အခမဲ့ ဖြန့်ဝေလှူဒါန်းထားတဲ့ မြစ်ရေကို ပြန်ရောင်းစားနေတဲ့ ညောင်ဦးခရိုင်စည်ပင်

ညောင်ဦးမြို့ အနီးရှိ ဧရာဝတီမြစ်ကမ်း
မန္တလေးတိုင်းဒေသကြီး ပုဂံ၊ညောင်ဦးမြို့နယ် ငါးသရောက် -ညောင်ဦးကားလမ်းဘေး
ဝဲယာရှိ ကျေးရွာများတွင် သောက်သုံးရေ ရှားပါသဖြင့် သြစတေးလျ နိုင်ငံအလှူရှင်များမှ
 ရောဝတီမြစ်ရေကို (မြစ်ရေတင်စနစ်ဖြင့်)အခမဲ့ ဖြန့်ဝေလှူဒါန်းခဲ့ပါသည်။ 


 ညောင်ဦးခရိုင်စည်ပင်မှ တာဝန်ခံဖြစ်သူ ဦးမျိုးအောင် သည် မီတာများတပ်ဆင်ပြီး 
တစ်ယူနစ်လျှင် (၂၀၀) ကျပ်ကောက်ခံနေပါသည်။ 

ထို့ပြင် ရွှေပြည်နန်း ကုမ္ပဏီ စိုက်ခင်းနှင့်အခြားပုဂ္ဂလိက စိုက်ခင်းများကို အများပြည်သူသုံးစွဲသော သောက်ရေပိုက်မှရေများကိုအခကြေးငွေယူပြီး 
 ပေးဝေထားပါသည်။

 မြစ်ရေပေးဝေရေး ကိစ္စဖြင့် ညောင်ဦးမြို့နယ် အင်တိုင်းကျေးရွာ ဦးဖြူမောင်၊
 ဦးချစ်သိန်း တို့ဦးဆောင်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ကို စစ်ဆေးပေးပါရန်
တင်ပြခဲ့သော်လည်း ယခုအချိန်အထိ အကြောင်းတစ်စုံတစ်ရာ မထူးသေး

ကြောင်း ဒေသခံများက ပြောပါတယ်။
Myanmar News Now

အခမဲ့ ဖြန့်ဝေလှူဒါန်းထားတဲ့ မြစ်ရေကို ပြန်ရောင်းစားနေတဲ့ ညောင်ဦးခရိုင်စည်ပင် အခမဲ့ ဖြန့်ဝေလှူဒါန်းထားတဲ့ မြစ်ရေကို ပြန်ရောင်းစားနေတဲ့  ညောင်ဦးခရိုင်စည်ပင် Reviewed by သစ်ထူးလွင် on 09:01 Rating: 5

13 comments:

aristhteinwin said...

ဒိလောက် ဆိုးတဲ့ လူကို လားပင်စင်ပေးလိုက်ပေါ့--

u kyawkyaw said...

နေ၀င်းခေတ်၊သန်းရွှေခေတ်က၀န်ထမ်းတွေအကုန်လဲရမယ်။ပိုက်ဆံဘယ်လောက်တိုးပေးပေးအကျင့်ကပြင်မှာမဟုတ်ဘူး။ကိုယ်
ကျိုးအတွက်ဘဲလုပ်နေကြတယ်။

mad dog said...

သူခိုး မျိုးအောင် သူများအလှူကတောင် ဖြတ်စားလတ်စား လုပ်တာ ..ေ၇ဖော ဖောေ၇ဖျဉ်းစွဲေ၇၀ဲစားေ၇ယုန်ပေါက်ေ၇ကျောက်ပေါက်ေ၇ခူစွဲေ၇နစ် သေမဲ့ ကောင်

TAIL LAMP said...

ညောင်ဦးသားသမီးတွေ ဒို့ကြည့်မယ်

အောင်သက်ဦး said...

