ကမာရွတ်မြို့နယ်တွင် လောင်းကစားဝိုင်းများကြောင့် ငွေကြေးပြတ်တောက်မှု မကြာခဏဖြစ်ပေါ်နေ

လှည်းတန်းဈေးအနီးရှိ လောင်းကစားဒိုင်များကြောင့် နယ်မှရန်ကုန်သို့ အလုပ်လာရောက်လုပ်ကိုင် သူများနှင့်ကျောင်းတတ်လာသော လူငယ်များမှာ မိဘများထံမှ ငွေကြေးမကြာခဏတောင်းယူနေရကြောင်း ကမာရွတ်မြို့နယ်အတွင်းက ပြည်သူများက ဆိုသည်။
 
လှည်းတန်းဈေးအနီးတ၀ိုက်တွင် နယ်ဒေသများမှ ရန်ကုန်မြို့သို့ သင်တန်းလာတက်သူများ၊ အလုပ်လာလုပ်သူလူငယ်များ အများအပြားနေထိုင်ပြီး လောင်းကစားတွေ အားပြု ကစားနေကြသည်။
 
“အကိုရာ ကျွန်တော်လည်း နောက်တစ်ခါ မလုပ်တော့ဘူး။ မလုပ်တော့ဘူးနဲ့ သွားသွားလောင်း ဖြစ်နေတယ်ဗျာ၊ အိမ်က ပိုက်ဆံတောင်းတာလည်း တော်တော်များနေပြီ။” ဟု လှည်းတန်းဈေးအနီး တွင်နေ၍ ကွန်ပျူတာသင်တန်းတက်ရောက်နေသူ လူငယ်တစ်ဦးက ငြီးတွားပြောဆိုသည်။
 
ကမာရွတ်မြို့နယ်တွင်  လောင်းကစားဝိုင်းများ များပြားလာသဖြင့် ၂၀၁၂ခုနှစ် ဇန်န၀ါရီလမှ စ၍ လောင်းကစားကင်းစင်ဇုံအဖြစ်  သတ်မှတ်ခဲ့သော်လည်း လောင်းကစားပြုလုပ်နေသူများမှာ ဆက်လက်ရှိနေဆဲဖြစ်သည်။
 
သို့သော် ကမာရွတ်မြို့နယ်အတွင်းတွင် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိကြောင်း၊ အဆိုပါနယ်မြေသည်   လောင်းကစားလုံးဝကင်းစင်သောနယ်မြေဖြစ်ကြောင်း ကမာရွတ်မြို့နယ် ရဲစခန်းကဆိုသည်။
 
“ဒီမှာတော့ အဲ့လိုလောင်းကစားဝိုင်းသတင်းတွေမကြားမိဘူး၊ ဒီမြို့နယ်က လောင်းကစားကင်းစင် ဇုံဖြစ်နေပြီ၊ လောင်းကစား ၀ိုင်းရှိတယ်ဆိုရင်တော့ သတင်းကြားရင် အကိုတို့သွားဖမ်းတယ်။” ဟု ကမာရွတ်မြို့နယ်ရဲစခန်းမှ ဒုရဲအုပ် သန်းထိုက်က မြစ်မခသို့   ပြောသည်။
 
လူငယ်အများစုပြုလုပ်လျက်ရှိသော လောင်းကစားများမှာ နှစ်လုံးထီထိုးခြင်း၊ ဘောလုံးပွဲလောင်း ခြင်းနှင့် စက်များတွင် ပိုက်ဆံပုံထိုးခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း လူငယ်များထံက သိရှိရသည်။
 
“အဆောင်မှာလည်း လောင်းကစားတွေ လုပ်ကြလို့ ပစ္စည်းတွေ ပိုက်ဆံတွေ မကြာခဏ ပျောက် နေတယ်” ဟု ကမာရွတ်မြို့နယ်တွင် အဆောင်ဖွင့်ထားသူတစ်ဦးက ပြောသည်။
 
လောင်းကစားမှုများကြောင့် လူနေထိုင်အဆောင်များတွင် လူငယ်အချင်းချင်း ပစ္စည်းများ၊ ပိုက်ဆံများ ခိုးခြင်းနှင့် မိဘများထံမှ ပိုက်ဆံ မကြာခဏတောင်းသော အလေ့အထများ ဖြစ်ပွားနေကြောင်း သိရသည်။ 
ကောင်းမြတ်ဖြိုး ( မြစ်မခ )
by Myit Makha Mediagroup
ကမာရွတ်မြို့နယ်တွင် လောင်းကစားဝိုင်းများကြောင့် ငွေကြေးပြတ်တောက်မှု မကြာခဏဖြစ်ပေါ်နေ ကမာရွတ်မြို့နယ်တွင် လောင်းကစားဝိုင်းများကြောင့် ငွေကြေးပြတ်တောက်မှု မကြာခဏဖြစ်ပေါ်နေ Reviewed by သစ်ထူးလွင် on 08:22 Rating: 5

6 comments:

shingyi said...

ဗဟန်း၊ကမာ၇ွတ်၊စမ်းချောင်းမြို့နယ်တွေမှာမိန်မတွေနဲ့အနှိပ်ခန်း၊ဘောလုံး
လောင်းကစား၊၇ှိနေတယ်CID,SB,BSIတာဝန်၇တဲ့နေ့၇ဲမှူးကြီးက ၇ဲမှူးလောက်တေ့ဖြစ်မှာပါ။စံပြအနေနဲ့မီဒီယာတင်လိုက်မယ်။

mad dog said...

