"ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့  ဆောက်လုပ်ရေး
ဝန်ကြီးဌာန ဒေသအဖွဲ့  (၇) မှ ၀န်ထမ်းမိသားစုများနှင့် အငြိမ်းစားဝန်ထမ်းများဧ။်
သောကများ"
ဆောက်လုပ်ရေးဝန်းအတွင်မှ အငြိမ်းစားဝန်ထမ်းများနှင့် သေဆုံးသူဝန်ထမ်းများဧ။်
ကျန်ရစ်သူမိသားစုများကို မြို့ နယ်အင်ဂျင်နီယာမှူး ဒေါ်ခင်မြင့် (ACE)့ဧ။်အမိန့်ဖြင့်
ဝန်ထမ်းလိုင်းခန်းမှရက်အနည်းငယ်အတွင်း အတင်းခြိမ်းခြောက်ပြောင်းခိုင်းနေပါသည်။
ပြောင်းရွှေ့ မပေးပါက ၀န်ထမ်းမိသားစုများကို တရားစွဲကာထောင်ချမည်ဟုလဲပြောပါသည်။
ဝန်ထမ်းမိသားစုများမှာ ရုတ်တရက် အိမ်ငှါးရန်မလွယ်ကူခြင်း နှစ်ပေါင်းများစွာလုပ်ကိုင်
လာခဲ့သော်လဲ လစာငွေနည်းပါးသောကြောင့် ကိုယ်ပိုင်အိုးအိမ်မရှိခြင်းတို့ကြောင့်
များစွာအခက်ခဲဖြစ်ရပါသည်။
ထို့အပြင်ဝန်ထမ်းလိုင်းခန်းဟုဆိုရာတွင်လည်း ၀န်ထမ်းများမရှိမဲ့ရှိမဲ့များနှင့်ကိုယ်ပိုင်
ဆောက်လုပ်ကာနေထိုင်ခြင်းဖြစ်ပါသည်။
ယခုပြောင်းရွှေ့ ရာတွင်လည်းထိုအိမ်များကို ထားခဲ့ရမည်ဟုလည်း မတရားသဖြင့် ပြောဆိုထားပါသည်။ လက်ရှိတာဝန်ထမ်းဆောင်နေသောဝန်ထမ်းများမှလွဲလျင်
ကျန်မိသားစုဝင်များမှာ ရေဖြတ်ခြင်း မီးဖြတ်ခြင်းများခံခဲ့ရပါသည်။
ထို့ကြောင့်ကိုယ်ထူကိုယ်ထ ရေစက်များဖြင့်ရေပြသနာကိုဖြေရှင်းရပါသည်။
မီးပြန်ပေးသော်လည်း မီတာခကို တစ်လလျင် ၇၀၀၀ (ခုနှစ်ထောင်)နှင့် ၁၀၀၀၀
(တစ်သောင်း)ကြားပေးဆောင်နေကြရပါသည်။
ထိုကဲ့သို့များပြားစွာပေးနေရခြင်းမှာ ရုံးများမှသုံးသောမီတာခကို ပါပေးဆောင်နေ
ရခြင်းဖြစ်သည်ဟုသိရပါသည်။ ပြောင်းရွှေ့ ရမည့်အချိန်ကို 20,5,2012 ဟုသတ်မှတ်ထားသောကြောင့်ဝန်ထမ်းများမှာများစွာဒုက္ခေ၇ာက်ကြရပါသည်။
၎င်းဝန်းအတွင်းတွင် နှစ်ပေါင်းများစွာနေထိုင်လာသောနေထိုင်လာသောဝန်ထမ်း
မိသားစုဝင်တစ်ဦးက သူတို့မှာဘာမှပိုင်ဆိုင်မှူ့ မရှိသဖြင့်များစွာအခက်ခဲဖြစ်ကြောင်း ဒီဆောက်လုပ်ရေးဝန်ထမ်းမိသားစုများနေထိုင်ရာဝန်းသည်လဲ ဟိုးယခင်ကအလှူရှင်
တစ်ဦးမှ ၀န်ထမ်းများအဆင်ပြေပြေနေနိုင်ရန်လှူဒါန်းထားကြောင်း ပြောင်းရွှေ့ ရ
မည့်ရက်ကို နောက်ဆုတ်ပေးရန်တောင်းဆိုသော်လဲ ACE ကလုံးဝနောက်ဆုတ်မ
