၂၀၁၀ ခုနှစ်သင်္ကြန်ကာလ ဗုံးပေါက်ကွဲမှုနဲ့
စွပ်စွဲခံရပြီးသေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်သား ကိုဖြိုးဝေအောင်
အသည်း ကင်ဆာရောဂါ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်တာကြောင့် ဆရာဝန်ရဲ့
စစ်ဆေးချက်အရ လပိုင်းလောက်ပဲ အသက်ရှင်သန်ခွင့် ရှိတော့မှာဖြစ်ကြောင်း
မိသားစု က ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ
သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
လူ ၁၀ ဦးသေဆုံးပြီး ၁၆၀ ကျော် ဒဏ်ရာရရှိခဲ့တဲ့ ရန်ကုန်မြို့က
ဗုံးပေါက်ကွဲမှုနဲ့ စွပ်စွဲခံထားရပြီး ပြီးခဲ့တဲ့မေလ ၈ ရက်နေ့က သေဒဏ်
ပေးခြင်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဝေအောင်ဟာ
အင်းစိန်ထောင်အတွင်း အမှုစစ်ဆေးနေစဉ်ကာလမှာ အသည်းရောင်-ဘီပိုး ကူးစက်ခံရပြီး
အသည်းမှာ ပြည်တည်နာဖြစ်ခဲ့ရတာပါ။ အခုအခါမှာတော့ ဆေးကုသခွင့်မရတာကြောင့်
အသည်းကင်ဆာ နောက်ဆုံး အဆင့်နဲ့ လပိုင်းလောက်ပဲ
အသက်ရှင်သန်ခွင့်ရတော့မှာဖြစ်ကြောင်း ညီဖြစ်သူ ဒေါက်တာ ထက်ဝေအောင်က
ပြောပါတယ်။
“ဒီနေ့ CT ရိုက်ပါတယ်။ စီCT ရိုက်တော့- အရင်တပတ်ကတည်းက Tuma marker လို့ ခေါ်တာပေါ့ဗျာ။ အဲလောက်ဖြစ်တဲ့အချိန်မှာ မနေ့ကတော့ သိသွားပြီပေါ့- အသည်းကင်ဆာဆိုတာကို။ ဒီနေ့ CT ရိုက်တဲ့ အခါကျတော့ လပိုင်းအတွင်းပဲ ဖြစ်သွားနိုင်တယ်ပေါ့။ သူ့ရဲ့ CT result အရရော၊ ဆေးစစ်စာအရရော ဆရာဝန်ပြောလိုက်တာကတော့ နောက်ဆုံးအဆင့်ပေါ့နော်။ သူက လုံးဝမအိပ်နိုင်ဘူးပေါ့နော်။ ထလည်း မထနိုင်ဘူးပေါ့။ ရေဖျဉ်းကလည်း တော်တော် ဖြစ်နေတယ်ပေါ့။”
ရောဂါပြင်းထန်လာတာကတော့ ပြီးခဲ့တဲ့ဇန်န၀ါရီလ ကစပြီး ပိုပြီးပြင်းထန်လာကြောင်း ထောင်တွင်း ဆေးရုံ ကနေ အပြင်ဆေးရုံမှာကုသခွင်ရဖို့ တောင်းဆိုခဲ့ပေမဲ့ မရခဲ့ဘူးလို့ ညီဖြစ်သူက ဆက်ပြောပြပါတယ်။
“ဇန်နဝါရီလကတည်းက စဖြစ်နေတာခင်ဗျ။ ဖြစ်နေတော့ထောင်ကိုလည်း ပြောတယ်ပေါ့နော်။ လွှဲပေးဖို့ ပေါ့။ ထောင်က မလွှဲပေးဘဲနဲ့ အကိုက်အခဲ ပျောက်ဆေးပေးလိုက်၊ ပိုးသတ်ဆေးပေးလိုက်နဲ့ ဆယ်ရက်နေ့ အမိန့်ချပြီးတော့မှ အင်းစိန်ဆေးရုံကိုပို့တယ်ခင်ဗျ။ အခု ကြည့်နေတာကတော့ အင်းစိန်ဆေးရုံက General Surgeon က ကြည့်တာပေါ့နော်။ General Surgeon ကလည်း နေ့တိုင်းလာကြည့်တာ မဟုတ်ဘူး။ ခဏပဲကြည့်သွားတာပေါ့နော်။ ပီးတော့ CT ရိုက်မယ်။
ဒီနေ့ CT ရိုက်ပြီးတော့ ဘယ်တော့လွှဲမလဲတော့ မသိဘူးပေါ့နော်။ အသည်းဌာန ဘက်ကို။ အခုက အင်းစိန်ဆေးရုံမှာ၊ အင်းစိန်အထွေထွေဆေးရုံမှာပါ။ သူက အရင်ကတည်းက အသည်းရောင် ဘီပိုးရှိတယ် ခင်ဗျ။ အသည်းမှာ ပြည်တည်နာဖြစ်ဖူးတယ်။ ၂၀၁၀ သြဂတ်စ်မှာကတည်းက အသည်းရောင်-ဘီပိုးရှိတယ်။ အသည်းရောင်အသားဝါဖြစ်ဖူးတဲ့အတွက် Liver Specialist နဲ့ ပြပေးဖို့ Request လုပ်ပါတယ်။ ဒါပေမဲ့ သူတို့ မပြပေးဘူးပေါ့နော်။”
ကိုဖြိုးဝေအောင်ဟာ စစ်ကြောရေးကာလတွေအတွင်းမှာ ပြင်းထန်းစွာရိုက်နှက်ခံရခြင်း၊ လိင်အင်္ဂါကို မီးရှို့ပြီးစစ်ဆေးခံရခြင်း အပါအ၀င် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ခံခဲ့ရကြောင်း၊ ဒ်ီအတွက် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ်မစ္စတာ သောမတ်စ်အိုဟေး ကင်တားနားကို တိုင်ကြားထားကြောင်း မိသားစု က ပြောပါတယ်။ ကိုဖြိုးဝေအောင်နဲ့ပတ်သက်ပြီး သူရဲ့ရှေ့နေကတော့ တရားခံကို နှိပ်စက် ညှင်းပမ်း ပြီး ဖြောင့်ချက်ရယူခဲ့တာဖြစ်လို့ ဥပဒေကြောင်းအရ တရားမျှတမှု မရှိဘူးလို့ ဆိုပါတယ်။
ကိုဖြိုးဝေအောင်ဟာ ဆောက်လုပ်ရေးအင်ဂျင်နီယာတဦးဖြစ်ပြီး အခင်းဖြစ်ပွားစဉ်မှာ သူရဲ့အလုပ် ဆိုဒ်ထဲမှာ ရှိနေခဲ့ပြီး သူ့ကို ၂၀၁၀ ခုနှစ်မှာ ဖမ်ဆီးပြီးနောက် တစ်နှစ်ကျော် အချိန်ယူ အမှုစစ်ဆေးပြီးတဲ့နောက် မေလ ၈ ရက်နေ့ကပဲ သေဒဏ်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။
By မအေးအေးမာ (ဗွီအိုအေ)
