ပွင့်လင်း လူ့အဖွဲ့အစည်း
ခရီးစဉ် အတွက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့
အဖွဲ့ဟာ တနင်္သာရီတိုင်း ထားဝယ်ခရိုင်ကို ခရီးထွက်ရာ မှာ လောင်းလုံမြို့အ၀င်
မှာ နှောင့်ယှက်ခံခဲ့ရပါတယ်။
၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ကို လှိုက်လှဲစွာကြိုဆိုပါ၏လို့
ရေးသားထားတဲ့ ဗီနိုင်း ဆိုင်းဘုတ် ကို လောင်းလုံမြို့နယ် အုပ်ချုပ်ရေးမှူးက
ဥပဒေနဲ့ညီညွတ်မှု မရှိတဲ့ အတွက် ဖြုတ်ချခိုင်းတယ် လို့ ကိုမင်းကိုနိုင် တို့
ခရီးစဉ်ကို လိုက်ပါ အကူအညီပေးနေတဲ့ ထားဝယ်မြို့ခံ ကိုကျော်ကျော်သက် က
ပြောပါတယ်။
ကိုမင်းကိုနိုင်တို့ ၈၈ ကျောင်းသားခေါင်းဆောင်တွေ ဟာ
လောင်းလုံမြို့ အောင်သပြေကျောင်း တိုက်မှာ ဒေသခံ ပရိသတ် ၅၀၀
ကျော်နဲ့တွေ့ဆုံပြီး ပွင့်လင်း လူအဖွဲ့အစည်း ဆိုင်ရာတွေ ကို
ဟောပြောခဲ့ကြပြီး ဒေသခံတွေရဲ့ မေးမြန်းတာတွေ ကို ဖြေကြား ရှင်းလင်းပါတယ်။
ကိုမင်းကိုနိုင်တို့
အဖွဲ့ဟာ လောင်းလုံမြို့ကိုမရောက်ခင် လမ်းခရီးမှာရှိတဲ့
မင်းရပ်ကျေးရွာမှာလည်း အုပ်ချုပ်ရေး အာဏာပိုင်တွေက ကြိုဆိုပါ၏
ဆိုင်းဘုတ်နဲ့ အသံချဲ့စက်သုံးတာကို တားမြစ်ခံခဲ့ရပါသေး တယ်။
ထားဝယ်မြို့ခံတဦးဖြစ်တဲ့
ကိုကျော်ကျော်သက်က “မင်းရပ်ကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးက အသံချဲ့စက်
သုံးလို့မရဘူး။ ဆိုင်းဘုတ်ထောင်လို့ မရဘူးဆိုပြီး ဆိုင်းဘုတ်က
ဖြုတ်ပေးလိုက်ရတယ်။ အသံချဲ့စက်ကိုလည်း သိမ်းထားလိုက်ရတယ်” လို့ ပြောပါတယ်။
လောင်းလုံမြို့အသွား
နှစ်နေရာမှာ အာဏာပိုင်တွေရဲ့ အနှောင့်အယှက်တွေ ရှိခဲ့ပြီး ကျန်နေရာတွေ
ကတော့ ပြဿနာတစုံတရာ မရှိခဲ့ဘူးလို့ သိရပါတယ်။
ကိုမင်းကိုနိုင်တို့ ၈၈
မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ အင်္ဂါနေ့ ညပိုင်းမှာ ထားဝယ်မြို့ပေါ် က
လူမှုရေး အကူအညီပေးတဲ့ အဖွဲ့နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။
၈၈ ပွင့်လင်းခရီးစဉ် လောင်းလုံအာဏာပိုင်များ ဟန့်တားနှောင့်ယှက်
Reviewed by သစ်ထူးလွင်
on
18:57
Rating:
6 comments:
အောက်ဆုံးအဆင့်ကကောင်တွေကိုတောင်မထိန်းနိုင်တာမင်းတိုင်းပြည်ကိုဘယ်လိုအုပ်ချုပ်မှာလည်းသိန်းစိန်၊ဘာအတွက်နှောင့်ယှက်နေကြတာလည်း၊တိုင်းသိပြည်သိလူတွေကိုတောင်မတရားလုပ်နေရင်ပြည်သူတွေကိုဘယ်လောက်မတရားလုပ်မလဲဆိုတာမစဉ်းစားမိဘူးလား၊မင်းပြောနေတာနဲ့ဖြစ်နေတာတွေကတခြားစီပဲ။
သေချင်းဆိုးတွေခုထိနစ်နာဆုံးရှုံးသူကို
အားပေးမှုမရှိပဲနာကျင်စေတာလား။
နင်တို့တွေမြန်မြန်ကျဆုံးပါစေ..
