မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ကျောက်ပန်းတောင်းမြို့တွင် EPC (စွမ်းအင်နှင့်လျှပ်စစ်ဌာန) ပေးထားသူများသည် မီးရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခြင်းများ မပြုလုပ်စေရေးအတွက် ရပ်ကွက် အတွင်းသို့ မီးပျက်ရသည့်အကြောင်းအရင်းကို လိုက်လံအသိပေးလျက်ရှိကြောင်း သိရှိရသည်။
ပေါင်းလောင်း ၊ ရဲရွာ နှင့် လောပိတတို့တွင် ရေအားလျှပ်စစ်တွင် ရေအားနည်းနေခြင်းနှင့် ရွှေလီ-မန်စမ်ရှိ (၂၃၀)တာဝါတိုင် ကျိုးသွားခြင်းကြောင့် မီးပျက်ရခြင်းဖြစ်ကြောင်း မြို့နယ် EPC ရုံးကဆိုသည်။
“မီးကအရင်လို (၂၄)နာရီ မပေးနိုင်ဘူးလို့ မေတ္တာရပ်ခံထားတယ် ပေါင်းလောင်း ၊ ရဲရွာတို့ လောပိတတို့မှာ ရှိတဲ့ ရေအားလျှပ်စစ်မှာ ရေနည်းနေတာရယ် ရွှေလီ မန်စမ် ၂၃၀ တာဝါတိုင်လဲ ကျိုးသွားလို့ဆိုတာကို အသိ ပေးပါတယ် “ ဟု မြင်းခြံခရိုင် EPC ရုံးတွင် လိုင်းမင်းတာဝန်ယူထားသူ နိုင်ဇော်ဟိန်းက ပြောသည်။
ပြည်နယ်နှင့်တိုင်းအချို့သို့ မည်သည့်အချိန်တွင် မီးပုံမှန်ပြန်လည်ရရှိမည်ကို အတိအကျမသိရှိနိုင်သေးကြောင်း၊ ရပ်ကွက်များ အတွင်း သို့ ဆိုင်ကယ်ဖြင့် လော်စပီကာတပ်ကာ လှည့်လည်အသိပေးခြင်းမျိုးဖြစ်ကြောင်းကိုလည်း ၄င်းက ဆက်ပြော ဆိုသည်။
“ဒီတာဝါတိုင်တွေ ပျက်ဆီးသွားတာတို့ ရေအားလျှပ်စစ်မှာ ရေနည်းနေတာတွေကိုတော့ ဘယ်တော့လောက် ပြန်ပြင်ဆင်ပြီး တိုင်းတွေ ပြည်နယ်တွေကို မီးပုံမှန်ပြန်ပေးနိုင်မလဲဆိုတာတော့ တိတိကျကျ အဖြေမပြောနိုင် သေးဘူးဗျ ” ဟု လိုင်းမင်း တာဝန်ယူထားသူ နိုင်ဇော်ဟိန်းက ပြောသည်။
ကျောက်ပန်းတောင်းမြို့နယ်ရှိ ပြည်တော်သာ ၊ လွတ်လပ်ရေး နှင့် သာယာအေး ရပ်ကွက်အပါအ၀င် ရပ်ကွက် (၁၂)ခုသို့လိုက်လံ အသိပေးရခြင်းမှာ အခြားတိုင်းဒေသကြီးကဲ့သို့ မီးရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခြင်း များဖြစ်ပေါ်မည် စိုးရိမ်သောကြောင့် ကြိုတင်အသိပေးရခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဒီကျောက်ပန်းတောင်းက ဒေသခံတွေ မန္တလေးကလို မီးရရှိရေးဆိုပြီး ဆန္ဒပြတောင်းဆိုမှာစိုးလို့ သူတို့ဘက်က အရင် ကြိုတင်ပြီး မီးဘာကြောင့် ပျက်တာလဲဆိုတာ ကြေညာအသိပေးတာပါ “ဟု ကျောက်ပန်းတောင်းမြို့နယ် (၁၂)ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ရပ်ကွက်(၁၂)ခုရှိပြီး စွမ်းအင်နှင့်လျှပ်စစ်ရုံးမှ ရပ်ကွက်များသို့ တစ်ရက်လျှင်(၆) နာရီ မီးပုံမှန်ပေးရန်အစီအစဉ်ရှိကြောင်း သိရှိရသည်။
