ကျောင်းပြောင်းလက်မှတ်

အ.ထ.က (၅) ဗိုလ်တထောင်
၂၀၁၂ - ၂၀၁၃ ပညာသင်နှစ် ကျောင်းပြောင်းလက်မှတ်များ
            အခုရက်ပိုင်းအခြေခံပညာအထက်တန်းကျောင်းတွေမှာ  ကျောင်းသားမိဘ၊ အုပ်ထိန်းသူတွေ  ကျောင်းပြောင်းလက်မှတ် အလျင်အမြန် ရယူနိုင်ဖို့ကြိုးစားနေတဲ့မြင်ကွင်းက အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများအတွက် အထူးအံ့သြစရာတစ်ခုအဖြစ်တွေ့ရပါတယ်။

            နှစ်စဉ်နှစ်တိုင်း ကျောင်းမဖွင့်မီ (အောင်စာရင်းတွေ ကြေညာပြီးနောက်ပိုင်းမှာ) ကျောင်းပြောင်းလက်မှတ်တွေ ထုတ်ယူလေ့ရှိပြီး ဒသမတန်း၊ န၀မတန်း ၊ အဋ္ဌမတန်းတွေက ကျောင်းပြောင်း လက်မှတ် တွေကို အများဆုံး ထုတ်သွားလေ့ရှိကြတယ်။ ဒါပေမယ့် ဒီနှစ် ၂၀၁၂ - ၂၀၁၃ ပညာသင်နှစ်အတွက်မှာတော့ အောင်စာရင်းကြေညာပြီးနောက်ပိုင်းမှာ အခြေခံပညာကျောင်းအသီးသီး မှာ ကျောင်းပြောင်းလက်မှတ်လာရောက်စုံစမ်းသူဦးရေကြောက်ခမန်းလိလိ များပြားနေတာကို တွေ့ရပါတယ်။

 ဒါတွေကို ပညာရေးဝန်ကြီးဌာန အနေနဲ့ ကြပ်ကြပ်မတ်မတ် စနစ်တကျ စိစစ်သင့်ပါတယ်။ ဒါဟာ ကျောင်းသား၊ ကျောင်းသူများနဲ့ ကျောင်းသားမိဘ အုပ်ထိန်းသူများဟာ အခြေခံပညာကျောင်းမှာ နေရင် စာမတတ်ဘူး၊ ဆယ်တန်းမအောင်ဘူး၊ ဆယ်တန်းကို ဂုဏ်ထူးနည်းတယ်။ အမှတ် နည်းတယ်ဆိုတဲ့ အသိတွေ ၀င်နေလို့ဖြစ်နိုင်ပါတယ်။ 

အပြင်ပယောဂ ဘော်ဒါဆောင်၊ ကျူရှင်၊ ၀ိုင်း၊ရှယ်စာသင်ဝိုင်း၊ နေ့အထူး၊ ညစာကျက်ဝိုင်းတွေကြောင့်ဖြစ်ဖို့များပါတယ်။ ဒီအတိုင်းဆိုရင် ပညာရေးဟာချောက်ကမ်းပါး ပေါ်ကပြုတ်ကျသွားပါပြီ၊ ပညာရေးဝန်ကြီးနဲ့ ၊ နိုင်ငံတော်သမ္မတို့က ဒီအခြေအနေအမှန်ကို ဂဃနနသိရှိပြီး အမြန်ဆုံးပြုပြင်သင့်ပါတယ်။ 

အခြေခံကျောင်းအုပ်ကြီးများနဲ့ ၊ ဆရာ၊ ဆရာမများကြားမှာတော့ လူကြီးတွေက Private ကို ပိုဦးစားပေးနေလို့ ခုလိုအခြေ အနေတွေဖြစ်နေတာပါလို့ ကျယ်ကျယ်လောင်လောင်ပြောနေကြပါတယ်။

ဆရာစိုင်းမင်း 
Myanmar News Now
ကျောင်းပြောင်းလက်မှတ် ကျောင်းပြောင်းလက်မှတ် Reviewed by သစ်ထူးလွင် on 17:12 Rating: 5

22 comments:

blacknight said...

ကျောင်းသား၊ ကျောင်းသူများနဲ့ ကျောင်းသားမိဘ အုပ်ထိန်းသူများဟာ အခြေခံပညာကျောင်းမှာ နေရင် စာမတတ်ဘူး၊ ဆယ်တန်းမအောင်ဘူး၊ ဆယ်တန်းကို ဂုဏ်ထူးနည်းတယ်။ အမှတ် နည်းတယ်ဆိုတဲ့ အသိတွေ ၀င်နေလို့ဖြစ်နိုင်ပါတယ်။

မန်းလေးသား said...

