မန္တလေး၊ မေလ ၁၃ ရက်၊ ၂၀၁၂ ခုနှစ်-ကျော်သူရမျိုး(YPI)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပါတီတစ်ခုလုံး၏ သက်ဆိုင်ရာကော်မတီဝင် အဆင့်ဆင့်များကို ပြန်လည်ရွေးချယ်မှုများ စတင်ပြုလုပ်နေပြီဟု ယင်းပါတီဗဟိုဌာနချုပ်မှ သိရှိရသည်။
“ဒီလထဲမှာ လုပ်ခဲ့တဲ့ ပါတီရဲ့ဗဟိုအစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားခြင်း ဖြစ်ပါတယ်”ဟု ယင်းပါတီဗဟိုဌာနချုပ်မှ အမည်မဖေါ်လိုသည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။
မန္တလေးတိုင်း တိုင်းကော်မတီဝင် တဦးကလည်း “ပထမဆုံး ရပ်/ကျေး စည်းရုံးရေးမှူးတွေ ပြန်ရွေးရမယ်။ ပြီးတော့ မြို့နယ်/ခရိုင်/တိုင်းနှင့်ပြည်နယ် ကော်မတီဝင်တွေကို ပြန်ရွေးသွားမယ်လို့ ပါတီရဲ့ဗဟိုကော်မတီက ညွှန်ကြားချက် ထုတ်ထားတယ်” ဟု YPI သို့ပြောသည်။
ယခုလို ရပ်/ကျေး စည်းရုံးရေးမှူးများ မှစတင်ကာ မြို့နယ် ခရိုင် တိုင်းနှင့် ပြည်နယ် စည်းရုံးရေး မှူးနှင့် အမှုဆောင်များ ရွေးချယ်ခြင်းကို လာမည့် မေလ ၂၅ ရက်နေ့မတိုင်မီ အပြီးပြုလုပ်မည်ဟုလည်း နေပြည်တော် ခရိုင်စည်းရုံးရေးမှူး တဦးကပြောသည်။
သို့ဖြစ်၍ ယင်းပါတီ၏ နိုင်ငံအ၀န်းရှိ မြို့နယ်အဆင့်၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်ရွေးချယ်ပွဲများကို မေလ(၂၅)ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ နေပြည်တော်ခရိုင် အတွင်းရေးမှူး ဦးဇော်အောင်က ပြောသည်။
“ရပ်/ကျေးစည်းရုံးရေးမှူးတွေ ပြန်ရွေးတဲ့နေရာမှာ ပါတီရဲ့ အမာခံပုဂ္ဂိုလ်တွေကို ဦးစားပေးရွေးချယ် ပြုလုပ်နေတယ်” ဟု မန္တလေးမြို့နေ ရပ်ကွက် စည်းရုံးရေးမှူး ဦးသန်းဝင်းက ရှင်းပြသည်။
ပြည်ခိုင်ဖြိုးပါတီသည် တစ်နိုင်ငံလုံးတွင် တိုင်းနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများ ဖွင့်လှစ်ထားရှိ သော်လည်း ရပ်ကွက်/ကျေးရွာအဆင့် ပါတီရုံးများဖွင့်လှစ်ထားရှိခြင်း အနည်းငယ်သာရှိသည့်အတွက် ယင်းပါတီ၏ ရပ်/ကျေးစည်းရုံးရေးမှူးများ ပြန်လည်ရွေးချယ်ပြီးပါက ဒေသအသီးသီးတွင် ရပ်/ကျေး ရုံးများ ဖွင့်လှစ်လာနိုင်ကြောင်း ယင်းပါတီဝင်များထံမှ သိရသည်။
“ဒီတစ်ခေါက်မြို့နယ်ကော်မတီဝင်တွေကို အောက်ခြေပါတီဝင်တွေက ဆန္ဒပေးပြီးရွေးသွားရမယ်လို့ သိထားတယ်”ဟု အဆိုပါ ပါတီ၏ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှ ပါတီဝင်တစ်ဦးကပြောသည်။