ဝင့်သင်ဇာကျော် (မြစ်မခ)
by Myit Makha Mediagroup

ကျောက်ပန်းတောင်း EPC က ဆန္ဒမပြရန် မီးပျက်ရသည့် အကြောင်းအရင်းအား လိုက်လံအသိပေး
Reviewed by သစ်ထူးလွင်
on
17:25
Rating:
10 comments:
ရွှေလီ-မန်စမ်က တာဝါတိုင်က ပင်မလျှပ်စစ်တိုင်မှ မဟုတ်တာ မြန်မာတစ်ပြည်လုံးကို လျှပ်စစ်ဖြန့်ဖြူးတာ သာစည်က အဓိက နေရပဲကို ရွှေလီ-မန်စမ် က တရုတ်ကို ရောင်းထားတဲ့ တာဝါတိုင်မဟုတ်လား အဲတာဝါတိုင်ပျက်တာနဲ့ မြန်မာနိုင်ငံတစ်ပြည် ကို မီးပျက်တာ နဲ့ အရမ်းကို ဆိုင်လို့လား
အမှန်က အဲ့လို အစောကြီးထဲက တိတိကျကျပြောပြ၊ သတင်းထုတ်ပြန်ထားရင် ၊ မီးလာရမယ့် အချိန်မှာ တိတိကျကျလာခဲ့၇င် ဒီလို တွေ ဖြစ်လာမှာ မဟုတ်ပါ။။
အဲဒီလို ပွင့်ပွင့်လင်းလင်းအသိပေးလုပ်၇င် ဘာဆန္ဒမှပြစ၇ာမလိုဘူး အခုတော့ပြည်သူတွေ မလေးမခန့် အ၇ာမေ၇ာက်တဲံ့သူတွေလို့ သဘောထား ငါတို့လျှပ်စစ်ပးချင်တာခါ ပေးမယ် မပေးချင်ဘာမှဂ၇ုစိုက်စ၇ာမလို လုပ်ချင်တိုင်းထင်၇ာလုပ်နေလို့ ပြည်သူတွေက ဆန္ဒပြတောင်ဆို၇တာပါ
ဒီလိုကျတော့လည်း ကြောက်တတ်သားပဲ။ မဆိုးဘူးနည်းနည်း တိုးတက်လာပြီ။
www.academicmedicines.blogspot.com
တောင်းတာကတော့ဟုတ်ပါပြီ၊ရေအားနည်းနေတာဆိုရင်နေပြည်တော်ကောဘာကြောင့်လင်းနေတာလဲ။ကျောက်ပန်းတောင်းမှာရှိတဲ့အရေးကြီးမီးပေးရမယ့်ထဲဆေးရုံဆေးပေးခန်းမပါဘူးဝန်ကြီးအိမ်ဘဲပါတာလားဟင်။အခုလိုတောင်းပန်တိုင်းရလားကွ။မင်းတို့ကတောင်းပန်ပြီးရင်မင်းကပြည်သူတွေကိုဖမ်းဆီးမယ်ဆိုတဲ့စောင့်ချိုးလား။ဒါလားကွသမ္မတပြောတဲ့ပြုပြင်ပြောင်းလဲရေးလားကွ။ဘယ်မှာလဲစောင့်တလွဲစာကြည့်ဖတ်ဇော်မင်း. မင်းပြောတော့ပိုတယိဆို။မင်းလာရှင်းလေကွာ။ပြောချင်တာတွေပြောပြီးတော့ရှင်းချင်ယောင်ဆောင်နေလားကွ
http://forum.burmaonline.info/index.php?topic=14.msg32#msg32
