ဂတ်စ်ပိုက်လိုင်းအတွက် သာသနာပိုင်မြေအချို့ သိမ်းခံရ

ပြင်ဦးလွင်၊ မေလ ၁၉ ရက်၊ ၂၀၁၂ ခုနှစ်
ကျော်သူရမျိုး (YPI)

ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်းသို့ သွယ်တန်းဖောက်လုပ်လျှက်ရှိသည့် ဂက်စ်ပိုက်လိုင်းစီမံကိန်းအတွက် ပြင်ဦးလွင်မြို့သဲဘိုးရေ ရပ်ရှိ အာရှအလင်းရောင်းကျောင်းတိုက်ပိုင် သာသနာ့မြေ(၅)ဧကကျော် သိမ်းဆည်းခြင်း ခံရသည်ဟု ကျောင်းထိုင်ဆရာတော် ဘဒ္ဒ န္တစိန္တိတ က မိန့်ကြားသည်။

“အသိမ်းခံရတဲ့အထဲမှာ ဘုန်းကြီးကျောင်းနဲ့ ရွာသုံးရွာအတွက် အဓိကရေပေးဝေနေတဲ့ ရေစစ်ကန် လည်း ပါသွားတယ်”ဟု ဆရာတော်က မိန့်ကြားသည်။

ကျောင်းပိုင်မြေကို ဖြတ်ကျော်၍ ဂက်စ်ပိုက်လိုင်း မဖောက်လုပ်မီ ပိုက်လိုင်းတာဝန်ခံများက ဆရာတော်အား လာရောက်လျှောက်ထားစဉ်က ကျောင်းတိုက်နှင့် ရွာများအတွက် အဓိက လိုအပ်သည့် ရေစစ်ကန်ကို ရှောင်ကွင်း၍ ဖောက်လုပ်သွားမည်ဟု ကတိပေးပြောကြားခဲ့သော်လည်း ဆရာတော် ခရီးသွားနေစဉ် ရေစစ်ကန်ကို မြေထိုးစက်ဖြင့် ထိုးဖျက်သွားခဲ့ခြင်း ဖြစ်သည်ဟု အောင်ချမ်းသာကျေးရွာမှ ဦးကျော်ရှိန်က ပြောသည်။ သိရသည်။

ရွာများနဲ့ ဘုန်းကြီးကျောင်းအတွက် အဓိကရေပေးဝေနေသော ရေစစ်ကန်ပျက်စီးသွားသည့် အတွက် ကျောင်းထိုင်ဆရာတော်သည် ဂက်စ်ပိုက်လိုင်းဖောက်လုပ်လျှက်ရှိသည့် တရုတ်ကုမ္စဏီအား ခေါ်ယူတွေ့ဆုံပြီး ရေလိုအပ်ချက်အတွက် ဆောင်ရွက်ပေးရန် ကတိစာချုပ်တစ်ရပ် ချုပ်ဆိုထားကြောင်းလည်း ဆရာတော်၏ မိန့်ကြားချက်အရ သိရသည်။

“ကျောင်းနဲ့ ရွာတွေအတွက် အမြဲတမ်းရေရအောင်လုပ်ဖို့ ကတိစာချုပ်တစ်ခု တရုတ်ကုမ္စဏီနဲ့ချုပ်ဆို ထားတယ်။ ရေရအောင် လုပ်မပေးနိုင်ရင် ဂက်စ်ပိုက်လိုင်းကိုလည်း မချဖို့နဲ့ မြေမမြှုပ်ဖို့ ကတိတောင်း ထားပါတယ်”ဟု ကျောင်းထိုင်ဆရာတော်က ၀ိုင်ပီအိုင်သို့ မိန့်ကြားသည်။

ဂက်စ်ပိုက်လိုင်းလမ်းကြောင်းဖောက်လုပ်ရာတွင် ပြင်ဦးလွင်မြို့နေ တရုတ်လူမျိုးများပိုင်ဆိုင်သည့် ကြက်မွေးမြူရေးလုပ်ငန်း အဆောက်အဦးအချို့ကို ၀ယ်ယူရန် ကမ်းလှမ်းသည့်အခါ သိန်းသောင်းနှင့်ချီတောင်းခံသဖြင့် ယင်းနေရာကို ရှောင်ကွင်းကာ အနီးရှိ ဘုန်းတော်ကြီးကျောင်းပိုင် ရေစစ်ကန်အား ဖြတ်သန်းဖောက်လုပ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။            ။
 