အဆိုပါ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် မြို့နယ်ကော်မတီဝင် ပြန်လည်ရွေးချယ်တင်မြှောက်ရန် အတွက် ပါတီ၏ အမာခံအင်အားစာရင်းနှင့် ပါတီဝင်အင်အားစာရင်းများကို ပြန်လည်ပြုစု ပြင်ဆင်ပြီး ဖြစ်ကြောင်း မန္တလေးခရိုင်အတွင်းရှိ မြို့နယ်ကော်မတီဝင်များထံမှ သိရှိရသည်။
ပြည်ခိုင်ဖြိုးပါတီ၏ ယခုလုပ်ဆောင်မှုအပေါ် အမျိုးသားဒီမိုကရေစီပါတီ ဒုဥက္ကဋ္ဌ ဦးစိုးဝင်းက “ပါတီကြီးတစ်ခုအနေနဲ့ ၂၀၁၅ ခုနှစ်အတွက် အခုကတည်းက ကြိုတင်ပြင်ဆင်တယ်လို့ မြင်ပါတယ်” ဟု သုံးသပ်ပြောကြားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ ခုနှစ်၊ ပြည်လုံးကျွတ်ရွေးကောက်ပွဲ၌ သက်ဆိုင်ရာ လွှတ်တော်အသီးသီးတွင် နေရာအများစုအနိုင်ရရှိခဲ့သော်လည်း ၂၀၁၂ ခုနှစ်၊ ကြားဖြတ် ရွေးကောက်ပွဲတွင်မူ လစ်လပ်မဲဆန္ဒနယ်မြေ (၄၅) နေရာယှဉ်ပြိုင်သည့်အနက် တစ်နေရာတည်းသာ အနိုင်ရရှိခဲ့သည်။
ယင်းသို့ နေရာ အများစုရှုံးနိမ့်ပြီး တလကျော်အကြာတွင် ပါတီ၏ ကော်မတီအဆင့်ဆင့်ရွေးချယ်ပြင်ဆင်မှုများကို ယခုလို ပြုလုပ်လာခြင်းဖြစ်သည်။
သမ္မတဦးသိန်းစိန်က မေလ ၁၁ ရက်နေ့ သမ္မတရုံး၌ ပြောကြားသည့် မိန့်ခွန်းတွင် “ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံအရ ဒီနေ့ပြည်သူတွေရဲ့ ဆန္ဒက အပြောင်းအလဲကို လိုချင်ပြီး ကျွန်တော်တို့ အစိုးရရဲ့ အောက်ခြေရပ်ကွက် ကျေးရွာ အဆင့်မှ မြို့နယ် တိုင်းဒေသကြီး/ပြည်နယ် မှ ပြည်ထောင်စုအဆင့်ထိ ရှေးယခင် လုပ်ငန်းလုပ်ဟန်တွေကို မကြိုက်တော့ဘူးဆိုတဲ့အနေအထားကို ပြသခဲ့ခြင်း ဖြစ်ပါတယ်” ဟုပြောဆိုသွားသည်။ ။
Yangon Press International

ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် အဆင့်ဆင့် ရွေးချယ်မှု စတင်
Reviewed by သစ်ထူးလွင်
on
21:41
Rating:
22 comments:
“ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံအရ ဒီနေ့ပြည်သူတွေရဲ့ ဆန္ဒက အပြောင်းအလဲကို လိုချင်ပြီး ကျွန်တော်တို့ အစိုးရရဲ့ အောက်ခြေရပ်ကွက် ကျေးရွာ အဆင့်မှ မြို့နယ် တိုင်းဒေသကြီး/ပြည်နယ် မှ ပြည်ထောင်စုအဆင့်ထိ ရှေးယခင် လုပ်ငန်းလုပ်ဟန်တွေကို မကြိုက်တော့ဘူးဆိုတဲ့အနေအထားကို ပြသခဲ့ခြင်း ဖြစ်ပါတယ်
ဒေါ်အောင်ဆန်းစုကြည်ကသူအနိုင်ရတဲ့မဲဆန္ဒနယ်မြေမှာတွေ့သင့်တဲ့
