စွဲတယ်..
kia ကလည်း အထင်ခံရတာဘဲ ရှိသေးလို့ ဆိတ်ဆိတ်နေတာလား .. ဒါမှမဟုတ် ဆိတ်ဆိတ်နေ ဝန်ခံခြင်းလား..
နိုင်ငံရေး ညစ်ပတ်စုတ်ပဲ့ ခြင်းလား ..
ဘာမှအသေအချာ မသိနိုင်သေးပါ..
သေချာ တာကတော့ ဓါတ်မီးမရလို့ တိုင်းပြည် ကုန်ထုတ်အား ကျဆင်းပြီး လူတွေမသက်မသာ ဖြစ်နေရပြီ

Anonymous said...

ကြည်.ရတာ တိုင်မကောင်းလို.ကျိုးပုံဘဲ။ သတင်းပေးတဲ.သူတွေက တိုင်စောင်းတာပဲတွေ.ပြီး လာပြောတာ။ ဗုံးကွဲရင် သူတို.အသံကြားမှာပေါ.။
လူနေအိမ်ခြေနဲ.နီးနီးလေးပဲ။ Pic ကို enlarge လုပ်ကြည်.။ ဗုံးကွဲရင်
အင်္ဂတေပြန်.ကျဲနေမှာပေါ.။ ရိုက်ပို.တဲ.သူကိုလဲ မသင်္ကာဘူး။
ေ၀၀ါးအောင်လုပ်တယ်လို.ထင်တယ်။

angry ppl said...

ဆူပူမှု့တွေဖြစ်အောင်တမင်ဖန်တီးပြီးစစ်တပ်ကအာဏာပြန်သိမ်းချင်နေတာ၊ သတိရှိကြပါ၊ဆင်ချင်ကြပါ။ဦးမင်းအောင်လှိုင်ကြည့်နေတယ်နော်။

lionking said...

သဘောထားကွဲလွဲရုံမက ဒို့တိုင်းရင်းသားတွေ သိပ်မညီညွတ်ကြဘူးဆိုတာ ဒီ ကွန်မန့်တွေ ကသက်သေပါပဲ ဒီထက်ပိုပြီး မကွဲလွဲ ကြတော့စို့နဲ့လား တကယ်တမ်းတော့ အစွဲအလန်း တွေပါ

Theodo said...

ဒီကောင်တွေကချင်ဆိုဒ်တွေမှာကျွန်တော်တို.ဗမာလူမျိုးတွေကို Homocide
လုပ်ဖို.တောင်ပြောနေကြတာတွေ.နေရတယ်။ကိုယ့်လူမျိုးအချင်းချင်းဆဲ
တဆိပ်ရှိ အစိုးရကိုကလော်တုတ်တဲ့အလုပ်တွေရပ်ကြပီးတော့ တိုင်းပြည်တိုးတတ်အော်ငညီညီညွှတ်ညွှတ်ဆောင်ရွက်ကြပါစို.

tzt2003 said...

ကျွန်တော်တို့မြန်မာတွေကဗုံးလိုက်ခွဲနေတဲ့
ကေအိုင်အေကိုဘဲ လက်မခံလို့ယာဉ်ကျေးစွာ
ကွမ်းမင့်ပေးကြတာကိုတွေ့ရပါတယ်
ကချင်လူမျိုးကိုမဆော်ကားကြပါဘူဒါဟာလဲ
လူမျိုးရဲ့အဆင့်အတန်းပါဘဲ
ဒါပေမဲ့သူတို့ရဲ့ကချင်ဝဘ်စိုက်တွေမှာတော့
မြန်မာတွေအပေါ်မိုက်ရိုင်းလိုက်ကြတာ
ဒါတောင်သူတို့ကအနဲစုမို့တော်သေး
နို့မို့ဆိုမြန်မာတွေနေစရာရှိမှာမဟုတ်ဘူး
ကချင်ပြည်နယ်မှာနေထိုင်တဲ့ရှမ်းလူမျိုးတွေအ
သိဆုံးပါ

WTN said...

မန်းလေးသားပြောတာမှန်တယ်...

Shin Myochit said...