ကားပွဲစားတန်းမှာလည်း ဘိလယက် ခုံ နဲ့တွဲထားတဲ့ အကြွေစေ့ စက် တွေ အများကြီးပါ။ အ၇ှုံးအနိုင်က နေ့စဉ် သိန်းဂဏာန်း ၂၀ ၃၀ အထက်၇ှိပါ တယ်။

tharnyi said...

ကမာရွတ်မြို့ နယ် ကျွန်းတော်လမ်း ကားပွဲစားတန်း ထဲမှာ ဖွင့်ထားတဲ့ ဆိုင် ကမှ
အကြီး အကျယ်ကို ဖွင့်ထားတာပါ။ အာလာဒင် ဆိုတာလည်း တကယ့်ကို
လောင်းကစားမြို့ တော်ကြီးပါ။တရားဝင် လိုင်စင် ရပြီးဖွင့်ထားတဲ့ ဆိုင်တွေပါ..စက်တွေကလည်း လိုင်စင် ၇ထားပြီးသားတွေပါ..ရဲဖမ်းလို့ မရ ပါဘူး ..လိုင်စင်ပေးတဲ့ သူတွေက တရားဝင်ဖွင့်ခွင့်ပေးထားတာပါ. အဲ့လို.လောင်းကစား ဆိုင်တွေက ရန်ကုန် မြို့ အနှံတော်တော်များများမှာ တရားဝင် အကြီး အကျယ် လုပ်ကိုင်နေတာပါ။ တနေ့ တနေ့ ကို သိန်း ဆယ်ချီ ရနေပါတယ်..အဲ့ဒီလုပ်ငန်း ကနေ .မကြာသေးခင်က ရှု့ ခင်းသာ မှာ ဖမ်းဆီး
တာ ကြားလိုက်ရပါသေးတယ် လွန်ခဲ့ တဲ့ တစ်နှစ် ၀န်းကျင်ခန့် က အဲ့ဒီဆိုင်
က လိုင်စင်မရှိလို့ ဖမ်းတာပါ..တခြားဆိုင်တွေက အများကြီးပါ..အဲ့ဒီဆိုင်
တွေက လိုင်စင်ရှိလို့ မဖမ်းပါဘူး ..အဲ့ဒီလုပ်ငန်းမြန်မာ ပြည်မှာ ခေတ်စား
နေတာ ဆယ်နှစ် ကျော် နေပါပြီ..လုပ်ငန်းလိုင်စင်တွေ ချမပေးသင့် ပါဘူး..

Aung Soe Oo said...

ကာရာအိုကေ၊ဇိမ်ခန်း၊အရက်ဆိုင်၊လောင်းကစားဒိုင်၊စသည့်မကောင်းတဲ့အလုပ်မှန်သမျှဘယ်သူမှဒီလိုပေါ်ပေါ်ထင်ထင်မလုပ်ရဲပါဘူးဗျာလုပ်နေတဲ့လုပ်ငန်းအားလုံးဟာတပ်မတော်ပြန်တမ်းဝင်အရာရှိကြီးများ ရဲတပ်ဖွဲ့မှအရာရှိကြီးများ ထောက်လှမ်းရေးမှအရာရှိကြီးများနဲ့တနည်းမဟုတ်တနည်းပါဝင်ပါတ်သက်နေကြတဲ့သူတွေပါ...ဘယ်လိုလုပ်ပြီးနှိမ်နင်းကြမလဲ တိုင်းပြည်ချောက်ထဲကျနေပြီဆိုတာမသိချင်ယောင်ဆောင်နေကြတယ်ဆိုတာအသိသာကြီးပါဗျာ.....

မန်းလေးသား said...

ခြစားမှူ့ကြီးမားတဲ့ ကျွန်တော်တို့နိုင်ငံမှာ ဘယ်လိုလုပ်နှိမ်နှင်း နိုင်မလဲ...... ဘာသာရေးနဲ့အုပ်ချုပ်တဲ့ ဒီမလေးရှား မှာတရားဝင်လောင်းကစားဖို့ နေရာတစ်နေရာပေးထားတာတောင် နိုင်ငံအနှံ့မှာ တရားမဝင်လောင်းကစားဝိုင်းတွေ အနှိပ်ခန်းတွေ အရက်ဆိုင်တွေ အပြည့်ပါဗျာ....
အဲဒါတွေကိုကောက်ချက်ချလိုက်ရင် ကျွန်တော်တို့ပြည်သူတွေ တစ်ဦးချင်းစီ ရဲ့စိတ်ဓာတ် က လောင်းကစားဟာ ဘဝပျက်စေနိုင်တယ် ဒါကြောင့်မကစားသင့်ဘူး လို့ ခံယူနိုင်ရင် အဲဒီပြဿနာဟာ အလိုလိုရှင်းပြီးသားဖြစ်မှာပါ........

မန်းလေးသား said...

ဘယ်လောက်ပဲတားတား ထိန်းချုပ်ထိန်းချုပ် လောင်းကစားလုပ်ချင်တဲ့သူကတော့ မရ-ရအောင်လုပ်မှာပဲ.......... စံနစ်တကျနဲ့ သေသေချာချာ စဉ်းစားပြီး ကျွန်တော်တို့ပြည်သူတွေ စိတ်ဓာတ်ကိုက လောင်းကစားဟာ ဘဝပျက်နိုင်တယ်လို့ စိတ်ထဲမှာခံယူဖို့ အဓိကပါဘဲ.........

Powered by Blogger.