ပြင်ပက ဘော်ဒါကျောင်းတွေ စာသင်ဝိုင်း ဖောင်ဒါတွေ နဲ့ ကျောင်းအုပ်တစ်ချို့က ပူပေါင်းပြီး ကျောင်းတက်စရာမလိုပဲ ကျောင်းခေါ်ချိန်တွေအပြည့်လုပ်ပေးနေလို့ပါ.... အဲဒီတော့ ကျောင်းသား တွေအတွက် စာကိုတစ်မျိုးထဲလုပ်နိုင်တယ်..... ကျောင်းမှာနေရင် ကျူရှင်တက်တာ ( ဘယ်သူ့တပည့်မို့ )ဆိုတာကစပြီး နှိမ်တဲ့ဆရာ ၊ ဆရာမတွေကြောင့်လဲ ပါပါတယ်.... ဆရာ့ဂုဏ်နှင့်အညီ နေထိုင်သော ဆရာများကို မရည်ရွယ်ပါ...... သမ္မတကြီးနဲ့ ပညာရေးဝန်ကြီးတို့ ဒီပိုစ့်တွေကို ဖတ်ခွင့်ရရင် သိပ်ကောင်းမှဘဲဗျာ...

MHK said...

ချမ်းသာတဲ့သူတွေ private school ပြောင်းသွားတော့ ကျန်တဲ့သူတွေကို ဖိဖိစီးစီး(ကျူရှင်လွတ်)သင်လို.ရတာပေါ့
ငွေရှိမှတပည့်တော်ချင်တဲ့ဆရာ/မ ဆို၇င်တော့ဒီကိစ္စ စိုး၇ိမ်၇တာပေါ့။

myo kyaw said...

ကျောင်းတွင် စာကို ကောင်းစွာမသင်ခြင်း၊ ဆရာ၊ ဆရာမ များ ကိုယ်ပိုင် ကျူရှင်၊ ၀ိုင်း ထောင်ပြီး စာသင်ခြင်းရဲ့ အကျိုးရလဒ်ပဲလို့ထင်ပါတယ်..

ခင်မျိုးချစ် said...

ဆောင်းပါးရှင်က အစိုးရိမ်လွန်နေတယ်လို့ မြင်မိပါတယ်။ ကျွန်မ အနေနဲ့ကတော့ အစိုးရက သူ့လက်အောက်ခံ ပညာရေးဌာနတွေကို ပံ့ပိုးမှုတွေပေးသင့်သလို ပုဂ္ဂလိက ပညာရေးကိုလည်း နိုင်ငံတော်အနေနဲ့ အားပေးသင့်တယ်လို့ မြင်မိပါတယ်။ နိုင်ငံတကာမှာ ပညာရေးဟာဈေးကွက်တစ်ခုဖြစ်ပါတယ်။ ကိုယ့်သားသမီးအတွက် သူတို့အနာဂါတ်ခိုင်မာဖို့ ကမ္ဘာမှာ ယှဉ်ပြိုင်နိုင်ဖို့ တတ်နိုင်တဲ့ မိဘတွေက တတ်နိုင်သလို ပညာရေးမှာ ရင်းနှီးမြှပ်နှံနေကြတာပါ။ ထိုင်းလို ဖိလစ်ပိုင်လို ကိုရီးယား လိုနိုင်ငံတွေမှာကြည့်ပါ ပိုက်ဆံတတ်နိုင်တဲ့ သားသမီးတွေက အမေရိကန်တို့ အင်္ဂလန်တို့ သြစတြေးလျတို့ စတဲ့နိုင်ငံတွေမှာ အထက်တန်းက စလို့ဖြစ်စေ တက္ကသိုလ် ပညာရေးဖြစ်စေ သွားရောက်သင်ယူနိုင်ဖို့ အားထုတ်ကြပါ တယ်။ အပြင်အထိပို့ပြီး မရင်းနိုင်တဲ့သူတွေကလည်း ကိုယ့် အတိုင်းအတာနဲ့ကိုယ် ပြည်တွင်းက ပုဂ္ဂလိ ကကျောင်းတွေ ပြည်တွင်းမှာတော့ ဈေးကြီးတယ်ဆို ပေမယ့် နိုင်ငံခြားထက်တော့ သက်သာတဲ့ တက္ကသိုလ်တွေမှာ ထားကြပါတယ်။ တကယ့် quality education ကိုပေးနိုင် မယ့် ပြည်တွင်းပုဂ္ဂလိကကျောင်းကောင်းတွေ ပေါ်လာရင် လူလတ်တန်းစားမိဘတွေအတွက် သူတို့သားသမီးတွေကို အတိုင်းအတာတစ်ခုအထိ quality education ကိုပေးနိုင် မယ်လို့မျှော်လင့်မိပါတယ်။ ဆရာတွေလည်း ကိုယ်အရည် အချင်းရှိရင် ရှိသလို Education market မှာ ယှဉ်ပြိုင် နိုင်ကြပါတယ်။ ငွေကြေးမတတ်နိုင်ကြတဲ့ အများစု နိုင်ငံသားကလေးလေးတွေအတွက်ကတော့ တတ်နိုင်သမျှ အကောင်းဆုံး ပညာရေးကိုပံ့ ပိုးပေးဖို့က နိုင်ငံတော်ရဲ့ တာဝန်ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာဖို့ အရေးအကြီးဆုံးက လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဖြစ်တာမို့ နိုင်ငံတော် အနေနဲ့လည်း ဆထက်တပိုးတိုးတိုးပြီး ပညာရေးကဏ္ဍကို ပိုမိုတိုးတက်လာအောင် ရင်းနှီးမြှုပ်နှံသင့် ပံ့ပိုးသင့်လှပါတယ်။ အခုဆောင်းပါးရှင်ရဲ့ သတင်းစကားအရတော့ ပညာရေး ဈေးကွက်က အခုမှစဖွင့်တာမို့ ရုတ်တရက်တော့ အကူးအပြောင်းတွေများလွန်းနေသလိုဖြစ်ပြီး စိုးရိမ်သွားတာ ဖြစ်မယ်ထင်ပါတယ်။ နောက်တော့ တဖြည်းဖြည်း ငြိမ်သွားပါလိမ့်မယ်။ စိတ်မပူပါနဲ့။ ပိုကောင်း လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ...

