မှားယွင်းဖမ်းဆီးထားသော ဆက်သွယ်ရေးဝန်ထမ်းအား ပြန်လွှတ်ပေးစေလို
ဟင်္သာတမြို့မှာ ၆-၃-၂၀၁၂ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာဗုံးကွဲမှုနှင့်
ဟင်္သာတဆက်သွယ်ရေးရုံး အတွင်း ဗုံးတွေ့ရှိမှုတို့ကြောင့်  မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်း၊ အော်တိုရေဒီယိုတယ်လီဖုန်းဌာန၊ ဟင်္သာတမြို့ မှ ၀န်ထမ်းတစ်ဦးအား
မသင်္ကာမှုနှင့်  ဖမ်းဆီးခဲ့ပါသည်။ ၄င်းဝန်ထမ်း၏ ဇနီးသည် (အိတ်ချိန်းဝန်ထမ်း)
 ကိုလည်း ရဲစခန်းတွင် (၃)ညအိပ် (၄)ရက် ခေါ်ထားသေးပါတယ်။ မသိနားမလည်
သေးသော သမီးငယ်(၂)ယောက်ကိုလည်း ည (၁၁) နာရီလောက် ၄င်းဝန်ထမ်း
ဖမ်းဆီးထားသော ဆည်မြောင်းရိပ်သာသို့ ခေါ်ဆောင်လာပြီး ကြည့်ခိုင်းခဲ့ပါတယ်။
 ဒီလောက်ရက်စက်ယုတ်မှာတဲ့ ရဲများ ကို တစ်မြို့လုံးက အံ့သြလို့ မဆုံးဖြစ်ခဲ့ရပါတယ်။
 ယခုအခါ ဗုံးခွဲခဲ့သော တရားခံအား ဖမ်းဆီးနိုင်ခဲ့ပြီလို့ နိုင်ငံပိုင် သတင်းစာများတွင်
ဖေါ်ပြခဲ့သည်ကို ဖတ်ရှုခဲ့ရပါသည်။ မသင်္ကာမှုနှင့်ဖမ်းဆီးခဲ့သော ဆက်သွယ်ရေးမှ
ဝန်ထမ်းကို ယနေ့ချိန်အထိ ပြန်လွှတ်မပေးသေးပါ။ ၄င်းဝန်ထမ်းကိုဖမ်းဆီးချိန်မှစပြီး
ယနေ့အထိ မိသားစုနှင့်  တစ်ကြိမ်မှတွေ့ခွင့်မပေးခဲ့ပါ။
ယခုအချိန်တွင် ၄င်းဝန်ထမ်းကို အချုပ်ထဲမှာမထားတော့ပဲ ထောင်ထဲတွင် ပြောင်း
ရွေ့ထားပါသည်။ ဘာကြောင့်ဆက်ပြီး ဖမ်းဆီးထားသည်ကို မိသားစုများမှ စုံစမ်းခဲ့
သော်လည်း မသိရှိရပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် မိသားစုတွေကိုတော့ အသိပေးသင့်
သည်ဟု ထင်မြင်မိပါသည်။ အပြစ်မရှိတော့လျှင် ပြန်လွှတ်ပေးသင့်ပါတယ်။
၎င်းဝန်ထမ်းကို ဖမ်းဆီးချိန်အတွင်း နှိပ်စက်ခဲ့ခြင်း၊ အလုပ်ပြုတ်ခဲ့ခြင်းများအတွက်
ဟင်္သာတမှ ရဲ၊ “စ”သုံးလုံး၊ ရဲသတင်းတပ်ဖွဲ့တို့တွင်တာဝန်ရှိပါသည်။ တရားခံမဟုတ်ပဲနဲ့
တရားခံပါဆိုပြီး ဖမ်းခဲ့တဲ့ ၄င်း ရဲ၊ “စ”သုံးလုံး၊ ရဲသတင်းတပ်ဖွဲ့ဝင်များသည်လည်း
လောက်ရှိတယ်ဆိုတာ ဒီအမှုမှာတင် သက်သေပြနိုင်ခဲ့ပါတယ်။ ဒီဝန်ထမ်း တစ်ယောက်က
  သူ့ဌာနကို ပြန်ပြီး ဗုံးထောင်ပါ့မလားဆိုတာ စဉ်စားကြည့်ဖို့တော့ ကောင်းပါတယ်။