သူတွေနဲ့တွေ့ပြီး လုပ်သင့်တာတွေမေးတယ် 2010တည်းကအနိုင်ရတဲ့
ကိုယ်စားလှယ်တော်ကြီးများကဘာလို့မလုပ်ကြတာပါလဲ
အဲတာဟာပြည်ခိုင်ဖြိုးရဲ့အားနည်းချက်လို့မြင်ပါတယ်
ပြည်ခိုင်ဖျြိးမှာလဲသမ္မတကြီးလိုပဲပြောင်းလဲနိုင်တဲ့ခေါင်း
ဆောင်တွေရှိဦးမှာပါ။NLD မှာလဲတနိုင်ငံလုံးအတိုင်းအတာနဲ့ဆို
လက်ဆရွေးစင်တွေချည်းရှိမနေပါ။အတူလက်တွဲလုပ်ဆောင်နိုင်မှ
အရာရာပြီးမြောက်နိုင်မယ်လို့ယူဆမိပါတယ်။
လက်သီးလက်မောင်းတွေ ထောင်နေမယ့်အစား အမေစုလို ကိုယ်ရွေးချယ်ခံထားရတဲ့ ပြည်သူတွေထဲ သွားပြီး တကယ်သူတိုကတွေ ဘာဖြစ်နေကြတယ်။ ဘာတွေလိုအပ်ချက်တွေ ရှိနေတယ်ဆိုတာ ထဲထဲဝင်ဝင်သွားပြီး ကိုယ့်ကို မဲပေးလိုက်တဲ့ ပြည်သူတွေကို ဖြည့်ဆည်းသင့်တယ်။ အပြောနဲ့ အလုပ် မညီရင်တော့ ပြည်သူက မှတ်ကျောက်ပဲ။
လက်ထောင်ထားတဲ့ ဖွတ် ကြံတွေ အကုန်လုံး ....ပဲ .....နွား...
ဘယ်လောက်ရွေးရွေးပါ။ ပြည်သူက လူပုဂ္ဂိုလ်ထက်(စိတ်ဓါတ်၊မူဝါဒ)ကိုကြည့်တာပါ။ မင်းတို့ကောင်းအောင်လုပ်ရင်၊ရိုးသားရင် မင်းတို့လာမဲ့အခေါက်မဲရမှာပါ။ (လူနည်းစု)။ သမ္မတကြီးလို၊အမေစုလိုမျိုးပေါ့။ (ဖိနှိပ်၊စီးပွားရေးအနိုင်ကျင့်၊ နေလို့ နိုင်ငံစုတ်ဖြတ်သတ်တာဘဲရှိပါတယ်။ သေရင်လဲသယ်သွားလို့ရတာ မဟုတ်ပါဘူး။) ပြည်သူအပေါ်ရိုးသားပါ၊ နေရာဆိုတာ လူတိုင်းမျှော်လင့်လို့ ရပါတယ်။ (မှတ်ချက်--တော်တော်ရိုးသားမှပြန်ရမှာနော်။ အရင်လိုအပေါ်ယံ မရတော့ဘူး၊ ပြည်သူတွေက နှပ်နေပြီ။)
ဒီပုတ်ကဒီပဲတွေဘဲဖြစ်လာအုံးမှာပါ......သမ္မတကြီးပြောတဲ့မိန့်ခွန်းမှာ ရှေ့ရိုးစွဲသူတွေကိုနောက်ချန်ထားခဲ့မယ်လို့ပြောတာကိုသိရပါတယ်တ ကြံဖွတ် ပါတီမှာ ၁၀၀ ရာခိုင်နူန်းမှာ ၁၀၀ ရာခိုင်နူန်း အပြည့်မကောင်းတဲ့လူတွေကြီးပါဘဲ ၂၀၁၅ ကျရင်လည် ရှုံးအုံးမှာဘဲ...
နာမည်ပါ ပြောင်းပါလား...ဒီမိုကရေစီ ပါတာတခုခုပေါ့...ဒီမိုကရေစီကို သွားမယ်ဆို၇င် ဒီမိုကရေစီကို ရှေ့တန်းတင်လေ...ပြည်သူတွေကို လိမ်ညာ လှည့်ဖြားလို့ရတဲ့ခေတ်မဟုတ်ဘူးနော်...အဲ့သတိတခုပေးရအုံးမယ်...လူတွေပြန်စစ်ဆေးအုံး...သာကူးတွေ။ကပ်ဝါးတွေ။ဂျပိုးတွေ။ဂေါက်တွေ။ရှေ့ရိုးစွဲတွေ အဲဒီလူတွေကို ပြည်သူတွေသိတယ် သင်တို့လဲသိပါစေ...စစ်မှန်သော ဒီမိုကရေစီအင်အားကြီးပါတီပေါ်ပေါက်ခြင်းသည် ပြည်သူတွေအတွက် အကျိုးရှိမှာပါ......သေချာအောင်လုပ်နော် ...ဒီတိုင်းပဲဆို ဒီတိုင်းပဲသွားမှာ.....
