အော်ဟစ်ဆဲခဲ့မှုနှင့်ထောင်ဒဏ်ချခံရတဲ့ဦးအေးလွင် |
၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီအဖြစ်
တည်ထောင်ခွင့် ပထမဆုံး လျှောက်ထားခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံ
အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် ပါတီ ဥက္ကဌ ဦးအေးလွင်ကို
လှည်းကူးတရားရုံးမှ ထောင်ဒဏ် နှစ် လ ချမှတ်လိုက်ကြောင်း ယင်းပါတီ၏
ညီနောင်ပါတီဖြစ်သည့် ၈၈မျိုးဆက်ကျောင်းသားလူငယ်များပါတီ(ပြည်ထောင်စု
မြန်မာနိုင်ငံ)မှ အထွေထွေ အတွင်းရေးမှူး ဦးလေးလွင်က The Voice Weekly
သို့ အတည်ပြုပြောကြားသည်။
“ တာဝန် ၀တ္တရား နှောက်ယှက်မှု ပုဒ်မ ၄၁၆ နဲ့ ဒီနေ့ အမိန့်ချလိုက်တာပါ” ဟု
ယနေ့ ညနေပိုင်း ၄ နာရီ ခန့်တွင် ပြောကြားသည်။
၂၀၁၁ ခုနှစ် ဇူလှိုင်လ ၂၆ ရက်နေ့တွင် နေပြည်တော် -ရန်ကုန်
အမြန်လမ်းမကြီးပေါ်ရှိ လှည်းကူးတန်ပိုဂိတ်မှ တာဝန်ရှိ ၀န်ထမ်းများနှင့်
အချေတင်စကားများရာမှ ဦးအေးလွင်က အော်ဟစ်ဆဲခဲ့သည်ကို
တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယနေ့အမိန့်ချလိုက်ခြင်းဖြစ်သည်။
The Voice Weekly
ပါတီ ဥက္ကဌ ထောင်ဒဏ် နှစ်လ ချမှတ်ခံရ
Reviewed by သစ်ထူးလွင်
on
18:17
Rating:
9 comments:
hကောင်းတယ်။
ဘာမှတောင်မဖြစ်သေးဘူး လူပါးဝတာ။
နည်းလိုက်တာ များများချရောပေါ့ဗျာဥပဒေအထက်မှာဘယ်သူမှမရှိရ ဟေ့ ဒါဘဲ။
အော်ဒုက္ခ။ အာဏာကမရသေးဘူး။ အာဏာပြချင်တဲ့ကောင်ပါလား။ နိုင်ငံတော် ၀န်ကြီး မပြောနဲ့ ဗိုလ်ချုပ်မှူးကြီး အိမ်ကကားတောင် အရင် က ကောက်တယ် ကွ။ ပေးတာကတော့ တပ်ကပေါ့.. မင်းလဲမပေးချင်ရင် ကားမစီးနဲ့ကွာ လိုင်းကားစီးပေါ့။ တရားသူကြီးကလဲဗျာ.. သူတို့လေသံနဲ့ ပြောလိုက်အုံး မယ်။ မတရားဘူးကွ ၂ နှစ်လောက်ချရမှာ
ကောင်း၏ ဟိုယောင်ယောင် ဒီယောင်ယောင် အကောင် အစိုးရနဲ့လဲပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလဲ
ပုတ်ခတ်ပြောဆို လူကဘာအရည်အချင်းမှမရှိ အခုပဲကြည့် လမ်းတံတားကြေးကောက်တဲ့သူတွေကတောင်အရိုအသေ
မတန်လူမလေး ခွေးမခန့် ဆိုတဲ့ အေးလွင်
ထောင်ထဲမှာ တာလပေါ နှစ်လ စားစေတဲ့ ......ရန်ဖြစ်ဆဲဆိုတဲပုဒ္မ ဆိုတော့ ပုံစံခန်းကိုအရင်ပို့ပေးလိုက်ကြပါဗျာ အလုပ်ကြမ်းအတွက် ရဲဘက်စခန်း(မုတ်ပလင်/ ဘီးလင်း/ရင်းငြိမ်)ကြိုတ်တဲ့နေရာ သူ့ဘာသာရွေးပါစေ ဒါမှမကြိုတ်ဘူးဆိုရင်လဲ ၀န်ဆောင်တပ်ရင်း ပို့ပြီး စစ်သားတွေနဲ့ နိုင်ငံတော်တာဝန်တွေထမ်းဆောင်ပါစေ ထောင်ထဲမှာရှိနေတဲ့