ပင်စင်မပေးနဲ့တန်းသာဖြုတ်လိုက်အေးရော။ ဒါတောင်သူစားထားတဲ့ငွေမဲတွေရှိသေးတော့ ငတ်သေမှာမဟုတ်ဘူး။

Aung Soe Oo said...

အများပြည်သူဒုက္ခရောက်မှထမင်းစားဝင်တဲ့ကောင်တွေ တောင်ဆိုခွင့်မရရင် တိုက်ယူရတယ်
သတ်ပစ်အာ အားလုံးအတွက် ၀ိုင်းရိုက်သတ်ပစ်ကွာ...လူမတန်တဲ့ကောင်တွေ ၀ိသမလောဘသားကောင်တွေရှင်းပစ်ရမှာဘဲ....

oaksoe said...

မိုက်ရိုင်းလိုက်တာကွာ....လူမှဟုတ်ရဲ့လား....တိရစ္ဆာန်စိတ်ပေါက်နေပြီထင်တယ်...ငရဲမှာဂျိုးကပ်မဲ့ကောင်....

ပုဂံစစ်သည် said...

အဲ့ဒီလူစားနေတာကြာပြီ။ ဟိုနေရာစား ဒီနေရာစားနဲ့။ လူကပုကွကွနဲ့၊ ဒီလူကိုဥပဒေအရ အရေးယူသင့်တယ်။ ညောင်ဦးစည်ပင် နာမည်ပျက်တွေ ရှိတာအများကြီးပဲ သိချင်ရင် ညောင်ဦးသားတွေကိုမေးကြည့်။

ပုဂံမင်းသား said...

ဟုတ်တယ်...။ ဒီ..မျိုးအောင် ဆိုတဲ့ကောင်ကို လာဘ်ထိုးပြီး အင်တိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဗေဒါ..၊ ကျော်သန်းဌေး..၊ ကျောင်းဆရာ မြင့်သန်း..စတဲ့ကောင်တွေလဲ ဒီရေတွေ ရောင်းစားနေတာ..။ ကျပ်သိန်းပေါင်း (၅၀) ကျော် လောက် တွက်ချေ ကိုက်နေပြီ...။ ပြည်သူတွေအပေါ် ဂုတ်သွေးစုတ် အမြတ်ထုတ်တဲ့ ကောင်တွေကို အမြန်အရေးယူပေးကြပါ...ဗျို့။

တောဆရာ said...

ဒီ..မျိုးအောင်နဲ့ အပေါင်းအပါတွေဟာ..တကယ်ကို မိုက်ရိုင်းလွန်းပါတယ်..။ သူ့ နောက်လိုက် သား..တွေဖြစ်တဲ့ ရေအေး..၊ ဗေဒါ..၊ ကျော်သန်းဌေး..၊ မြင့်သန်း စတဲ့ လူယုတ်မာတစ်သိုက်ကလည်း သူတို့ ပထွေး မျိုးအောင် အားကိုးနဲ့ “အထက်အဖွဲ့ အစည်း လာစစ်ချင်သလား..လာစစ်လှည့်၊ ပါးစပ်ပါသလား..ပိုက်ဆံခွံ့လိုက်ရင် ပြီးတာပဲ..” လို့ ရွာသားတွေကို ပမာမခန့်ပြောခဲ့တဲ့ကောင်တွေ..။ မင်းတို့အတွက် အကုသိုလ်တွေ လာတော့မယ်..။

Anonymous said...

ပြည်သူ့အသံ.. လွှတ်တော်အသံ..တဲ့
ဦးသူရရွှေမန်းရေ... ပြည်သူတွေကတော့ နာမည်တွေ အတိအကျနဲ့ကို အသံတွေဆူညံနေပါပြီ...။

RS STORE said...

ဟုတ်တယ်ဗျ အရမ်းလူပါးဝ လွန်းတယ်

RS STORE said...

ပြည်သူတွေအပေါ် ဂုတ်သွေးစုတ် အမြတ်ထုတ်တဲ့ ကောင်တွေကို အမြန်အရေးယူပေးကြပါ...ဗျို့။

Powered by Blogger.