ဓာတ်ပုံ aye mar
ထိုင်းမြန်မာ နယ်စပ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်လာမယ့် အရေးကို
ကြားဝင်ဖြေရှင်းပေးဖို့ အတွက် ကရင် အမျိုးသား အစည်းအရုံး ကေအန်ယူ (KNU)
ဘက်က ဖြေရှင်းပေးဖို့ အဆင့်သင့်ရှိပါတယ် လို့ ကမ်းလှမ်းလိုက်ပါတယ်။
လက်နက်ကိုင် ကရင်ဗုဒ္ဓဘာသာ တပ်မတော် ဒီကေဘီအေ (DKBA) တပ်မဟာ (၅) က
ခေါင်းဆောင်တွေကို ထိုင်းနဲ့ မြန်မာ အာဏာ ပိုင်တွေက မူးယစ်ဆေးဝါး
မှောင်ခိုမှု စွပ်စွဲချက်တွေ နဲ့ အလိုရှိကြောင်း ကြေငြာခဲ့ပြီးတဲ့ နောက်မှာ
တင်းမာမှု တွေကလည်း ကြီးထွားလာခဲ့တာပါ။
ထိုင်း အစိုးရ က တိုးတက်သော ကရင် ဗုဒ္ဓဘာသာ အဖွဲ့ ဒီကေဘီအေ (DKBA) ရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဗိုလ်ချုပ် နှုတ်ခမ်းမွှေးလို့ လူသိများတဲ့ ဗိုလ်ချုပ် စောလားပွယ် ကို မူးယစ်ဆေးဝါးမှာ ပါဝင် ပတ်သက်နေမှု နဲ့ ဘတ်ငွေ တစ်သန်း ဆုကြေးငွေ ပေးပြီး အလိုရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း ထိုင်း မြန်မာ နယ်စပ်မှာ သွားရေး လာရေး ကိစ္စတွေ တင်းမာမှု တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဗိုလ်ချုပ် စောလားပွယ် ဘက် ကလည်း မူးယစ်ဆေးဝါး ကိစ္စနဲ့ ပတ်သက်ပြီး ငြင်းပယ်နေသလို ထိုင်းဘက် ကလည်း သူတို့မှာ အခိုင်အလုံ သက်သေတွေ ရှိတယ် ဆိုပြီး ပြောဆိုနေတာပါ။ နှစ်ဘက် စလုံးက လက်ခံမယ် ဆိုရင် အမှန် အတိုင်း ဖြစ်အောင်လို့ ကေအန်ယူ ဘက်ကနေ ဝင်ရောက် ဖြေရှင်းပေးဖို့ ဆန္ဒ ရှိတဲ့ အကြောင်း ကေအန်ယူ ရဲ့ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ဗိုလ်မှူး စောလငွေ က ပြောပါတယ်။
“ကျနော် တို့ အနေနဲ့ ကတော့ မူးယစ်ဆေးဝါးကို ဆန့်ကျင်တယ်။ ဗိုလ်ချုပ် စောလားပွယ်တို့ကလည်း မူးယစ်ဆေးဝါးကို ဆန့်ကျင်တယ်။ မူးယစ်ဆေးဝါး နဲ့ ပတ်သက်ပြီး ကျနော်တို့မှာ ရှင်းတယ်။ လက်ဆေးနိုင်တယ်လို့ သူတို့က ပြောတာကိုး။ ဟိုဘက်ကလည်း မဟုတ်ဘူး။ မင်းတို့ ပတ်သက်တယ် ဆိုပြီး ငါတို့မှာ အခိုင်အလုံ ရှိတယ် ဆိုပြီး ပြောတဲ့ ကိစ္စတွေ မှာ ကျနော် တို့က ဖြေရှင်းဖို့ ဆိုလို့ ရှိရင် ကျနော် တို့ ကေအန်ယူ အနေနဲ့ ထိတွေ့ ဆက်ဆံဖို့ ဆိုရင် တဘက်က ကျနော်တို့ အမျိုးသား ဖြစ်တယ်။ နောက်ပြီး ကျနော် တို့ နဲ့ ပတ်သက်တဲ့၊ ဆက်လက်ပြီးတော့ ညှိနှိုင်းပြီးတော့ ပေါင်းစပ် ဖို့ အဖွဲ့အစည်း တစ်ရပ်ဖြစ်တယ်။ ဒီဘက်မှာ ဆိုလို့ ရှိရင်လည်း ကျနော်တို့ နဲ့ မကင်းရာ မကင်းကြောင်း တကယ့်ကို နောက်ကြောဖြစ်တဲ့ အစိုးရ အဖွဲ့အစည်း ဖြစ်တဲ့ အခါကျတော့ ကျနော်တို့ ကို ချဉ်းကပ်လာရင်တော့ ကျနော်တို့ ပါဝင်နိုင်ခွင့် ရှိတဲ့ အလျောက်၊ ပေးတဲ့ အလျောက်ပေါ့၊ တစ်ဘက်ကတော့ ကျနော်တို့ကို ယုံကြည်အားကိုးတဲ့ အလျောက် ကျနော်တို့ က ပြေလည်ရာ ပြေလည်ကြောင်း ကိစ္စအတွက် ဆိုရင်တော့ ကျနော်တို့က ပါဝင်ဖို့ ဝင်မလေးပါဘူး။”
တင်းမာမှု ဖြစ်နေတဲ့ ဒေသတွေ ရဲ့ အခြေအနေနဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အနေအထားတွေကိုလည်း ဗိုလ်မှူး စောလငွေ ကအခုလို ရှင်းပြပါတယ်။
“တပ်မ ၆ အနေနဲ့ က လူးလာရာ ခရိုင်၊ ကျနော်တို့ ဝေါလေး၊ ဝေါလေး ခွင်ပေါ့၊ ကျနော်တို့ ဟိုဘက် ဆိုလို့ ရှိရင် ဖုတ်ဖရာ့ မြို့နယ် စပ်တွေပေါ့၊ အဲဒီ နေရာတွေ မှာတော့ အခု လောလောဆယ်တော့ နှစ်ဘက်ကပေါ့၊ တစ်ဘက် နဲ့ တစ်ဘက် ထိပ်တိုက် ရင်ဆိုင်မှု တွေ ရှိတာပေါ့လေ။ ကိုယ်လုံခြုံရေးကို၊ ဗိုလ်ချုပ် စောလားပွယ် တို့လည်း သူတို့ လုံခြုံရေးအတွက် သူတို့ ယူတဲ့ အနေအထားနဲ့၊ ဒီဘက်ကလည်း ဖြတ်သန်းခွင့်တွေကို သတိထားပြီး ပိတ်ပင်တဲ့ အနေအထား အပေါ်မှာဆိုတော့၊ နှစ်ဘက် ပုံမှန် လူထု ဖြတ်သန်းဖို့နဲ့ ကူးလူးဆက်ဆံဖို့ က ရပ်တန့်သွားတယ်ပေါ့။ ရပ်တန့်မှု ဖြစ်သွားပြီးတော့ တင်းမာမှု ဖြစ်နေတယ်လို့ အဲဒီလိုဘဲ ကျနော် နားလည်တယ်။”
အခုလို မူးယစ်ဆေးဝါး နဲ့ စွပ်စွဲတဲ့ စွပ်စွဲချက်တွေဟာ အရင်တုန်းက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေ ဖြစ်ကြောင်း အခုအချိန်မှာ ဗိုလ်ချုပ် စောလားပွယ်တို့ကလည်း မူးယစ်ဆေးဝါးနဲ့ ကင်းရှင်းတဲ့ အကြောင်းကို အခိုင်အမာ အာမခံနေသလို ထိုင်းဘက်ကလည်း စွပ်စွဲချက်တွေ ရဲ့ နောက်ကွယ်မှာ သက်သေ သာဓကတွေ ရှိတဲ့ အကြောင်း ပြောဆိုနေပါတယ်။ ဒီ ဖြစ်ရပ်တွေဟာ လက်ရှိ သမ္မတ ဦးသိန်းစိန် ပါဝင်ခဲ့တဲ့ စစ်အစိုးရမှာလည်း တာဝန်ရှိတဲ့ အကြောင်း၊ အဲဒီ အချိန်က ဒီကေဘီအေ နဲ့ စစ်အစိုးရ တို့ အကြားမှာ နားလည်မှု နဲ့ ပူးတွဲ ဆောင်ရွက်ခဲ့တဲ့ အချိန် ဖြစ်တယ် လို့ ပဒို စောလငွေ ကပြောပါတယ်။