သိက္ခာရှိနိုင်ငံရေးအကျဉ်းသားတွေနဲ့ရောပြီးမနေပါစေနဲ့..။
ဦးအေးလွင်က တကယ်တော့  Hip Hot သီချင်း အော်ဆိုလိုက်တာ ဒါပေမယ့်  Hip Hop သီချင်းနဲ့  စိမ်းနေတဲ့  လှည်းကူးဂိတ်က ၀န်ထမ်းတွေက သူတို့ ကို ဆဲတယ်ထင်ပြီးနာလည်မှု့  တွေ လွဲသွားခဲ့တာ
ဒီကိစ္စသာအမှန်ဆို
အံ့သြစရာဘဲ
ပါတီတစ်ခုဦးဆောင်ပြီး
နိုင်ငံရေးမျှော်မှန်းချက်ကြီးမားပုံရပါတယ်
သည်းခံခွင့်လွှတ်မှု
အနစ်နာခံမျိုသိပ်တတ်မှုကတော့
သူပုတ်ခတ်ခဲ့တဲ့ အမျိုးသမီးရဲ့
ဖိနပ်လောက်တောင် အဆင့်မရှိပါလား
ကောင်းလိုက်လေဖြစ်ခြင်း။
လူရှိတာကတစ်ယောက်နဲ့တစ်ပိုင်းပါတီကနှစ်ခုထောင်ထားတယ်
အခွင့်အရေးရရင် ခွဲတမ်းနှစ်ခုစာလိုချင်လို့ ပါတီနှစ်ခု
ထောင်ထားတာသိသာပါတယ်။ခေတ်ကပြောင်းသွားပြီး။
န၀တခေတ်မဟုတ်တော့ဘူး။
ကိုနိုင်/ေ၇ွမန်းသား
သူငယ်ချင်းတို့ ပြောနေကြသည်များကရှူထောင့်တစ်ခုကနေကြည့်မယ် ဆိုလျှင်လဲမှန်ပါသည်။ သို့ သော်လည်း လှည်းကူးရှိ တန်ပိုကောက် ခံရေးစခန်းမှတာဝန်ရှိသူဆိုသည်မှာက ပုက္ကလိက(companay) ၀န်ထမ်းများသာဖြစ်ပြီးနိုင်ငံဝန်ထမ်းများ မဟုတ်သည်ကတော့သေချာ ပါသည်။ ဆဲသူက နိုင်ငံဝန်ထမ်းမဟုတ်။ တန်ပိုကောက်သည် ကလဲ နိုင်ငံဝန်ထမ်းမဟုတ် နှစ်ဖက်စလုံးမှဘာမှမဟုတ်ကြပါ သို့ သောတန်ပို ကောက်ခံရေးလုပ်ငန်းလူကြီးပိုင်းမှ နောက်နောင်ကား လမ်းတန်ပိုကောက်ခံရေးကိစ္စတွေစကားများလာလျှင် ငွေကြေးမတန်တစ် ဆပိုတောင်းလို့ ပြန်ရစ်လျှင်ကားသမားတွေကိုချိမ်းခြောက်ထားနှင့်တဲ့သ ဘောနှင့်သက်ဆိုင်ရာတရားသူကြီးကိုငွေပေးပြီးထောင်ချခိုင်းတာသာဖြစ်နိုင် ပါသည်။အဲဒီလိုသာလုပ်လျှင် မတရားလုပ်လျှင်အများပြည်သူကားသမား
တွေဒုက္ခရောက်နိုင်သည် တရားရုံးကငွေရလိုမကြောက်မရွံလုပ်တာအရေး မကြီးပေမဲ့ နောက်နောင် မတရားငွေပိုတောင်းတဲ့တန်ပိုဂိတ်တွေကဒီလို ဒီလိုလုပ်လို့ ရတယ်ထင်ပြီး ဆက်လုပ်လို့ ရတယ်ဆိုပြီးကျွန်တော်တို့ ညီ အစ်ကိုတွေ ထောင်နန်းစံနိုင်တယ် ကားတန်ပိုကောက်တဲ့လူတွေအားလုံး နောက်ကွယ်ကပိုင်ရှင်တွေက ပေါက် ဖေါ်ကြီးတွေနော် ကိုယ်မြန်မာတွေအားလုံးကနေ့ စဉ်နှင့်အမျှကားမောင်း နေကြ၇တာ
ဒါကြောင့် တန်ပိုက ငနဲတွေနဲ့ စကားများတာ ၇န်ဖြစ်မှုလို့ ဘဲအမှုဖွင့်ရ မယ်ဝတ္တရားနှောက်ယှက်မှုဆိုတာက ပေါက်ဖေါ်တွေပေးတဲ့ပုဒ်မပါ
ဒါကြောင့်လုံးဝမှားတယ်လို့ ကိုယ်ပြောပါရစေ။
