ဒုတိယ သမ္မတ တစ်ဦးဦး နှုတ်ထွက်ခြင်းနှင့် ပတ်သက်၍ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်

နှုတ်ထွက်စာတင်ထားသည်ဟု သတင်းထွက်ပေါ်နေသည့် ဒုသမ္မတဦးတင်အောင်မြင့်ဦး
ပုဒ်မ ၇၃(စ) ။ ။ ဒုတိယသမ္မတ တစ်ဦးဦးသည် ရာထူးသက်တမ်း မကုန်ဆုံးမီ နှုတ်ထွက်သောကြောင့် ဖြစ်စေ၊ ကွယ်လွန်သောကြောင့် ဖြစ်စေ၊ ထာဝစဉ် မစွမ်းဆောင်နိုင်သောကြောင့် ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့် ဖြစ်စေ ဒုတိယသမ္မတ ရာထူးနေရာ လစ်လပ်လျှင် ပြည်ထောင်စု အစည်းအဝေး ကျင်းပချိန် ဖြစ်ပါက ယင်းဒုတိယ သမ္မတကို ရွေးချယ်တင်မြှောက် ပေးခဲ့သော လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ခုနှစ်ရက် အတွင်း ဒုတိယသမ္မတ တစ်ဦး ရွေးချယ် တင်မြှောက်ပေးရေး အတွက် နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော် အကြီးအမှူးထံ ဆောလျင်စွာ အကြောင်းကြားရမည်။

ပုဒ်မ ၇၃ (ဆ) ။ ။ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပချိန် မဟုတ်လျှင် ပြည်ထောင်စု လွှတ်တော် အကြီးအမှူးသည် နိုင်ငံတော် သမ္မတ၏ အကြောင်းကြားစာ ရရှိသည့်နေ့မှစ၍ ၂၁ ရက်အတွင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို ခေါ်ယူပြီး သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယ သမ္မတ တစ်ဦးကို ရွေးချယ် တင်မြှောက်ပေးရေး အတွက် သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်။
 The Voice Weekly
ဒုတိယ သမ္မတ တစ်ဦးဦး နှုတ်ထွက်ခြင်းနှင့် ပတ်သက်၍ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် ဒုတိယ သမ္မတ တစ်ဦးဦး နှုတ်ထွက်ခြင်းနှင့် ပတ်သက်၍ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် Reviewed by သစ်ထူးလွင် on 05:28 Rating: 5

23 comments:

u kyawkyaw said...

အခြေခံဥပဒေအရစစ်တပ်ကရွေးပေးရပါမယ်၊
သားသမီးဆွေမျိုးတွေစီးပွားရေးလုပ်စားနေတဲ့ကိုယ်စားလှယ်မဖြစ်
ဘို့တော့လိုတယ်၊ဥပမာ-စော်ဘွားကြီးကုန်းကဇင်းထက်။
သမိုင်းမှတ်တမ်းကောင်းတဲ့ကိုယ်စားလှယ်ကိုရွေးပေးပါ။

ဦးစားကြီး said...

စောစောစီးစီး နားတာ ကြိုဆိုပါတယ်

ThetOo said...

မင်္ဂလာသတင်းလို့တော့ထင်ါပါတယ်

Acmv Org said...

ဒုတိယသမ္မတ ဖြစ်ဘို့ အသင့်လျှော်ဆုံးသူတစ်ယောက်က လွတ်တော်ထဲရောက်နေတဲ့ အမေစုဖြစ်ပါတယ်။

ဒုတိယ သမ္မတ တစ်ဦးကို ရွေးချယ် တင်မြှောက်ပေးရေး အတွက် သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ဆောင်ရွက် တဲ့အခါ ပြည်သူတွေနှင့် လွှတ်တော် ကိုယ်စားလှယ်များရဲ့ အများဆန္ဒကို ဖော်ထုပ်ကြပါစို့။

tapaungthi said...

မြန်မြန် အသစ်ရွေးလိုက် ဒီလူကြီးကို မကြိုက်ဘူး

JOker said...

ဦးစိုးသိန်း တို့ ဖေသက်ခင် တို့ ကျော်ဆန်းတို့ အောင်သောင်း
တို့ကိုပါခေါ်သွားပါလားကွာ။အဲဒီကောင်တွေကိုစိတ်ပျက်လွန်းလို့။
စောက်ပြောကတစ်မျိုး စောက်လုပ်ကတစ်မျိုး နဲ့ ပြည်သူတွေကိုလိမ်နေတာ။

ဆန္ဒမွန် said...

ကုန်အောင်တောင်း (အောင်သောင်း)ကငြိမ်းချမ်းရေးအဖွဲ့ ကနေတော့ ရှက်ရှက်နဲ့ ထွက်သွားပြီ။ ဘာလုပ်မှမရှိ၊ နာမည်ဆိုးနဲ့ သူများဆဲခံဖို့ ဘာဆက်ရောင်ဝါးလုပ်နေတာလည်း . တခါတည်း အပြီးနှုတ်ထွက်သင့်တာကြာပါပြီ။ စားထားမျို ထားတာတွေလည်းမနည်းတော့ပါဘူး

aristhteinwin said...

ဟေ့ ၈ျိုကာရေ- လျှပ်စစ်ဝန်ကြီး ဇော်မင်း- ကျန်သေးတယ်လေ- ဘာလို့ ချန်ခဲ့တာလဲ-

sanda said...