honey said...

ရှင်းနေတာပဲလေ..
ကျောင်းမှာငယ်ငယ်ကတည်းကစာသင်ကြားမှု
အားနည်းတာရယ်..ခလေးတွေကိုအရည်အချင်းရှိအောင်
ကျောင်းကမသင်ကြားနိုင်တော့
အပြင်မှာကျူရှင်ဘော်ဒါတွေခေတ်စားလာတာပေါ့။
ကျောင်းထဲမှာဆရာမတွေလည်းလုံလောက်မှုမရှိဘူး။
ပညာရေးကိုအဓိကထားစေတနာနဲ့မသင်ကြားနိုင်ဘူး။
ပညာရေးကိုစနစ်ကောဆ၇ာမတွေကိုပါသေချာလေ့ကျင့်သင်ကြား
ပေးရမယ်။ပညာရေးနဲ့ပက်သက်တဲ့ပစ္စည်းအစုံအလင်ရှိရမယ်။
ကျောင်းသားဦးရေနဲ့ဆရာမဦးရေကိုညီမျှအောင်ထားပေးရမယ်။
အတန်းပညာတင်မကဗဟုသုတကျန်းမာေ၇းအားကစား
စသည်တို့ကိုကျောင်းတိုင်းကျောင်းတိုင်းအင်္ဂါစုံညီစွာနဲ့ဖွဲ့စည်းသင့်တယ်။
စာကိုဧ။်သည်မရွေးအလွတ်ကျက်မှတ်နေရတဲ့စနစ်ကိုလည်းပယ်သင့်တယ်။

Anonymous said...

အများစုကရန်ကုန်ကျောင်းတွေမှာ ရှာကြတယ် ၊၊... တွေ.၇င်ကျောင်းအပ်တယ်၊၊ပေါက်ဈေးက ၅သိန်း မှ ၁၀ သိန်းကျော်၊.. တနှစ်လုံးကျောင်းတက်ဖို.မလို (လုံးဝ) ၊ အပြင် ရှယ်ဝိုင်းတွေ .. မှာတနှစ်လုံးထား ၊အချိန်တန် အဲဒီကျောင်းကဖြေ ၊ ကျောင်းအုပ်ကြီးကလည်း ၅ ယောက်လောက်ဆို OK ၊ တချို.ကမြို.နားကရွာကျောင်းတွေမှာအပ်ကြတယ် ၊ ပညာရေးဝန်ကြီး အဆက်ဆက်သိပါတယ်ဗျာ ။

ုkyaw said...