အစကတည်းက ဒီဝန်ထမ်းက တရားခံမဟုတ်ဘူးဆိုတာ လူတိုင်းသိပါတယ် ။
ဒီ ရဲ၊ “စ”သုံးလုံး၊ ရဲသတင်းတပ်ဖွဲ့တွေက ဘာလို့မသိကြတာလဲ။ ကိုယ်ကိုကိုယ် အသုံးမကျ
မှန်းသိရင်လဲ အလိုက်သိတက်စွာနဲ့ အလုပ်က ထွက်လိုက်ကြပါတော့။ ဟင်္သာတက
ရဲအရာရှိကြီးများ ဘယ်သင်တန်းကျောင်းကသင်ပေးလိုက်လို့ ဒီလိုအသုံးမကျဖြစ်နေ
တာလဲ။ ဒင်းတို့ကြောင့် ရဲတပ်ဖွဲ့ဝင်အားလုံး နာမည်ပျက်ရတော့မယ်။ သူများမိသားစုဝင်
တွေ စိတ်ဆင်းရဲရသလို ဒင်းတို့အားလုံးဝဋ်မလည်ကျပါစေနဲ့လို့ ဆုတောင်းနေပါသည်။
အများကြီးစိတ်ဆင်းရဲခဲ့ရတယ်။ တန်ဘိုးရှိတဲ့အချိန်တွေ့လဲ ကုန်ဆုံးခဲ့ရတယ်။ ၄င်းဝန်ထမ်း
 ဆုံးရှုံးသွားသော အရာများအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက  တာဝန်ယူဖြေရှင်း
သင့်ပါသည်။ ရဲများမှ မသင်္ကာသော သူများကို ခေါ်ယူမေးမြန်းခွင့်ရှိပါသည်။
ဒီလောက်အကြာကြီးဖမ်းဆီးထားခြင်း၊ နှိပ်စက်ခြင်းများမပြုလုပ်ရပါ။ နှိပ်စက်ခဲ့သောသူများ
နှင့် ဒီလောက်ကြာကြာဖမ်းဆီးခဲ့သူများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ အပြစ်ပေးအရေး
ယူသင့်ပါသည်။ ဟင်္သာတမှ ရဲများ၏ လုပ်ရပ်ကို ကြည့်မနေနိုင်သောကြောင့် အဲ့ဒီရဲများ၏
လုပ်ရပ်ကို နိုင်ငံတော်သမ္မတကြီးနှင့် ပြည်ထဲရေးဌာနမှ တာဝန်ရှိသူများ သိရှိနိုင်ရန်နှင့်
ဖြေရှင်းပေးပါရန် ဟင်္သာတမြို့ ခံတဦးက Myanmar News Now ကို သတင်းရေးသား
ပေးပို့ ထားပါသည်။
မေလ(၁၃)ရက်နေ့ က ဗုံးဖောက်ခွဲမှုတရားခံဆိုသည့် သန်းကိုဦး မြန်အောင်မြို့ ကြံ့ခိုင်ရေး ရုံးသို့
ဝင်ရောက် ဆောင်ရွက်ခဲ့ပုံများကို သရုပ်ပြ လိုက်လံပြသနေပုံ (ဓါတ်ပုံ-Myanmar News Now)
မှားယွင်းဖမ်းဆီးထားသော ဆက်သွယ်ရေးဝန်ထမ်းအား ပြန်လွှတ်ပေးစေလို မှားယွင်းဖမ်းဆီးထားသော ဆက်သွယ်ရေးဝန်ထမ်းအား ပြန်လွှတ်ပေးစေလို Reviewed by သစ်ထူးလွင် on 04:44 Rating: 5
20 comments:
Anonymous said...
တရုပ်နဂါးကတာ ကြည်.ရသလိုပဲ အရပ်ကတို.၊ ခေါင်းကနဲနဲရမ်းတော.
နောက်ပိုင်းက လူတွေကတော. ...................
အောင်မလေးဗျ ဖြေးဖြေးလုပ်ပါဟ ကြည်.တဲ့သူကို တိုက်မိပြီ ကတာတော.ကပေါ. သောက်ရမ်းတော.မကနဲ့ပေါ.
tharzaw said...