“ဒီနေ့ CT ရိုက်ပါတယ်။ စီCT ရိုက်တော့- အရင်တပတ်ကတည်းက Tuma marker လို့ ခေါ်တာပေါ့ဗျာ။ အဲလောက်ဖြစ်တဲ့အချိန်မှာ မနေ့ကတော့ သိသွားပြီပေါ့- အသည်းကင်ဆာဆိုတာကို။ ဒီနေ့ CT ရိုက်တဲ့ အခါကျတော့ လပိုင်းအတွင်းပဲ ဖြစ်သွားနိုင်တယ်ပေါ့။ သူ့ရဲ့ CT result အရရော၊ ဆေးစစ်စာအရရော ဆရာဝန်ပြောလိုက်တာကတော့ နောက်ဆုံးအဆင့်ပေါ့နော်။ သူက လုံးဝမအိပ်နိုင်ဘူးပေါ့နော်။ ထလည်း မထနိုင်ဘူးပေါ့။ ရေဖျဉ်းကလည်း တော်တော် ဖြစ်နေတယ်ပေါ့။”
ရောဂါပြင်းထန်လာတာကတော့ ပြီးခဲ့တဲ့ဇန်န၀ါရီလ ကစပြီး ပိုပြီးပြင်းထန်လာကြောင်း ထောင်တွင်း ဆေးရုံ ကနေ အပြင်ဆေးရုံမှာကုသခွင်ရဖို့ တောင်းဆိုခဲ့ပေမဲ့ မရခဲ့ဘူးလို့ ညီဖြစ်သူက ဆက်ပြောပြပါတယ်။
“ဇန်နဝါရီလကတည်းက စဖြစ်နေတာခင်ဗျ။ ဖြစ်နေတော့ထောင်ကိုလည်း ပြောတယ်ပေါ့နော်။ လွှဲပေးဖို့ ပေါ့။ ထောင်က မလွှဲပေးဘဲနဲ့ အကိုက်အခဲ ပျောက်ဆေးပေးလိုက်၊ ပိုးသတ်ဆေးပေးလိုက်နဲ့ ဆယ်ရက်နေ့ အမိန့်ချပြီးတော့မှ အင်းစိန်ဆေးရုံကိုပို့တယ်ခင်ဗျ။ အခု ကြည့်နေတာကတော့ အင်းစိန်ဆေးရုံက General Surgeon က ကြည့်တာပေါ့နော်။ General Surgeon ကလည်း နေ့တိုင်းလာကြည့်တာ မဟုတ်ဘူး။ ခဏပဲကြည့်သွားတာပေါ့နော်။ ပီးတော့ CT ရိုက်မယ်။
ဒီနေ့ CT ရိုက်ပြီးတော့ ဘယ်တော့လွှဲမလဲတော့ မသိဘူးပေါ့နော်။ အသည်းဌာန ဘက်ကို။ အခုက အင်းစိန်ဆေးရုံမှာ၊ အင်းစိန်အထွေထွေဆေးရုံမှာပါ။ သူက အရင်ကတည်းက အသည်းရောင် ဘီပိုးရှိတယ် ခင်ဗျ။ အသည်းမှာ ပြည်တည်နာဖြစ်ဖူးတယ်။ ၂၀၁၀ သြဂတ်စ်မှာကတည်းက အသည်းရောင်-ဘီပိုးရှိတယ်။ အသည်းရောင်အသားဝါဖြစ်ဖူးတဲ့အတွက် Liver Specialist နဲ့ ပြပေးဖို့ Request လုပ်ပါတယ်။ ဒါပေမဲ့ သူတို့ မပြပေးဘူးပေါ့နော်။”
ကိုဖြိုးဝေအောင်ဟာ စစ်ကြောရေးကာလတွေအတွင်းမှာ ပြင်းထန်းစွာရိုက်နှက်ခံရခြင်း၊ လိင်အင်္ဂါကို မီးရှို့ပြီးစစ်ဆေးခံရခြင်း အပါအ၀င် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ခံခဲ့ရကြောင်း၊ ဒ်ီအတွက် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ်မစ္စတာ သောမတ်စ်အိုဟေး ကင်တားနားကို တိုင်ကြားထားကြောင်း မိသားစု က ပြောပါတယ်။ ကိုဖြိုးဝေအောင်နဲ့ပတ်သက်ပြီး သူရဲ့ရှေ့နေကတော့ တရားခံကို နှိပ်စက် ညှင်းပမ်း ပြီး ဖြောင့်ချက်ရယူခဲ့တာဖြစ်လို့ ဥပဒေကြောင်းအရ တရားမျှတမှု မရှိဘူးလို့ ဆိုပါတယ်။
ကိုဖြိုးဝေအောင်ဟာ ဆောက်လုပ်ရေးအင်ဂျင်နီယာတဦးဖြစ်ပြီး အခင်းဖြစ်ပွားစဉ်မှာ သူရဲ့အလုပ် ဆိုဒ်ထဲမှာ ရှိနေခဲ့ပြီး သူ့ကို ၂၀၁၀ ခုနှစ်မှာ ဖမ်ဆီးပြီးနောက် တစ်နှစ်ကျော် အချိန်ယူ အမှုစစ်ဆေးပြီးတဲ့နောက် မေလ ၈ ရက်နေ့ကပဲ သေဒဏ်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။
ဖြိုးဝေအောင် အသည်းကင်ဆာ နောက်ဆုံးအဆင့်ရောက်
Reviewed by သစ်ထူးလွင်
on
09:38
Rating:
22 comments:
မိသားစုနှင့်ထပ်တူထပ်မျှစိတ်မကောင်းဖြစ်ရပါသည်။မတ၇ားအနိုင်ကျင့်ခဲ့သောမသူတော်များအားလုံးယခုဘဝ၌ဝဋ်ပြန်လည်ခံစားကြ၇ပါစေ၊တူသောအကျိုးခံ၇ပါစေ။
အင်းစိန်ထောင်မှာစစ်ဆေးခံနေရတဲ့ ကာလမှာ ဘီပိုးကူးစက်ခံရ တယ်လို့ ရေးထားတာအတင်းကြီးလိုဖြစ်နေတယ်။ အရင်ထဲက ဘီပိုးရှိနေပြီး အဲဒီအချိန်မှာသွေးစစ်မိတော့မှဘီပိုးရှိမှန်းသိတာ ဖြစ်ပါလိမ့်မယ်။
ကြားရတာစိတ်မကောင်းပါ။မတရားမှုတွေကိုခံစားနေရတဲ.လူတွေဘယ်လောက်တောင်များနေပြီလဲ။ကိုယ်ချင်းစာနာစိတ်လေးထားနိုင်ကြရင်ဘယ်လောက်ကောင်းလိုက်မလဲ။
အလ္လာအရှင်မြတ်ရဲ့ နိုင်ငံတော်အတွက် အလ္လာအရှင်မြတ်ရဲ့ အမှုတော်ကို ကျေပြွန်စွာ ထမ်းဆောင်ခဲ့တဲ့ ဖြိုးဝေအောင်ကို အလ္လာအရှင်မြတ်က ဂျန္နတ်သုခဘုံက ကြိုဆိုနေပါတယ်။
အစ္စလာမ်ဘာသာဝင်တစ်ယောက်အတွက် အလ္လာအရှင်မြတ်ရဲ့ အမိန့်တော်ကို ခံယူရတာလောက် ကောင်းမြတ်တာ ဘာမှ မရှိပါဘူး။ မကြာခင်မှာ အလ္လာအရှင်နဲ့ တွေ့ရတော့မှာ ဖြစ်လို့ပါ။
တန်ဖိုးရှိတဲ့ ပညာတတ်တစ်ယောက်ဆုံးရှုံးသွားတာတော့ စိတ်မကောင်းစရာပဲ။
scopio. do you know how to read in burmese? သူက အရင်ကတည်းက အသည်းရောင် ဘီပိုးရှိတယ် ခင်ဗျ။ အသည်းမှာ ပြည်တည်နာဖြစ်ဖူးတယ်. But if doctor give treatment (medicine) earlier for Hepatitis B, it can prevent cancer.
