ဆောက်လုပ်ရေး ကန်ထရိုက်တာလုပ်ငန်းလိုင်စင် အာမခံကြေးငွေကို ကျပ်သိန်း(၁၀၀)မှ
ကျပ်သိန်း(၅၀၀)အထိ တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။
လိုင်စင်ရရှိထားတဲ့ ကန်ထရိုက်တာများ ထပ်မံပေးသွင်းရမယ့် အာမခံကြေးငွေ ကျပ်သိန်း
(၄၀၀)ကို တကြိမ်တည်းပေးသွင်းဖို့ အခက်အခဲရှိပါက တကြိမ်ကို အနည်းဆုံးငွေကျပ်သိန်း
(၁၀၀)နဲ့ (၄)ကြိမ်ခွဲခြားပြီး (၃၀-၉-၂၀၁၂)နေ့ နောက်ဆုံးထား ပေးသွင်းရမှာဖြစ်ပါတယ်။
ငွေပေးသွင်းဖို့ ပျက်ကွက်ပါက အဆောက်အအုံကန်ထရိုက်တာလုပ်ငန်းလုပ်ကိုင်ခွင့်
လိုင်စင် ပြန်လည်ရုပ်သိမ်းမည်ဖြစ်ကြောင်း သိရပါတယ်။
Myanmar News Now
ကျပ်သိန်း(၅၀၀)အထိ တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။
လိုင်စင်ရရှိထားတဲ့ ကန်ထရိုက်တာများ ထပ်မံပေးသွင်းရမယ့် အာမခံကြေးငွေ ကျပ်သိန်း
(၄၀၀)ကို တကြိမ်တည်းပေးသွင်းဖို့ အခက်အခဲရှိပါက တကြိမ်ကို အနည်းဆုံးငွေကျပ်သိန်း
(၁၀၀)နဲ့ (၄)ကြိမ်ခွဲခြားပြီး (၃၀-၉-၂၀၁၂)နေ့ နောက်ဆုံးထား ပေးသွင်းရမှာဖြစ်ပါတယ်။
ငွေပေးသွင်းဖို့ ပျက်ကွက်ပါက အဆောက်အအုံကန်ထရိုက်တာလုပ်ငန်းလုပ်ကိုင်ခွင့်
လိုင်စင် ပြန်လည်ရုပ်သိမ်းမည်ဖြစ်ကြောင်း သိရပါတယ်။
Myanmar News Now
လိုင်စင်ရအဆောက်အအုံကန်ထရိုက်တာလုပ်ငန်း အာမခံကြေးငွေတိုးမြှင့်
Reviewed by သစ်ထူးလွင်
on
08:26
Rating:
11 comments:
မသွင်းနိုင်လို့ပြန်ရုပ်သိမ်းမယ်ဆိုရင် ယခင်စည်းကမ်းချက်အရကိုယ်ပေးသွင်းနိုင်တဲ့လုပ်ငန်းအတိုင်းအတာအရသွင်းထားငွေ သိန်း ၁၀၀ ကိုပြန်ထုတ်ပေးမှလား အ၇င်းအနှီးငွေသိန်း၁၀၀ သာတတ်နိုင်သည့်အချိန်တွင်လုပ်ထားသောလုပ်ငန်းဖြစ်ပါသဖြင့်....
အဲဒီင်္လောက်မှ မချမိးသာရင် တစ်ခုခုဖြစ်လာရင် ဘာနဲ့လျော်မလဲ?