ပေးကြောင်း မေလ၂၀ ရက်နေ့အပြီးပြောင်းရင်ပြောင်း မပြောင်းရင် တရားစွဲ အမှူ့ ဖွင့်မည်
ဆိုသောကြောင့် ထိုဝန်အတွင်းမှ မိသားစုဝင်များစွာ သောကရောက်နေကြောင်း
နိုင်ငံတော်အတွက်နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးပြီး ဘာမှပိုင်ဆိုင်မှူ့ မရှိခဲ့သော
အောက်ခြေအငြိမ်းစားဝန်ထမ်းများ အစိုးရ၀န်ထမ်းလုပ်ရင်း အသက်ဆုံးရှူံးခဲ့ရသော
ဝန်ထမ်းမိသားစုများဧ။်နောက်ဆုံးဇာတ်သိမ်းသည် တရားရုံးမှာအမှူ့ ရင်ဆိုင်ကာ
ထောင်ကျမည့်ကိန်းဆိုက်နေပါသည်။ ထို့ကြောင့် ဒီအဖြစ်ကို သက်ဆိုင်ရာဝန်ကြီး
များနှင့် အများပြည်သူသိရှိအောင်တင်ပြလိုက်ပါသည်။
သန်လျင်မြို့ ဆောက်လုပ်ရေးဝန်းမှ ၀န်ထမ်းဟောင်းမိသားစုများ

ဝန်ထမ်းဟောင်းမိသားစုများ၏ ဒုက္ခ
Reviewed by သစ်ထူးလွင်
on
08:55
Rating:
10 comments:
အဲဒိ ဒေါ်ခင်မြင့် ဆိုတဲ့ မိန်းမက တော်တော်အာဏာ ရှိနေပါလား ဘာဂျိုထောင်နေတာလဲ တကယ် ပြောင်းရမယ်ဆိုရင်တော် အချိန်တော့ ပေးရမယ်လေ
သူက လူသားချင်း စာနာစိတ်မရှိပါလား ဘယ်သူ့ အမိန့်နဲ့ ပြောင်းခိုင်းတာလဲ သမတကြီးအမိန့်နဲ့လား
ACEက ဖြိုးကိုကိုတင်ဆန်း အဖေ ဦးတင့်ဆန်းရဲ့ ကုမ္ဗဏီမဟုတ်လား။ အေရာဝတီတိုင်းနဲ့ ပုသိမ် ချောင်းသာဖက်မှာလည်း သူတို့ပဲ ပြဿနာရှာနေကြတာမဟုတ်လား၊ အာဏာရှိသူတွေနဲ့ပေါင်းစားတဲ့ ကုမ္ဗဏီသူဌေးဘ၀ကနေ အစိုးရအဖွဲ့ ၀န်ကြီးဖြစ်လာတော့ သူ့လုပ်ပိုင်ခွင့် အာဏာတွေကို အစွမ်းကုန်အသုံးချပြီး လူမဆန်တဲ့ ရက်စက်မှုတွေကို ခပ်တည်တည် ကျူးလွန်နေကြတော့တာပါပဲ....
ှုI.L.O ကိုတိုင်ပါ၊၀န်ထမ်းနစ်နာကြေးတောင်းပါ။ပင်စင်တစ်လုံးတည်းတောင်းပါ။
တန်ဖိုးနည်းအိမ်ယာတောင်းပါ။အခြားနစ်နာကြေးများနှင့်ဝန်ထမ်းကူငွေတောင်းပါ
ဒါဟာ စီမံခံခွဲမှု ပြဿနာပါ။ ဌာနဆိုင်ရာ လိုင်းခန်းများ (ဝန်ထမ်းအိမ်ယာများ) တွင် ဝန်ထမ်းများကို နေရာချထားပေးပီး နေထိုင်ခွင့်ပေးခဲ့ပေမဲ့ ထိုအိမ်များမှာ ဝန်ထမ်းများ၏ ရာသက်ပန် အိမ်ပိုင်ယာပိုင်မဟုတ်ပါ။ တာဝန်ထမ်းစဉ်အချိန်တွင် အဆင်ပြေစေရန် စီစဉ်ပေးထားခြင်းသာဖြစ် သလို၊ တာဝန်မှ ရပ်စဲလျှင် (သို့) အနားယူလျှင် (သို့) ကွယ်လွန်လျှင် ထိုအိမ်ယာများမှ ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။ ခုကိစ္စက လပေါင်းများစွာ ကြာပီးတာတောင် ဆက်လက်ပီး နေထိုင်နေဆဲ မို့ တရားစွဲဖို့ လုပ်ရတာ ဖြစ်မှာပါ။ သူတို့က ဖယ်မပေးတော့ နောက်လူ (ဝန်ထမ်းသစ်) တွေ နေလို့ မရတော့ဘူးလေ။