၈၈ကျောင်းသားတွေပါတဲ့ချေးကျွေးရင်တောင်
နင်တို့နှလုံးသားတွေဖြူအုံးမှာလား။
မသိလို့မေးပါရစေ
အာဏာပိုင်တွေဆိုတာဘယ်သူ့ကိုပြောတာပါလဲ
ဒီမိုကရေစီစံနစ်မှာအာဏာဆိုတာပြည်သူ့လက်ဝယ်မှာဆို
ဒါဆိုပြည်သူတွေကနှောင့်ယှက်နေတာလား
ဒါဆို---ဘယ်သူလဲ
ဒို့နိုင်ငံကြီးဒီမိုကရေစီနိုင်ငံဆီကိုသွားနေပြီလေ
အဲ့ဒီကလူတွေအိပ်ပျော်နေကြပြီလား
ကိုမင်းကိုနိုင်ရေ--နိုးသွားအောင်နှိုးခဲ့ပါဦး
တော်ကြာ--နောက်ကျကျန်နေခဲ့ပါဦးမယ်
မြန်မာပြည်အနှံစားရိတ်ငြိမ်းပါတ်နေတာပြီးရင် တော့ပြည်သူတွေအတွတ်တစ်ခုခုကိုလုပ်ပါတော့။ တစ်တိုင်းပြည်လုံးပြည်သူတွေဒုက္ခရောက်နေတာကြာပြီ။ အခုမှလိုက်ပြီးလိုအပ်တာတွေမေးနေရမဲ့အချိန်မ ဟုတ်တော့ပါဘူး။။။။ အစ်ကိုကြီး မင်းကိုနိုင်ရေ ထိထိရောက်ရောက်လုပ်ပါတော့။။။။။
အသံချဲ့စက် မသုံးခိုင်းတာကတော့ အပြစ်မပြောလိုပါဘူး။ တခြား ဒီမိုကရေစီနိုင်ငံတွေမှာလဲ အသံချဲ့စက်ကို ကန့်သတ်သုံးစွဲကြတာပါပဲ။ ဆိုင်းဘုတ်ထောင်တာက ဘယ်သူ့ထိခိုက်လို့လဲဗျာ ဒီမိုကရေစီစနစ်ကိုသွားမယ်ဆိုရင် ဒီမိုကရေစီလမ်းကြောင်းရဲ့ အခြေခံသဘောတရားလေးဖြစ်တဲ့ “သင့်ဒုတ်ကောက်ကို ကြိုက်သလိုရမ်းပါ ကျွန်ုပ်ကိုတော့ မထိစေနဲ့” ဆိုတာကို အောက်ခြေက အုပ်ချုပ်ရေးမှူးတွေ နားလည်ဖို့လိုပြီ။
၈၈ကျောင်းသား အဖွဲ့အစည်းဟာ လိုအပ်တာတွေကို လိုက်မေးနေတာ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ အာဏာရှင်စနစ်ရဲ့အောက်မှာ နေခဲ့ရလို့.. အရာရာကို ကြောက်စိတ်နဲ့တွေး၊ ကြောက်စိတ်နဲ့လုပ်၊ ကြောက်စိတ်နဲ့ကြံစည်မှုတွေကနေ လွတ်လပ်စွာတွေ၊ လွတ်လပ်စွာကြံစည်၊ သတ္တိရှိရှိအလုပ်လုပ်၊ လူတစ်ယောက်ရဲ့ ပင်ကိုယ်ရပိုင်ခွင့် ဆုံးရှုံးနေတာတွေကို သိနားလည်ပြီး တောင်းဆိုသင့်တာ တောင်းဆိုတတ်အောင်၊ အထူးသဖြင့် တရားဥပဒေဆိုတာ ဘယ်လိုဟာမျိုး၊ တရားဥပဒေစိုးမိုးတယ်ဆိုတာ ဘာဆိုတာ လိုက်ပြီးရှင်းပြ ပြောဆိုပေးတာပါ။ အရင်ခေတ်က ရပ်ကွက်ထဲမှာ အော်လံနဲ့အော်ပြီး သူတို့လုပ်ချင်သလို လုပ်တဲ့ သတ်မှတ်ချက်တွေကို မလိုက်နာပါက တရားဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူခြင်းခံရမယ်..ဆိုပြီး ခြိမ်းခြောက်တာမျိုးဟာ တရားဥပဒေစိုးမိုးတာမဟုတ်ဘဲ အာဏာပြခြိမ်းခြောက်ခံရတာနဲ့ ဥပဒေစိုးမိုးတာ ခွဲခြားနားလည်အောင် လိုက်လံရှင်းပြ နေကြတာပါ။
တစ်ဆက်တည်း ဥပဒေနဲ့အညီ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို တောင်းဆိုတတ်အောင် ဥပဒေစိုးမိုးရေး အလေ့အကျင့်တွေ ပေါ်ပေါက်လာအောင် တစ်ဖက်တစ်လမ်းက တိုင်းပြည်အတွက် အမှန်တကယ်၊ မဖြစ်မနေ လိုအပ်နေတဲ့ ကွက်လပ်ကို အားသွန်ခွန်စိုက် ဖြည့်စီးပေးနေကြတာပါ။ ဒီမိုကရေစီ နိုင်ငံတော်သစ်စီ အရောက်လှမ်းတဲ့ခရီးမှာ အချိန်တိုအတွင်းလိုရာပမ်းတိုင် ရောက်နိုင်ဖို့ အားသွန်ခွန်စိုက် ကြိုါ်ပမ်းနေတဲ့ ၈၈အဖွဲ့ရဲ့ ရပ်တည်မှုကို နားလည်သင့်ပါတယ်။
လွတ်လပ်ရေးရပြီးတာ အနှစ်၆၀ကျော်ခဲ့ပေမယ့် ပြည်သူတွေရဲ့ အတွေးအကြံ လုပ်ရပ်တွေဟာ လွတ်လပ်မှုမရှိသေးသ၍ လူအစွမ်းအစ အစစ်အမှန်ကို ဖော်ထုတ်ကြိုးစားခွင့် မရရှိပါဘူး။ ဒါဟာ တိုင်းပြည်တိုးတက်ရေးအတွက် အနှောက်အယှက်ပါ။ ၈၈ ကျောင်းသားအဖွဲ့က စစ်မှန်တဲ့ လူ့အသိအမြင်တွေ ပြန်လည်ရှင်သန်လာအောင် ရေလောင်းပေါင်းသင် နေတာပါ။
အာဏာပိုင်အဖွဲ့အစည်းတွေ အနေနဲ့ ၈၈ကျောင်းသားတွေရဲ့ ရပ်တည်မှုစေတနာကို နားမလည်ဘဲ အနှောက်အယှက်တွေ ပေးနေတာမျိုး လုံးဝ မဖြစ်သင့်တော့ပါဘူး။ တကယ်တမ်းမှာ ၈၈ကျောင်းသားတွေဟာ သမ္မတကြီးရဲ့ ဖြစ်စေချင်တဲ့အရာ၊ လုပ်ချင်တဲ့ဆန္ဒတွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ တတ်စွမ်းသမျှ ၀ိုင်းဝန်းစွမ်းဆောင်နေကြတာပါ။
Post a Comment