အမေရိကန် သမ္မတဟောင်း George W.Bush နဲ့ ဒေါ်အောင်ဆန်းစုကြည် အမြင် (ရုပ်/သံ)


(From a conference hosted by former U.S. President George W. Bush)

"Vaclav Havel said that politics is not the art of the possible. It is the art of imagining the impossible - and then making it happen. From Havel, to Mandela, to Aung San Suu Kyi, dissidents have practiced the art of the impossible. (FORMER U.S. PRESIDENT GEORGE W. BUSH)

I am not against the suspension of sanctions as long as the people of the United States feel that this is the right thing to do at the moment. I do, I do advocate caution though. I sometimes feel that things, that people are too optimistic about the scene in Burma. You have to remember that the democratization process is not irreversible. I have said very openly that we can never look upon it as irreversible until such time as the military commits itself to democratization (inaudible) and efficiently." (DAW AUNG SAN SUU KYI)

အမေရိကန် သမ္မတဟောင်း George W.Bush နဲ့ ဒေါ်အောင်ဆန်းစုကြည် အမြင် (ရုပ်/သံ) အမေရိကန် သမ္မတဟောင်း George W.Bush နဲ့ ဒေါ်အောင်ဆန်းစုကြည် အမြင် (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 06:06 Rating: 5

5 comments:

ခင်မျိုးချစ် said...

ကျွန်မတို့ရဲ့ လူထုခေါင်းဆောင် အမေစုရဲ့စကားတွေက အမြဲတမ်းမှတ်သားစရာတွေချည်းပါပဲ။ နောက်ပြီး အမေစုရဲ့ စကားတစ်ခွန်းတိုင်းကို ကမ္ဘာ့ခေါင်းဆောင်တွေအပါအ၀င် ကမ္ဘာ့လူထုက တလေးတစားနားစွင့်နေပြီး အမေစုရဲ့ စကားသံနဲ့ခံယူချက်တွေဟာ မြန်မာနိုင်ငံအတွက် သူတို့ချမှတ် ရမယ့် နိုင်ငံခြားရေးမူဝါဒတွေဖြစ်လာပါတယ်။ ဒါကြောင့်မို့ အမေစုရဲ့အသံက အရမ်းကိုအရေးပါပါတယ်။

အမေစုက လူထုအသံကို အမြဲနားစွင့်ထားတယ်လို့ပြောပါ တယ်။ အမေစုကို တစ်ခုလောက်တောင်း ဆိုချင်တာက မြန်မာနိုင်ငံရဲ့အမည်ကို ပြောတဲ့အခါ Burma, Burma လို့ဆက်သုံးနေမယ့် အစား မြန်မာလို့ပြောင်းသုံးပေးလို့ရမ လားလို့ မရဲတရဲတောင်းဆိုအပ်ပါတယ်။ လူဆိုတာ ကိုယ့်ကိုလေးလေး စားစားဆက်ဆံပြီး ကိုယ့်ဆန္ဒလေးကိုမေးပြီးလုပ်ရင် အားလုံး သဘောကျပါတယ်။ ပြီးခဲ့တဲ့ စစ်အစိုးရကတော့ လူထုဆန္ဒ လည်း ဂရုမစိုက်ပဲ နိုင်ငံအမည်ကို သူတို့သဘော နဲ့သူတို့ ပြောင်းခဲ့တာမို့ ရုတ်တရက်တော့ Burma
ကနေ Myanmar လို့ပြောင်းခဲ့တာကို လက်မခံနိုင်ခဲ့ပါဘူး။ ဒါပေမယ့် နောက်ပိုင်းတော့ Burma ဆိုရင် Majority Bamar တွေကိုကိုယ်စားပြုနေသလိုလိုဖြစ်နေပြီး အင်္ဂလိပ်တွေလာ အုပ်ချုပ်တော့ ဗမာနိုင်ငံကို အသံမထွက်တတ်လို့ သူတို့ အင်္ဂလိပ်မှုပြုပြီး ဘားမားလုပ်ခဲ့တာမို့ တိုင်းရင်းသားအားလုံး ကို ကိုယ်စားပြုဖို့ဆိုရင်နိုင်ငံအမည်ကို မြန်မာလို့ခေါ်တာ ပိုအဓိပ္ပါယ်ရှိ သလိုခံစားမိလာပါတယ်။ လူငယ်မျိုးဆက်သစ်အတော် များများလည်း မြန်မာဆိုတာကို ပိုသဘောကျကြပါတယ်။
မကြာခင် အမေစုဟာ သမိုင်းဝင် ပြည်ပခရီးစဉ်တွေ စတင်တော့မှာဖြစ်တာမို့ အမေစုပြောမယ့်စကားတွေ သမိုင်း မှတ်တမ်းတွေတင်တဲ့အထဲမှာ မြန်မာနိုင်ငံအမည်ကိုလည်း မြန်မာလို့ပြောင်းသုံးပေးဖို့ တောင်းဆိုပါရစေ။

