မြိတ်မြို့ တွင်း လမ်းတွေအလွန်ပျက်စီးနေ


ပျက်စီးနေတဲ့ မြိတ်မြို့ တွင်းလမ်းများ
တနင်္သာရီတိုင်းဒေသ ကြီးမြိတ်မြို့  မြို့လယ်ခေါင်ရှိလမ်းများမှာ မိုးရာသီမတိုင်းခင်
အလွန်ပင်ပျက်စီးနေပြီး၊တစ်ချို့လမ်းများမှာချိုင့်ကြီးလွန်းသဖြင့်ယာဉ်မောင်းသူများနှင့်
လမ်းသွားလမ်းလာများအတွက်အလွန်ပင်ဒုက္ခရောက်နေပါသည်။

ယာဉ်တိုက်မှုများမကြာခဏဖြစ်ပွားနေပါသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်ရောက်စဉ်က လမ်းကိုဟန်ပြအဖြစ်အနည်း
ငယ်ပြင်ပြလိုက်သည်။ ၄င်းလမ်းများကိုဦးဌေးမြင့်ပိုင်ယုဇနကုမ္ပဏီမှပြုပြင်ရန်တာဝန်
ယူထား ကြောင်းကြားသိရသော်လည်းယခုထိတိုင်ပြုပြင်ခြင်းမရှိကျောက်နှင့်သဲများကို
ဟန်ရေးပြအဖြစ်ပုံထားသည်။

၂၀၁၀ ရွေးကောက်ပွဲ ကာလအတွင်း ဦးဌေးမြင့် သည် လမ်းများကိုကောင်းအောင်ပြုပြင်
ပေးမည်။ လျှပ်စစ်မီးများကိုတယူနစ်(၂၀၀)ကျပ်ဖြင့်ရအောင်လုပ်ပေးမည်ဟုအတုအ
ယောင်ကတိများအမျိုးမျိုးပေးကာစည်းရုံးခဲ့သည်။ မြိတ်မြို့၏ လွတ်တော်
ကိုယ်စားလှယ်ကြီးတွေကလည်း၎င်းလမ်းကိစ္စများကိုမိမိနှင့်မဆိုင်သလိုယခင်
(မဆလခေတ်၊စစ်အစိုးရခေတ်)ကအတိုင်းရေငုံနုတ်ပိတ်နေကြကြောင်း
မြိတ်မြို့ ခံများ Myanmar News Now ကိုပြောပြပါသည်။
မြိတ်မြို့ တွင်း လမ်းတွေအလွန်ပျက်စီးနေ မြိတ်မြို့ တွင်း လမ်းတွေအလွန်ပျက်စီးနေ Reviewed by သစ်ထူးလွင် on 12:33 Rating: 5

17 comments:

aristhteinwin said...

လမ်းမကောင်းတာ- မီးမလာတာ သတင်းမဟုတ်တော့ဘူး။ တစ်နိုင်ငံလုံး နေ့စဉ်ကြုံတွေ့ နေရတာဘဲလေ- ဘာမှ မထူးဆန်းတော့ဘူး။ ဟော လမ်းတွေ ကောင်းလာတယ်-မီးတွေ ပုံမှန် ၂၄ နာရီ လာတယ်ဆို အတော်ဆန်းကြယ်လို့  သတင်းထူး သတင်းဆန်းပေါ့ဗျာ-

ranong said...

မဆလ ခေတ်ကိုသတိမရပါနဲ့ မကောင်းဘူး။စိတ်ညစ်တယ်။ယခု ကောင်းအောင်များများအော်ပေးပေါ့။

Myeik Cityzen said...

အရမ်းကို မှန်တယ်

ice(myeik) said...

သောက်သုံးမကျတဲ့ ယုဇနဌေးမြင့် မဲမရခင် စည်းရုံးရေးဆင်းတော့တမျိုးပြော
ပောာ အမတ်လည်းဖြစ်တော့ ပြောသမျှမေ့ အရင်လည်း BOD ယူထားတဲ့လမ်းတွေ မပြင်ဘဲပစ်ထားတာ...နေ့ချင်းညချင်းပဲခြောက်လမ်းသွားဘဲလုပ်တော့မလိုနဲ့ တစ်ဦးတစ်ယောက်ကောင်းစားရေးပဲလုပ်တတ်တဲ့လူ.....အခွင့်ေ၇းသမား

ကိုမြိတ်မောင် said...