ရဲတို့ စ,သုံးလုံးတို့ဆိုတာ
အတူတူနဲ့ အနူနူပဲ။ ပြည်သူ့ချဉ်ဖတ်ဖြစ်ခဲ့တာကြာပေါ့။
မတရားညှဉ်းပမ်းနှိပ်စက်ပြီး ကိုယ်လိုချင်တဲ့အဖြေကို
မရ,ရအောင်တောင်းတတ်တဲ့သူတွေ။ ငရဲသားထက်ဆိုးတဲ့သူတွေပေါ့။
ငရဲသားဆိုတာက တစ်ကယ့်ကို အပြစ်ရှိတဲ့သူတွေကို အပြစ်ပေးတာပေါ့။
သူတို့ကတော့ အပြစ်မရှိတဲ့သူကိုလည်း အပြစ်ရှိသယောင်နဲ့ မတရားညှဉ်းဆဲ
နှိပ်စက်တတ်သူတွေပေါ့။
(အနည်းငယ်သော ကောင်းမွန်သူတွေလည်းရှိကောင်းပါရဲ့။)
zzmyoe said...
ရဲတွေ၊စစစ၊Sb တွေကတော့တော်တော်နံမည်ပျက်နေပြီ၊လူတွေကို အထောက် ထားမရှိဘဲ၊ဖမ်းချင်သလိုဖမ်း၊ရိုက်ချင်သလိုရိုက်၊လုပ်နေတာ ကြာပြီ ဒီပြသနာလည်း ရမ်းသမ်းဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်တယ်ဆိုရင် ကျွန်တော်တို့ ၀ိုင်းဝန်းပြီး တရားပြန်စွဲနိုင်အောင် ကူညီကြပါစို့၊ နောက်ဆိုရင် အကြောင်းမရှိ လူတွေကို ရမ်းပြီးမဖမ်းရဲအောင်ပါ၊တရားရေးစနစ်က တော်တော်အော်ကလီ ဆန်လာပြီ။
tunnaing said...
ဒီလိုသာ ဆက်လုပ်နေရင်တော့ နေရမှာတောင်ခတ်လန့်လန့်ပါ။ ဖမ်းသွားတဲ့ ကောင်တွေကိုမသိကြဘူးလား။ သိရင်လည်း သမ္မတကြီးဆီတိုင်ကြပါ။ ထိထိရောက်ရောက် အရေးယူပါလိမ့်မယ်။ ဘာမှမသိဘဲနဲ့ ရဲဖြစ်နေတဲ့သူတွေအများကြီးပါ
tunnaing said...
ဒီလိုသာ ဆက်လုပ်နေရင်တော့ နေရမှာတောင်ခတ်လန့်လန့်ပါ။ ဖမ်းသွားတဲ့ ကောင်တွေကိုမသိကြဘူးလား။ သိရင်လည်း သမ္မတကြီးဆီတိုင်ကြပါ။ ထိထိရောက်ရောက် အရေးယူပါလိမ့်မယ်။ ဘာမှမသိဘဲနဲ့ ရဲဖြစ်နေတဲ့သူတွေအများကြီးပါ
honey said...
နာမည်ဆိုးနဲ့ကျော်ကြားပြီးရင်းကျော်ကြားနေ
သူများအစုလိုက်အပြုံလိုက်ကျဆုံးကြပါစေ။
အောက်တန်းစားစိတ်ဓါတ်ပိုင်းဆိုင်ရာခြစား
အထက်လူကြီးကိုတရားခံပြမျက်နှာလိုမျက်နှာရ
လုပ်လူကြီးတွေကလည်းတရားခံအစစ်အမှန်ထက်မိတာ
တရားခံလုပ်ပေးရင်ကျေနပ်နေသောစာမတက်လူသားချင်း
မစာနာတက်သူများမြန်မာပြည်သူတရပ်လုံးကိုနှိပ်စက်
နေကြသည်။
Nay Nwaye said...