May 23,2012,02;30AM
ကိုနိုင်/ရွှေမန်းသားကိုပြောချင်ပါတယ်..ဒီဖြစ်စဉ်စတင်ဖြစ်ကတည်းကအင်တာနက်မီဒီယာတွေထဲမှာတွေ့ရပါတယ်.အများအားဖြင့်တွေ့၇ဖတ်ရမှာပါ..တကယ်ဆိုအေးလွင်ကိုမသိမသာကာကွယ်ပြီးမရေးသင့်ပါ...အေးလွင်ဟာအမေစုကိုဝေဘန်ခဲ့တာအားလုံးအသိပါ...၊အခုအမြန်လမ်းမမှာသူ့ရဲ့ ဟောင်ဖွာဟောင်ဖွာပြောတတ်တဲ့အလေ့အထနဲ့ သောက်သုံးမကျတဲ့ ....အသံကြောင့်ဖါးသေစိတ်ဓာတ်ကြောင့် ဆိတ်လစေ့ အေးလွင်တစ်ကောင် သူ့အတတ်သူစူးသွားရခြင်းဖြစ်ပါတယ်....၊
ကိုနိုင်/ေ၇ွမန်းသားရေးထားတဲ့ရန်ကုန်မန္တလေးအမြန်လမ်းတိုးဂိတ်တွေမှာ ဆောက်လုပ်ရေးက၀န်ထမ်းတွေကိုယ်တိုင်ပဲရှိပြီးဘယ်ကုပ္ပဏီကမှကောက်ခံနေတာမတွေ့ရပါဘူးဆိုတာ..အဲဒီဂိတ်ကိုဖြတ်တိုင်းတွေ့မြင်ရပါတယ်...သေချာလေ့လာစေချင်ပါတယ်...အခုလဲ(နောက်တက်မဲ့သမ္မတအလား)သူ့အလုပ်သူလုပ်တဲ့ဝန်ထမ်းတွေကိုအလကားနေရင်းသွားစော်ကားတာကြောင့် ထောင်ကျရတာပါ...ဒါတောင်နိုင်ငံရေးပါတီတစ်ခုရဲ့ ခေါင်းဆောင်ဆိုတဲ့အနေအထားကြောင့်သူ့ကိုညှာလိုက်ပုံရပါတယ်...
ခင်ဗျားကာကွယ်ပေးနေတဲ့၊အေးလွင်အကြာင်းသိချင်ရင်...ဒီမှာလင့်ပေးလိုက်ပါမယ်....၊
မင်းလွင် ... မှ အေးလွင် ... သို့ (ရှမ်း) မင်းလွင် ... မှ (ငါး) မင်းဆွေ ... သို့ http://www.mizzimaburmese.com/special/archive/226--------------.html
သစ္စာဖောက် မျိုးဆက်ယုတ် အေးလွင်၏ အရှက်မရှိ တောင်းရမ်းမှု http://www.dawnmanhon.com/2009/10/blog-post_28.html
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားအဖွဲ့ချုပ် (အေးလွင်)၏ မသမာခြေလှမ်းများ။ http://myatlayngon.blogspot.com/2009/10/blog-post_9711.html
အေးလွင် အုပ်စု ကို သတိထားကြ။ ဆန်ကျင့်ကြ။ http://www.deyea.org/2008/02/blog-post_0.html
သမိုင်းဝင် ဒေါင်း အလံအား အလွဲသုံးစားလုပ်သူ အေးလွင် နှင့် ရဲထွန်း တို့ တားမြစ်ခံရ http://freedomnewsgroup.com/2010/05/10/
ခင်ဗျားဒီလောက်ဆိုသဘောပေါက်မယ်ထင်ပါယ်...၊အားလုံးသောအပေါင်းအသင်းများကိုလဲ share ပါတယ်ခင်ဗျား...၊MNN ကိုကျေးဇူးတင်ပါတယ်...၊
ဖြစ်သည့်နေရာက ရန်ကုန်-မန္တလေးအမြန်လမ်း အစ တိုးဂိတ်မှာပါ အဲဒီဂိတ်က ဆောက်လုပ်ရေးဌာနပိုင်ပါ.. ၀န်ထမ်းများကလည်း ဌာနဆိုင်ရာပါဘဲ... တိုင်းပြည်နဲ့ လူမျိုးအကျိုးလုပ်မယ်ဆိုတာ ယုံကြည်ထိုက်တဲ့ သူ မဟုတ်နိုင်ပါ...
Post a Comment