မှန်တယ်ထောက်ခံတယ်၊ ပြောရရင်မကောင်းဘူး၊ ချိုင့်ရှောင်ရင်း ယဉ်တိုက်မှုဖြစ်တာမနည်းဘူး။ အမြန်ဆုံးလမ်းကိုပြောထားတဲ့အတိုင်း အမြန်ဆုံးလုပ်ပေးစေချင်တယ် မလုပ်ရင်တော့အယုံကြည်မရှိတော့ဘူး

ကိုမြိတ်မောင် said...

မှန်တယ်ထောက်ခံတယ်၊ ပြောရရင်မကောင်းဘူး၊ ချိုင့်ရှောင်ရင်း ယဉ်တိုက်မှုဖြစ်တာမနည်းဘူး။ အမြန်ဆုံးလမ်းကိုပြောထားတဲ့အတိုင်း အမြန်ဆုံးလုပ်ပေးစေချင်တယ် မလုပ်ရင်တော့အယုံကြည်မရှိတော့ဘူး

ကိုမြိတ်မောင် said...

အပြောတစ်မျိုးအလုပ်တစ်မျိုးလူ ဘိတ်သားဖြစ်ပြီး ဘိတ်ကိုကောင်းကျိုးမပြုတဲ့လူ၊ ကိုမွေးရပ်မြေကိုကောင်းအောင်အရင်လုပ်ပြီးမှ တိုင်းပြည်ကောင်းကျိုးကိုလုပ်နိုင်မှာပေါ့၊ ကိုယ့်မွေးရပ်မြေကိုတောင်ကောင်းအောင်မဆောင်ရွှက်နိုင်လျှင်တိုင်းပြည်အကျိုးကိုအောင်မြင်အောင်ဆောင်ရွက်နိုင်မယ်လို့မထင်ဘူး၊ ပြည်သူတွေကမခံနိုင်ခေါင်းစားရမယ်နော်၊ အရင်ကအချိုးချိုးလို့မရဘူး၊ သတိပေးတာနော်၊ ပြည်သူ့ငွေကိုအိပ်ထဲထည့်ဖို့စိတ်မကူးပါနဲ့။

001komgmg222@gmail.com said...

မင်းတို့ယခုသိပြီမလားအလကားခရိုနီသယံဇတသူခိုးအကြီးစားတွေစစ်အာဏရှင်နဲ့ပေါင်းပြီးကြီးပွားနေတဲ့သူတွေပြည်သူတွေစုပြီညီညွတ်စွာနဲ့တောင်းဆိုကြပါ

chochoaung said...

မြိတ်မြို့ သူ မြို့ သားတွေ ထားဝယ်ေ၇နက် ဆိပ်ကမ်း စီမံကိန်း ပြီးသွားတဲ့  အထိ ခဏလေး စောင့် ပေးပါ အဲဒီအခါ မြိတ်မြို့ တခု ထဲသာမက တင်္နသာ၇ီတိုင်းဒေသကြီးတစ်ခုလုံးမှာ ၇ှိတဲ့ လမ်းတွေ ကို စင်ကာနိုင် ငံလို ဖြစ်အောင် လုပ်ပေးဖို့  စီမံကိန်းေ၇းတွေ ၇ှိနေပါတယ် လဖက်ကောင်းစားချင်၇င်တော့  ပလောင် တောင် တက်နှေး၇တယ်လေ

BaNyar said...