လုပ်ကြပေါ့ကွာ....တစ်နေ့မင်းတို့တစ်တွေလဲ လှလှကြီး ဆယ်ခါပြန် ခံစားရမှာပေါ့....
ခိုင်လုံသောအထောက်ထားမရှိပဲနဲ့ အမိန့်ပြစ်ဒဏ်ကို ချရဲတာလဲ အံသြပါတယ်နော်၊စွပ်စွဲတယ်ပဲ ရှိသေးတာကို ဘာကြောင့်သေဒဏ်တောင်ပေးရတာလဲဗျာ၊ အထက်ကို တင်ပြနိုင်ဖို့ ဓါးစားခံရှာလိုက်ပြန်ပြီ ၇ဲတွေ၊စစစ sbတွေ ၊ရာထူးတည်မြဲေ၇းအတွက်ဝမ်းစားဖောင်းပွရန်အတွက် ပြည်သူတွေက ခုလို့ပဲခံစားပေးနေရတယ်ဆိုတာ၊သမ္မတကြီထံကိုစာတင်ပြပါ၊ အထောက်ထားတွေကို သေချာစုပါ၊ ဌာနဆိုင်ရာတိုင်းကိုစာတင်ပြပါ၊ကျနှော် စိတ်မကောင်းဘူး ။
ဟာဂျီမာမက် ဆိုသူခင်ဗျား၊
ခင်ဗျား အရူးစကားတွေ လျှောက်မပြောပါနဲ့။ အစ္စလာမ်ကို သိက္ခာကျအောင်မလုပ်ပါနဲ့။ အလ္လာဟ်အသျှင်မြတ်က လုံးဝလူမသတ်ခိုင်းပါဘူး။ အခုလို နိုင်ငံတကာမှာ ဖြစ်နေတဲ့ ဂျီဟတ်အမည်ခံ ဗုံးခွဲမှုတွေဟာ လုံးဝမမှန်ပါဘူး။ သူတို့တွေအယူမှားပြီး အစွန်းရောက်နေတယ်။ ဗုံးခွဲလိုက်လို့ ကုသိုလ်ရမယ်ဆိုပြီး အလ္လာဟ်က လုံးဝမပြောထားပါဘူး။ ဂျန္နတ်သုခဘုံရမယ်လို့လဲမပြောပါဘူး။ ဘာသာရေးမှာ လုံးဝအစွန်းမရောက်ကြနဲ့လို့တောင် အလ္လာဟ်က ပြောထားပါတယ်။ တခြားဘာသာဝင်တွေကို တိုက်ခိုက်ဖို့ မပြောနဲ့ စကားအမူအရာနဲ့ ရှုံ့ချခွင့်တောင် အလ္လာဟ်က ခွင့်မပြုထားပါဘူး။ အစ္စလာမ်ဘာသာဝင်အစစ်ဟာ တခြားဘာသာကို ရှုံ့ချရင်တောင် ကြီးစွာသောအပြစ်ဖြစ်ပါတယ်။ ခင်ဗျားက ဟာဂျီဆိုတဲ့နာမည်တပ်ထားပြီး တလွဲတွေလျှောက်မပြောပါနဲ့။ ကျုပ်အထင် ခင်ဗျားဟာ အစ္စလာမ်ဘာသာဝင် အစစ်မဟုတ်လောက်ဘူး။ တခြားသူတွေကိုလည်းပြောချင်ပါတယ်။ ဒီ ဟာဂျီမာမက်ပြောတာ နားထောင်ပြီး အစ္စလာမ်ကို အထင်မလွဲပါနဲ့။ အစ္စလာမ်အစစ်ဟာ ငြိမ်းချမ်းရေးကို မြတ်နိုးပါတယ်။ ဘယ်တော့မှ အကြမ်းဖက်ခွင့်မရှိပါဘူး။ အစ္စလာမ်အကြောင်း မေးစရာလေးတွေရှိခဲ့ရင် m.solaimarn@gmail.com ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။
စိတ်မကောင်းဖြစ်ရပါတယ်။ကိုဖြိုးဝေအောင် ဖြစ်လေရာဘ၀မှာ မသူတော်အများဘေး၊မသူတော် တရားဘေးမှ ကင်းဝေးနိုင်ပါစေ။
ကိုကျော်ဇေလတ်ရေ...ခင်များ comment ကိုကြိုဆိုပါတယ်။ ကိုယ်ပြောချင်တာက တတိယစာပိုဒ်ကဒုတိယစာကြောင်း ကိုပါ။ အင်းစိန်ထောင်တွင်းစစ်ဆေးချိန်မှာဘီပိုးကူးစက်ခံရပြီအ သည်းပြည်တည်နာဖြစ်တယ်ဆိုတဲ့ အရေးအသားကိုပါ။ နောက်တခုပြောချင်တာကတော့ Tinofovir တို့ လိုဆေးမျိုးတွေနဲ့ ဘီ ပိုးကို control လုပ်ထားလို့ ရတာမှန်သင့်သလောက်မှန်ပါ တယ်။ ဒါပေမဲ့ အချိန်တခုအတွင်းမှာ drug resistance ရသွားတတ်ပါတယ်။ ဆေးနဲ့ Cancer changes မဖြစ်အောင် ကာကွယ်လို့ သေသေချာချာရတာမျိုးမဟုတ်ပါဘူး။ HIV လိုရွေးချယ်စရာတန့် ဆေးတွေများများစားစားလဲ ဘီပိုးအတွက် မရှိသေးပါဘူး။ စနစ်တကျဆေးကုသမှုမခံရတာကိုမိသားစုအ တွက်ရော၊ သူကိုယ်တိုင်အတွက်ရောစိတ်မကောင်းပါဘူး။ ကိုယ်ရေးခဲ့ တဲ့ point ကရေးသားသူရဲ့ စာအသုံးအနှုံးကိုပါ။
မိုက်ရိုင်းလိုက်တဲ့မြန်မာပြည်ရဲ့
စစစ.စီအိုင်တီ..တွေကြောင့်တရားခံမဟုတ်ပဲ
တ၇ားရုံးကိုတင်ချင်တိုင်းတင်
တရားရုံးရောက်လို့ကအမှန်တကယ်ပြစ်မှုမလုပ်ထားလည်း
ငွေမ၇ှိရင်တ၇ားခံဖြစ်သွားတယ်။
တခါတရံငွေနဲ့နောက်ကဘ၀ပျက်မတက်လိုက်ပေးခဲ့တာတောင်
အာဏာရှင်တွေအလိုကျတရားခံဖြစ်ရတဲ့ဘ၀များစွာဟာအင်းစိန်
ထောင်ထဲမှာငရဲပြည်ေ၇ာက်ကြရတယ်။