ကိုသစ်ထူးလွင်ကိုလည်း တဆက်တည်းတောင်းဆို ချင်တာက ဒီသတင်းဆိုဒ်က မြန်မာလူမျိုးအများဆုံး လာဖတ်တဲ့ သတင်းစာမျက်နှာဖြစ်တာမို့ အများစုရဲ့ သဘောကို သိရအောင် Myanmar နဲ့ Burma ဘယ်နံမည်သဘောကျ ပါသလဲဆိုတဲ့ Opinion poll လေးလုပ်ပေးဖို့ ဖြစ်နိုင်တယ်ဆိုရင် လုပ်ပေးစေလိုပါတယ်။ ဒီကနေတစ်ဆင့် အများစုရဲ့ သဘောထားဟာ အမေစုနားကို ပေါက်ကြား လိမ့်မယ် မျှော်လင့်မိပါတယ်။

Anonymous said...

တစ်ကမ္ဘာလုံးက ထိပ်သီးခေါင်းဆောင်တွေ အခုလို အာရုံစိုက်မောကြည့်နေရတာ ဂုဏ်ယူစရာ . . မြန်မာကို ကမ္ဘာကအထင်ကြီးလေးစားအောင် လုပ်နိုင်တာ ဗိုလ်ချုပ်တို့ သားအဖ နဲ့ ဦးသန့် ပဲ ရှိသေးတယ် . . လက်ရှိ သမ္မတကိုတော့ အမှတ်နဲနဲ ပေးချင်ပါသေးတယ် . . နောက် ၄ နှစ်တာ ခရီး ဘာတွေ ဘယ်လောက်တိုးတက်လာမလဲ ဆိုတဲ့ အဖြေကို စောင့်ကြည့်ရင်း လေးစားထိုက်သူများ စာရင်းမှာ ထည့်သင့် မထည့်သင့် စဉ်းစားမယ် . . .

kiddykid said...

ကြည့်ပါအုံး...ဘယ်လောက်တောင်ပညာတွေတတ်လိုက်သလဲလို့....သူတို့တွေရှက်တတ်ရင် လဲသာသေတော့...အဲ မှားသွားလို့.. ဆရာခေါ်ပြီးသင်လို့ ပြောတာ...

hlatun said...

ခေါင်းဆောင်ဆိုတာ အားလုံး၏ ထောက်ခံမှုကို မရနိုင်ဘူး၊ ခေါင်းဆောင်က မှန်တာလုပ်ရင် အမှားလုပ်တာကြိုက်တဲ့သူက မထောက်ခံဘူး၊ ခေါင်းဆောင်က မမှန်တာလုပ်ရင် အမှန်လုပ်တာကြိုက်တဲ့သူက မထောက်ခံဘူး၊ မဲခွဲလို့ နဲတာများတာနှင့် မဆိုင်၊ မှန်တာလုပ်ဘို့ အများအကျိုးလုပ်ဘို့သာလိုသည်။

mAymAd! said...

သူတို့သူတို့နဲ့လက်ညှိုးတွေထိုးနေမဲ့အစားကိုယ့်ကိုကိုပြန်မေးကြည့်ပါလား..ကိုယ်ကရောနိုင်ငံအတွက်ဘယ်လောက်လုပ်ပေးပြိးဘီလဲလို့..ဘာပဲပြောပြောနိုင်ငံသားတိုင်းမှာတာဝန်ရှိပါတယ်ရှင်..

Powered by Blogger.