အထက်ကလူတွေ မောင်တရုတ်ကြီးပြုံးပြီးကြည့်နေပြီ။ခေါင်းကိုအစားခံမှာလား
ခြေထောက်ကိုအစားခံမှာလားကြိုက်ရာသာရွေးတော့။သေချာမသိဲိဘဲကိုယ်ထင်တာတွေနဲ့သွေးမကွဲချင်ကြစမ်းပါနဲ့၊အကျိုးမရှိတာတွေ
မပြောကြတာကောင်းမယ်။တရုတ်နိုင်ငံခြားေ၇းဝန်ကြီးကတောင်မှမြန်မာနိုင်ငံ
လျှပ်စစ်မီးအခက်အခဲကိုကူညီချင်တယ်ဆိုဘဲ။အကောင်းမထင်နဲ့ဒီလိုဖြစ်အောင်သူတို့လုပ်ထားတာ။ဒါပေမဲ့နိုင်ငံခြားရေးဝန်ကြီး(မြန်မာနိုင်ငံ)
ကတော့အခုထိတရုတ်ကိုလွမ်းနေတုန်းဘဲ။တရုတ်တွေကြားကောင်းအောင်ပြောတာဆိုရင်တော့ပါးနပ်တယ်လို့ဆိုရမယ်။
တရုတ်ရန်ကိုကာကွယ်ဘို့အတွက်တော့တရုတ်နဲ့ထိစပ်တဲ့နယ်စပ်တွေ၊ထိုင်းနဲ့ထိစပ်တဲ့နယ်စပ်တွေကိုစစ်တပ်တွေများများချထားရမှာ။နိုင်ငံကာကွယ်ရမှာတပ်မတော်သားတွေရဲ.အလုပ်ဆိုတာမေ.နေကြပြီထင်တယ်။အခုဟာက ကာကွယ်ဘို့ထက်ပြည်သူတွေကိုမတရားနှိပ်စက်နေတာတွေဘဲကြားနေရတယ်။လူမှန်နေရာမှန်ဖြစ်သင့်ပါပြီ၊တကယ်တမ်းကိုယ့်တာဝန်ကိုထမ်းဆောင်ကြမယ်ဆိုရင်တောင်ယူရမဲ့တာဝန်တွေများလွန်းလို့နိုင်မယ်မထင်ဘူး။မြန်မာတွေပါးပါးနပ်နပ်၇ှိကြစမ်းပါ၊ဘာကြောင့်တရုတ်ရဲ.မြိုတာခံချင်ရတာလဲ။

devil said...

တကယ်တော့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှသာ နိုင်ငံတိုးတက်မှာပါ။ ဒီအခြေအနေက တိုင်းပြည်ကို မုန်တိုင်းထန်စေပါတယ်။ ငြိမ်းချမ်းရေး ဟာ လျှပ်စစ်အရေးထက်ပို အရေးကြီးပါတယ်။ တစ်ဦးနဲ့ တစ်ဦး အငြိုးတွေမထားကြပဲ ပြည်သူအတွက်သာ ဦးတည်တဲ့ ရည်မှန်းချက်မျိုးထားကြရင်တိုင်းရင်းသားဒေသတွေအပါအ၀င် နိုင်ငံအမြန်တိုးတက်မှာပါ။ ပြည်သူအတွက်သာ တကယ်မှန်တဲ့ဆန္ဒဆိုရင် နှစ်ဘက်လုံးအငြင်းပွားမနေပဲ ပန်းတိုင်ကို အတူလက်တွဲ ချီတက်ရေးကလွဲရင် အခြားမရှိပါ။

အောင် said...

ဒီကောင်တွေလူမှဟုတ်ရဲ့လား
မိန်းမကျင့် မိန်းမကြံနဲ့
ပြည်သူတွေကိုဒုက္ခလိုက်ပေးနေတာ
အစိုးရက ဒီအတိုင်းမကြည့်နေနဲ့
စစ်တပ်အလုံး အရင်းနဲ့တိုက်ပါ

Chit San Maung said...

လူမျိုးတစ်မျိုးက အခြားလူမျိုးတစ်မျိုးကိုဖြစ်စေ၊ လူတစ်စုက မိမိလူမျိုးအချင်းချင်းကိုဖြစ်စေ လက်နက်အားကိုးနဲ့ အနိုင်ကျင့် ကျွန်ပြုလိုတဲ့စိတ်ဓါတ်တွေရှိနေသမျှ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေဦးမှာပါ..။
အာဏာရှင်တစ်ပိုင်းတစ်စမပါဝင်ဘဲ၊ ဒီမိုကရေစီစစ်မှန်တဲ့ အခြေခံဥပဒေကသာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ကို လေးစားပြီး ထာဝရငြိမ်းချမ်းရေးကို မျှော်မှန်းနိုင်မှာပါ...။

devil said...

မန်းသားလေးကကော သောင်းကျန်းသူလုပ်တာ မဟုတ်ပါဘူးဆိုတာ သက်သေလေးပေးပါလား။

zaw said...

ပြည်သူတွေရဲ့မျက်နှာကို အမှန်တစ်ကယ်ထောက်ထားရင် ဒီလိုဖေါက်ခွဲဖျက်ဆီးတာ မလုပ်သင့်တဲ့ အလုပ်ပါ။

Powered by Blogger.