တရားရုံးကလည်းကျမတို့ပြည်သူတွေအတွက်အနိဌာရုံ့တခုပဲ။
စွဲချက်တင်လို့မရမခိုင်လုံပဲအတင်းလုပ်ကြံဖျားယောင်းပြီးစွဲချက်
တင်နိုင်အောင်အတင်းအားဓမ္မခြိမ်းခြောက်သက်သေခံအဖြစ်ယူလေ့
ရှိတဲ့တချိုကသောအပြစ်မရှိတဲ့အမှုများစွာဟာတရားရုံ့းမှာ
အချိန်ကုန်ငွေခမ်းလူမှုရေးစီးပွါးရေးပျက်စီးကျန်းမာရေးထိခိုက်
အို....အလုံးစုံစိတ်ပျက်၇တဲ့စီအိုင်တီတွေရဲကလုပ်ရပ်တွေကိုရပ်တန့်
ပေးကြပါလို့တောင်းဆိုပါတယ်။
သူသာအမုန်တကယ်ဗုံးခွဲခဲ့မယ်ဆို၇င်တော့မသနားပါ............
တကယ်လို့ သူဗုံးခွဲတာမှန်လို့ သူဗုံးခွဲတုန်းက ခံခဲ့၇တဲ့သူတွေနဲ့စာ၇င် ဒါတွေက တ၇ားပါတယ်.....
ဟာဂျီမာမက်လိုခြောက်တွန်းတတ်သူများနေရာတကာတွင်ရှိပါ
သည်။ကိုယ်ချင်းစာတရား စွဲမြဲစွာထားလျင် ဘယ်ဘာသာမှ
မကိုးကွယ်လည်းငရဲမရောက်နိုင်ဆိုသောကွန်မန်လေးကိုတစ်နေရာတွင်ဖတ်ဖူးရာသဘောကျလှ ပါသည်။ငါ့လူမျိုး ငါ့ဘာသာ
ဆိုတဲ့ ငါအစွဲ တွေနဲ့ ကမ္ဘာ ကြီးကိုမဖျက်ဆီးကြပါနဲ့လို့ပြောချင်ပါတယ်။
Criticism ဆိုသူခင်ဗျား-
ဟာဂျီမာမက် ပြောတာကို ခင်ဗျားက အရူးစကားလို့ စွပ်စွဲလိုက်တာဟာ အလ္လာဟ် အရှင်ကို ခင်ဗျား စွပ်စွဲလိုက်တာပဲ။ ခင်ဗျားရင်ထဲမှာ အစ္စလာမ်အယူအဆ မဟုတ်တဲ့ တခြား ဘာသာ တခြားအယူအဆတွေ လွှမ်းမိုးနေလို့ ဒီစကားမျိုး ပြောတာလို့ ကျုပ်ထင်တယ်။
နေရာဒေသနဲ့ ယဉ်ကျေးမှုနောက်ခံ မတူညီတာကို လိုက်ပြီး ကျုပ်တို့ အစ္စလာမ်တွေ အတွေးအခေါ် ကပြောင်းကပြန် ဖြစ်နေကြတာတွေကို ခင်ဗျား ပြန်လည် စဉ်းစားသင့်တယ်။
အလ္လာဟ်အရှင်ရဲ့ တရားတော်အတိုင်း လိုက်နာကျင့်သုံးတဲ့ တိကျတဲ့ အစ္စလာမ်ဆိုတာ အိုစမာဘင်လာဒင်နဲ့ တာလီဘန်တွေပဲ။ သူတို့တွေကို စံအဖြစ် သတ်မှတ်ထားရမယ်။ သူတို့တွေဟာ တမန်တော်မိုဟာမက်ရဲ့ လမ်းစဉ်ကို အတိအကျ လိုက်နာကျင့်ကြတယ်။
အမေရိကန်ကောင်တွေကတော့ သူတို့ ရန်သူဖြစ်လို့ အစွန်းရောက်တွေပဲ အကြမ်းဖက်သမားတွေပဲလို့ စွပ်စွဲကြတာ မဆန်းပါဘူး။ ခင်ဗျားလို အစ္စလာမ်တစ်ယောက်က သူတို့ သံယောင်လိုက်ပြီး ဂျီဟတ်ကို သေသိမ်အောင် မပြောပါနဲ့။ ငြိမ်းချမ်းရေး ဆိုတဲ့စကား လူမသတ်ရဘူး ဆိုတဲ့ စကားတွေ ပြောလာတာဟာ ခင်ဗျားခေါင်းထဲကို တခြားအတွေးတွေ ၀င်နေတာ။ တမန်တော်ကိုယ်တိုင် စစ်တိုက်ခဲ့တယ်မို့လား။ စစ်တိုက်တယ်ဆိုတာ လူသတ်ရတာ။ အလ္လာဟ် အရှင် ခိုင်းတဲ့အတိုင်း လုပ်တာ။ ကိုဖြိုးဝေအောင်လဲ ဒီအတိုင်းဘဲ။ ဒါကြောင့် ကိုဖြိုးဝေအောင်ဟာ တကယ့် အစ္စလာမ်သူရဲကောင်း။ ခင်ဗျား သူလို လုပ်ဆောင်နိုင်အောင် အရင်ဆုံး ကြိုးစားပြပါ။
ကျုပ်တို့ အစ္စလာမ်တွေအနေနဲ့ ကိုရမ်ကျမ်းမြတ်နဲ့ အညီ ဥပဒေပြုနိုင်တဲ့ ခေတ်တစ်ခေတ်ရောက်အောင် အများကြီး ကြိုးစားရဦးမယ်။ ခင်ဗျား လို တခြား အတွေး အခေါ်တွေ လွှမ်းမိုးနေ၊ ရန်သူစကားကို သံယောင်လိုက်ပြောနေသူနဲ့ အချိန်ကုန်ခံပြီး မဆွေးနွေးချင်ပါဘူး။
ဟိုဟာမတ်ယူနွတ်နဲ့ဟာဂျီမာမတ်ဆိုသူရေ ခင်ဗျားတို့ဘာသာရေးအကြောင်းတော့ မသိပါဘူး။ဒါပေမဲ့ ခင်ဗျားတို့တမာန်တော်ဟာ ဘာအတွက်စစ်တိုက်ခဲ့တယ် ဘယ်နှစ်ရက်တိုက်ခဲ့တယ်ဆိုတာ မသိရင် ပြန်လေ့လာလိုက်အုံးနော် ဘယ်ဘာသာရဲ့ ဘုရားပဲဖြစ်ဖြစ် သူတစ်ပါးကိုနိုင်ထက်ဆီးနင်းမလုပ်ဖို့ မသက်ဖျက်ဖို့ပဲ အဆိုရှိပါတယ်
မင်းတို့်နှစ်ယောက်အဲ့ဒီလောက်တောင် ဂျီဟက်ကိုချစ်နေရင် သူတို့ဆီလိုက်သွား။နက်ပေါ်မှာ အသံကောင်းဟစ်မနေနဲ့
