မြန်မာ့စက်မှုလက်မှု ဆိပ်ကမ်းတွင် Import /Export ကွန်တိန်နာများ မကြာခဏ
ယာဉ်ကြောပိတ်ဆို့မှုများနှင့်ကြုံတွေ့နေရပါသည်။
ဆိပ်ကမ်းဧရိယာမှာကျဉ်းမြောင်းခြင်း၊ စက်ယန္တယားများလုံလောက်မှုမရှိခြင်း၊
နှင့် ပြောင်းလဲလာသည့်စီးပွားရေးစနစ်နှင့်အညီ Export / Import လုပ်ငန်းများ
တွင်ကျယ်လာသည့်အတွက် သဘောင်္ ၀င်ရာက်ဆိုဒ်ကပ်မှုများပြားလာရပါသည် ။
ထိုအခြေအနေများကြောင့် ဆိပ်ကမ်းအတွင်းအပြင်နှင့် ကမ်းနားလမ်းတစ်လျှောက်
ယာဉ်ကြောပိတ်ဆို့ မှုများမကြာခဏကြုံတွေ့နေရပါသည်။
လမ်းပေါ်မှာပင် export ကွန်တိန်နာတစ်စီးအ၀င်အထွက်နှင့် Import ကွန်တိန်နာ
တစ်စီး ဆိပ်ကမ်းဝင်းအတွင်းမှအ၀င်အထွက်မှာ ၃ ရက်ခန့် ကြန့်ကြာနေရသည့်
ဒုက္ခနှင့်ရင်ဆိုင်နေရပါသည်။
လုပ်ငန်းနှောင့်နှေးကြန့်ကြာမှုများ ၊ပြည်သူလူထုယာဉ်ကြောပိတ်ဆို့သွားလာမှု
အခက်အခဲများမကြာခဏ ရင်ဆိုင်နေရကြောင်း လုပ်ငန်းရှင်တစ်ဦး က
Myanmar News Now ကို ပြောပြပါသည်။
မြန်မာ့စက်မှုလက်မှု ဆိပ်ကမ်းတွင် Import /Export ကွန်တိန်နာများ မကြာခဏ
ယာဉ်ကြောပိတ်ဆို့မှုများနှင့်ကြုံတွေ့နေရစဉ်

မြန်မာ့စက်မှုလက်မှု ဆိပ်ကမ်းတွင် ကွန်တိန်နာများကြပ် ၊ ယာဉ်ကြောပိတ်ဆို့မှု
Reviewed by သစ်ထူးလွင်
on
10:19
Rating:
8 comments:
နောင် ၅ နှစ် ကြာ၇င် နောင် ၁၀ နှစ်ကြာ၇င် ဘယ်လောက် ပိုပြီးယဉ်ကြောပိတ်ဆို့ မှု့ များလာမလဲ ကြိုတင်တွေး ကြိုတင် ပြင်ဆင်မှု့ အပိုင်း ကြိုတင် စီမံချက်တွေ အားနည်းလွန်းတယ် ဖြစ်ခါမှ ဖြစ်သလို၇ှင်းမဲ့  စီမံချက်တွေ ကြောင့်  ပြေလည်မှု့ တွေ က ခဏလေးပဲ ၇ပြီးနောက် ပြန်ပြန်ယဉ်ကြောပိတ်ဆို့ မှု့ တွေ ဖြစ်နေဦးမှာပါ
ကွန်တိန်နာယာဉ်မောင်းတွေကလဲ ရမ်း/ကြမ်းပြီး ယာဉ်တိုက်မှုတွေကလဲမကြာခဏဖြစ်နေတာကြာလှပေါ့
ကမ်းနားလမ်းကို ဟိုင်းဝေးလမ်းလို့ မောင်းနေကြတော့လည်း ယာဉ်တိုက်မှုဆိုတာ အဆန်းလားဟေ
ရေရှည် အတွက်စဉ်းစားထားသင့်တယ်