“နှစ်ဘက် ပဋိပက္ခ က အခုလောလောဆယ် လက်ရှိ ရှိတဲ့ ဦးသိန်းစိန် အစိုးရမှာလည်း ရိုက်ခတ်မှု ရှိတယ်လေ။ ဘာလို့လည်း ဆိုတော့ ဗိုလ်ချုပ် စောလားပွယ်တို့ နဲ့ ဦးသိန်းစိန် အစိုးရတို့ နဲ့ပဲလည်း နားလည်မှု ရှိထားပြီးတော့ သူတို့ကို တရားဝင် အခြေချခွင့်၊ လှုပ်ရှားခွင့် နဲ့ နေလို့ ရတဲ့ တရားဝင် လက်နက်ကိုင် အဖွဲ့အစည်း တစ်ရပ်ဘဲ။ လောလောဆယ် အားခြင်းပေါ့လေ။ ကျနော်တို့ အနေနဲ့ ကလည်း ထိုနည်း၎င်းဘဲ၊ ကျနော်တို့က အပစ်ရပ်စဲရေး လုပ်ထားတဲ့ အခါကျတော့၊ ဗိုလ်ချုပ် စောလားပွယ်တို့ နဲ့ ကျနော်တို့နဲ့ ဘာဘဲ ဖြစ်ဖြစ် ကျနော် တို့ အကြားမှာ ထိပ်တိုက် ပဋိပက္ခတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ အပေါ်မှာ ကျနော်တို့ အမျိုးသားချင်း ပြန်လည် ညီညွှတ်ရေး တည်ဆောက်နေတဲ့ ကာလမှာပေါ့လေ။ အဲဒီလို သူတို့ နဲ့ ကျနော် တို့ကြားမှာ ပြန်ညှိရမယ့် ဟာတွေ အများကြီး ရှိတဲ့ ကြားမှာ ဒီလိုမျိုး ကိစ္စတွေ ပေါ်လာတဲ့ အခါမှာကျတော့ ကျနော် တို့ လုပ်ရမယ့် အလုပ်တွေ တောင်မှ အနှောက်အယှက်အများကြီး ပြန်ဖြစ်လာတာပေါ့။”
အခုအခါမှာတော့ ထိုင်းအစိုးရက ကရင် ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဗိုလ် နှုတ်ခမ်းမွှေးကို လွှဲအပ်ပေးဖို့ဘဲ ဆက်တိုက် တောင်းဆိုနေတဲ့ အကြောင်း ထိုင်းနိုင်ငံထုတ် သတင်းစာတွေမှာ ဖော်ပြနေပါတယ်။
By စံမိုးဝေ (ဗွီအိုအေ-မြန်မာပိုင်း)

DKBA နဲ့ အစိုးရကြား တင်းမာမှု KNU ကြားဝင် စေ့စပ်ဖို့ ကမ်းလှမ်း
Reviewed by သစ်ထူးလွင်
on
07:20
Rating:
14 comments:
ထိုင်းက မြန်မာနိုင်ငံသားနဲ့ မြန်မာတိုင်းရင်းသားတွေ သွေးခွဲပြီး တိုးတက်မှုနောက်နဲအောင်
ပြုလုပ်နေပါသည် သွေးစည်းကျပါ အမျိုးသားရေးကို ရှေ့ထားကြပါ
မကြာသေးခင်ကလဲ ဦးခင်ညွန့် ကိစ္စနဲ့ သွေးခွဲတာ မအောင်မြင်တော့
ယိုးဒယားဟာ တချိန်က မြန်မာ တွေ သိမ်းပိုက်ခဲ့ဘူးတယ်နော်..