အဓိက ကတော့ကျောင်းသားမိဘတွေရဲ့ယုံကြည်မှုရှိအောင်လုပ်ပြဖို့လိုပါတယ် ကိုယ်ကညံ့လို့ဒီလိုဖြစ်တာ မဖြစ်အောင်လုပ်ပြရမှာပေါ့ အာဏာနဲ့လုပ်နေရင်တော့ပိုဆိုးသွားမယ် လက်တွေ့လဲဒီလိုဖြစ်နေတယ်ဆိုတော့ကိုယ့်အရည်အချင်းကို ပြဖို့လိုနေပြီး၊ဒါဟာအံ့သြစရာမဟုတ်ပါဘူး ပိုက်ဆံပေးပြီးဝယ်ရမှတော့ ကောင်းတာပဲရွေးဝယ်မှာပေါ့ ဘယ်ကျောင်းပဲတက်တက်ပိုက်ဆံကတော့ကုန်တာပဲ (ရေကုန်ပြီး ပဲနူးဖို့လိုပါတယ်)ဒါကြောင့်ကျောင်းသားမိဘတွေမမှားဘူးထင်ပါတယ်။

ရွှေထီး Shwe Htee said...

ကြားရတာကတော့ စိတ်မကောင်းပါဘူး။ အနှစ်နှစ် အလလက ကျင့်သုံးလာခဲ့တဲ့ ပညာရေးစံနစ်ကြောင့် ခုလိုဖြစ်ရတာပါ။ ဒီနေ့ ကျောင်းသားကျောင်းသူတွေရော၊ မိဘဆွေမျိုးတွေပါ အမှတ်အများဆုံးနောက်ကို လိုက်နေကြတော့၊ ကျက်တူရွေးများလို များများစာကျက်ပေးနိုင်တဲ့ အပြင်ကျူရှင်တွေကို အားကိုးနေကြဟန်တူပါရဲ့။ တစ်ဘက်က ကြည့်ပြန်တော့လည်း မူလတန်းကတည်းက အတန်းပိုင်ဆီမှာ ကျူရှင်တွေနဲ့ အောင်လာကြတာဆိုတော့ အပြန်အလှန်လှန် စဉ်းစားကြည့်ရင်တော့ တစ်ခုမှ မကောင်းတာ ဘယ်သူလုပ်ခဲ့တဲ့ အပြစ်လို့ ထင်ပါသလဲ။ ပြောင်းပစ်ရမှာတွေကတော့ အများကြီးပါပဲ။ ကျောင်းသားတွေကို self study ကိုယ်တိုင်လုပ်နိုင်ပြီး၊ ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်အရေးတွေကို ရဲရဲရင့်ရင့် ရေးလာနိုင်လောက်တဲ့ မေးခွန်းတွေလည်း မေးဖို့ လိုအပ်လာပြီပေါ့။ ကဲ ဘယ်က စပြီး ပြင်ကြရမှာပါလိမ့် .....

Anonymous said...

အပြင်ကျောင်းတွေ၊ အစိုးရကျောင်းတွေ ခွဲခြားနေဖို့ထက် စာတကယ်တတ်ဖို့ အရေးကြီးတဲ့ ခေတ်ကာလ ရောက်နေပါပြီ။ နောက် ၅နှစ်လောက်အတွင်းမှာ ပညာမတတ်ရင် ဘာအလုပ်မှ ၀င်မတိုးနိုင်တဲ့အခြေအနေ ဖြစ်လာပါလိမ့်မယ်။
ပညာရေး အဆင့်အတန်း နိုင်ငံတကာ အဆင့်ရောက်အောင် အမှန်တကယ် မြှင့်တင်ဖို့ဆိုရင် အခုသွားနေတဲ့ အစိုးရရဲ့ လက်ရှိ ပညာရေးစနစ်နဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
စာမေးပွဲမှာ အမှတ်များဖို့ ဂုဏ်ထူးထွက်ဖို့ထက် အမှန်တကယ် ပညာတတ်ဖို့လိုတဲ့ ကာလကို ဖြတ်သန်းကြရမှာပါ။ နိုင်ငံတကာအဆင့် အလုပ်အကိုင် အခွင့်အလမ်းတွေ ၀င်တိုးကြပြီဆိုရင် ၁၀တန်း ဂုဏ်ထူးတွေ နဲ့အောင်ပေမယ့် အင်္ဂလိပ်လို 4skill အမှန်တကယ် မကျွမ်းကျင်ရင် ဘယ်အလုပ်မှာမှ နေရာရမှာ မဟုတ်ဘူး။ ဘွဲ့ရဆိုရင်လည်း သက်ဆိုင်ရာ အထူးပြု ဘာသာရပ်အလိုက် တကယ်တတ်ကျွမ်းမှ နေရာတကယ်ရမှာပါ။ ခေတ်ကိုက ပညာခေတ် ရောက်လာတာနဲ့အမျှ ပညာမတတ်ပဲ နေရာရနေသူတွေ မြန်မာမှာရောကမ္ဘာမှာပါ မကြာခင် တဖြည်းဖြည်း ပပျောက်သွားလိမ့်မယ်။
ဟိုကျောင်း၊ ဒီကျောင်း.. ဟိုဆရာ၊ ဒီဆရာ ခွဲခြားနေဖို့ထက် ပညာတကယ်တတ်ဖို့ပဲ ပိုအရေးကြီးတယ်လို့ မြင်တယ်။ ဒါကြောင့်လည်း နိုင်ငံတကာ အဆင့်မီဖို့ private sector မှာ ပညာရေးကဏ္ဍကို ထည့်သွင်းစဉ်းစား လာကြတာဖြစ်တယ်။ အဓိက..က ပုဂ္ဂလိကဖြစ်ဖြစ်၊ အစိုးရဖြစ်ဖြစ် လူတန်းစားအသီးသီးရဲ့ သားသမီးတွေ တက်ရောက်နိုင်တဲ့ ကျောင်းဖြစ်ဖို့လိုတယ်။ အရင်တုန်းက ရေပေါ်ဆီ အသိုင်းအ၀ိုင်းသာ တက်နိုင်တဲ့ ပုဂ္ဂလိကကျောင်းမျိုးတွေ မဆိုလိုဘူး။