မှတ်ပုံတင်ထားတဲ့ပါတီတွေအားလုံလုပ်သင့်ပါသည်။ေ
သေချာစနစ်တကျလုပ်ကြပါ။အောက်ခြေကတာဝန်ခံတွေ
က မဲလိန်ဲခိုး မ မဲလိမ်မဲခိုးကျွမ်ကျင်ကပါသည်။
အြထက်လူကြီးများမယုံကြပါနဲ့ဗျို့။
ကြံ့ဖွတ်ကိုမွေးထုတ်ပေးခဲ့တဲ့အာဏာရှင်၏ညစ်ပတ်စုတ်ပဲ့သော
ပုံရိပ်(dirty Image)ကြောင့်ဘာဘဲလုပ်လုပ်မရသေးပါဘူး၊မဲပေး
မည့်ပြည်သူများကိုအိမ်တလုံး၊ကားတစီးစီပေးပြီးမဲဝယ်ရင်တောင်အနိုင်ရဘို့မလွယ်ပါဘူး၊အသဲကြားကမဲတပြား မဟုတ်လား။
၂၀၁၅မှာဆင်းရမှာပါ၊ညစ်နွမ်းသော၊ညစ်ပတ်စေသောပုံရိပ်နှင့်လူ
များကိုဖယ်ရှားရှင်းလင်းပြီးအလှည့်ပြန်စောင့်ပါ။
ဟာ......သူခိုးတွေကြား ထဲ ဓမြေ၇ွးတာ မထူးပါဘူး။ ဖွတ်နဲ့ ပုတတ် ကြားထဲ မိကျောင်းေ၇ွးသလို ဖြစ် နေပြီ။ အားလုံးသတိထား အဲဒီ အကောင် ပါးစပ်ပိုကြီးတယ်။
u kyaw kyaw ပြောတာလုံးဝမှန်ကန်ပါတယ်
ထောက်ခံပါတယ်
သူတို့ရဲ့ဆရာကြီးများဖြစ်သော၊ တစည ကိုကြည့်ပါ။ဥက္ကဌကြီးကော
ထိပ်ပိုင်းတွေကောသေကြာလှပြီ၊ မဆလ ကနေ တစည ပြောင်းတာ
ရာစုနှစ်ရဲ့ လေးပုံတစ်ပုံ(၂၅-နှစ်)ရှိတော့မယ်။ အခုချိန်အထိ နလန်မထူနိုင်သေးဘူး။
u kyaw kyaw comment is right much.we need good governance and clean government .we want to change the moral and morality entire ploitical person for nation and citizen.But NLD win the election at 2015. ဘာဖြစ်လို့လဲဆိုတော့တပ်ကပြောင်းလာတဲ့သူတွေကိုမယုံတော့လို့ပါ။သူတို့နဲ့တွဲ နေတဲ့အရပ်သားတွေကလဲသာကူးပေါင်းစားကိုယ်ကြိုးရှာတွေများနေတာပါ။ အစိုးရတက်လာပြီးတကယ်ပြောင်းမယ်ထင်တာပြီးခဲ့တဲ့တစ်နှစ်တိတိပိုနေမြဲကျား နေမြဲဆက်လုပ်တော့ပြည်သူစိတ်ကုန်သွားပါပြီ။သမ္မတကြီး၊လွှတ်တော်ဥက္ကကြီးတို့ လောက်သာပြောင်းဘို့လုပ်တာကိုထင်ထင်ရှားရှားတွေ့ရတာပါ။လူတွေလဲပြစ်ပြီးလုပ်ပြ ရင်တောင်၂၀၂၀မှမျှော်လင့်နိုင်မှာပါ။ဒါတောင်NLDကလုပ်တာသိပ်ကောင်းနေရင်မယှဉ် နိုင်ပါဘူး။ပြည်သူကခံရတာအရိုးစွဲသွားပါပြီ။
သမ္မတသိန်းစိန်ကတော့ဝန်ခံနေပြီ. ပြည်သူကိုနှစ်၂၀လုံးလုံးဒုက္ခတွေပေး. မဲခိုးပြီးတက်လာပြီးတော့ကြားဖြတ်ရွှေးကေါက်ပွဲမှာမဲတွေညစ်ပတ်ပြီးမနိင်လို့၂၀၁၅ မှာထပ်လိမ်ဖို့ ခိုးဖို့ကြံ့ဖွတ်တွေပြင်နေကြတာဟ. ပြည်သူ့ကိုမျက်ကွယ်ပြုပြီးကိုယ့်ဖို့ဘဲကြည့်တဲ့ကြံ့ဖွတ်ပါတီအလိုမရှိ