အကောင်းဆုံးကတော့ ဘုမသိဘမသိလျှောက်မပြောဘဲ ကို့အလုပ်ကိုလုပ်တာအကောင်းဆုံးပဲ။ဟုတ်ပြီလား။သြော် ကို့ဘာသာကိုလဲ လေ့လာအုံ့းနော် သိတဲ့သူတွေကိုပြောမိလို့ စောက်ရှက်ကွဲနေဦးမယ် ဟုတ်ပြီလား
မိုဟာမက်ယူနွတ်နှင့်အများသိစေရန်
တမန်တော် မိုဟာမက်တောင် စစ်တိုက်ခဲ့တာပဲဆိုတဲ့ အကြောင်း ခင်ဗျားပြောတယ်။ သူဘာလို့ စစ်တိုက်လဲ ခင်ဗျားသိလား။ အစ္စလာမ်လို့ အမည်ခံထားပြီး အစ္စလာမ်ရဲ့ကျင့်ဝတ်တွေနဲ့ မလျော်ညီတဲ့ အကျင့်တွေကိုပြုကျင့်နေတဲ့အတွက် ဒီလို လူတွေကိုသာ စစ်တိုက်ခဲ့တာဖြစ်ပါတယ်။ ဥပမာ- မိုဟာမက်(ဆွ)ရဲ့ ပထမဆုံးစစ်ပွဲဟာ အစ္စလာမ်လို့အမည်ခံထားတဲ့ ကာဖိရ်တွေ ကအ်ဗဟ်ကျောင်းတော်ထဲမှာ ၀တ်လစ်လစ်စလစ်ဖြင့် သ၀ါးဖ်လှည့်ပြခြင်း၊ ကအ်ဗဟ်ကျောင်းတော်ထဲမှာ ဗူးဒ်ရုပ်တုတွေလာထားပြီး အလ္လာဟ်အသျှင်မြတ်နဲ့အပြိုင် တပြိုင်နက်တည်း ကိုးကွယ်ခြင်း အစရှိတဲ့ မှားယွင်းတဲ့အစ္စလာမ့်အယူဝါဒဟောင်းတွေကို သန့်စင်ဖို့အတွက်သာ စစ်တိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီလိုပဲ မိုဟာမက်(ဆွ) တိုက်ခဲ့တဲ့စစ်ပွဲတွေဟာ (၁)အစ္စလာမ်လို့အမည်ခံ၊ အစ္စလာမ်အယူဝါဒကိုကျောရိုးထားပြီး ပြုပြင်ထားတဲ့ အယူဝါဒတွေရှိနေတဲ့ သူတွေ ၊ (၂)အစ္စလာမ်ဘာသာကိုးကွယ်သူတွေကို ကိုးကွယ်လို့မရအောင် ရက်ရက်စက်စက် တားဆီးပိတ်ပင်နေတဲ့သူတွေ ကိုသာတိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီလိုစစ်တိုက်ရာမှာတောင် တမန်တော်ဟာ စည်းကမ်းမဲ့ လူမသတ်ခိုင်းခဲ့ပါဘူး။ အမျိုးသမီးနဲ့ ကလေးတွေကို လုံးဝမသတ်ခိုင်းပါဘူး။ ထွက်ပြေးတဲ့သူ၊ လက်နက်ချသူ၊ လက်နက်မဲ့သူ စသူတွေကို စစ်ပွဲထဲမှာ လုံးဝမသတ်ခိုင်းခဲ့ပါဘူး။ လူသတ်ဖို့ စစ်တိုက်ခဲ့တာမဟုတ်ပါ။ အစ္စလာမ်ဘာသာကို လက်ခံအောင် တခြားဘာသာဝင်တွေကို စစ်တိုက်ခဲ့တာမဟုတ်ပါ။ အစ္စလာမ်ဟာ ဘာသာခြားများကို သတ်ပစ်ရမယ်လို့လည်း လုံးဝမပြောပါ။ ကိုရ်အာန် ကျမ်းထဲမှာ ဘာသာခြားတွေ အစ္စလာမ်ဘာသာလက်မခံရင် သတ်ပါ ဆိုပြီးတော့ လုံးဝမပြောထားပါဘူး။ ဘာသာရေးသိမ်းသွင်းလိုစိတ်နဲ့ တိုက်ခဲ့တဲ့ စစ်ပွဲ တစ်ပွဲတောင်မရှိပါ။ "အစ္စလာမ်" ဆိုတဲ့ အာရဗီစာလုံးရဲ့ အနက်ပြန်ဆိုချက် ကို ခင်ဗျားသိလား။ "Peace" (သို့) "ငြိမ်းချမ်းရေး" လို့ဘာသာပြန်အနက်ရပါတယ်။ အခုလို ကိုဖြိုးဝေအောင် ဗုံးခွဲလိုက်တာ ဘာသာခြားတွေ အမြောက်အမြားသေသွားလို့ သူကုသိုလ်ရတယ်လို့ ခင်ဗျားကယူဆတယ်ပေါ့။ သေသွားတဲ့သူတွေဟာ အစ္စလာမ်ဘာသာဝင်ဖြစ်နေရဲ့နဲ့ သူတစ်ပါးဘာသာရဲ့ ယဉ်ကျေးမှုပွဲတော်မှာ ၀င်ဆင်နွှဲနေတာဆိုရင်၊ ဒါမှမဟုတ် သူတို့ဟာ အစ္စလာမ်ဘာသာဝင်တွေ အစ္စလာမ်ကိုးကွယ်ခွင့် မရအောင် နှောက်ယှက်ဖျက်ဆီးနေလို့ဆိုရင်၊ သူတို့တွေကို ဗုံးခွဲ တိုက်ခိုက်ခဲ့တဲ့ ခင်ဗျားရဲ့လုပ်ရပ် မှန်တယ်လို့ တမန်တော်ကပြောလိမ့်မယ်။ သေသွားတဲ့သူတွေဟာ မုနာဖစ်က် (အစ္စလာမ်အတုအယောင်) လည်းမဟုတ်၊ အစ္စလာမ်ကိုနှောက်ယှက်ဖျက်ဆီးနေတဲ့သူတွေလည်းမဟုတ်၊ အချက်နှစ်ချက်နဲ့လည်းမငြှိ၊ အဲဒီလိုလူတွေကို စစ်တိုက်သလို သတ်တယ်ဆိုတာဟာ တမန်တော်ရဲ့ စစ်တိုက်ရတဲ့အကြောင်းအရင်း နှစ်ရပ်နဲ့ လုံးဝဆန့်ကျင်သွားပြီ။ တမန်တော်ဟာ အစ္စလာမ်အယူဝါဒကို ကမ္ဘာကို ဖြန့်ချီရာမှာ စစ်တိုက်တဲ့ အကြမ်းဖက်နည်းကို လုံးဝမသုံးခဲ့ပါဘူး။ သည်းခံခြင်းတရားကို လက်ကိုင်ထားပြီး အနှိပ်စက်ခံပြီးသာ အစ္စလာမ်အကြောင်းဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ တမန်တော်နဲ့ ခလီဖာတွေခေတ်မှာ ဘာသာရေးသိမ်းသွင်းတဲ့ စစ်ပွဲ တစ်ပွဲမှ မရှိခဲ့ပါဘူး။ အစ္စလာမ်အယူဝါဒတွေ သူတို့လက်မခံလို့ ကျန်တဲ့အစ္စလာမ်တွေဟာ သူတို့ကို အရေးယူစရာ အကြောင်းမရှိပါဘူး။ အရေးယူတဲ့ကိစ္စက အလ္လာဟ် ကိုယ်တိုင်သာလုပ်ပါလိမ့်မယ်။ ဒါကြောင့်တမန်တော်တိုက်တဲ့ စစ်ပွဲတွေဟာ အထက်ဖော်ပြပါ အကြောင်းနှစ်ချက်ကို ကိုက်ညီပါတယ်။ စစ်မှန်တဲ့ ဂျီဟတ်ဆိုတာ အထက်ဖော်ပြပါ နှစ်ချက်ထဲကတစ်ခုခုနဲ့ ငြှိနေမှသာ တိုက်ခွင့်ရှိပါတယ်။ ရာဗိသွဟ် ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ်ဓမ္မသတ်မှူးချုပ်ဖြစ်တဲ့ မွတ်ဖ်သီဗင်ဗားဇ် ကိုယ်တိုင် ဒီဖသ်ဝါပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ ဒီလုပ်ရပ်တွေမှားနေကြောင်း အခိုင်အမာပြောဆိုနေတာဖြစ်ပါတယ်။ ခင်ဗျားရဲ့ပြောဆိုချက်တေါကို ကျွန်တော်ကောင်းကောင်း သဘောပေါက်တယ်။ ဘာသာခြားတွေကိုသတ်တိုင်း၊ အသေခံဗုံးခွဲတိုင်း ကုသိုလ်ရမယ်လို့ထင်နေတဲ့ခင်ဗျားလိုလူမျိုးတွေ အများကြီးတွေ့ဖူးတယ်။ အဓိက က ဂျီဟတ်ကဘာလဲ၊ သူ့စည်းကမ်းတွေကဘာလဲဆိုတာတွေ ကို သေချာနားလည်သဘောမပေါက်တာကြောင့်ဖြစ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန်ရဲ့ မြန်မာဘာသာပြန်စာအုပ်ကို ခင်ဗျားများများဖတ်ပါ။ အခြားဖသ်ဝါတွေကို နားထောင်မယ့်အစား ရာဗိသွဟ်ရဲ့ ဖသ်ဝါတွေကို များများဖတ်ပါ။ ခင်ဗျားကောင်းကောင်းသဘောပေါက်လာပါလိမ့်မယ်။ အားလုံးပဲ အစ္စလာမ်နဲ့ပတ်သက်လို့ အသေးစိတ်သိချင်ခဲ့ရင် m.solaimarn@gmail.com ကိုဆက်သွယ်ပါ။
မိုဟာမက်ယူနွတ်နှင့်အများသိစေရန်
တမန်တော် မိုဟာမက်တောင် စစ်တိုက်ခဲ့တာပဲဆိုတဲ့ အကြောင်း ခင်ဗျားပြောတယ်။
သူဘာလို့ စစ်တိုက်လဲ ခင်ဗျားသိလား။ အစ္စလာမ်လို့ အမည်ခံထားပြီး
အစ္စလာမ်ရဲ့ကျင့်ဝတ်တွေနဲ့ မလျော်ညီတဲ့ အကျင့်တွေကိုပြုကျင့်နေတဲ့အတွက်
ဒီလို လူတွေကိုသာ စစ်တိုက်ခဲ့တာဖြစ်ပါတယ်။ ဥပမာ- မိုဟာမက်(ဆွ)ရဲ့
ပထမဆုံးစစ်ပွဲဟာ အစ္စလာမ်လို့အမည်ခံထားတဲ့ ကာဖိရ်တွေ
ကအ်ဗဟ်ကျောင်းတော်ထဲမှာ ၀တ်လစ်လစ်စလစ်ဖြင့် သ၀ါးဖ်လှည့်ပြခြင်း၊
ကအ်ဗဟ်ကျောင်းတော်ထဲမှာ ဗူးဒ်ရုပ်တုတွေလာထားပြီး
အလ္လာဟ်အသျှင်မြတ်နဲ့အပြိုင် တပြိုင်နက်တည်း ကိုးကွယ်ခြင်း အစရှိတဲ့
မှားယွင်းတဲ့အစ္စလာမ့်အယူဝါဒဟောင်းတွေကို သန့်စင်ဖို့အတွက်သာ
စစ်တိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီလိုပဲ မိုဟာမက်(ဆွ) တိုက်ခဲ့တဲ့စစ်ပွဲတွေဟာ
(၁)အစ္စလာမ်လို့အမည်ခံ၊ အစ္စလာမ်အယူဝါဒကိုကျောရိုးထားပြီး ပြုပြင်ထားတဲ့
အယူဝါဒတွေရှိနေတဲ့ သူတွေ ၊ (၂)အစ္စလာမ်ဘာသာကိုးကွယ်သူတွေကို
ကိုးကွယ်လို့မရအောင် ရက်ရက်စက်စက် တားဆီးပိတ်ပင်နေတဲ့သူတွေ
ကိုသာတိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီလိုစစ်တိုက်ရာမှာတောင် တမန်တော်ဟာ
စည်းကမ်းမဲ့ လူမသတ်ခိုင်းခဲ့ပါဘူး။ အမျိုးသမီးနဲ့ ကလေးတွေကို
လုံးဝမသတ်ခိုင်းပါဘူး။ ထွက်ပြေးတဲ့သူ၊ လက်နက်ချသူ၊ လက်နက်မဲ့သူ စသူတွေကို
စစ်ပွဲထဲမှာ လုံးဝမသတ်ခိုင်းခဲ့ပါဘူး။ လူသတ်ဖို့ စစ်တိုက်ခဲ့တာမဟုတ်ပါ။
အစ္စလာမ်ဘာသာကို လက်ခံအောင် တခြားဘာသာဝင်တွေကို စစ်တိုက်ခဲ့တာမဟုတ်ပါ။