demo said...

အမှန်ဘဲဗျို့ ကျောင်းမှာစာမှ မသင်တာ ဘာလုပ်ရမှာလဲ။ ပြောင်းမှာပေါ့ ပိုက်ဆံတက်နိုင်ရင် အရည်အချင်းရှိတဲ့ကျောင်းဘဲ ထားတော့မှာပေါ့။ ကျွန်တော်အရင်က ပညာရေးနဲ့ပတ်သက်ပြီးတစ်ခါပြောဖူးပါတယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ညီလေးအကြောင်းကို ဆရာမက သူ့ကျူရှင်မတက်လို့ ပြသနာရှာ ပြီး ကျောင်းတစ်နှစ်အောက်လိုက်တယ်လေ။ အခုဒီနှစ်လဲ အဲဒီဆရာမနဲ့ ပြန်တွေ့ရမယ်ဆိုတော့ ကျောင်းသားလေးကအရမ်းကြောက်နေတယ်လေ။ သူ့မိဘတွေကလည်း ဆရာမကိုနည်းနည်းလန့်နေတယ်။ နောက်တစ်နှစ်များ ထပ်အောက်မလားလို့။ ကျောင်းအုပ်ဆရာမကြီးက ဘာမှ အရေးမယူဘူး။ ခုကျောင်းပြောင်းဖို့ ကျွန်တော်ကိုယ်တိုင်အကူအညီပေးနေပါတယ်။ အဲဒီ့ကလေးက အလက(4)လှိုင်(ကျားကျောင်း)မှာပါ။ န၀မတန်းတက်နေပါတယ်။ စုံစမ်းကြည့်လို့ရတယ်။

mad dog said...

ကိုယ့်ကျောင်းကို ပြန်မြင်၇တော့ ဆ၇ာ ဆ၇ာမ တွေကိုေ၇ာ သူငယ်ချင်းတွေေ၇ာ သတိ၇လိုက်တာ။အပြင် ကျူ၇ှင် ယူခဲ့၇ပေမယ့် ကျွန်တော်တို့ဗိုလ်တထောင်(၅)က ဆ၇ာ/မ အားလုံးလိုလို အသင်အပြ ကောင်းပြီး စေတနာ၇ှိတဲ့ ဆ၇ာကောင်းတွေပါ။

Nay said...

ဆရာတွေကိုစော်ကားတာတော့ မဟုတ်ပါဘူး အစိုးရကျောင်းမှာ သင်ခဲ့ရပေမယ့် ဘာတတ်သွားလို့လဲ အခြား private ကျောင်းက သုံးတန်းကျောင်းသား ကနိုင်ငံခြားသားကို အင်္ဂလိပ်လိုပြောနေတာများ တကယ့်ကိုတော်တယ် အစိုးရကျောင်းက ဆယ်တန်းအောင်ထားတဲ့ကျောင်းသား တော်တော်များများကတော့ အင်္ဂလိပ်လို ပြောဖို့နေနေသာသာ အင်္ဂလိပ်စာတောင် ဖြောင့်အောင်မရေးတတ်ဘူး။ အစိုးရကျောင်းက အောင်လက်မှတ်ပေးချင်လို့စာသင်တာ။ ကျူရှင်က စာမေးပွဲအောင်အောင်စာသင်တာ။ Private ကျောင်းက ပညာတတ်အောင်စာသင်တာ။ ပညာတတ်အောင်သင်တဲ့နေရာပဲသွားမှာပေါ့

myowinhtun said...