အာရှ အလင်းရောင်ကျောင်းတိုက် ပိုင်မြေတွင် ရှိသည့် ရေစစ်ကန်အား ဖြတ်ဖောက်လုပ်ထားသည့် ဂက်စ် ပိုက်လိုင်းကို မေလ၁၉ ရက်နေ့က တွေ့ရစဉ်။ (သတင်းဓါတ်ပုံ-ကျော်သူရမျိုး YPI )
 Yangon Press International
ဂတ်စ်ပိုက်လိုင်းအတွက် သာသနာပိုင်မြေအချို့ သိမ်းခံရ ဂတ်စ်ပိုက်လိုင်းအတွက် သာသနာပိုင်မြေအချို့ သိမ်းခံရ Reviewed by သစ်ထူးလွင် on 09:30 Rating: 5

7 comments:

001komgmg222@gmail.com said...

အော်မြန်မာအာဏရှင်တွေဘုန်းကြီးကျောင်းမြေတောင်တရုတ်ကြီးအတွက်လုပ်ပေးနေပါလား(ပွဲခ)ကမျက်နှာတော်တော်ကြီးပါလား။

aristhteinwin said...

တကယ်လို့ များ ဘုန်းကြီးနဲ့ ရပ်၇ွာပ ငြင်းဆိုလိုက်ရင်ဖြစ်စေ- တရုပ်တွေလို ငွေမြောက်များစွာ တောင်လိုက်ရင်ဖြစ်စေ- နာဘို့ သာပြင်ပေတော့။ ကိုယ့်လူမျိုးကျတော့ အစိုးရက နိုင်ပါ့ဗျာ- ၀က်က ချီးနိုင်သလို နိုင်တယ်။

Thurein said...

အင်း၊ သာသနာမြေတွေကိုပါ ထိပါးလာပြီဆိုတော့ နောက်ကျရင် ဘယ်လိုဖြစ်မလဲ မသိဘူး။ ဒီတရုတ်တွေ တော်တော်ကို လွန်လာပြီ။ လာလျှောက်ဖော်ရတာတော့ တော်သေးတာပေါ့လေ။ ဆရာတော်ကလည်း ရေစစ်ကန်ပါသွားရသလားဆိုပြီး နာရင်းတီးပေးလိုက်သင့်တာ။

www.academicmedicines.blogspot.com

အီးတီ said...

တရုပ်ပြည်သူ့သမ္မတ မြန်မာနိင်ငံဖြစ်တော့မလားမသိပါဘူးဗျာ မြန်မာအစိုးရက လဲ ပိုက်ဆံသာရမယ်ဆို ကိုယ့်နိင်ငံက ပြည်သူတွေဘယ်လောက်ပဲ ဒုက္ခရောက်ရောက် လုပ်တယ် ပြည်သူတွေကိုမှ မချစ်တာ ဒါကြောင့်လဲ ပြည်သူကလဲ မချစ်တာ "မျှတ"တယ်ဆိုတာ မျှမှတတာ မမျှရင်မတဘူး ဒါကအမှန်တရား

ဆုလာဘ် said...

တ၇ုပ်ကိုဆ၇ာတင်ထားတာကိုးသွားပြီပေါ့ မြန်မာနိုင်ငံကအကုန်လုးံ သိမ်းယူသွားပြီ အားမ၇သေးဘူး လူအင်အားနဲ့သိမ်းမလို့ကြံနေတာ သဘောပေါက်ကြပါ

shingyi said...

မြန်မာပြည်မှာတ၇ုတ်ပိုင်တာ၇ှိသေလား။ဦးနေ၀င်းပြန်ခေါ်၇မှာလား။

Top Gun said...

ငါတို့နိုင်ငံမှာ Gas တွေပေါနေလို့ရောင်းတာပါ။ ပြည်သူတွေလဲ လှိုင်လှိုင်သုံးနေကြရပါတယ်။ ရတဲ့ငွေနဲ့ တရုတ်စက်တွေပြန်သွင်း။ (၃)လုံးမှာ(၂)လုံးက မကြာခင်မှာပျက်။Cabinet မှာငွေတွေ ပိုပြ။ပျက်တဲ့စက်အတွက်ဘယ်သူမှတာဝန်မရှိကြ။KIA/KNU ကလာပစ် လို့ဆိုပြီး ရောတောရှိလုပ်ပြ။ပြောမဆုံးပေါင် တောသုံးတောင်တွေပါလား။ လက်တောင်ညောင်းတယ်။တချောင်းချင်းရိုက်နေရတယ်။

Powered by Blogger.