ကွန်တိန်နာဆိပ်ကမ်းကို လူစီကားတဲ့နေရာနဲ့နီးနီးဆောက်ခွင့်ပြုတာ အလွန်အန္တရယ်များတယ် ဘာကြောင့်အေရှဝေါ်ကို ဆောက်ခွင့်ပေးရတာလဲ မရိုးသားဘူး
ကြိုတင်စဉ်းစားမယ် ဆိုရင် ဒီနေရာဟာ များပြားလာတဲ.ရန်ကုန်မြို.နဲ. ပါတ်ဝန်းကျင်မြို.နယ်က ပြည်သူများ၊ ခရီးသွားဧည်.သည်များ အဝေးမသွားရပဲ အပန်းဖြေအနားယူစရာ၊ လမ်းလျှောက်၊ ဖွဖွပြေး၊ စားသောက်ဆိုင်လေးများ ( ညနေဖက်) စနစ်တကျဖွင်.ထားပေးရင် အဝေးမသွားပဲ သာမာန်လူတန်းစားများ ဘ၀အမော ခေတ္တပြေမဲ. နေရာလေးပါ။ ကားလမ်းကြပ်မဲ. လမ်းပိတ် လမ်းပျက်မဲ.ကုန်သေတ္တာများ ကို လက်ရှိ သန်လျှင်ဖက်ရွှေ.လိုက်ရင် အားလုံးအစဉ်ပြေမယ်။
အမှန်တကယ်အဆိုပါဆိပ်ကမ်းတွင်ကွန်တိန်နာတင်ကားများနှင့်
ကွန်တိန်နာများအလွန်ကျပ်နေပါသည်။ဆိပ်ကမ်းပိုင်ရှင်ကုမ္မဏီမှာလည်းမိမိဆိပ်ကမ်းနှင့်နိုင်သလောက်အရေအတွက်ကိုသာလက်ခံ
ဆောင်ရွက်သင့်သည့်အရေအတွက်ထက်သင်္ဘောများပိုမိုအကပ်ခံ
ခြင်းကြောင့်လုပ်ငန်းများမနိုင်မနင်းဖြစ်နေကြောင်းကိုအဆိုပါဆိပ်ကမ်းတွင်ပစ္စည်းသွားရောက်ထုတ်ယူတိုင်းကြုံတွေ့နေရပါသည်။
အကောက်ခွန်စစ်ဆေးရေးအဖွဲ့မှလည်းထုတ်သမျှကွန်တိန်နာများ
အားလုံးကိုX-Ray ဖြတ်ခိုင်းခြင်းကြောင့်ဆိပ်ကမ်းထဲတွင်ကွန်တိန်နာကားများလှည့်ပါတ်သွားနေရသောကြောင့်လမ်းပိတ်ခြင်း၊
လမ်းကြပ်ခြင်းများကြုံတွေ့နေရပါသည်၊ပိုင်ရှင်ဦးကိုကိုထူးရေနည်းလမ်းကောင်းတွေစဉ်းစားပါဦး။
@Ko THU မစဉ်းစားခိုင်းနဲ့ စဉ်းစားမှာလဲမဟုတ်ဘူး။ Depot တွေက import က export ထက်များနေတော့.. ကွန်တိန်နာတွေ တောင်လိုပုံနေတာ.. ဒါ ကို SAD ကော.. ဆျပ်ကမ်းအာဏာပိုင်ကော က အရင် လွန်ခဲ့သော အနှစ်၃၀ က ရေးဆွဲခဲ့အတိုင်းသွားနေရင်တော့ ရန်ကုန်မှာ port ကြပ်တာဘယ်လိုမှ တိုးတက်လာနိုင်မှာမဟုတ်ဘူး။ private တွေကလဲ အစိုးရရုံးတွေ မတွန်းရင် မပြင်သလို အစိုးရရုံးကလဲ ခေတ်နောက်ကျတဲ့ plan အတိုင်းသွားရင် ဒီ လိုဘဲဖြစ်နေအုံးမှာ။
Post a Comment