မြန်မာနိုင်ငံကရဲတွေကဒီလိုပါပဲ ထင်ရောင်ထင်မှားနဲ့ဖမ်း မတရားနှိမ့်စက်ပြီးဝန်ခံခိုင်း လုပ်တဲ့သူကတစ်ယောက် အဖမ်းခံရတဲ့သူကတစ်ယောက် ခံရတဲ့သူတွေမှာနစ်နာလှပါတယ် ဒီစနစ်ဆိုးတွေကနေ အမြန်ဆုံးရုန်းထွက်နိုင်ကြပါစေ.
Nay Nwaye said...
မြန်မာနိုင်ငံကရဲတွေကဒီလိုပါပဲ ထင်ရောင်ထင်မှားနဲ့ဖမ်း မတရားနှိမ့်စက်ပြီးဝန်ခံခိုင်း လုပ်တဲ့သူကတစ်ယောက် အဖမ်းခံရတဲ့သူကတစ်ယောက် ခံရတဲ့သူတွေမှာနစ်နာလှပါတယ် ဒီစနစ်ဆိုးတွေကနေ အမြန်ဆုံးရုန်းထွက်နိုင်ကြပါစေ.
Blogger said...
ဆက်သွယ်ရေးမှ တာဝန်ရှိလူာကြီးမင်းများလဲ မိမိဝန်ထမ်းကို ပြန်ကြည့်စေချင်ပါတယ်။
kyawswar (ကဝမြေ) said...
ဒီ အေပေး ရဲတွေကို ပြောကိုမပြောချင်တော့ဘူး၊ ပြောရတာ အချိန်ကုန်တယ်၊
ဒီကောင်တွေစိတ်ဓာတ်ကိုးက ခွေးလောက်အဆင့်တန်းမရှိဘူး။
ကိုယ်အရည်ချင်းမရှိရင်လည် အသာနေပေါ့။
မသင်္ကာလို့ ဖမ်းတယ်ဆိုလဲ ဖမ်းလို့ရပါတယ်။
ညှင်းပန်းနှိပ်စက်ပြီး မလုပ်ပါဘူးဆိုတာကို လုပ်ပါတယ်ဖြစ်အောင် မလုပ်သင့်ဘူး။ အမူ့အမှန်လဲ ပေါ်နေပြီ၊ ဘာကြောင့်မလွတ်ပေးသေးတာလဲ
မင်းတို့စောက်ကျင့်တွေ ပြည်သူတွေသိမှာ ကြောက်လို့မှတ်လား၊
ေ-ပေးတွေ...မပြောချင်ဘူး။
တာဝန်ရှိသူတွေ ဖြေရှင်းပေးသင့်ပါတယ်၊ ဒီအတိုင်းကြည့်မနေသင့်ပါဘူး။
shwetoe29 said...
ပြန်မလွှတ်ပေးတာက ဘယ်လောက်တောင် နှိပ်စက်ထားလဲမှ မသိတာ...အဲဒီဝန်ထမ်း အသက်တောင်ရှိသေးရဲ့လားမသိဘူး..ရဲတွေက စသုံးလုံးတွေက တော်တာ လူကို နှိပ်စက်တဲ့နေရာမှာတော့ world no 1 အဆင့်မီတယ်...
wi wi said...
သြော်--စိတ်မကောင်းစရာပါလား ဒီလိုမတရားဖမ်းဆီးနှိပ်စက်ခံရသူတွေဘယ်လောက်များရှိနေမလဲစိတ်ပူစရာပဲ ဒါဟာစနစ်ဆိုးကြောင်.လား အသုံးမကျတဲ.လူတွေကြောင်.လား
ဥပဒေမရှိတဲ့ နိုင်ငံလိုဖြစ်နေတာပါလား ကြည်.လုပ်ကြပါအုံး သမတကြီးနဲ.လူ
ကြီးတွေရယ်ဆင်းရဲနေတဲ့ပြည်သူတွေကို နင်းပြီးနှိပ်စက်မှု.တွေ၇ပ်ပါတော့
Aung San said...
တော်ပါတော့ ဗျာ ဒီရဲအကြောင်း စ၃လုံးအကြောင်းမပြောပါနဲ့တော့
စောက့်ဆင့်မရှိတဲ့ကောင်တွေ မင်းတို့ကိုပြောချင်တာ ဒိထက်နက်နဲ့တဲ့စကားလုံးမရှိတော့လိုကွ နားလည်လား
ကဲ တင်ပြတာမှန်နေရင် နိုင်ငံတော်သမ္မတကြီးနဲ့တာဝန်ရှိသူတွေက
ဘာတွေပြန်ပေးဆပ်မှာလဲ၊ ဘယ်လိုစီစဉ်ပေးမှာလဲ လုပ်စမ်းပါအုန်း
REQULAR said...