မန္တလေး၊ မုံရွာ၊ ရန်ကုန်၊ ပြည်၊ ပေါင်းတည်မီးပျက်ဆန္ဒပြသတင်းတွေတော့တွေ့ပြီ။ နောက်ရက်တွေမှာ တောင်ကြီး၊ မော်လမြိုင်၊ပဲခူးမြို့ Candle Demonstration တွေတွေ့ကောင်းပါရဲ့။
ကျနော့်အမြင်တော ဆန္ဒပြပွဲတွေကို မပြရဘူးမဟုတ်ဘူး၊ ပြ။ သို့သော် ဒီနေ့ညနေ ၇ ကနေ ၉ နာရီပြမယ်။ ပြီးတာနဲ့သိမ်း။ လိုသလောက်၊ မိမိရည်ရွယ်ချက်ကိုတဖက်သားသိအောင်လောက်၊ တဖက်သားအနေနဲ့ကတိတခုခုပြန်ပေးမှုရလောက်အောင်ပဲလုပ်ပေါ့။ လမ်းမပေါ်ကရှင်းရမဲ့ဟာကို စားပွဲပေါ်ရောက်အောင်အမြန်ဆုံးလုပ်ရမှာလို့ထင်တာပဲ။ ဒီခေတ်ကြီးမှာ သပိတ်စခန်းကြီးဖွင့်ပြီး အငတ်ခံဆန္ဒပြတာတွေလဲမလုပ်လောက်တော့ဘူးလို့ထင်ပါတယ်။ အစိုးရကိုလဲ ချောင်ပိတ်မမိစေနဲ့ပေါ့။ အစိုးရကလဲဒါကို နားလည်ပေါ့။ ဒါဆိုနှစ်ဦးနှစ်ဖက်လုပ်လို့ကိုင်လို့သိပ်ကောင်းမယ်။
မီးချက်ခြင်းရဖို့ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ပြောသလိုပဲ စနစ်ပြင်ရမှာ၊ အားသွန်ခွန်စိုက်လုပ်ပါမှ အမြန်ဆုံးနောင် ၂-၃ နှစ်လောက်ကြာနိုင်ကောင်းတယ်။ အစိုးရရဲ့အခု လက်ပူတိုက် ၅ဝ ကေဗီအေ မီးစက်တွေဘာတွေဆိုတာ၊ မြို့တွေကိုမီးပေးဖို့ အတွက်တော့ ရီစရာကြီး။ ဘန်ကောက်က အထပ် ၂ဝ ကျော် တာဝါရုံးတစ်ခုအတွက် Emergency Generator တွေဆိုရင် ၁၂ဝဝ ကေဗီအေရှိပါတယ်။ အစိုးရကလဲ ကလေးအငိုတိတ်ပြီးရော အနားမှာရှိတဲ့ ရရာပစ္စည်းတခုခုကောက်ပေးလိုက်တဲ့ပုံစံပါ။ ဘာပဲဖြစ်ဖြစ် ဒါလေးကိုတော့ အပြစ်မဆိုချင်ပါဘူး။
ပြည်သူတွေကလဲ ငါတို့ဆန္ဒပြရတယ်ဆိုတာ၊ တိုင်းပြည်ကိုဆူအောင်လုပ်ဖို့မဟုတ်။ တို့တွေရဲ့ပြဿနာ တွေကိုရှင်းပေးချင်လို့ပဲ။ ဒီရည်ရွယ်ချက်ကို အစိုးရသိတယ်၊ တခြားကလူတွေလဲသိသွား တယ်ဆိုရင် အိမ်ပြန် လိုက်ပေါ့။ အစိုးရကတခုခုမလုပ်ပေးရင်တော့ ဒီလိုပဲ ထွက်နေရမယ်ဆိုတာမျိုးအသိပေးပေါ့။ မလိုအပ်ပဲ ပြည်သူတွေကိုမပင်ပန်းစေနဲ့ပေါ့။ ခေတ်တိုင်းမှာ ဆန္ဒပြခေါင်းဆောင်တွေ ကို အာဏာရအစိုးရတွေ၊လူတွေက လေးစားရတယ်ဆိုတာ၊ ဆန္ဒပြပွဲတွေကို စလုပ်တတ်ကြလို့မဟုတ်ဘူး၊ ဆန္ဒပြပွဲတွေရဲ့အရှိန်နဲ့အဆုံးကိုကောင်းကောင်းကြီးထိန်းသိမ်းနိုင်လို့ပဲ။ မဟတ္တမဂန္ဒီ အကြောင်းကိုဖတ်ကြည့်ရင်သိပါလိမ့်မယ်။