အခုလို အကြံပေးတာဟာ ပညာရေးမြှင့်တင်လိုသော စိတ်ဓာတ်ရှိတယ်ဆိုတာကိုတော့ လေးစား ထောက်ခံအပ်ပါတယ် ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် တဖက်သတ် ဆုံးဖြတ်ချက်တော့ မချသင့်ဘူးပေါ့။ ပူးပေါင်းဆောင်ရွက်မှုက အရာရာတိုင်းကို အောင်မြင်စေနိုင်တယ်လေ။ ဒါကြောင့် ဘာကြောင့် ညာကြောင့် လို့ ဝေဖန်စရာ မလိုပဲ ကိုယ်လုပ်နိုင်တဲ့နေရာကနေ နိုင်ငံတာဝန် ပြည်သူတာဝန်ကို နည်းနည်းလေးလောက် ဆောင်ရွက်ကြည့်ပါ ပိုကောင်းလိမ့်မယ်။ အပြင်လဲ အပြင်က တစ်မျိုး ကျောင်းတွေကလဲ ကျောင်းတွေကတစ်မျိုး ပူးပေါင်းလိုက်ရင် ပိုပြီးထိရောက်နိုင်တာပေါ့ လို့ ကျနော် ယူဆချင်ပါတယ်။

Blogger said...

ပညာရွှေအိုးလူမခိုးခေတ်မှ ရွှေအိုးပေးမှပညာရခေတ်သို့ရောက်လာနေပပြီ။

Ko Nyo Khant ( Mdy university.) said...

ဝါးလုံးချီးသုတ်ရမ်းမနေကြပါနဲ့၊၀ါသနာ၊စေတနာဆရာတွေလည်းရှိပါတယ်။ဆရာတွေမှာဘာရင်ဆိုင်နေရသလဲဆိုရင်ညစ်ပတ်တဲ့ကျောင်းအုပ်ကြီးများနဲ့တွေ့ရမှာအကြောက်ဆုံးပါ။မှန်မှန်ကန်ကန်စေတနာပါပါသင်ကြားပေးတဲ့ဆရာတွေကိုကျောင်းသားမိဘများသိကြပါတယ်။တစ်ချို့မိဘများကသူတို့သားသမီးကိုရိုက်ရင်မကြီုက်ကြပါဘူးဒီတော့ဆရာတွေမှာတပည့်တွေကိုရိုက်မဆုံးမတော့ပါဘူး၊မရိုက်တော့မကျောက်ဘူး၊မကျောက်တော့မလေးစားဘူး၊မလေးစားတော့ပဉ္စနံဓိရကံထိုက်ကုန်ကြတာပေါ့၊ဒါကြောင့်မြန်မာပြည်ကကျောင်းသားများတော်တဲ့သူများကတော်ပြီးညံ့တဲ့သူများကညံ့ကြပါသည်။

Unknown said...

ဤဆောင်းပါးကိုရေးသူဆရာစိုင်းမင်းဆိုသူသည်ဝန်ထမ်းကျောင်းဆရာ(သို့မဟုတ်)ကျူရှင်ဆရာလားဆိုသည်ကိုမသိရ၍ဆောင်းပါး၏စေတနာမှန်/မမှန်ကိုဝေခွဲရန်ခက်ခဲပါကြောင်း။

zmt said...

တို့မြန်မာတွေလောက်စာသင်တာမြန်မာတွေပဲရှိတယ် ကျောင်းမှာဆိုလဲစာ ပဲ သင်ရ အိမ်ရောက်ပြန်လည်း ကျူရှင်သွားရတာနဲ့ကလေးတွေကတကယ်ပင်ပန်းတာပဲ ဒါတောင်ပညာရေးက ဘာလို့တက်မလာပဲ ကျဆင်းနေရတာလဲ ...ကျနော်ထင်တာ ကတော့ ကျောင်းမှာ ကိုယ်ကာယ လေံကျင့် ခန်းတွေ အချိန်ပေး သင့်တယ် နောက်ပီးကျောင်းသားတွေဟာ စာသင်ခန်းတွေမှာလူဦးရေများလွန်တယ်နောက်ပီး အထောက်အကူကိရိယာဆိုတာ ဘာမှလည်းမရှိဘူး ကျနော် GTC ၆နှစ်တက်လာတာ ကျောင်းက ကွန်ပျူတာ ကိုအဝေးကပဲကြည့်နေရတယ် အခုကျနော်နေတဲ့တိုက်နဲ့ ကပ်လျက် စင်ကာပူမှာပေါ့ ကျောင်းတစ်ကျောင်းရှိတယ် ကလေးတွေလေ မိုးလင်းတာနဲ့ ပြေးနေကြပီး အားကစားပေါ့ ...နောက်ပီးကျောင်းလွှတ်ခါနီးဆိုရင်လည်း ဒီလိုပဲအားကစားပဲလုပ်တယ်
ကျနော်တို့ငယ်ငယ် ကလည်းဒီလိုပါပဲ ကျောင်းကလုပ်ပေးပါတယ် ကြီးလာမှ မဖြစ်တော့တာ ပါ .... ဘယ်လိုပြောရမှန်းတောင်မသ်တော့ဘူး ကျနော့်စာကို အနဲအကျဉ်းတော့ ပါရင်ကျေနပ်ပါပီး

Anonymous said...