ဒီလိုအာမခံကြေးတွေ၊ အခွန်အခတွေ၊ မီတာခတွေ၊ လမ်းတံတားကြေးတွေ တိုးသတ်မှတ်ဖို့ကတော့ မြန်သလားမမေးနဲ့။
အများအကျိုးဖြစ်မယ့် ဖြစ်သင့်တဲ့ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေထုတ်ဘို့ကတော့ ကြာသလား မမေးနဲ့။
ဖင်လှည့်ခေါင်းလှည့်။
ဆေးတွေရဲ့အခွန်အခတွေ ၅ ရာနှုန်းတိုးတော့ ဆေးဈေးတွေ တက်သွားတာဘဲကြည့်တော့
စီးပွားရေးလုပ်တဲ့သူတွေကို သွားကြပ်ရင် စားသုံးသူတွေဘဲထိတယ်။
ဒါမျိုးက သူတို့အတွက် အခွင့်အရေးဘဲ။
သူတို့တွေက အခွန် ၅ ရာနှုန်းတိုးလိုက်ရင် ၁၅ နှုန်းလောက်ရောင်းဈေးမှာတက်တော့
ဝင်ငွေတွေကနည်း၊ ကုန်ဈေးနှုန်းကကြီး
ဝင်ငွေက အမြီးနှပ်၊ ခေါင်းနှပ်၊
ကျွန်ုပ်တို့ ကြပ်နေတာကိုလဲ လုပ်ကြပါဦး။
တကယ်မှန်မှန်ကန်ကန်လုပ်ရင်တော့ကောင်းတာပေါ့၊
ကန်ထရိုက်တွေက ကလိမ်ကကျစ်တွေများတယ်၊
စည်ပင်ကလူကြီးတွေဂွင်ဖြစ်သွားရင်တော့အလကားဘဲ။
အိမ်ခန်းဝယ်တဲ့သူတွေအခန်းခတွေထပ်မတက်ဘို.အရေးကြီး
တယ်။
အာမခံကြေးနဲတာများတာထက် ကန်ထရိုက်တာတွေ ဆောက်ထားတဲ့ အဆောက်အဦးတွေ ဘယ်လောက် အရည်အသွေးရှိတယ်ဆိုတာဘယ်သူတွေက ဘယ်လို စစ်ဆေးပီး ဘယ်သူတွေက အာမခံမှာလဲ။ အဲဒီအာမခံကြေးက အဆောက်အဦး ဘယ်နှစ်ခုစာလောက် ကာဘာ ဖြစ်လို့လဲ၊
စထဲကိုက (သိန်း ၁၀၀၀)အာမခံကြေးထားရမှာပါ။ ဒီလုပ်ငန်းက ငွေနိုင်မှ လုပ်သင့်တဲ့လုပ်ငန်းပါ။ တာဝန်ရှိတဲ့ဌာနကလဲ၊ အရင်ထဲကသေခြာစဉ်းစား မှပေါ့။ အမျိုးပြောင်းနေတယ်။ ပြည်သူတွေဘယ်လို အလုပ်လုပ်ရမှာလဲ။ ယခုကန်ထရိုက်အများစုဟာ အကျင့်ပျက်နေပြီ (အချိန်စွဲခြင်း၊ ဆက်မဆောက်ခြင်း၊ထွက်ပြေးခြင်း၊ငွေမနိုင်၍ပြန်အမ်းလို့နစ်နာခြင်း၊ ကြိုရောင်းလို့ရတဲ့ပေါ်မှာမှုတည်ပြီးဆက်လုပ်ခြင်း၊)အစုံပါဘဲ။ ဒါတွေအားလုံး ဟာ ယခင်စစ်အစိုးရမကောင်းလို့ စိတ်ဓါတ်တွေစပြီးပျက်စီးခဲ့တာပါ။
ကျွှန်တော်အထင်တော့စပေါ်ငွေကနည်းနေသလိုဘဲ။ အဆောက်အဦးအရည်အသွေးအတွက်တိကျမှန်ကန်သောစစ်ဆေးရေးမူနှင့်စစ်ဆေးရေအဖွဲ့လည်းထားရှီသင့်ပါကြောင်း။
ကန်တရိုက်ဆောက်တဲ့တိုက်က အာမခံ ဘယ်လောက်အထိပေးထားပါသလဲ။အနှစ် ၂၀ ၃၀
ခံပါ့မလား။
ဒါ့ငြေ့်အာမခံ သိန်း ၅၀၀ နည်းသေးတယ် ထပ်တိုးပါအုံးဗျို့
နေတဲ့သူတွေကအသက်ပေးထားရတာနော်။
ပေါ့ပေါ့မတွေးကြပါနဲ့
စဉ်းစားကြပါ တွေးခေါ်ကြပါ