မလွတ်ပေးသေးတာကတော့ ရှင်းပါတယ် ရဲကိုပိုက်ဆံတွေမပေးလို့ ဖြစ်လိမ့်မာပေါ့ဗျာ
Unknown said...
ဲအဲ့ဒီဝန်ထမ်းကံကောင်းတယ်မှတ်ပါ - သူ့ကိုအတင်းဝန်ခံခိုင်းပြီး ထောင်ချဖို့လုပ်နေတုန်း တရားခံအစစ်ပေါ်လာတော့ သက်သာခွင့်ရသွားတာပါ - အဆိုးထဲက အကောင်းလို့ဆိုရမယ် - တရားခံအစစ်က သူလုပ်တာပါလို့ ပြောတာတောင် လွှတ်မပေးသေးဘူးလေ - ဒီလိုအပြစ်မရှိပဲ ဖမ်းထောင်းချတဲ့သူတွေ မြန်မာပြည်မှာအများကြီးပါ - ရဲသင်တန်းကျောင်းမှကတည်းက တရားခံလိုချင်ရင် အပြစ်မရှိတဲ့သူတွေကို အတင်းဝန်ခံခိုင်းပြီး ထောင်ချဖို့သင်ခဲ့တာထင်တယ် -
htwe said...
အားလုံးကို ၀ါးလုံးသိမ်းမ‌ပြောပါနဲ့
‌ကောင်းတဲ့ရဲ‌တွေအများကြီးပါ။
တပ်ကလူ‌တွေ‌ပြောင်းလာပြီးမှ ရဲတပ်ဖွဲ့ပျက်တာပါ။
ရဲလုပ်ငန်း‌တွေ‌ပြောင်းပြန်ဖြစ်ကုန်တာပါ။
အခြုဖစ်စဉ်မှာလည်း တိုင်းရဲတပ်ဖွှဲ့မှူးက ပြန်မလွှတ်ဘဲ အ‌ရေးယူဘို့ လုပ်‌နေတာပါ။
အပြစ်မရှိတာ ရဲ‌တွေကသိပါတယ်။ တပ်ထုံးစံလိုဘဲ တစ်‌သွေးတစ်သံတစ်မိန့် လုပ်‌နေလို့၊ ဘယ်သူမှ ‌ပြောလို့မရပါ။
chitthu said...
တော်သေးတာပေါ့။ မဟုတ်ရင် နှိပ်စက်ခံရပြီး မခံနိုင်လို့ ၀န်ခံရင်လည်း သေဒဏ်၊ အင်း.... သေဒဏ်ကမှ တစ်ရက်ရက်လွတ်နိုင်သေးတယ်ဆိုပြီး ၀န်ခံပါတယ်ပြောလိုက်ရင် ဒုတ်ခ။ ဘယ်နေရာမှ မလွတ်ပါလား။ အခုလည်း ဘယ်လောက်တောင် နှိပ်စက်ထားလို့ မလွှတ်ပေးတာလည်းမသိဘူး။ X2O လည်း အမှန်လား၊ အမှားလား ဘယ်သူသိနိုင်မလဲ၊ သိသူများ ပြောပြပေးပါအုန်း။
သူ၇ိယ said...
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့အနီးကလူကိုဖမ်းပြီးနမ်မည်တပ်လိုက်တာ..မြန်မြန်လည်းပေါ်မယ်မထင်လို့ကြံမိကြံရာလုပ်လိုက်တာနေမှာပေါ့..
ဆုလာဘ် said...