ကျွန်တော့အမြင်ကတော့...
အသိပညာ အတွေးအခေါ်မြင့်ရင် ရိုသေသင့်သူကို ရိုသေတယ်၊ လေးစားထိုက်သူကို လေးစားတယ်။ အဓိက..က အတွေးအခေါ် ယဉ်ကျေးမှု မေတ္တာတရား အဆင့်အတန်း မြင့်အောင် စနစ်တကျ လုပ်သင့်တယ်။
ရိုက်တယ်ဆိုတာ ကောင်းကျိုးထက်၊ ဆိုးပြစ်တွေ ပိုများပါတယ်။ ဘုရားမကြိုက်တဲ့ ဘုရားလမ်းမညွှန်တဲ့ ဆုံးမနည်းပါ။ ရိုက်တော့ကြောက်တယ်.. ကြောက်တော့ လေးစားချင်ယောင် ဆောင်တတ်လာတယ်။ အဲဒီလို ဟန်ဆောင်ပန်ဆောင် လုပ်တာများလာတော့ လိမ်တာကို အသားကျလာတယ်။ နောက်ပိုင်းဗြောင်လိမ်တတ်လာတယ်။ အဲဒီလို ဗြောင်လိမ်တာကို ပရိယာယ်ကြွယ်တယ်၊ အဲဒါကိုပဲ အနှစ်သာရလို့ထင်လာတယ်။ အဲဒါ အရိုးစွဲလာတယ်။
ဒီလိုနဲ့........... မြန်မာပြည်မှာ ပညာလေးသင် ၁၀တန်းလေးအောင်၊ ဘွဲ့လေးရ အစိုးရအလုပ်ဝင်လုပ်၊ ငယ်ငယ်ထဲက အသားကျလာတဲ့ ဟန်ဆောင်လိမ်လည်မှုတွေ တရေးနိုးလာပြီး အားလုံးလူလိမ်၊ ဗြောင်လိမ် ဗြောင်စား သူခိုးတွေ ဖြစ်ကုန်တယ်။ အဲဒီလို ဖြစ်ရတာကိုလည်း ရှက်ရကောင်းမှန်း၊ မှားတာကို.. မှားနေမှန်း မသိကြတော့လောက်အောင်ကို အသိဥာဏ်တွေ တုံးကုန်တယ်။ အကုန်လုံး မဟုတ်ပေမယ့် တ၀က်ကျော်ကျော်လောက်က အဲဒီအတိုင်းပဲလို့ ထင်တယ်။ စစ်တပ်ထဲမှာ ပိုဆိုးတယ်။ သူတို့ကို ကောင်းစားအောင် တပည့်မွေး ဂွင်ဖန်ပေးတဲ့သူကိုပဲ ဆရာလို့၊ ရိုသေထိုက်သူလို့ သတ်မှတ်တယ်။ သူတို့ကို ကျောင်းတော်မှာ အရိုးကွဲအောင်ရိုက်ခဲ့သူ၊ ပြုမူခဲ့သူ၊ တပ်ရင်းတပ်ဖွဲ့မှာ ရက်စက်တဲ့ အထက်အရာရှိဆိုရင် အကြောက်တရားကြောင့် အသားကုန် ဟန်ဆောင် လေးစားပြနေပေမယ့် သူပြန်တွယ်ခွင့် ရလို့ကတော့ သေဖို့တာပြင်ထား.. ဆိုတဲ့ စိတ်ဓာတ်မျိုးတွေ စနစ်တကျ မွေးထုတ်ပေးနေတဲ့ နေရာကြီးလိုဖြစ်ခဲ့တယ်..။
ဒါတွေအားလုံးကို အရင်းစစ်လိုက်ရင် ဒေါသစရိုက်ဖြစ်တဲ့ ရိုက်နှက်နာကျင် စေခြင်းမှာ အခြေခံခဲ့တာ တွေ့ရမယ်။
မိသားစု တစ်စုမှာလည်း ထစ်ကနဲရှိ ရိုက်နှက်ဆုံးမတတ်တဲ့ မိဘတွေမှာ လိမ်မာရေးခြားရှိတဲ့ သားသမီးတွေ ပေါ်ပေါက်ထွန်းကားတာမျိုး တွေ့ရခဲတယ်။
လွတ်လပ်စွာ သဘောကွဲလွဲပါ။

aung naing said...