ခုလိုတင်ပေးတဲ့အတွက်..အများကြီးကြိုဆိုပါတယ်..ကျေးဇူးလဲတင်တယ်..ပျက်စီးေ နေတဲ့လမ်းတွေဒီထက်မကအများကြီးကျန်သေးမှန်းလဲ..သိပါတယ်...မီတာခ တွေကလဲ..ကြောက်ခမန်းလိလိ...ငါးမုန့်နံ့ကလဲ..တော်တော်ဆိုး..အမလေးလေး ကြောက်စရာကောင်းလွန်းတဲ့မြို့တော့မဖြစ်သွားပါစေနဲ့ဗျာ...တချိန်ကနာမည် ကြီးမြို့လေ...အလှဆုံး..ငွေအသုံးနိုင်ဆုံးမြို့...ဆိုင်ကယ်မြို့...စတဲ့..စတဲ့...မြို့ ကြီးဟာ..ခုတော့...လုပ်ကြပါအုံးဗျာ...

booboom said...

ဦးဌေးမြင့်  ဘိတ်သားတစ်နေ နဲ့ ကိုယ့် မြို့ ပြန်ကြည့် သင့် တယ်
နော်

ကိုမြိတ်မောင် said...

လုံးဝမှန်ကန်ပါတယ်၊ ရွေးကောက်ပွဲကာလကမီတာခတစ်ယူနစ်ကို ၃၀၀ကျပ်ဖြစ်သွားပြီး ရွေးကောက်ပွဲပြီးတာနဲ့ ၄၀၀ကျပ်ပြန်ုဖြစ်သွားတယ် ဈေးပြန်ကျအောင်မလုပ်ပေးခဲ့ဘူး၊ တနင်္သာရီလမ်းလဲလုပ်မယ်ဆိုပြီး လမ်းတွေဘဲ့ပျက်သွားတယ် ပြီးအောင်မလုပ်ဘူး ဒီလိုလူကိုအယုံကြည်မရှိဘူး အားလုံးအလိမ်ညာတွေဘဲ့

Myeik Cityzen said...

ဟုတ်တယ်ဗျာ အရမ်းမှန်တာပဲ
ညဘက်ဆိုလိုရှိရင် လမ်းမီးက မှိန်ပျပျနဲ့
ချိင့်တွေက ပေါလိုက်တာ မုန်လင်မယား အိုးပုတ်လားပဲ
ယုဇန ဦးဌေးမြင့် တဲ့ စကားမတည်ပဲ
လူကြီးလုပ်နေသေးတယ်
တနင်္သာရီတိုင်းလွတ်တော်တွေ တစ်ယောက်မှ သုံးလို့မရဘူး
သူတို့ စီပွားရေးထိခိုက်မှာ စိုးလို့သာ လွတ်တော်ဝင်လုပ်နေကြတာ
မရှက်ကြဘူးလား တော့ မသိဘူးဗျာ

ဘိတ်သား said...
This comment has been removed by the author.
ဘိတ်သား said...

ဟုတ်တယ်ဗျာ..စောက်သုံးမကျတဲ့ဌေးမြင့်..မင့်လည်းသိပ်မကြာတော့ပူးကွ

♥အချစ်ပါတီ...♥ said...

ရှက်တတ်မယ်ဆိုရင်. ရှက်စရာပေါ့ဗျာ. သူမို့လို အရှက်မရှိ မျက်နှာလွဲ ထားရက်တယ်. ဒီလိုအသေးအမွှား ကိစ္စလေးတွေ တောင် ပြည်သူလူထုအတွက် မလုပ်ပေးနိုင်ရင် ဘယ်နေရာမှာ ဘာတွေလုပ်ပေးဖို့အတွက် လွှတ်တော် ထဲ တက်နေရတာလဲ. တကယ်ကို သောက်သုံးမကျတဲ လဒ ပဲ

♥အချစ်ပါတီ...♥ said...

ဟုတ်တယ်ဗျာ. လမ်းတွေက တော်တော်လေးကိုဆိုးတာပဲ. ချိုင့်ကိုရှောင်ပြီ မောင်းရတာကို တော်တော် ဒုက္ခများတာပဲ ပြီတော့ အများအားဖြင့် စီးတော်ယာဉ် တွေကလဲ ဘာဆို ဘာအကာအကွက်မှမရှိတဲ ဆိုင်ကယ်တွေဗျာ. ဒီလိုနေ့ရက် တွေ ဘယ်အချိန်တော့မှများကုန်ဆုံးတော့မှာလဲ ဗျာ.

Powered by Blogger.