ကြံ့ဖွတ် ပါတီဟာ မကောင်းတာတွေ တစ်ပုံကြီးလုပ်ပြီး ခဲ့ပြီးပြီ လူသတ် ဘုန်းကြီးသတ် ကလိမ်ကကျစ်လုပ် မဲလိမ် လူတွေအပေါ် မတ၇ား အာဏာပြ အနိုင်ကျင့် ခဲ့တဲ့ ဒီပါတီဟာ
ခွေပါးစပ်က နတ်စကားထွက်နေပြန်ပြီ ပြီး ခဲ့တဲ့ေ၇ွးကောက် ပွဲမှာ ကလိမ်ကကျစ် မဲလိမ်ခဲ့ တာတောင်မှ မနိုင်ခဲ့ ပဲ ပါတီအ၇ှုံး ပေါ်ခဲ့တာတောင်မှ အ၇ှက်မ၇ှိ ၇ူးကြောင်ကြောင် တွေေ၇ှာက်ပြောနေပြန်ပြီ
ဒီပါတီဟာ စစ်တပ်၇ဲ့ အမာခံပါတီပါ သူတို့လက်ထဲ တိုင်းပြည်ေ၇ာက်သွားယင် တိုင်းပြည် ပျက်လိမ့်မယ်
စစ်တပ် ဖျက်ဆီးခဲ့လို့ မြန်မာပြည်သူတွေ ဒုက္ခေ၇ာက်
ဆင်း၇ဲ ခဲ့၇တယ် တိုင်းပြည်ကထွက်တဲ့ သယံဇာတ တွေလည်း ဗိုလ်ချုပ်တွေ အပိုင်စီးသွားကြတာပဲလေ မြန်မာပြည်က သန်းကြွယ် သူဋ္ဌေး အများစု ဟာ ဗိုလ်ချုပ်တွေပါ ပြည်သူတွေကတော့ ငတ်ပြီးယင်းငတ် နေကြတာ အခု ကြံ့ဖွတ်ပါတီ လူမိုက် ဂိုဏ်းက ပညာမတတ် လူပိန်းတွေနဲ့ ပညာတတ်သော်လည်း ဦးနှောက်မ၇ှိတဲ့ လူတွေကို စည်း၇ုံးမက်လုံးပေး ပြီး ဘာတွေ မတ၇ား ထပ်လုပ် မလဲ
ဆိုတာ ပြည်သူများ သတိထားကြပါ မယုံကြပါနဲ့ နဂိုကမှ ဗီဇ မကောင်းတဲ့ အတွင်းစိတ်မကောင်းတဲ့ အဖွဲ့ အစည်း တစ်ခုပါ
သူတို့ ကောင်းတာဘာပဲလုပ်ပြလုပ်ပြ ပြည်သူတွေကို ထပ်လိမ် မယ့် ကိုယ်ကောင်းစားယင် ဘယ်သူတွေ ဘာဖြစ်ဖြစ် အဖွဲ့ အစည်း တစ်ခုပါ ဒီအဖွဲ့ မ၇ှိတော့ယင်တော့ တိုင်းပြည် တော်တော် လေးကောင်းသွားမှာပါ ကြံ့ဖွတ်ဟာ စစ်တပ်၇ဲ့ အောက်ခြေထောက်တိုင်တစ်ခု ဆိုတာ ပြည်သူတွေသိထားပါ
ပြည်သူတွေ အပေါ် မကောင်းတဲ့ စစ်တပ် အမြန် ကျ၇ှုံး စေချင်ယင် တိုင်းပြည် တိုးတက်ေ၇းမှာ မြန်ချင်ယင်တော့ ဒီပါတီကို အယင် ပြည်သူတွေ ကြားမှာ ဖယ်၇ှား ပစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ခဲ့တဲ့ ပြည်သူချစ်တဲ့
စစ်တပ်တစ်ခု ကို ပြည်သူတွေက ပြန်လည်ထူထောင်၇ပါမယ်
ဒါမှ ပြည်သူတွေ ၇ဲ့ ဘဝတွေ လုံ ချုံ စိတ်ချ၇ပါ့မယ်
“ရပ်/ကျေးစည်းရုံးရေးမှူးတွေ ပြန်ရွေးတဲ့နေရာမှာ ပါတီရဲ့ အမာခံပုဂ္ဂိုလ်တွေကို ဦးစားပေးရွေးချယ် ပြုလုပ်နေတယ်”
အဲဒါကိုက လွဲတာပဲ... အဲဒီအမာခံပုဂ္ဂိုလ်ဆိုတဲ့လူတွေ လူမုန်းအများဆုံးပဲ။ အမာခံပုဂ္ဂိုလ် ဖြစ်တာ၊ မဖြစ်တာထက် ရပ်ရွာအပေါ်ဘယ်လောက် စေတနာထားတယ်၊ လူတွေကလည်း ဘယ်လောက် လေးစားချင်ခင်မှုရှိတယ်ဆိုတာကို အဓိကထားရမှာ.. မူချကတည်းကကို တလွဲ.....