ကျွန်တောတို့နိုင်ငံမှာအင်ဂျင်နီယာအသင်းဆိုတာဖွဲ့ပြီးပါပြီ..တကယ်တန်းလိုင်စင်ရကန်ထရိုက်ကသတ်သတ်..လိုင်စင်ရအင်ဂျင်နီယာကသတ်သတ်ပါ..ကန်ထရိုက်တွေကိုဘာမှမပြောလိုပေမဲ့..အတတ်ပညာရှင်အင်ဂျင်နီယာများကိုဝေဖန်လိုပါတယ်..ကျွန်တော်တို့နိုင်ငံမှာ..သံရည်ကျိုစက်တွေအများကြီးပေါ်ပေါက်လာပါတယ်..အဲဒီစက်ရုံတွေကနေ..အဆောက်အဦးအတွက်အဓိကကျတဲ့ D-FORM BAR သံချောင်းတွေထုတ်လုပ်နေ ပါတယ်..အဲဒီလိုထုတ်လုပ်တဲ့နေရာမှာ..ဆိုဒ်တစ်မျိုးထဲကိုနှစ်မျိုးသုံးမျိုးထုတ်လုပ်နေခြင်းပါဘဲဥပမာ-20mm,16mmသံချောင်းလုံးတွေကိုဆိုဒ်ပြည့်တာနဲ့မပြည့်တာထုတ်လုပ်ကြပါတယ်..INTERNATIONAL SIDE မပြည့်မီဘူးပေါ့..အဲဒါတွေနဲ့ဆောက်လုပ်နေတာကိုစည်ပင် INSPECTORအင်ယာကော။ကြီးကြပ်အင်ယာကောလိုင်စင်ရအင်ယာကောမျက်စိစုံမှိတ်ပြီးလက်ခံနေကြတယ်..ကွန်ကရစ်ဖျော်တဲ့နေရာမှာကော1;2;4 မမှန်ဘူးဒီလိုစနစ်တွေပျောက်သွားပြီဆိုရင်အရည်အသွေးပြည့်မီတဲ့ဆောက်အဦးတွေပေါ်ပေါက်လာမှာပါ...။အင်ဂျင်နီယာအသင်းချုပ်အနေနဲ့လည်းဒီလိုကိစ္စတွေကိုဖော်ထုတ်အရေးယူနိုင်ရပါမယ်..လမ်းတံတားတွေလည်းအရည်အသွေးမီမီလုပ်ဆောင်စေလိုပါတယ်..ကာတွေတန်ပိုတင်တာပြောတယ်..လမ်းတွေအ၇ည်သွေးမီအောင်လုပ်မထားဘူး..SPECT မှန်မှန်ကန်ကန်နဲ့လုပ်ဆောင်သွားကြမယ်ဆိုရင်အရည်အသွေးကောင်းတွေပေါ်ထွက်လာဖို့အတွက်အင်ဂျင်နီယာအသင်ချုပ်အနေနဲ့တာဝန်ရှိကြောင်းရေးသားဖော်ပြအပ်ပါသည်။
ကန်ထရိုက်တာတဦး ..... သိန်း ၁၀၀ ကနေ ၅၀၀ သွင်းခိုင်းပါတယ် ၊ ... ဟုတ်ကဲ. ၊ သွင်းပါ.မယ်ခင်ဗျာ ၊ ပုံစံအတိုင်လည်း .... လုပ်ပါ.မယ် ၊ ၁း၂း၎ လည်းလောင်းပါ.မယ် ၊ HIGH TECH နဲ.လောင်းဆိုရင်လည်း လောင်းပါ.မယ် ၊ ဆောက်လုပ်ခွင်.တင်ရင် စည်းကမ်းနဲ.ညီပေမယ်. ... ၆လလောက်ကြာတာ ၊ under table money သိန်းချီပေးရတာ ၊ လူနေခွင်.တင်ရင် သိန်းချီပေးရတာ ၊ ပုံစံအတိုင်းလုပ်ပေမယ်. သိန်းချီပေးနေရတာတွေ ပပျောက်အောင် လုပ်ပေးမှာပါလားခင်ဗျာ ။
့်ခောတ်ကပြောင်းသွားပြီ ၊ ၄ ထပ်နဲ.အထက် ကန်ထရိုက်တိုက်များ ကို ..... မြန်မာနိုင်ငံ အင်/ယါ အသင်း ၊ အခြား ပညာရှင် ဂုရု များစစ် ပါ ။... ပုံစံအတိုင်းရော .. ၁း၂း၎ ရော လုပ်နိုင် ကြ ပါတယ်၊။ ... လုပ်ငန်း ဆောင် ၇ွက် သူတွေရဲ.အဓိကအခက်အခဲက .. ဥပဒေတွေ ..... ခဏခဏ ပြောင်းတာ ၊ ဆောက်လုပ်ခွင်.ကျဖို. သိန်းချီ အညှစ်ခံ ပေးကမ်းရတာ ၊ ပုံစံအတိုင်းလည်းလုပ် ၊ အလွှာကြေးလည်းသိန်းချီပေးရ ၊... ဖုံးဆက်တာနဲ. HOTEL မှာကြွေး ရ ၊ အရက်တိုက်ရတဲ. ဒုက္ခတွေ ပပျောက်အောင် လုပ်ပေးကြပါခင်ဗျာ ။...အိမ်ရှင်တွေကလည်းစာချုပ်နဲ. ကိုင်ထားတာပါ ။
Post a Comment