မြန်မာနိုင်ငံ၇ဲတော်ပါတယ် မဟုတ်တဲ့နေ၇ာမှာ ထင်ယောင်ထင်မှားဖမ်းမယ် ငွေတောင်းမယ် ပြန်လွှတ်ခ ၇န်ကုန်မြို့ ငါးလောင်းပြိုင် လူသတ်မှု အသံတောင်မကြားတော့ဘုး ဆက်သွယ်ေ၇းဝန်ကြီး ဘာလုပ်နေလဲ လက်အောက်ဝန်ထမ်းတစ်ယောက်ကိုမတ၇ားလုပ်တာကိုကြည့်နေနိုင်သလား အမှုကိုမခိုင်လုံ့ဘဲဖမ်တဲ့အကောင်ကို ထောင်ထဲသို့ေ၇ာက်အောင်ပို့၇မယ် စံနမူနာပြ၇မယ်
Unknown said...
htwe ပြောသလို တပ်ကလူတွေပြောင်းလာမှ ရဲတပ်ဖွဲ့ပျက်တာမှန်ပေမယ့် မင်းတို့ရဲတွေလဲအကုန်လုံးမကောင်းဘူဆိုတာ သိမှာပါ ။ ဒီဝန်ထမ်းကို တိုင်းရဲတပ်ဖွဲ့မှူးက အရေးယူဖို့လုပ်ရအောင် သူ့မှာဘာအပြစ်ရှိလို့လဲ ။ တရားခံကိုယ်တိုင်က သူလုပ်တာပါတယ်ဆိုပြီး ၀န်ခံနေတာတောင် သူ့ကဘာဖြစ်နေရတာလဲ။ အပြစ်မရှိတဲ့သူကျတော့ ထောင်ချဖို့လုပ်နေတယ်။ ရန်ကုန်မြို့က ငါးလောင်းပြိုင်လူသတ်မှုကျတော့ မင်းတို့ရဲတွေ ဘာကြောင့် တရားခံမဖေါ်နိုင်ရတာလဲ ။ မင်းတို့ရဲတွေ အရည်အချင်းမရှိလို့လား။ မဖမ်းရဲလို့လား။ ဥပဒေဆိုတာ ဥပဒေအတိုင်းလုပ်ပေါ့။ မင်းတို့ရဲတွေက ဒီဝန်ထမ်းမှာ အပြစ်မရှိတာသိရင် အပြစ်မရှိတဲ့အကြောင်းတင်ပြရမှာပေါ့ ။ မှန်ရင်မှန်တယ် မှားရင်မှားတယ် တင်ပြရဲရမှာ။ အဲ့ဒိတိုင်းရဲတပ်ဖွဲ့မှူးက အမှန်အမှား မခွဲခြားတတ်ရင်လဲ အလုပ်ကထွက်လိုက်ပေါ့။ ဒီလောက်အသုံးမကျတဲ့လူ တိုင်းပြည်မှာရှိနေတာ တိုင်းပြည်နာတယ်။ ပြီးတော့ ရဲတွေကောင်းတယ်ပြောရအောင် အချုပ်ကျတဲ့သူတွေ ရေချိုးခွင့်မရှိတာလား၊ ရှိတာလားသိချင်တယ်။ ဒါပေမယ့် ပိုက်ဆံပေးရင်တော့ ရေချိုးခွင့်ရတယ် ။ မပေးတဲ့သူတွေကတော့ ရေးမချိုးရဘူးမဟုတ်လား။ နောက်တခုက အဲ့ဒီဝန်ထမ်းဆီက သိမ်းထားတဲ့ဖုန်းက ဘာကိစ္စကြောင့် ပြန်မပေးရတာလဲ ။ လူကိုလွှတ်မပေးရုံမဟုတ်ဘူး ဖုန်းပါသိမ်းထားသေးတယ် ။ နည်းနည်းလောက် ရှက်တတ်စေချင်တယ် ။
ဆုလာဘ်ရေ ဆက်သွယ်ရေးဝန်ကြီးရော၊ ဧရာဝတီတိုင်း မန်နေဂျာရော၊ ဟင်္သာတက သက်ဆိုင်ရာ ရေဒီယိုဖုန်းတာဝန်ခံရော ခုအချိန်ထိ ဒီဝန်ထမ်းဘက်က တစ်ယောက်မှ လိုက်လံဖြေရှင်းမပေးခဲ့ဘူးပါ။ ဧရာဝတီတိုင်း ဆက်သွယ်ရေးက လူကြီးတွေ ကိုယ့်အောက်ဝန်ထမ်းတွေအပေါ်မှာ စေတနာမထားနိုင်တာ အံ့သြလို့မဆုံးပါ။
Powered by Blogger.