ဘယ်လိုပဲလုပ်လုပ်ပါ.. အခြေခံစိတ်ဓာတ်ကို မပြင်နိုင်သမျှ ဘာမှလုပ်လို့မရနိုင်ပါဘူး။ အဲဒီ အမာခံဆိုတဲ့လူတွေက ပင်ကိုယ်ဗီဇကိုက အာဏာပြချင်၊ လူလည်ကျချင်တဲ့လူ အများစုလေ...
ခင်ဗျားတို့ကလည်းပြောလိုက်ကြတာဗျာ ကြံ့တွေရော ဖွတ်တွေရောစုံလို့ခြင်္သေ့ပါဗျ ခုန်ထွက်နိုင်ပါတယ် ရွာပြင်ကို.... :) :) :) ၂၀၁၀ တုန်းကတော့လိမ်ပြီးတော့(ခါးလေးကို)ခုန်အုပ်ခဲ့တာနော် သတိထားကြဗျ ။
ပြည်သူတွေကို ဒုက္ခပေးမဲ့၊ ပြည်သူတွေကို လှည့်စားမဲ့၊ ပြည်သူတွေကို ခုတုံးလုပ်မဲ့သူတွေ မပါဖို့ အရေးကြီးပါတယ်..။
အာဏာရှင်စနစ်ရဲ့ ဒေါက်တိုင်ပါတီမဖြစ်ဖို့ ကျိုးစားစေလိုပါတယ်..။
ဘာမှ မလိုအပ်ပါ ရိုးသားမှုသာလိုအပ်ပါသည်။ ပြည်သူများထံသို့ စိတ်ရင်းစေတနာမှန်မှန်နဲ့ အပြောတွေထက် လုပ်ရပ်တွေမှန်ဘို့လိုပါတယ်။
မူတွေကောင်းပြီးသားပါ။ မူပြင်စရာမလိုပါဘူး။ လူတွေ ၁၀၀%ပြင်ဘို့လိုတယ်။ ပြည်သူလူထုကို ဒုက္ခရောက်အောင် ပြုမူပြောဆိုချိန်းခြောက်တာတွေကြောင့် ချဉ်ကြတယ်။ လူတွေက ရပ်ကွက်ထဲမှာ စွာချင်လို့ ကြံ့ခိုင်ရေးဝင်ကြတယ်။ ချဲဒိုင်/ ဘောလုံးပွဲဒိုင် မဖမ်းရဲအောင် ၀င်ကြတယ်။ သစ်စက်ခိုးလည်လို့ရအောင် ၀င်ကြတယ်..... တခုခုဖြစ်လာရင် ကြံ့ခိုင်ရေးဆိုင်းပုဒ် ချိတ်လိုက်ကြတယ်။ ဘာခံယူချက်မှမရှိဘူး။
ကျောင်းစိမ်းအရောင်ကိုယူ
သန့်ရှင်းချင်ယောင်ဆောင်
အာဏာယူထားတာတနှစ်ပဲရှိသေးတယ်။
တိုင်းပြည်ကိုဘယ်လိုကောင်းအောင်...