လုံးဝမပေးနိုင်ပဘူး ဘာပဲဖြစ်ဖြစ် စောလားပွယ်က မြန်မာနိုင်ငံသားပါ အပြစ်ရှိလို့စစ်ဆေးရင်တောင် မြန်မာပြည်မှာ ကိုယ့်ဥပဒေနဲ့ ကိုယ်ပဲစစ်ရမှာပါ ထိုင်းဘက်ကဘယ်လောက်တောင်းတောင်း လုံးဝမပေးနိုင်ပါဘူး ကိုယ့်နိုင်ငံသားကို ကိုယ်စောင့်ရှောက်ရမယ့်တာဝန် အစိုးရမှာ အပြည့်ရှိပါတယ်
မြန်မာ အစိုးရအနေနဲ့ဒီကိစ္စကို သေချာစဉ်းစားစေချင်တယ် အခုမြန်မာနိုင်ငံနယ်စပ်မှာ တည်ငြိမ်စပြုနေတဲ့အချိန်မှယိုးဒယားတွေက ဘာဖြစ်လို့အခုမှ ဒီသတင်းကို ထုတ်ပြန်ရတာလဲဆိုတာကိုစဉ်းစားပါ ဖြစ်ခဲ့တာက လွန်ခဲ့တဲ့ ၉ နှစ်ကျော်ကပြသနာတဲ့ ဒါဆိုရင် အရင်ကတည်းက ဘာဖြစ်လို့ မထုတ်ပြန်သလဲ အခုအချိန်မှာ နှတ်ခမ်းမွေးတို့နဲ့အစိုးရနဲက ငြိမ်းချမ်းရေးကိုတည်ဆောက်နေတဲ့အချိန်မှ လုပ်တယ်ဆိုတော့ ယိုးဒယားဖက် မြန်မာပြည်တည်ငြိမ်ရေးကို မလိုလားတဲ့ပုံစံဖြစ်နေသလားဆိုတာ သတိချပ်ရမှာပါ
ယိုးဒယား တွေ အကျင့် စ ယုတ်ပြီ။
ယိုးဒယားတော့.ဝါးရင်းဒုတ်စာမိခဲ့တာမမှတ်သေးဘူး.
အင်းခုအခြေအနေကလဲ.သူတို့ကသာနေတော့.ဖင်ကောင်းစကျယ်ပီပေါ့.
ဒါတွေအားလုံးဟာ.တစ်ကိုယ်ကောင်းဆန်.စစ်တပ်နဲ့
အာဏာရှင်သန်းရွှေကြောင့်ပဲ.
တိုင်းရင်သားစီးလုံးညီညွတ်မူ့ဘာတစ်ခုမှမလုပ်.စစ်ဗိုလ်ကောင်းစားရေးပဲ
လုပ်ခဲ့တဲ့အတွက်.တိုင်းပြည်စီးပွားရေးချွှတ်ချုံကြပီး.တစ်ချိန်ကဝါးရင်းဒုတ်နဲ့
သိမ်းခဲ့တဲ့ယိုးဒယားထက်နိမ့်ကျတဲ့ဘဝကိုရောက်ခဲ့ရတာပဲ.ခုကြည့်သူတို့ကိုပဲ
ဖမ်းပေးရမယ်တဲ့.ဘယ်လောက်လူပါးဝသလဲ.အပေါ်စီးကပြောတာခံရတာပဲ.
ရင်လတ်မြန်မာပြည်လာတုံးကလဲ.အမေစုနဲ့တွေ့မသွားဘူး.ဒါလဲလူပါးဝခြင်း
တစ်ခုပဲ.အဲ့ဒီတော့ခုချိန်မှာ.အားလုံးညီညွတ်ဖို့လိုပါပီ.