အစ္စလာမ်ဟာ ဘာသာခြားများကို သတ်ပစ်ရမယ်လို့လည်း လုံးဝမပြောပါ။ ကိုရ်အာန်
ကျမ်းထဲမှာ ဘာသာခြားတွေ အစ္စလာမ်ဘာသာလက်မခံရင် သတ်ပါ ဆိုပြီးတော့
လုံးဝမပြောထားပါဘူး။ ဘာသာရေးသိမ်းသွင်းလိုစိတ်နဲ့ တိုက်ခဲ့တဲ့ စစ်ပွဲ
တစ်ပွဲတောင်မရှိပါ။ "အစ္စလာမ်" ဆိုတဲ့ အာရဗီစာလုံးရဲ့ အနက်ပြန်ဆိုချက် ကို
ခင်ဗျားသိလား။ "Peace" (သို့) "ငြိမ်းချမ်းရေး" လို့ဘာသာပြန်အနက်ရပါတယ်။
အခုလို ကိုဖြိုးဝေအောင် ဗုံးခွဲလိုက်တာ ဘာသာခြားတွေ
အမြောက်အမြားသေသွားလို့ သူကုသိုလ်ရတယ်လို့ ခင်ဗျားကယူဆတယ်ပေါ့။
သေသွားတဲ့သူတွေဟာ အစ္စလာမ်ဘာသာဝင်ဖြစ်နေရဲ့နဲ့ သူတစ်ပါးဘာသာရဲ့
ယဉ်ကျေးမှုပွဲတော်မှာ ၀င်ဆင်နွှဲနေတာဆိုရင်၊ ဒါမှမဟုတ် သူတို့ဟာ
အစ္စလာမ်ဘာသာဝင်တွေ အစ္စလာမ်ကိုးကွယ်ခွင့် မရအောင်
နှောက်ယှက်ဖျက်ဆီးနေလို့ဆိုရင်၊ သူတို့တွေကို ဗုံးခွဲ တိုက်ခိုက်ခဲ့တဲ့
ခင်ဗျားရဲ့လုပ်ရပ် မှန်တယ်လို့ တမန်တော်ကပြောလိမ့်မယ်။ သေသွားတဲ့သူတွေဟာ
မုနာဖစ်က် (အစ္စလာမ်အတုအယောင်) လည်းမဟုတ်၊
အစ္စလာမ်ကိုနှောက်ယှက်ဖျက်ဆီးနေတဲ့သူတွေလည်းမဟုတ်၊
အချက်နှစ်ချက်နဲ့လည်းမငြှိ၊ အဲဒီလိုလူတွေကို စစ်တိုက်သလို သတ်တယ်ဆိုတာဟာ
တမန်တော်ရဲ့ စစ်တိုက်ရတဲ့အကြောင်းအရင်း နှစ်ရပ်နဲ့ လုံးဝဆန့်ကျင်သွားပြီ။
တမန်တော်ဟာ အစ္စလာမ်အယူဝါဒကို ကမ္ဘာကို ဖြန့်ချီရာမှာ စစ်တိုက်တဲ့
အကြမ်းဖက်နည်းကို လုံးဝမသုံးခဲ့ပါဘူး။ သည်းခံခြင်းတရားကို
လက်ကိုင်ထားပြီး အနှိပ်စက်ခံပြီးသာ
အစ္စလာမ်အကြောင်းဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ တမန်တော်နဲ့ ခလီဖာတွေခေတ်မှာ
ဘာသာရေးသိမ်းသွင်းတဲ့ စစ်ပွဲ တစ်ပွဲမှ မရှိခဲ့ပါဘူး။ အစ္စလာမ်အယူဝါဒတွေ
သူတို့လက်မခံလို့ ကျန်တဲ့အစ္စလာမ်တွေဟာ သူတို့ကို အရေးယူစရာ
အကြောင်းမရှိပါဘူး။ အရေးယူတဲ့ကိစ္စက အလ္လာဟ် ကိုယ်တိုင်သာလုပ်ပါလိမ့်မယ်။
ဒါကြောင့်တမန်တော်တိုက်တဲ့ စစ်ပွဲတွေဟာ အထက်ဖော်ပြပါ အကြောင်းနှစ်ချက်ကို
ကိုက်ညီပါတယ်။ စစ်မှန်တဲ့ ဂျီဟတ်ဆိုတာ အထက်ဖော်ပြပါ
နှစ်ချက်ထဲကတစ်ခုခုနဲ့ ငြှိနေမှသာ တိုက်ခွင့်ရှိပါတယ်။ ရာဗိသွဟ်
ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ်ဓမ္မသတ်မှူးချုပ်ဖြစ်တဲ့ မွတ်ဖ်သီဗင်ဗားဇ်
ကိုယ်တိုင် ဒီဖသ်ဝါပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ
ဒီလုပ်ရပ်တွေမှားနေကြောင်း အခိုင်အမာပြောဆိုနေတာဖြစ်ပါတယ်။
ခင်ဗျားရဲ့ပြောဆိုချက်တေါကို ကျွန်တော်ကောင်းကောင်း သဘောပေါက်တယ်။
ဘာသာခြားတွေကိုသတ်တိုင်း၊ အသေခံဗုံးခွဲတိုင်း
ကုသိုလ်ရမယ်လို့ထင်နေတဲ့ခင်ဗျားလိုလူမျိုးတွေ အများကြီးတွေ့ဖူးတယ်။ အဓိက
က ဂျီဟတ်ကဘာလဲ၊ သူ့စည်းကမ်းတွေကဘာလဲဆိုတာတွေ ကို
သေချာနားလည်သဘောမပေါက်တာကြောင့်ဖြစ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန်ရဲ့
မြန်မာဘာသာပြန်စာအုပ်ကို ခင်ဗျားများများဖတ်ပါ။ အခြားဖသ်ဝါတွေကို
နားထောင်မယ့်အစား ရာဗိသွဟ်ရဲ့ ဖသ်ဝါတွေကို များများဖတ်ပါ။
ခင်ဗျားကောင်းကောင်းသဘောပေါက်လာပါလိမ့်မယ်။ အားလုံးပဲ
အစ္စလာမ်နဲ့ပတ်သက်လို့ အသေးစိတ်သိချင်ခဲ့ရင် m.solaimarn@gmail.com
ကိုဆက်သွယ်ပါ။
သူသာတကယ်လုပ်တယ်ဆိုရင် ဒီလိုကောင်မျိုးသေတာတောင်နည်းသေးတယ်...သနားစရာမရှိဘူး....