စိတ်တွေကိုသန့်ရှင်းအောင်ကြိုးစားမယ်။
တိုင်းပြည်အတွက်အလုပ်လုပ်မယ်မရှိဘူး။
နောက်လာမည့်၂၀၁၅အတွက်အာဏာရူးဖို့
ပြင်ဆင်နေကြပြန်ပြီ။
တော်တော်အားနေသလား။
လုပ်ကြလေတိုင်းပြည်အတွက်တကယ်အလုပ်လုပ်ရင်
ဒီလိုတွေရူးကြောင်ကြောင်အလုပ်တွေလုပ်နေမယ်မထင်ဘူး။
အလုပ်နဲ့သက်သေပြမယ်။အလုပ်တွေကြိုးစားမယ်။
အဲ့ဒီအလုပ်တွေကပြည်သူအတွက်ပဲဖြစ်၇မယ်။
ခုတော့...အမေစုကိုယှဉ်ချင်သေးတယ်။
အားလုံးသောပြည်သူတို့..့ဒီလိုအာဏာရူးတွေ
ညစ်ပတ်လို့မရအောင်
N.L.Dပါတီထဲကိုလူတိုင်းလူတိုင်း
ဝင်ေ၇ာက်ထားသင့်တယ်။ဒါမှN.L.Dဦးရေကို
တတိုင်းပြည်လုံးအတိုင်းတာနဲ့ကွက်တိတွက်လို့၇ရင်
၂၀၁၅ရွေးကောက်ပွဲရဲ့ရလာဒ်ကို
ပြည်သူနှင့်တကွနိုင်ငံတကာအသိုင်းအ၀ိုင်းကကြိုတင်
သိထားပြီးမို့မဲကိုလီဆယ်လုပ်ကြံဖို့အခွင့်အရေးမရတော့ပါဘူး။
ဒို့တိုင်းပြည်နဲ့ပြည်သူတွေကိုညီမျှတဲ့စိတ်စေတနာရှိသူတွေကပဲ
ခေါင်းဆောင်သင့်ပါတယ်။ကြိုးစားခွင့်ရှိတယ်။
အဓိကနေရာတွေယူပြီးအမေစုကိုလုပ်ပိုင်ခွင့်မပေးသမျှတော့
ဒို့တိုင်းပြည်ဒုံရင်းပဲဖြစ်မယ်။
ကြံ့ဖွတ်ပါတီပျက်သုန်းပါစေ..
ဒို့ပြည်ကိုဆုတ်ယုတ်နစ်နာစေသူများမြန်မြန်ကျဆုံးပါစေ...
တကယ်တိုင်းပြည်အတွက်အလုပ်လုပ်ချင်သူများ
N.L.Dပါတီဝင်ထားစေချင်ပါသည်။
မြို့နယ်အသီးသီးကျေးရွာအနှံ့ပါတီရုံးများဖွင့်ပြီး
ပါတီဝင်များစုဆောင်းထားသင့်ပါသည်။
၂၀၁၀ေ၇ွးကောက်ပွဲတုန်းက ဘယ်သူမဲခိုးတာ အတော်ဆုံးလဲ ၊ ၂၀၁၅ မှာ ဘယ်သူက အပိရိဆုံး မဲခိုးဗျူဟာ တင်ပြနိုင်မလဲ၊ ... အခိုးတော်သူရွေးမယ်. ငတက်ပြားရွေးကောက်ပွဲပါ ။
ခင်ဗျားတို့ဗိုလ်ချူပ်တွေအုပ်ချူပ်တာကိုပြည်သူတွေကအယုံအကြည်မရှိတော့ဘူး၊နှစ်၅၀လောက်တိုင်းပြည်ကိုအုပ်ချူပ်လာတာဗိုလ်ချူပ်တွေကတော့ချမ်းသာသွားပြီးပြည်သူတွေကတော့သူတောင်းစာတွေဖြစ်သွားတယ်၊အင်တာနေရှင်နယ်ကျွန်တွေဖြစ်သွားတယ်၊ဗိုလ်ချူပ်တွေရဲ့ဒို့တာဝန်အရေးသုံးပါးကတော့ဒို့မယားတွေချမ်းသာဘို့အရေးဒို့အရေး၊ဒို့လူတစ်စုချမ်းသာဘို့အရေးဒို့အရေး၊ပြည်သူတွေကိုဖိနိပ်ဘို့အရေးဒို့အရေး၊
Post a Comment