တဖက်ကအစိုးရကလဲပြည်သူတွေရဲ့ဒုက္ခကိုတကယ်ရှင်းပေါ့။ မညာနဲ့ပေါ့။ ပြည်သူတွေကလဲ အဲလိုလုပ်နိုင်ရင် အစိုးရကိုလေးစားလာမှာပဲ။ ကောင်းတာက ဆန္ဒပြတဲ့ဥပဒေကိုလဲအစိုးရဖက်က ဖြစ်အောင်လုပ်ထားသင့်တယ်။ ဒါမှလဲ အခုလို ဆန္ဒပြမှုတွေမှာ မိမိတို့ဖက်က ဝန်ထမ်းတွေ၊ အရာရှိတွေအနေနဲ့ ဆန္ဒပြသူတွေကို အခြေခံတခုပေါ်မှာကောင်းကောင်းရှင်းပြနိုင်မှာဖြစ်တယ်။ နို့မို့ဆို အခုလိုတိုင်းပြည်တဝှမ်းဖြစ်နိုင်တဲ့ ဆန္ဒပြမှုတွေမှာ တချို့နယ်ကအရာရှိတွေက အကြမ်းနည်း၊ တချို့ကအပျော့နည်း၊ နည်းမျိုးစုံဖြစ်နေမယ်။ နည်းမျိုးစုံကနေ ရလာဒ်မျိုးစုံဖြစ်ပြီး ပြဿနာတွေပဲထပ်ထပ်ရှင်းနေရရင်လဲ အစိုးရတရပ်အနေနဲ့အမျော်အမြင်နဲရာကျပါလိမ့်မယ်။
ဒီလိုသာလုပ်နိုင်ရင် ပြည်တွင်းပြည်ပနိုင်ငံရေး၊စီးပွားရေးသမားတွေရဲ့အမြင်မှာ ဒီအစိုးရနဲ့ပြည်သူဟာ အထိန်းအကွပ်ရှိတယ်။ မျက်မှောက်အခြေအနေတွေကို သဘောပေါက်တယ်ဆိုတာမျိုးအမြင်တွေ လဲရသွားမှာပဲ။ ဒီတော့မှ ပိုပိုပြီးမြန်မာပြည်ကို ယုံကြည်လာမယ်။ ရင်းနှီးမြုပ်နှံမှုတွေလဲဝင်ရောက်လာမှာပေါ့။
ဆန္ဒဖော်ပြခြင်းသည်လူကြီးမင်းများအတွက်ကြောက်စရာမဟုတ်ပါ။ပြည်သူ့ဆန္ဒကိုကြိုးစားဖြည့်ဆီးပေးဖို့သာလိုပါသည်။တနိုင်ငံလုံးမီးပျက်နေမှုအပေါ်ရွှေလီ မန်စံ ဓါတ်အားလိုင်းအပေါ်ပုံချနေသာတော့စဉ်းစားနေစရာဖြစ်တာပေါ့။ဒီမိုကရေစီကျကျလုပ်ရအောင်။
ဆိုင်ကယ်တွင် လော်စပီကာတပ်ပြီး လိုက်လံပြောကြားခြင်း မရှိကြောင်း ကျောက်ပန်းတောင်း မြို့ခံ လူတယောက်အနေဖြင့် ပြောကြားလိုပါသည်
ပေါင်းလောင်း ၊ ရဲရွာ နှင့် လောပိတတို့တွင် ရေအားလျှပ်စစ်တွင် ရေအားနည်းနေခြင်းတဲ့လား... အိမ်နီးချင်းနိုင်ငံတွေကိုပြန်ကြည့်လိုက်ပါအုံး အိမ်နီးချင်းနိုင်ငံတွေက မိုးတစ်နှစ်ပတ်လုံးရွာနေလို့ ထင်တယ်နော် တစ်နှစ်ပတ်လုံးမီးပျက်တယ်လို့ကိုမရှိဘူး ရွှလီ-မန်စမ်ရှိ (၂၃၀)တာဝါတိုင် ကျိုးသွားခြင်းကြောင့် မီးပျက်ရခြင်းဖြစ်ကြောင်း တာဝါတိုင်တွေ ကောင်းတုန်းကကော မီးပျက်တယ်လို့မရှိဘူးလား ဆင်ခြေတွေကြီးပဲ ပြည်သူတွေကို ဘယ်ချိန်အထိလိမ်အုံးမှာလဲ ????
ကိုသစ် JP ပြောတဲ့စကားအရေးကြီးတယ်။ ခိုင်/ထောက် လိုက်ပေးပါဦး။ သေချာရင်တော့ သူတို့ ပြည်သူကိုထပ်လိမ်ပြန်ပြီ။
Post a Comment