Criticism ခင်ဗျား-
ခင်ဗျားအတွက် ကုရ်အာန်ကျမ်းတော်မြတ်အစပိုင်းမှာ ပါတဲ့ စာနှစ်ပိုဒ်လောက်ကိုဘဲ ကိုးပြီး ပြောချင်တယ်။
အစောင်-၁၊ စူရဟ်-၂။ ၂း ၅၀ မှာ -
“(အို-အစ္စရာအီလီမျိုးနွယ်အပေါင်းတို့ ပြန်လည် အောက်မေ့သတိရကြကုန်) တရံရောအခါ၊ ငါအရှင်သည် (အသင်တို့ ကူးဖြတ်လျှောက်သွားနိုင်ကြရန် အလို့ငှာ) ပင်လယ်ကိုပင် ခွဲ၍ အသင်တို့အား ဖိရ်အောင်န်၏ အခြွေအရံတို့၏ ဘေးမှ ကယ်တင်တော်မူခဲ့၏။ ထို့နောက် ဖိရ်အောင်န်၏ အခြွေအရံများကို ငါအရှင်သည် (အသင်တို့ မျက်မှောက်၌ပင်) နှစ်မြှုပ်တော်မူလိုက်သည်။ ထိုအချိန် အသင်တို့သည် မိမိတို့ကိုယ်တိုင် (ဤအချင်းအရာများကို) ကြည့်နေကြကုန်သည်။”
အစောင်-၁။ စူရဟ်-၂။ ၂း ၅၅။ မှာ
“(အို-အစ္စရာအီလီမျိုးနွယ်အပေါင်းတို့ ပြန်လည် အောက်မေ့သတိရကြကုန်) တရံရောအခါ အသင်တို့က “အို-မူစာ၊ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ကို ဒိဌမျက်ဝါးထင်ထင် မဖူးမြင်ရသမျှ ကာလပတ်လုံး ကျွန်ုပ်တို့သည် အသင့်အား အလျင်း ယုံကြည်ကြမည်မဟုတ်” ဟု ပြောဆိုကြကုန်၏။ (ထိုကဲ့သို့ မပြောသင့် မပြောအပ်သော စကားရပ်ကို ပြောဆိုကြသည့်အတွက်) အသင်တို့အား (အလ္လာဟ်အရှင်မြတ်၏ ကြောက်မက်ဖွယ်ကောင်းသော) မိုးကြိုးလောင်မီးသည် ဖမ်းဆီး (ကွပ်မျက်) လိုက်လေပြီ။ အသင်တို့ကိုယ်တိုင်လည်း (ထိုအခြင်းအရာကို) တွေ့မြင်ကြရပေသည်။
ဒါတွေဟာ အလ္လာအရှင်မြတ်ကိုယ်တော်တိုင် လူသတ်ခဲ့တာ မဟုတ်ဘူးလား။ သတ်သင့်သတ်ထိုက်လို့ သတ်ခဲ့တာ။ အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ကိုးကွယ်ကြတဲ့ အစ္စလာမ်တွေအနေနဲ့ သတ်သင့်သတ်ထိုက်တာတွေကို သတ်တာဟာ အလ္လာဟ်အရှင်မြတ်ရဲ့ အလိုတော်အတိုင်း လုပ်ဆောင်တာပဲ ဖြစ်တယ်ဆိုတာ ခင်ဗျား သဘောပေါက်ပါ။ ကိုဖြိုးဝေအောင်လည်း အလ္လာဟ်အရှင်မြတ်ရဲ့ အလိုတော်အတိုင်း လုပ်ဆောင်တာလို့ ကျုပ်ယူဆတယ်။ ဒါဟာ ကုသိုလ် မဟုတ်လို့ ဘာလဲ။
Criticism ခင်ဗျား-
ပြောစရာ စကားက ကျန်နေသေးလို့ ထပ်ပြောလိုက်ဦးမယ်။
အစ္စလာမ် ဆိုတဲ့ အာရဗီ ဘာသာစကားရဲ့ အဓိပ္ပာယ်က ငြိမ်းချမ်းရေး ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ခင်ဗျားက နောက်ဆုံး အဆင့်မှာ ရှိနေရမယ့် ငြိမ်းချမ်းရေး ကို ရှေ့ဆုံးကို ပို့ပစ်လိုက်တဲ့အတွက် ခင်ဗျား အယူအဆ တလွဲဖြစ်နေတာ။
ကျုပ်ပြောမယ်။ ခင်ဗျား ဘေးမှာ မီးပုံကြီး ရှိနေရင် - ငြိမ်းချမ်းရေး-ဆိုတာကို ခင်ဗျား ဘယ်လောက်ပဲ အာပေါက်အောင် အော်နေ အော်နေ မငြိမ်းချမ်းပါဘူးဗျ။ ဒီတော့ အရင်ဆုံး အဲဒီမီးပုံကို ငြိမ်းသတ်ပစ်ရမယ်။ ဒီတော့မှ ငြိမ်းချမ်းရေး ဆိုတာ ရလာမှာ။
ဆိုလိုတာက- အလ္လာဟ်အရှင်မြတ်အပေါ် မယုံကြည်သူတွေ ဆိုတာ မီးပုံကြီးတွေပဲ။ အဒီ မီးပုံကြီးအကုန်လုံးကို ငြိမ်းသတ်ပြီးလို့ အရှင်မြတ်အပေါ် ယုံကြည်သူတွေနဲ့သာ စုစည်းနေထိုင်နိုင်တဲ့ အချိန်ကို ရောက်လာမှသာ အစ္စလာမ်=ငြိမ်းချမ်းရေး ဆိုတဲ့ စကားက အဓိပ္ပာယ်ပေါ်ပြီး အရသာထွက်မှာ။
ဒီတော့ အစ္စလာမ်ဆိုတာ- အလ္လာဟ် အရှင်မြတ်အပေါ် မယုံကြည်သူတွေ အားလုံးကို သုတ်သင်ဖယ်ရှားပြီး ယုံကြည်သူများဖြင့်သာ ငြိမ်းချမ်းစွာနေထိုင်သော ငြိမ်းချမ်းရေး ၀ါဒဖြစ်သည် လို့ ခင်ဗျား အဓိပ္ပာယ် ပြင်မှတ်ပါ။
Post a Comment