ယိုးဒယားတွေရဲ့ ရည်ရွယ်ချက်က နယ်စပ်မတည်ငြိမ်စေရန်၊ မြန်မာနိုင်ငံသားချင်း သွေးကွဲပြီး ရထားတဲ့ ငြိမ်းချမ်းရေးကို ပျက်စီးစေရန် ရည်ရွယ်သည်ဟု ထင်မြင်ပါသည်။ တစ်ချိန်က၊ အခုလို ငြိမ်းချမ်းရေးမရခင် ကာလအထိ မြန်မာနယ်စပ်က တပ်တွေ၊ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ၊ သူတို့ ယိုးဒယားနယ်စပ်က ရဲတွေ စစ်တပ်တွေ အားလုံးအတူပူပေါင်းပြီး ဒီ ဘိန်းတို့ ဆေးပြားတို့ ပြည့်တန်ဆာလုပ်ငန်းတို့ မှောင်ခိုကုန်ပစ္စည်း တရားမဝင် ကားလုပ်ငန်းတို့ ဒုက္ခသည်စခန်းလုပ်ငန်းတို့ ကျောက်မျက်မှောင်ခိုလုပ်ငန်းတို့ လုပ်ကိုင်စားခဲ့ကြတာ ဒီဒေသတွေက လူတွေအသိဆုံးပါ။
အခု မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား နားလည်မှုရပြီး ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ပြန်လည်ကြိုးစားနေချိန်မှာ ဒါတွေကိုလာပြောတာ မရိုးသားပါဘူး။ သူတို့ဘက်ကလူတွေ ရှေ့ဆက်လုပ်စားမရတဲ့ အတူတူ သဲနဲ့ပက်တာပါ။ နောက်ပြီး သူတို့တစ်ချိန်က မဟုတ်တာလုပ်ခဲ့တာတွေ ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဖွင့်ချလိုက်မှာစိုးရိမ်ပြီး သူတို့ကအရင်ဦးအောင် ဟစ်ပြလိုက်တာပါ။ ဒါမှ ကမ္ဘာမှာ မြန်မာဟာ မူးယစ်ဆေးဝါးအကြီးအကျယ်ထုတ်လုပ်တဲ့နိုင်ငံဆိုတဲ့ ခေါင်းစီးကို ဆက်တင်ထားနိုင်ပြီး သူတို့နိုင်ငံကလူတွေ အပြစ်လွတ်အောင် လုပ်တာပါ။ အဲဒီတော့ ပြောချင်တာက အခု ဗိုလ်ချုပ်စောလားပွယ် ဒါတွေကို တစ်ချိန်က လုပ်ခဲ့သည့်တိုင်အောင် ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအနေနဲ့ အခုအချိန်မှာ အားလုံးကို သင်ပုန်းချေပြီး အတူတစ်ကွ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် ငြိမ်းချမ်းအောင် တိုးတက်အောင် လက်တွဲကြိုးစားနေတဲ့ ကာလဖြစ်သည်နှင့်အညီ ကျွန်တော်တို့သည် ဗိုလ်ချုပ်စောလားပွယ်ကို အကာအကွယ်ပေးသင့်သည်ဟု ယုံကြည်ယူဆပါသည်။
အနောက်နိုင်ငံတွေနဲ့ ပြေလည်လာမှုကို မနာလိုတဲ့အတွက် ဖျက်မြင်းလုပ်တာပါ
ကျွန်တော် ဗမာလူမျိုးပါ ဒါပေမယ့် ကရင်ဆိုတာလည်းကိုယ့်တိုင်းရင်းသားပဲလေ။ko pwa ရဲ့ စကားကိုထောက်ခံ
တယ်။ဒါ သမတကြီးရဲ့ခြေလှမ်းကိုခြေထိုးခံတာပဲ။
အရေးကြီးဘီ
သွေးစည်းကြလော့။