အစိုးရကျောင်းတွေမှာစာမှကောင်းကောင်းမသင်တာ၊ငွေကုန်စာမတတ်ကျောင်းတွေပါ။ပညာရေးကိုစစ်အစိုးရကဖျက်ဆီးလိုက်တာ၊ပြည်သူတွေပညာတတ်နေရင်သူတို့ကိုတော်လှန်မှာစိုးလို့ပါ၊ပညာတတ်တွေမရှိဘဲဘယ်တိုင်းပြည်မှမတိုးတက်ပါဘူး၊

အပြာရောင်ချိုးငှက် said...

private ကျောင်းဆိုတဲ့ အသံတွေ ခဏခဏ ကြားရပါတယ်။ ဒါပေမယ့် နယ်တွေဘက်မှာ ဘာမှထူးထူးခြားခြား တိုးတက်လာတာ မတွေ့ရသေးပါဘူး။ မြို့ကြီးတွေမှာတော့ မသိပါဘူး။ စဉ်းစားမိတာ တစ်ခုက private ကျောင်းတက်ဖို့ ငွေကုန်ကြေးကျများမယ်လို့ ထင်ပါတယ်။ တက်နိုင်တဲ့သူတွေရှိသလို မတက်နိုင်တဲ့ သူတွေလည်းရှိပါလိမ့်မယ်။ ဒါဆို ငွေရှိသူနဲ့ မရှိသူတွေရဲ့ ပညာရေးဟာ တဖြေးဖြေးကွာလာပါလိမ့်မယ်။ မရှိလိုမလှူ မလှူလိုမရှိ ဆိုတဲ့ သံသရာထဲ ပြန်ရောက်သွားပါလိမ့်မယ်။ ဒါကို အစိုးရက ပြန်လည် စဉ်းစားသင်ပါတယ်။ private ကျောင်းတွေဖွင့်ပေးရုံနဲ့ အစိုးရ တာဝန်ကျေတယ်လို့ မဆိုနိုင်ပါဘူး။ မူလရှိပြီးသား အစိုးရကျောင်းတွေရဲ့ အရည်အသွေးကိုလည်း ပြန်လည်မြှင့်တင် သင်ပါတယ်။ အဲဒီကျောင်းတွေရဲ့ အဆင့်အတန်းမြင့်မားမှ လူတန်းစား အလွှာပေါင်းစုံ ပညာတတ်ဖြစ်နိုင်ပါတယ်။ အထောက်အကူပြု ပစ္စည်းတွေကို ထောက်ပံ့ပေးရုံနဲ့လည်း ပညာရေးစနစ် မြင့်မားလာမှာ မဟုတ်ပါဘူး။ လက်ရှိ သင်ကြားသူ၊ သင်ယူသူ တို့ရဲ့ စိတ်ပိုင်းဆိုင်ရာလိုလားချက်တွေ၊ နိုင်ငံတကာ အဆင့်မှီ သင်ရိုးညွှန်းတမ်းတွေ စသော အရာတော်တော်များများကို ဖြည့်စွက်ပေးဖို့လိုမယ်လို့ထင်ပါတယ်။

sen said...

ကျွန်မရဲ့ အမြင်ပြောရရင် အစိုးရကျောင်းမှာ ၁၀ အောင်ဖို့အရမ်းကို ခက်ခဲပါတယ်။ စာမေးပွဲနီးနေပြီ ကျောင်းစာတွေမပြီးနိုင်ဘူးဖြစ်နေတယ်။ ဆရာ၊ဆရာမ အားလုံးမပြောလိုပါဘူး။ များသောအားဖြင့် စေတနာ ထားတဲ့ ဆရာ၊ဆရာမ နည်းပါတယ်။ သူတို့ စေတနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ လစာရဒါပဲလေး၊ ကျောင်းသားထဲမှာ ကိုယ့်မှာ ကျူရှင်လာတက်တဲ့ ကျောင်းသားနှင့် မတက်နိုင်တဲ့ ကျောင်းသားတွေကိုလည်း အရမ်းကို ခွဲခြားလွန်းပါတယ်။ ဒါကြောင့် ကျွန်မမှာလည်း ပိုက်ဆံရှိရင်တော့ ကိုယ့်သားသမီး ၁၀ တန် ဂုဏ်ထူးများများနှင့်နှင့် အောင်ဖို့အတွက် ကောင်းတဲ့ဘော်ဒါမှာ ထားချင်မိမှာပဲလို့ ကျွန်မထင်ပါတယ်။

Powered by Blogger.