ဟုတ်ပါတယ်။အစိုးရ၀န်ထမ်းတွေ အသက်ကြီးရင်ဘယ်သွားနေရမှာလဲ ကိုယ်ပိုင်အိမ်လည်းမ၀ယ်နိုင်နဲ့။
မြန်မာနိုင်ငံဧ။်အစိုးရ၀န်ထမ်းအများစုမှာကိုယ်ပိုင်အိမ်မ၀ယ်နိုင်သောကြောင့်အသက်ကြီးလာလျှင်နေထိုင်ရေးအတွက်ပူပင်နေရပါသည်။
ဥပဒေနဲ့စာနာမှုပေါင်စပ်ပါ။
ACE ဆိုတာ လ/ထ အင်ဂျင်နီယာမှူး ကိုဆိုလိုတာပါဗျာ..ACE ကုမ္ပဏီ မဟုတ်ပါဘူး...၀န်ထမ်းတွေ ပင်စင်ယူရင်၊ သေဆုံးသွားရင် ၀န်ထမ်းအိမ်ရာမှာ သတ်မှတ် ကာလ တစ်ခုထိနေလို့ ရပါတယ်။ အခက်အခဲရှိ လို့ နားလည်စာနာမှု နဲ့ ခွင့် ပြု လည်း အတိုင်းအတာ ရှိပါတယ်။ နံမည် ကိုက ၀န်ထမ်းအိမ်ရာလေဗျာ..။ ၀န်ထမ်းဟောင်းတွေမဖယ် တော့  လက်ရှိဝန်ထမ်း တွေ ဘယ်မှာနေရမလဲ။ ဒါကလုပ်ထုံးလုပ်နည်း အတိုင်းပါ။ ဒီလိုပြော တာ ကျွန်တော် ဘယ်သူနဲ့ မှ မသိပါဘူး။ ကျွန်တော့် အမြင်သက်သက်ပါ။ ကဲ အဆိုးမြင်နေသူတွေ..အဲဒီတာဝန်ရှိသူနေရာမှာ ဆိုရင်ကော ခွင့် ပြုကြမှာလား...
တဆိတ်ရှိ မစာနာဘူး မစာနာဘူး ဘဲပြောတယ်။ ဥပဒေကိုလဲနားလည်အောင် လုပ်ပါဦး။ အပြစ်ပြောယုံနဲ့ မပြီးဘူး ဖြေရှင်းဘို့နည်းလမ်းရှာဘို့လိုတယ်။ ACE ဆိုတိုင်းလဲ Co. မထင်ပါနဲ့ ဘက်လိုက်ပြောတာမဟုတ်ပါ။ ကိုယ်အမြင်မကြည်တဲ့လူလဲ ကောင်းရင်ကောင်းတဲ့အတိုင်းရေး မကောင်းရင် မကောင်းတဲ့အတိုင်း ယဉ်ယဉ်ကျေးကျေးရေးသင့်တယ်။ ဆရာလုပ်တာမဟုတ်ပါ။ ၀န်ထမ်းသေဆုံး/ပင်စင် သွားရင် ၀န်ထမ်းအိမ်ရာတွေကို သတ်မှတ်ကာလ တစ်ခုအထိဘဲနေခွင့်ပေးတယ်။ ဒါကြောင့် တချို့ဆိုသားသမီးတွေ အစဉ်အဆက် အလုပ်ပြန်ဝင်ကြတာပေါ့။ အုပ်ချုပ်ရေးရန္တယားကို နားလည်ဘို့ ဥပဒေကို နားလည်ဘို့လိုအပ်ပါတယ်။ ရှင်းရှင်းပြောရရင် မြန်မာတွေ မျက်စိကြီးနားကြီးဘို့ စိတ်သဘောထားကြီးဘို့ လိုတယ်။
နှစ်(၂၀)ကျော် (၃၀) ကျော် အလုပ်လုပ်တဲ့ပြည်သူ့ဝန်ထမ်းတွေ ကို အိမ်ရာတစ်ခုတော့ ၀ယ်ခွင့်ပေးတာမျိုးလုပ်သင့်တယ်။ စစ်မှုထမ်းဟောင်း အိမ်ရာမျိုးတွေပေါ့။
ACE ဆို တာဘာကိုပြောတာလဲလို့အရင်နား လည်အောင်လုပ်ပါဉီးကွာ။ ပြောခြင်လွန်းအားကြီးနေတာဘဲ။
Post a Comment