ဆင်းသင့်နေတာကြာပါပီ၊ မြန်လေကောင်းလေပဲ

THI HAN said...

ရှစ်လုံးဘဲနဲ့ တမျိုးလုံး နှိပ်စက် လို့ အလူးအလဲခံခဲ့ရတဲ့ အထင်အရှား "စ"လုံး ဇာတ်လမ်း တခုရှိခဲ့ဘူးသည်။
၂၀၀၇ ၀န်းကျင် "စ"က ရှစ်လုံးဘဲတူမ က Work Permit အတုနဲ့
ဗမာ(၂၂)ယောက် ကို ကလိန်ကျပြီး S$1,500 စီ ပွဲခ သာပေးလိုက် ရပြီး အလုပ်တကယ် မရလို့ အိမ်ပေါင်၊မြေရောင်း၊
ချေးငှား ပေးခဲ့ရသူတွေ မျက်ရည် မခြောက်သေးဘူး။အားကိုးနဲ့
မိုက်ရိုင်းခဲ့တာ အကင်းပဲရှိသေးတယ်။ဒင်းတို့က တိုင်ချင်ရာတိုင်
အားလုံး"စ"လုံးမှာ လုပ်စားနေတာ ဘယ် ပွဲစားမှ မယုံလေနဲ့။

သေမင်းလေး said...

အမေစုကို ဒုသမ္မတနေရာပေးရမှာ သန်းရွှေမရှိတော.နိုင်ငံတော်လေးလွပ်လပ်မလားကြံပါတယ်
ဖေသက်ခင်တို.ကျော်ဆန်းတို.အောင်သောင်းတို.ကတစ်မောက်ကွာ

လူပြောင်ကြီးငမောင် said...

ကို Joker ရေ.. ဖြေးဖြေးတော့ပြောမှ
တော်တော်ကြာသူတောင်းစားများ ညီလာခံဆိုရင် ခက်နေဦးမယ်

phyothant said...

ဝမ်းသာလိုက်တာနော်

ziwasoe144 said...

မကြာမီလာမည်မျှော်
ပုံ-
အေမွန်ရေနွေးကြမ်း
ဧရာမြေကုမ္ပဏီလီမိတက်

udana said...

ကောင်းပါတယ်။နောက်ဆိုရင်နှုတ်ထွက်မယ်ဆိုတဲ့အသံရယ်၊တောခိုမယ်ဆိုတဲ့အသံတွေကဆက်တိုက်ကြားရတော့မှာပါ။

aaa said...

(ဒု) ဆိုသည်မှာ မြန်မာစကား တွင် မကောင်းသော ဟု ဆိုလိုခြင်းဖြစ်သည်..............

aaa said...

(ဒု) ဆိုသည်မှာ မြန်မာစကား တွင် မကောင်းသော ဟု ဆိုလိုခြင်းဖြစ်သည်..............

myo min tun said...

မိတ်ဆွေတို့ သေချာစဉ်းစားစရာပဲ အန်တီစု ရောက်တာနဲ့အချိန်ကိုက်လုပ်တာလား ....

Kyikyi said...

ဒီလိုဖြစ်သင့်နေတာကြာပြီ
သာဓု----သာဓု---
သာဓု=ကောင်းလေစွ





လမင်း said...

အင်း
ဘယ်သူပဲဖြစ်ဖြစ်ပြည်သူ့အတွက် အကောင်းဆုံးလူသာလါပါစေလို့ ဆုတောင်းလျှက်ပါ...........

kyawkokowin said...

ကျွန်တော့အမြင်ပြောရရင်တော့ထွက်တာတော့ကောင်းပါတယ်..ဒါပေမယ့်မြန်မာနိုင်ငံကိုသူများတွေလုပ်ချင်တိုင်းမလုပ်ရအောင် သူတို့တွေကပဲကာကွယ်ခဲ့တာလေးတွေကိုတော့ပြန်စဉ်းစားသင့်တာပေါ့
ဒေါ်စုကို လုပ်ခိုင်းမယ်ဆိုရင်လဲ ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတာကတော့ပြည်သူတွေပဲအသိဆုံးဖြစ်မှာပါ တကယ်လို့ဒေါ်စုလဲအဲ့နေရာရောက်ရင် သူဘာတွေများလုပ်ပေးနိုင်မလဲဆိုတာကတော့.........

kyawkokowin said...

ဘယ်သူပဲဖြစ်ဖြစ်ပါ ကျွန်တော်ကတော့ လွှတ်တော်ကကြပ်ကြပ်မတ်မတ်ဆောင်ရွက်ပေးနေတာ မြင်ရလို့ဝမ်းသာပါတယ် ဒေါ်စုမှမဟုတ်တစ်ခြားဘယ်သူလာလာပါ နိုင်ငံတော်အတွက်ကောင်းမယ် ဆိုရင်ပြီးတာပါပဲ

Unknown said...

ဘာမှမပူကြပါနဲ.ကွာဒီစစ်သားထွက်ရင်နောက်စစ်သားပေါ့ကွာ။ဘယ်ပဲတက်တက်တိုင်းပြည်နဲ.ပြည်သူလူထုကောင်းစားရင်တော်ပါပြီ။ကျုပ်ကဘယ်ပါတီမှဝင်မထားပါဘူး။ဒါပေမယ့်ဒို.အရေးလုပ်ဖို.အတွက်ကပြည်သူတွေဘက်ကအဆင်သင့်ပါ။

Powered by Blogger.