ထလော့မြန်မာ အိုမြန်မာတို့။
ငါတို့တရားငါတို့စီရင်မယ်
လူပါးမဝနဲ့ ထိုင်း ရေ
အမှုန့်ကြိတ်လိုက်မ်ယ်နော် ဒါဘဲ
ဪ။ အိမ်နီးချင်း အိမ်နီးချင်း ။ တော်တော်ကောင်း တဲ့ အိမ်နီးချင်းတွေရ ထားလို လဲ ဒီနိုင်ငံဒီလို ဖြစ်နေတာ။ အခုချိန်က စပြီး စည်းလုံးကြပါဆို့ တိုင်းရင်းသား ညီနောင်အပေါင်းတို့ရေ။ နွားကွဲရင် တော့ကျား ဆွဲတာခံရ မှာပဲ။ ဦးသိန်းစိန် အစိုးရကို လဲသတိပေပါရစေ နောင်ကို ဒီအိမ်နီးချင်း တွေနဲ သတိထား ဆက်ဆံပါလို။ အခုအချိန် မှာ မြန်မာနိုင်ငံကို အနောက်နိုင်ငံတွေ က ချောင်းပေါက်မတက် လာနေတာကို မြက်စိ ဆံပင်မွှေး ဆူးနေကြပြီ။ သူတို့ထက် စီးပွါးရေး အသာရ သွားမှာကို မနာလို ဖြစ်နေကြပြီ။ ဒီအချိန်မှာ မှ ခင်ဗျားတို့ ကျုပ်တို့ မညီညွတ်ရင် ဒီနိုင်ငံ ဘယ်တော့မှ ကမ္ဘာမှာ ခေါင်းမ ဖော်ရဲတော့ မှာမဟုတ်ဘူး။
ယိုးဒယား တွေ အကျင့် စ ယုတ်ပြီ။
အမြဲတမ်းသတိထား၇မည့်အိမ်နီးခြင်းနိုင်ငံ၊အလောင်းဘု၇ားလို
စိတ်ဓါတ်မွေးကြစို့၊စာအုပ်များဖတ်ကြပါ။ဒေါက်တာမတင်ဝင်းေ၇းတဲ့
ယိုးဒယား အကြောင်းစာအုပ်ဖတ်ပါ။ဒေါက်တာမတင်ဝင်းကိုVISA
မပေးဘူး။ခုတော့----jealous ဖြစ်ပြီပေါ့။တိုင်း၇င်းသာတို့စည်း
လုံးကြပါ။
အို့ အို . ဦးခွန်ဆာတို့ လော်စစ်ဟန်တို့တောင် ပြန်မပေးဘဲ ထားပေးသေးတာ .. အခုမှ ဒီမို မို့လို့ ဆိုပြီး အငြိုးတွေနဲ့ ဖမ်းပေးလိုက်ရင်တော့ သိဝူး ..
ထပ်ပြီး တွေးကြည့်မိရင် မြန်မာနိုင်ငံအစိုးရရဲ့ လှည့်ကွက် တစ်ခုလို့လည်း မြင်နိုင်ပါတယ်။ အခုအချိန်ဟာ ကရင်တပ်ဖွဲ့တွေ အချင်းချင်း ပြန်လည်ပေါင်းထုပ်ဖို့ ကြိုးပမ်းနေတဲ့အချိန် ဖြစ်ပါတယ်။ ကရင်တပ်ဖွဲ့တွေ မပူးပေါင်းမိဖို့ မြန်မာအစိုးရက လိုလားမှာပါ။ အခုလို ဗိုလ်ချုပ် စောလားပွယ် ကို ထိုင်းအစိုးရက အလိုရှိကြောင်း ကြေညာတော့ မြန်မာအစိုးရက ဗိုလ်ချုပ် စောလားပွယ် ကို အပြည့်အဝ အကာအကွယ်ပေးမယ်ဆိုပြီး ဖဲ့ထုတ်စည်းရုံးနိုင်ပါတယ်။ တချိန်က အမေရိကန် အစိုးရက ခွန်ဆာ ကို ဆုငွေထုတ်တဲ့အချိန်မှာ ခွန်ဆာ ဟာ အဖမ်းခံရမှာ စိုးရိမ်လို့ မြန်မာအစိုးရဆီ ခိုလှုံခဲ့ရဖူးတဲ့ သာဓကလည်း ရှိပါတယ်။
ဘာဘဲပြောကိုယ့်လူမျိုးတွေကိုကာကွယ်ပေးသင့်တယ်။ထိုင်းယုတ်မာတာ
Post a Comment